HomeEntertainmentFilmဆိုရှယ်မီဒီယာကို အခြေခံထားတဲ့ ထိတ်လန့်သည်းဖို ဇာတ်ကားကောင်းများ

ဆိုရှယ်မီဒီယာကို အခြေခံထားတဲ့ ထိတ်လန့်သည်းဖို ဇာတ်ကားကောင်းများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ယနေ့ခေတ် လူမှုဆက်ဆံရေးကဏ္ဍမှာ ဆိုရှယ်မီဒီယာဟာ ရှောင်လွှဲမရတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ အခုဖော်ပြပေးသွားမှာကတော့ ကျွန်တော်တို့ မှီခိုနေရတဲ့ ဒီဆက်သွယ်မှုစနစ်ရဲ့ ခြောက်ခြားစရာ အမှောင်ခြမ်းများအကြောင်း ရိုက်ကူးထားတဲ့ horror ရုပ်ရှင်များ ဖြစ်ပါတယ်။

(1) Spree
Photo Via IMDb

ဒီဇာတ်ကားဟာ ဖော်လိုဝါတွေ အများကြီးနဲ့ အောင်မြင်ကျော်ကြားတဲ့ Social Influencer တစ်ယောက်ဖြစ်ဖို့ ဆာလောင်မွတ်သိပ်နေတဲ့ Kurt ဆိုတဲ့ လူငယ်လေးတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Kurt ဟာ အောင်မြင်ဖို့အတွက် နည်းမှန်လမ်းမှန်နဲ့ ကြိုးစားခဲ့ပေမယ့် တိုးတက်မှု မရှိမှန်း သိလာတဲ့အခါမှာ သေလောက်တဲ့ အကြံအကြီးကြီးတစ်ခုကို အကောင်အထည်ဖော်ခဲ့ပါတယ်။

အဲ့ဒါကတော့ သူဟာ တက်စီကားမောင်းပြီး သူ့ကားကိုငှားစီးတဲ့ ခရီးသည်တွေကို သတ်ပြတဲ့ Livestream တစ်ခုကို လွှင့်တင်ကာ ဖော်လိုဝါတွေ အများကြီးရဖို့ ကြိုးစားတာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ၂၀၂၀ခုနှစ် ဩဂုတ်လမှာ ထွက်ရှိထားတာဖြစ်ပြီး IMDb (5.9) ရရှိထားပါတယ်။ Kurt နေရာမှာတော့ Stranger Things ဇာတ်လမ်းတွဲထဲက သရုပ်ဆောင် Joe Keery က သရုပ်ဆောင်ထားပါတယ်။

(2) Searching
Photo Via IMDb

၂၀၁၈ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Searching ဇာတ်ကားမှာတော့ ဖခင်တစ်ယောက်ဟာ သမီးဖြစ်သူ ပျောက်ဆုံးသွားတာကြောင့် ရဲဆီမှာ အမှုဖွင့်ပြီး ဆောက်တည်ရာမရ ဖြစ်နေပါတယ်။ ဒီလိုနဲ့ သမီးလေးကို အပူတပြင်း ရှာဖွေနေတဲ့ ဖခင်ဖြစ်သူဟာ သဲလွန်စတစ်ခုခု ရလိုရငြား သမီးဖြစ်သူရဲ့လပ်တော့ပ် ကွန်ပျူတာကို ဖွင့်ပြီး စစ်ဆေးကြည့်တဲ့အခါမှာတော့ ဖုံးကွယ်ထားတဲ့ အရာများစွာကို တွေ့လိုက်ရပါတော့တယ်။

IMDb (7.6) ရရှိထားပြီး သရုပ်ဆောင်တွေအနေနဲ့ John Cho ၊ Debra Messing ၊ Michelle La နဲ့ Joseph Lee တို့က အဓိက ပါဝင်ထားပါတယ်။

(3) Nerve
Photo Via Screenrant

ဇာတ်လမ်းကတော့ နာမည်ကြီးအွန်လိုင်းဂိမ်းတစ်ခုနဲ့ အဲ့ဒီ့ဂိမ်းက ခိုင်းတဲ့ ချဲလင့်ပေါင်းစုံကို လူတွေက level တက်ဖို့  လိုက်လုပ်ရတဲ့ ဇာတ်လမ်း ဖြစ်ပါတယ်။ ဇာတ်ကားထဲမှာတော့ Vee လို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်ဟာ သာမန်ဘဝမှာ နေထိုင်ရတာ ပျင်းရိနေတဲ့အတွက် အဆိုပါအွန်လိုင်းဂိမ်းကို ဝင်ဆော့လိုက်တဲ့ နောက်ပိုင်းကစလို့ သူမကိုယ်တိုင်တောင် သတိမထားမိလိုက်ချိန်မှာပဲ အန္တရာယ်အလွန်များတဲ့ အခြေအနေကို ရောက်ရှိသွားပါတော့တယ်။

၂၀၁၆ခုနှစ်က ထွက်ရှိထားတဲ့ ဒီဇာတ်ကားမှာတော့ Dave Franco နဲ့ Emma Roberts တို့က အဓိက သရုပ်ဆောင်ထားပါတယ်။ IMDb rating ကတော့ (6.5) ရရှိထားပါတယ်။

(4) Hard Candy
Photo Via IMDb

ဒီဇာတ်ကားမှာတော့ Patrick Wilson က Jeff ဆိုတဲ့ ဓာတ်ပုံဆရာတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပြီး Ellen Page ကတော့ သူ့ကိုတွေ့ဖို့ စီစဉ်နေတဲ့ ဆယ်ကျော်သက် ကောင်မလေး Hayley အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားဟာ ၂၀၀၅ခုနှစ်က ထွက်ရှိထားတာဖြစ်ပြီး IMDb (7.1) ရရှိထားပါတယ်။

တစ်နေ့မှာတော့ Hayley ဟာ Jeff နဲ့ ကော်ဖီဆိုင်တစ်ဆိုင်မှာ တွေ့ဖို့ ချိန်းလိုက်ပါတယ်။ Hayley ဟာ အဲ့ဒီ့ဓာတ်ပုံဆရာကို အင်တာနက်ပေါ်မှာ အရင်တွေ့ခဲ့တာဖြစ်ပြီး Hayley ရဲ့အမြင်မှာ သူဟာ သူ့ရဲ့အလုပ်ကို ဗန်းပြပြီး ကောင်မလေးတွေကို အင်တာနက်ကနေတစ်ဆင့် သားကောင်အဖြစ် ပြုစားနေသူလို့ ယုံကြည်ထားတာပါ။ ဒီလိုနဲ့ သူတို့လူချင်း တွေ့ဆုံမှုမှာတော့ ထင်မှတ်မထားတဲ့ အရာတွေ ဖြစ်လာပါတော့တယ်။

(5) Ingrid Goes West
Photo Via Screenrant

ဒီဇာတ်ကားမှာတော့ မိခင်ရဲ့သေဆုံးခြင်းကို လက်ခံနိုင်ဖို့ ကြိုးစားနေပြီး သူမ သွားချင်တဲ့နေရာကို မသွားရတဲ့ ကောင်မလေးအဖြစ် Aubrey Plaza က သရုပ်ဆောင်ထားပါတယ်။ သူမဟာ Taylor Sloane လို့ခေါ်တဲ့ နာမည်ကြီး Instagram Influencer တစ်ယောက်ကို အလွန်စွဲလန်းနေပြီး သူမရဲ့ ပြည့်စုံတဲ့ဘဝကို အားကျနေရာက လော့စ်အိန်ဂျလိစ်ကိုပြောင်းပြီး အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

ဒီဇာတ်ကားမှာတော့ Influencer တွေဟာ အများအမြင်မှာ သူတို့ဘဝကို ပြီးပြည့်စုံနေတယ် ထင်ရအောင် နေထိုင်ကြပြီး သူတို့ကိုအားကျသူတွေကလည်း သူတို့လိုဘဝမျိုးရဖို့အတွက် ဘာမဆို လိုက်လုပ်ကြတဲ့ အဖြစ်အပျက်မျိုးကို စိတ်မသက်မသာစရာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ၂၀၁၇ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (6.6) ရရှိထားပါတယ်။

(6) Fyre
Photo Via IMDb

ဒါကတော့ ဇာတ်လမ်းနဲ့ ရုပ်ရှင်တစ်ခု မဟုတ်ပေမယ့် ဆိုရှယ်မီဒီယာတွေ၊ အင်တာနက်တွေကို အသုံးချပြီးတော့ လူတွေရဲ့ အတွေးအမြင်ကို လှည့်စားကာ ပိုက်ဆံရှာတဲ့ ပွဲတော်တစ်ခုအကြောင်းကို မှတ်တမ်းတင် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Fyre လို့ခေါ်တဲ့ ဂီတပွဲတော်ကို စီစဉ်သူတွေကတော့ စီးပွားရေးသမား Billy McFarland နဲ့ rapper Ja Rule တို့ ဖြစ်ပါတယ်။ ဒီ documentary ထဲမှာတော့ ဘာအာမခံချက်မှလည်း မရှိ၊ အန္တရာယ်ဘယ်လောက်ရှိမှန်းလည်း မသိနိုင်တဲ့ ဒီပွဲတော်ကို influencer တွေရဲ့ အကူအညီနဲ့ ပရိသတ်တွေကို ဂျင်းထည့်တဲ့အကြောင်းတွေကို ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။

(7) Unfriended
Photo Via Screenrant

ဒီဇာတ်ကားကတော့ ထူးခြားတဲ့ တင်ဆက်ပုံနဲ့ ရိုက်ပြထားတာပါ။ ဇာတ်လမ်းကတော့ သူငယ်ချင်းတစ်စုဟာ video chat နေရင်း သေဆုံးသွားပြီဖြစ်တဲ့ သူတို့ရဲ့သူငယ်ချင်းတစ်ယောက်ဆီက မက်ဆေ့ချ်ကို အသီးသီး ရလိုက်ကြရာက စပါတယ်။ အစကတော့ သူတို့ဟာ တစ်ယောက်ယောက်က စနောက်ပြီး လုပ်နေတာလို့ ထင်ခဲ့ကြပေမယ့် နောက်ပိုင်းမှာတော့ တစ်ယောက်ချင်းစီက လုပ်ခဲ့ဖူးတဲ့ မကောင်းမှုတွေကို ဝန်ခံခိုင်းပြီး လိမ်တဲ့လူတွေကို တစ်ယောက်ချင်း သတ်ပစ်တဲ့ အနေအထားကို ရောက်လာတာကို ခြောက်ခြားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။

၂၀၁၄ခုနှစ်က ထွက်ရှိထားပြီး IMDb (5.5) ရရှိထားတဲ့ ဒီဇာတ်ကားမှာတော့ Moses Storm ၊ Shelley Henning ၊ William Peltz နဲ့ Konstantin Khabensky တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

နည်းပညာတွေဟာ တစ်နေ့တစ်ခြား မြင့်သထက်မြင့်လာပြီး လူအများစုရဲ့ တစ်နေ့တာ ဘဝအစိတ်အပိုင်းတစ်ခု ဖြစ်မှန်းမသိဖြစ်လာပါပြီ။ ဒီလို ဆိုရှယ်မီဒီယာနည်းပညာတွေကို အသုံးချပြီး စိတ္တဇဆန်ဆန် သည်းထိတ်ရင်ဖို ခြောက်ခြားစရာ ဇာတ်ကားကောင်းတွေကို ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။ ဒီထဲမှာ မပါတဲ့ တစ်ခြားဇာတ်ကားကောင်းတွေ သိရင်လည်း ပြန်လည်မျှဝေခဲ့ပါဦး။

C21

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawygi Version)

ယေန႔ေခတ္ လူမႈဆက္ဆံေရးက႑မွာ ဆိုရွယ္မီဒီယာဟာ ေရွာင္လႊဲမရတဲ့ အရာတစ္ခု ျဖစ္ပါတယ္။ အခုေဖာ္ျပေပးသြားမွာကေတာ့ ကြၽန္ေတာ္တို႔ မွီခိုေနရတဲ့ ဒီဆက္သြယ္မႈစနစ္ရဲ႕ ေျခာက္ျခားစရာ အေမွာင္ျခမ္းမ်ားအေၾကာင္း ႐ိုက္ကူးထားတဲ့ horror ႐ုပ္ရွင္မ်ား ျဖစ္ပါတယ္။

(1) Spree
Photo Via IMDb

ဒီဇာတ္ကားဟာ ေဖာ္လိုဝါေတြ အမ်ားႀကီးနဲ႔ ေအာင္ျမင္ေက်ာ္ၾကားတဲ့ Social Influencer တစ္ေယာက္ျဖစ္ဖို႔ ဆာေလာင္မြတ္သိပ္ေနတဲ့ Kurt ဆိုတဲ့ လူငယ္ေလးတစ္ေယာက္အေၾကာင္းကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ Kurt ဟာ ေအာင္ျမင္ဖို႔အတြက္ နည္းမွန္လမ္းမွန္နဲ႔ ႀကိဳးစားခဲ့ေပမယ့္ တိုးတက္မႈ မရွိမွန္း သိလာတဲ့အခါမွာ ေသေလာက္တဲ့ အႀကံအႀကီးႀကီးတစ္ခုကို အေကာင္အထည္ေဖာ္ခဲ့ပါတယ္။

အဲ့ဒါကေတာ့ သူဟာ တက္စီကားေမာင္းၿပီး သူ႔ကားကိုငွားစီးတဲ့ ခရီးသည္ေတြကို သတ္ျပတဲ့ Livestream တစ္ခုကို လႊင့္တင္ကာ ေဖာ္လိုဝါေတြ အမ်ားႀကီးရဖို႔ ႀကိဳးစားတာပဲ ျဖစ္ပါတယ္။ ဒီဇာတ္ကားဟာ ၂၀၂၀ခုႏွစ္ ဩဂုတ္လမွာ ထြက္ရွိထားတာျဖစ္ၿပီး IMDb (5.9) ရရွိထားပါတယ္။ Kurt ေနရာမွာေတာ့ Stranger Things ဇာတ္လမ္းတြဲထဲက သ႐ုပ္ေဆာင္ Joe Keery က သ႐ုပ္ေဆာင္ထားပါတယ္။

(2) Searching
Photo Via IMDb

၂၀၁၈ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Searching ဇာတ္ကားမွာေတာ့ ဖခင္တစ္ေယာက္ဟာ သမီးျဖစ္သူ ေပ်ာက္ဆုံးသြားတာေၾကာင့္ ရဲဆီမွာ အမႈဖြင့္ၿပီး ေဆာက္တည္ရာမရ ျဖစ္ေနပါတယ္။ ဒီလိုနဲ႔ သမီးေလးကို အပူတျပင္း ရွာေဖြေနတဲ့ ဖခင္ျဖစ္သူဟာ သဲလြန္စတစ္ခုခု ရလိုရျငား သမီးျဖစ္သူရဲ႕လပ္ေတာ့ပ္ ကြန္ပ်ဴတာကို ဖြင့္ၿပီး စစ္ေဆးၾကည့္တဲ့အခါမွာေတာ့ ဖုံးကြယ္ထားတဲ့ အရာမ်ားစြာကို ေတြ႕လိုက္ရပါေတာ့တယ္။

IMDb (7.6) ရရွိထားၿပီး သ႐ုပ္ေဆာင္ေတြအေနနဲ႔ John Cho ၊ Debra Messing ၊ Michelle La နဲ႔ Joseph Lee တို႔က အဓိက ပါဝင္ထားပါတယ္။

(3) Nerve
Photo Via Screenrant

ဇာတ္လမ္းကေတာ့ နာမည္ႀကီးအြန္လိုင္းဂိမ္းတစ္ခုနဲ႔ အဲ့ဒီ့ဂိမ္းက ခိုင္းတဲ့ ခ်ဲလင့္ေပါင္းစုံကို လူေတြက level တက္ဖို႔  လိုက္လုပ္ရတဲ့ ဇာတ္လမ္း ျဖစ္ပါတယ္။ ဇာတ္ကားထဲမွာေတာ့ Vee လို႔ေခၚတဲ့ ေကာင္မေလးတစ္ေယာက္ဟာ သာမန္ဘဝမွာ ေနထိုင္ရတာ ပ်င္းရိေနတဲ့အတြက္ အဆိုပါအြန္လိုင္းဂိမ္းကို ဝင္ေဆာ့လိုက္တဲ့ ေနာက္ပိုင္းကစလို႔ သူမကိုယ္တိုင္ေတာင္ သတိမထားမိလိုက္ခ်ိန္မွာပဲ အႏၲရာယ္အလြန္မ်ားတဲ့ အေျခအေနကို ေရာက္ရွိသြားပါေတာ့တယ္။

၂၀၁၆ခုႏွစ္က ထြက္ရွိထားတဲ့ ဒီဇာတ္ကားမွာေတာ့ Dave Franco နဲ႔ Emma Roberts တို႔က အဓိက သ႐ုပ္ေဆာင္ထားပါတယ္။ IMDb rating ကေတာ့ (6.5) ရရွိထားပါတယ္။

(4) Hard Candy
Photo Via IMDb

ဒီဇာတ္ကားမွာေတာ့ Patrick Wilson က Jeff ဆိုတဲ့ ဓာတ္ပုံဆရာတစ္ေယာက္အျဖစ္ သ႐ုပ္ေဆာင္ထားၿပီး Ellen Page ကေတာ့ သူ႔ကိုေတြ႕ဖို႔ စီစဥ္ေနတဲ့ ဆယ္ေက်ာ္သက္ ေကာင္မေလး Hayley အျဖစ္ သ႐ုပ္ေဆာင္ထားပါတယ္။ ဒီဇာတ္ကားဟာ ၂၀၀၅ခုႏွစ္က ထြက္ရွိထားတာျဖစ္ၿပီး IMDb (7.1) ရရွိထားပါတယ္။

တစ္ေန႔မွာေတာ့ Hayley ဟာ Jeff နဲ႔ ေကာ္ဖီဆိုင္တစ္ဆိုင္မွာ ေတြ႕ဖို႔ ခ်ိန္းလိုက္ပါတယ္။ Hayley ဟာ အဲ့ဒီ့ဓာတ္ပုံဆရာကို အင္တာနက္ေပၚမွာ အရင္ေတြ႕ခဲ့တာျဖစ္ၿပီး Hayley ရဲ႕အျမင္မွာ သူဟာ သူ႔ရဲ႕အလုပ္ကို ဗန္းျပၿပီး ေကာင္မေလးေတြကို အင္တာနက္ကေနတစ္ဆင့္ သားေကာင္အျဖစ္ ျပဳစားေနသူလို႔ ယုံၾကည္ထားတာပါ။ ဒီလိုနဲ႔ သူတို႔လူခ်င္း ေတြ႕ဆုံမႈမွာေတာ့ ထင္မွတ္မထားတဲ့ အရာေတြ ျဖစ္လာပါေတာ့တယ္။

(5) Ingrid Goes West
Photo Via Screenrant

ဒီဇာတ္ကားမွာေတာ့ မိခင္ရဲ႕ေသဆုံးျခင္းကို လက္ခံႏိုင္ဖို႔ ႀကိဳးစားေနၿပီး သူမ သြားခ်င္တဲ့ေနရာကို မသြားရတဲ့ ေကာင္မေလးအျဖစ္ Aubrey Plaza က သ႐ုပ္ေဆာင္ထားပါတယ္။ သူမဟာ Taylor Sloane လို႔ေခၚတဲ့ နာမည္ႀကီး Instagram Influencer တစ္ေယာက္ကို အလြန္စြဲလန္းေနၿပီး သူမရဲ႕ ျပည့္စုံတဲ့ဘဝကို အားက်ေနရာက ေလာ့စ္အိန္ဂ်လိစ္ကိုေျပာင္းၿပီး အိပ္မက္ေတြကို အေကာင္အထည္ေဖာ္ဖို႔ ဆုံးျဖတ္လိုက္ပါေတာ့တယ္။

ဒီဇာတ္ကားမွာေတာ့ Influencer ေတြဟာ အမ်ားအျမင္မွာ သူတို႔ဘဝကို ၿပီးျပည့္စုံေနတယ္ ထင္ရေအာင္ ေနထိုင္ၾကၿပီး သူတို႔ကိုအားက်သူေတြကလည္း သူတို႔လိုဘဝမ်ိဳးရဖို႔အတြက္ ဘာမဆို လိုက္လုပ္ၾကတဲ့ အျဖစ္အပ်က္မ်ိဳးကို စိတ္မသက္မသာစရာ ၾကည့္ရႈရမွာ ျဖစ္ပါတယ္။ ၂၀၁၇ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (6.6) ရရွိထားပါတယ္။

(6) Fyre
Photo Via IMDb

ဒါကေတာ့ ဇာတ္လမ္းနဲ႔ ႐ုပ္ရွင္တစ္ခု မဟုတ္ေပမယ့္ ဆိုရွယ္မီဒီယာေတြ၊ အင္တာနက္ေတြကို အသုံးခ်ၿပီးေတာ့ လူေတြရဲ႕ အေတြးအျမင္ကို လွည့္စားကာ ပိုက္ဆံရွာတဲ့ ပြဲေတာ္တစ္ခုအေၾကာင္းကို မွတ္တမ္းတင္ ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ Fyre လို႔ေခၚတဲ့ ဂီတပြဲေတာ္ကို စီစဥ္သူေတြကေတာ့ စီးပြားေရးသမား Billy McFarland နဲ႔ rapper Ja Rule တို႔ ျဖစ္ပါတယ္။ ဒီ documentary ထဲမွာေတာ့ ဘာအာမခံခ်က္မွလည္း မရွိ၊ အႏၲရာယ္ဘယ္ေလာက္ရွိမွန္းလည္း မသိႏိုင္တဲ့ ဒီပြဲေတာ္ကို influencer ေတြရဲ႕ အကူအညီနဲ႔ ပရိသတ္ေတြကို ဂ်င္းထည့္တဲ့အေၾကာင္းေတြကို ႐ိုက္ကူးတင္ဆက္ထားတာ ျဖစ္ပါတယ္။

(7) Unfriended
Photo Via Screenrant

ဒီဇာတ္ကားကေတာ့ ထူးျခားတဲ့ တင္ဆက္ပုံနဲ႔ ႐ိုက္ျပထားတာပါ။ ဇာတ္လမ္းကေတာ့ သူငယ္ခ်င္းတစ္စုဟာ video chat ေနရင္း ေသဆုံးသြားၿပီျဖစ္တဲ့ သူတို႔ရဲ႕သူငယ္ခ်င္းတစ္ေယာက္ဆီက မက္ေဆ့ခ်္ကို အသီးသီး ရလိုက္ၾကရာက စပါတယ္။ အစကေတာ့ သူတို႔ဟာ တစ္ေယာက္ေယာက္က စေနာက္ၿပီး လုပ္ေနတာလို႔ ထင္ခဲ့ၾကေပမယ့္ ေနာက္ပိုင္းမွာေတာ့ တစ္ေယာက္ခ်င္းစီက လုပ္ခဲ့ဖူးတဲ့ မေကာင္းမႈေတြကို ဝန္ခံခိုင္းၿပီး လိမ္တဲ့လူေတြကို တစ္ေယာက္ခ်င္း သတ္ပစ္တဲ့ အေနအထားကို ေရာက္လာတာကို ေျခာက္ျခားဖြယ္ ၾကည့္ရႈရမွာ ျဖစ္ပါတယ္။

၂၀၁၄ခုႏွစ္က ထြက္ရွိထားၿပီး IMDb (5.5) ရရွိထားတဲ့ ဒီဇာတ္ကားမွာေတာ့ Moses Storm ၊ Shelley Henning ၊ William Peltz နဲ႔ Konstantin Khabensky တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

နည္းပညာေတြဟာ တစ္ေန႔တစ္ျခား ျမင့္သထက္ျမင့္လာၿပီး လူအမ်ားစုရဲ႕ တစ္ေန႔တာ ဘဝအစိတ္အပိုင္းတစ္ခု ျဖစ္မွန္းမသိျဖစ္လာပါၿပီ။ ဒီလို ဆိုရွယ္မီဒီယာနည္းပညာေတြကို အသုံးခ်ၿပီး စိတၱဇဆန္ဆန္ သည္းထိတ္ရင္ဖို ေျခာက္ျခားစရာ ဇာတ္ကားေကာင္းေတြကို ေဖာ္ျပေပးခဲ့တာ ျဖစ္ပါတယ္။ ဒီထဲမွာ မပါတဲ့ တစ္ျခားဇာတ္ကားေကာင္းေတြ သိရင္လည္း ျပန္လည္မွ်ေဝခဲ့ပါဦး။

C21

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular