HomeEntertainmentFilmအခွင့်အရေးရခဲ့ရင် Marvel ရဲ့ Elektra ရုပ်ရှင်ကို ရိုက်ကူးချင်ပါတယ်ဆိုတဲ့ Zack Snyder

အခွင့်အရေးရခဲ့ရင် Marvel ရဲ့ Elektra ရုပ်ရှင်ကို ရိုက်ကူးချင်ပါတယ်ဆိုတဲ့ Zack Snyder

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဒါရိုက်တာ Zack Snyder ဟာ Marvel အတွက် ရုပ်ရှင်တစ်ကား ဖန်တီးရမယ်ဆိုရင် Daredevil နဲ့ Elektra တို့ ပါဝင်တဲ့ ကောမစ်တစ်ခုကို အခြေခံပြီး ဖန်တီးသွားချင်ပါတယ်လို့ ပြောခဲ့ပါတယ်။ Snyder ကတော့ DCEU ရဲ့ ရုပ်ရှင်တွေအများစုကို ရိုက်ကူးခဲ့သူ ဖြစ်ပြီး လောလောဆယ်မှာတော့ သူ့ရဲ့ကိုယ်ပိုင် Justice League ဗားရှင်းကို ဖန်တီးနေပါတယ်။

photo via screenrant

ဒါ့အပြင် သူဟာ Justice League ကို ဖန်တီးပြီးသွားရင် နောက်ထပ် DCEU ရုပ်ရှင်တွေကို ဖန်တီးဖို့ အစီအစဉ်မရှိသေးဘူးလို့လည်း သိရပါတယ်။ ဒါကြောင့် တစ်ချိန်ချိန်မှာတော့ Snyder ဟာလည်း MCU ကို ရောက်လာနိုင်ပါတယ်။ အခုချိန်မှာတော့ Snyder ဟာ Marvel ရဲ့ ဘယ်ဇာတ်လမ်းကို Live Action အဖြစ် ဖန်တီးချင်လည်း ဆိုတာကို ပြောပြခဲ့ပါတယ်။ သိပ်မကြာခင်တုန်း ပြုလုပ်ခဲ့တဲ့ ComicBook Debate နဲ့ အင်တာဗျူးမှာတော့ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ပြောပြသွားခဲ့ပါတယ်။

Snyder ပြောသွားတဲ့ စကားအပြည့်အစုံကတော့ ” ကျွန်တော်ကတော့ Elektra Lives Again ကို ရွေးပါတယ်။ Frank Miller ရေးခဲ့တဲ့ စာအုပ်ပေါ့။ အဲ့ဒီစာအုပ်ကတော့ Elektra အကြောင်း ရေးသားထားတဲ့ ရုပ်ပြဝတ္ထု ဖြစ်ပါတယ်။ Daredevil က Elektra ပြန် အသက်ရှင်လာတယ်ဆိုတဲ့ အိပ်မက်တွေကို မက်နေပြီး ဇာတ်လမ်းကတော့ အတော်လေး ကောင်းပါတယ်။ Marvel အတွက် ရုပ်ရှင်တစ်ကား ရိုက်ရမယ် ဆိုရင်တော့ အဲ့ဒီဇာတ်လမ်းကို Live Action အဖြစ် ပြန်လည်ဖန်တီးချင်ပါတယ် ” ဆိုပြီးတော့ ပြောခဲ့ပါတယ်။

photo via screenrant

ဒါကတော့ မဖြစ်နိုင်တာ မဟုတ်ပါဘူး။ Marvel ဟာ အရင်တုန်းက Daredevil ကို Netflix နဲ့ တွဲဖက်ပြီး ဇာတ်လမ်းတွဲအဖြစ် ဖန်တီးခဲ့ပါတယ်။ လောလောဆယ်မှာတော့ Marvel ဟာ Disney+ က ပြသသွားမယ့် ဇာတ်လမ်းတွဲတွေိကို အာရုံစိုက်နေပေမယ့်လည်း သူတို့သာ ဆန္ဒရှိမယ်ဆိုရင် Daredevil ဇာတ်လမ်းကို ဆက်လက်ဖန်တီးလို့ ရပါသေးတယ်။ ဒါမှမဟုတ် တစ်ချိန်မှာ Elektra ရုပ်ရှင်ကို ရိုက်ကူးဖို့ စီစဉ်တဲ့အခါကျရင်လည်း Snyder ရဲ့ လက်ရာတွေကို မြင်ရနိုင်ပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

ဒါ႐ိုက္တာ Zack Snyder ဟာ Marvel အတြက္ ႐ုပ္ရွင္တစ္ကား ဖန္တီးရမယ္ဆိုရင္ Daredevil နဲ႔ Elektra တို႔ ပါဝင္တဲ့ ေကာမစ္တစ္ခုကို အေျခခံၿပီး ဖန္တီးသြားခ်င္ပါတယ္လို႔ ေျပာခဲ့ပါတယ္။ Snyder ကေတာ့ DCEU ရဲ႕ ႐ုပ္ရွင္ေတြအမ်ားစုကို ႐ိုက္ကူးခဲ့သူ ျဖစ္ၿပီး ေလာေလာဆယ္မွာေတာ့ သူ႔ရဲ႕ကိုယ္ပိုင္ Justice League ဗားရွင္းကို ဖန္တီးေနပါတယ္။

photo via screenrant

ဒါ့အျပင္ သူဟာ Justice League ကို ဖန္တီးၿပီးသြားရင္ ေနာက္ထပ္ DCEU ႐ုပ္ရွင္ေတြကို ဖန္တီးဖို႔ အစီအစဥ္မရွိေသးဘူးလို႔လည္း သိရပါတယ္။ ဒါေၾကာင့္ တစ္ခ်ိန္ခ်ိန္မွာေတာ့ Snyder ဟာလည္း MCU ကို ေရာက္လာႏိုင္ပါတယ္။ အခုခ်ိန္မွာေတာ့ Snyder ဟာ Marvel ရဲ႕ ဘယ္ဇာတ္လမ္းကို Live Action အျဖစ္ ဖန္တီးခ်င္လည္း ဆိုတာကို ေျပာျပခဲ့ပါတယ္။ သိပ္မၾကာခင္တုန္း ျပဳလုပ္ခဲ့တဲ့ ComicBook Debate နဲ႔ အင္တာဗ်ဴးမွာေတာ့ ဒီအေၾကာင္းအရာနဲ႔ ပတ္သက္ၿပီး ေျပာျပသြားခဲ့ပါတယ္။

Snyder ေျပာသြားတဲ့ စကားအျပည့္အစုံကေတာ့ ” ကြၽန္ေတာ္ကေတာ့ Elektra Lives Again ကို ေ႐ြးပါတယ္။ Frank Miller ေရးခဲ့တဲ့ စာအုပ္ေပါ့။ အဲ့ဒီစာအုပ္ကေတာ့ Elektra အေၾကာင္း ေရးသားထားတဲ့ ႐ုပ္ျပဝတၳဳ ျဖစ္ပါတယ္။ Daredevil က Elektra ျပန္ အသက္ရွင္လာတယ္ဆိုတဲ့ အိပ္မက္ေတြကို မက္ေနၿပီး ဇာတ္လမ္းကေတာ့ အေတာ္ေလး ေကာင္းပါတယ္။ Marvel အတြက္ ႐ုပ္ရွင္တစ္ကား ႐ိုက္ရမယ္ ဆိုရင္ေတာ့ အဲ့ဒီဇာတ္လမ္းကို Live Action အျဖစ္ ျပန္လည္ဖန္တီးခ်င္ပါတယ္ ” ဆိုၿပီးေတာ့ ေျပာခဲ့ပါတယ္။

photo via screenrant

ဒါကေတာ့ မျဖစ္ႏိုင္တာ မဟုတ္ပါဘူး။ Marvel ဟာ အရင္တုန္းက Daredevil ကို Netflix နဲ႔ တြဲဖက္ၿပီး ဇာတ္လမ္းတြဲအျဖစ္ ဖန္တီးခဲ့ပါတယ္။ ေလာေလာဆယ္မွာေတာ့ Marvel ဟာ Disney+ က ျပသသြားမယ့္ ဇာတ္လမ္းတြဲေတြိကို အာ႐ုံစိုက္ေနေပမယ့္လည္း သူတို႔သာ ဆႏၵရွိမယ္ဆိုရင္ Daredevil ဇာတ္လမ္းကို ဆက္လက္ဖန္တီးလို႔ ရပါေသးတယ္။ ဒါမွမဟုတ္ တစ္ခ်ိန္မွာ Elektra ႐ုပ္ရွင္ကို ႐ိုက္ကူးဖို႔ စီစဥ္တဲ့အခါက်ရင္လည္း Snyder ရဲ႕ လက္ရာေတြကို ျမင္ရႏိုင္ပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular