HomeEntertainmentFilmဟောလိဝုဒ်ရဲ့ ရုပ်ရှင်အသစ်မှာ ပါဝင်ခွင့်ရတော့မယ့် Son Ye Jin နဲ့ Lee Sun Gyun 

ဟောလိဝုဒ်ရဲ့ ရုပ်ရှင်အသစ်မှာ ပါဝင်ခွင့်ရတော့မယ့် Son Ye Jin နဲ့ Lee Sun Gyun 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ကိုရီးယားဒရာမာပရိသတ်တွေရဲ့ အသည်းစွဲ မင်းသမီး Son Ye Jin နဲ့ သရုပ်ဆောင် Lee Sun Gyun တို့ဟာ ဟောလိဝုဒ်ရဲ့ ရုပ်ရှင်လောကမှာ ခြေချခွင့်ရကြတော့မှာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက် ပါဝင်သရုပ်ဆောင်ရမယ့် ရုပ်ရှင်ကတော့ Cross လို့ အမည်ရပြီး နာမည်ကျော်မင်းသား Sam Worthington နဲ့ အတူတွဲသရုပ်ဆောင်ရမှာပါ။

Star News သတင်းဌာနရဲ့ ဖော်ပြချက်အရ မင်းသမီးချော Son Ye Jin ဟာ မင်းသား Sam Worthington နဲ့အတူတွဲ သရုပ်ဆောင်ရမှာဖြစ်တယ်လို့ သိရပါတယ်။ Sam Worthington ကိုတော့ Avatar ရုပ်ရှင်ဇာတ်ကားနဲ့ ပရိသတ်အများစု ရင်းနှီးထားကြပြီးသား ဖြစ်မှာပါ။ အဆိုပါရုပ်ရှင်ဇာတ်ကားထဲမှာ သရုပ်ဆောင် Lee Sun Gyun ဟာလည်း သရုပ်ဆောင်ခွင့် ကမ်းလှမ်းခံထားရတယ်လို့ ဆိုပါတယ်။

Photo Courtesy: twentieth century fox

Cross ရုပ်ရှင်ဇာတ်ကားကိုတော့ In Time ၊ The Truman Show တို့ကို ရိုက်ကူးထားတဲ့ ဒါရိုက်တာ Andrew Niccol က ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းပုံစံကတော့ ရှေ့အနာဂတ်မှာ ဇာတ်အိမ်တည်ထားပြီး တိုင်းရင်းသားလူမျိုးစုများစွာ နေထိုင်တဲ့ နိုင်ငံတစ်ခုက နှစ်ခြမ်းကွဲသွားတဲ့ဇာတ်လမ်း ဖြစ်ပါတယ်။ တစ်ခြမ်းက ချမ်းသာပြီး တစ်ခြမ်းက ဆင်းရဲမွဲတေနေကြကာ အဲ့ဒီ့နိုင်ငံနှစ်ခြမ်းကြားမှာ ပိတ်မိနေရတဲ့ လူတစ်စုအကြောင်းကို ရိုက်ကူးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Photo: yejinhand/ Instagram

Son Ye Jin ကတော့ ဆင်းရဲတဲ့တိုင်းပြည်ဘက်အခြမ်းမှာ နေထိုင်သူ Vera ဆိုတဲ့ ဒေါင်းတိမောင်းတိ အမျိုးသမီးတစ်ယောက်ရဲ့ နေရာကနေ ပါဝင်သရုပ်ဆောင်ရမှာပါ။ Vera ဟာ ကလေးတစ်ယောက်ရှိတဲ့ ဆင်ဂယ်လ်မားသားတစ်ယောက်ဖြစ်ပြီး ယောက်ျားဖြစ်သူကတော့ ဆုံးပါးသွားခဲ့ပါပြီ။ ဒါကြောင့်ပဲ ချမ်းသာတဲ့ဘက်အခြမ်းကို ထွက်ပြေးဖို့ ကြိုးစားနေတဲ့သူ ဖြစ်ပါတယ်။

Photo: koreaboo

Lee Sun Gyun ကတော့ နယ်စပ်က တိုက်ခိုက်ရေးတပ်ဖွဲ့ရဲ့ ဩဇာတိက္ကမရှိတဲ့ ခေါင်းဆောင် Gideon အဖြစ် သရုပ်ဆောင်ရမှာပါ။ လောလောဆယ်မှာတော့ ဒီဇာတ်ရုပ်တွေနဲ့ ပတ်သက်ပြီး Son Ye Jin ကရော၊ Lee Sun Gyun ကရော စိတ်အားထက်သန်နေကြပေမယ့် ဇာတ်ရုပ်ကို လက်ခံလိုက်ပြီဆိုတဲ့ အတည်ပြုချက်တွေကိုတော့ မကြားရသေးပါဘူး။

Cross ရုပ်ရှင်ဇာတ်ကားဟာ ထုတ်လုပ်ရေးအပိုင်းကို ပြင်ဆင်နေခဲ့တာ ဆယ်နှစ်ခန့် ကြာမြင့်နေခဲ့ပြီ ဖြစ်ပါတယ်။ သို့ပေမယ့် ၂၀၁၉ခုနှစ်မှာ ဒါရိုက်တာ Andrew Niccol က ကိုရီးယားနိုင်ငံကို အလည်အပတ် လာရောက်ပြီးတဲ့အခါမှာတော့ စိတ်ကူးသစ်တွေ ရရှိသွားခဲ့တာပါ။ ကိုရီးယားနိုင်ငံဟာ လက်တွေ့မှာလည်း တောင်နဲ့မြောက်ဆိုပြီး နှစ်ခြမ်းကွဲနေတာကြောင့် ဒီရုပ်ရှင်အတွက် စိတ်ကူးပုံစံအသစ်တစ်ခု ရသွားခဲ့ပုံ ရပါတယ်။ ဒါရိုက်တာကြီးဟာ မင်းသမီး Son Ye Jin ကို တိုက်ရိုက်ဆက်သွယ်ပြီး ဒီဇာတ်ရုပ်ကို ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို လာမယ့် ၂၀၂၁ခုနှစ်မှာ ကိုရီးယားနိုင်ငံမှာ ရိုက်ကူးရေးစတင်ဖို့ လျာထားပါတယ်။

LaNina

Source: koreaboo

(Zawgyi Version)

ကိုရီးယားဒရာမာပရိသတ္ေတြရဲ႕ အသည္းစြဲ မင္းသမီး Son Ye Jin နဲ႔ သ႐ုပ္ေဆာင္ Lee Sun Gyun တို႔ဟာ ေဟာလိဝုဒ္ရဲ႕ ႐ုပ္ရွင္ေလာကမွာ ေျခခ်ခြင့္ရၾကေတာ့မွာ ျဖစ္ပါတယ္။ သူတို႔ႏွစ္ေယာက္ ပါဝင္သ႐ုပ္ေဆာင္ရမယ့္ ႐ုပ္ရွင္ကေတာ့ Cross လို႔ အမည္ရၿပီး နာမည္ေက်ာ္မင္းသား Sam Worthington နဲ႔ အတူတြဲသ႐ုပ္ေဆာင္ရမွာပါ။

Star News သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ မင္းသမီးေခ်ာ Son Ye Jin ဟာ မင္းသား Sam Worthington နဲ႔အတူတြဲ သ႐ုပ္ေဆာင္ရမွာျဖစ္တယ္လို႔ သိရပါတယ္။ Sam Worthington ကိုေတာ့ Avatar ႐ုပ္ရွင္ဇာတ္ကားနဲ႔ ပရိသတ္အမ်ားစု ရင္းႏွီးထားၾကၿပီးသား ျဖစ္မွာပါ။ အဆိုပါ႐ုပ္ရွင္ဇာတ္ကားထဲမွာ သ႐ုပ္ေဆာင္ Lee Sun Gyun ဟာလည္း သ႐ုပ္ေဆာင္ခြင့္ ကမ္းလွမ္းခံထားရတယ္လို႔ ဆိုပါတယ္။

Photo Courtesy: twentieth century fox

Cross ႐ုပ္ရွင္ဇာတ္ကားကိုေတာ့ In Time ၊ The Truman Show တို႔ကို ႐ိုက္ကူးထားတဲ့ ဒါ႐ိုက္တာ Andrew Niccol က ႐ိုက္ကူးသြားမွာ ျဖစ္ပါတယ္။ ဇာတ္လမ္းပုံစံကေတာ့ ေရွ႕အနာဂတ္မွာ ဇာတ္အိမ္တည္ထားၿပီး တိုင္းရင္းသားလူမ်ိဳးစုမ်ားစြာ ေနထိုင္တဲ့ ႏိုင္ငံတစ္ခုက ႏွစ္ျခမ္းကြဲသြားတဲ့ဇာတ္လမ္း ျဖစ္ပါတယ္။ တစ္ျခမ္းက ခ်မ္းသာၿပီး တစ္ျခမ္းက ဆင္းရဲမြဲေတေနၾကကာ အဲ့ဒီ့ႏိုင္ငံႏွစ္ျခမ္းၾကားမွာ ပိတ္မိေနရတဲ့ လူတစ္စုအေၾကာင္းကို ႐ိုက္ကူးသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

Photo: yejinhand/ Instagram

Son Ye Jin ကေတာ့ ဆင္းရဲတဲ့တိုင္းျပည္ဘက္အျခမ္းမွာ ေနထိုင္သူ Vera ဆိုတဲ့ ေဒါင္းတိေမာင္းတိ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ ေနရာကေန ပါဝင္သ႐ုပ္ေဆာင္ရမွာပါ။ Vera ဟာ ကေလးတစ္ေယာက္ရွိတဲ့ ဆင္ဂယ္လ္မားသားတစ္ေယာက္ျဖစ္ၿပီး ေယာက္်ားျဖစ္သူကေတာ့ ဆုံးပါးသြားခဲ့ပါၿပီ။ ဒါေၾကာင့္ပဲ ခ်မ္းသာတဲ့ဘက္အျခမ္းကို ထြက္ေျပးဖို႔ ႀကိဳးစားေနတဲ့သူ ျဖစ္ပါတယ္။

Photo: koreaboo

Lee Sun Gyun ကေတာ့ နယ္စပ္က တိုက္ခိုက္ေရးတပ္ဖြဲ႕ရဲ႕ ဩဇာတိကၠမရွိတဲ့ ေခါင္းေဆာင္ Gideon အျဖစ္ သ႐ုပ္ေဆာင္ရမွာပါ။ ေလာေလာဆယ္မွာေတာ့ ဒီဇာတ္႐ုပ္ေတြနဲ႔ ပတ္သက္ၿပီး Son Ye Jin ကေရာ၊ Lee Sun Gyun ကေရာ စိတ္အားထက္သန္ေနၾကေပမယ့္ ဇာတ္႐ုပ္ကို လက္ခံလိုက္ၿပီဆိုတဲ့ အတည္ျပဳခ်က္ေတြကိုေတာ့ မၾကားရေသးပါဘူး။

Cross ႐ုပ္ရွင္ဇာတ္ကားဟာ ထုတ္လုပ္ေရးအပိုင္းကို ျပင္ဆင္ေနခဲ့တာ ဆယ္ႏွစ္ခန႔္ ၾကာျမင့္ေနခဲ့ၿပီ ျဖစ္ပါတယ္။ သို႔ေပမယ့္ ၂၀၁၉ခုႏွစ္မွာ ဒါ႐ိုက္တာ Andrew Niccol က ကိုရီးယားႏိုင္ငံကို အလည္အပတ္ လာေရာက္ၿပီးတဲ့အခါမွာေတာ့ စိတ္ကူးသစ္ေတြ ရရွိသြားခဲ့တာပါ။ ကိုရီးယားႏိုင္ငံဟာ လက္ေတြ႕မွာလည္း ေတာင္နဲ႔ေျမာက္ဆိုၿပီး ႏွစ္ျခမ္းကြဲေနတာေၾကာင့္ ဒီ႐ုပ္ရွင္အတြက္ စိတ္ကူးပုံစံအသစ္တစ္ခု ရသြားခဲ့ပုံ ရပါတယ္။ ဒါ႐ိုက္တာႀကီးဟာ မင္းသမီး Son Ye Jin ကို တိုက္႐ိုက္ဆက္သြယ္ၿပီး ဒီဇာတ္႐ုပ္ကို ကမ္းလွမ္းခဲ့တာ ျဖစ္ပါတယ္။ ဒီဇာတ္ကားကို လာမယ့္ ၂၀၂၁ခုႏွစ္မွာ ကိုရီးယားႏိုင္ငံမွာ ႐ိုက္ကူးေရးစတင္ဖို႔ လ်ာထားပါတယ္။

LaNina

Source: koreaboo

RELATED ARTICLES

Most Popular