HomeEntertainmentFilmဒိတ္ဒိတ္ႀကဲေတြနဲ႔အတူ Netflix ရဲ႕ဒရာမာအသစ္မွာ ျမင္ရေတာ့မယ့္ Song Joong-Ki

ဒိတ္ဒိတ္ႀကဲေတြနဲ႔အတူ Netflix ရဲ႕ဒရာမာအသစ္မွာ ျမင္ရေတာ့မယ့္ Song Joong-Ki

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ရှုပါ။

ပရိသတ္ေတြ တခဲနက္ ခ်စ္ခင္အားေပးၾကတဲ့ ကိုရီးယားစူပါစတား သရုပ္ေဆာင္ Song Joong-Ki ကို မ်ားမၾကာခင္ကာလမွာ ဒရာမာအသစ္တစ္ခုနဲ႔အတူ ျပန္လည္ေတြ႕ျမင္ၾကရေတာ့မွာပါ။ Joong-Ki ရဲ႕ ေနာက္ဆုံးထြက္ရိွထားတဲ့ ဒရာမာ Man to Man ဟာ ၂၀၁၇ခုႏွစ္တည္းကျဖစ္လို႔ သူ႔ရဲ႕ပရိသတ္အေျမာက္အမ်ားဟာ ဘယ္အခ်ိန္၊ ဘယ္ဒရာမာအသစ္မွာ ထြက္ေပၚလာမွာလည္းလို႔ တေမွ်ာ္ေမွ်ာ္နဲ႔ ေစာင့္စားေနၾကတာလည္း ျဖစ္ပါတယ္။

Photo: pinterest

အခုေတာ့ ပရိသတ္ေတြအတြက္ ဆႏၵေတြ ျပည့္၀ေတာ့မွာ ျဖစ္ပါတယ္။ Netflix က ရိုက္ကူးထားၿပီး ဇြန္လ(၁)ရက္ေန႔မွာ စတင္ထုတ္လႊင့္ေတာ့မယ့္ ဒရာမာအသစ္မွာ Joong-Ki ဟာ အဓိကဇာတ္ေကာင္တစ္ေယာက္ရဲ႕ ေနရာမွာ ပါ၀င္ထားတာ ျဖစ္ပါတယ္။

Arthdal Chronicles လို႔ အမည္ရတဲ့ ၄င္းဒရာမာအသစ္ဟာ စိတ္ကူးယဥ္ဒရာမာ အမ်ိဳးအစားျဖစ္ၿပီး ေရွးေခတ္အခါက လူသားယဥ္ေက်းမႈေတြ ဖြံ႕ၿဖိဳးတိုးတက္လာမႈအေၾကာင္းကို ဇာတ္လမ္းဖြဲ႕ ရိုက္ကူးပုံေဖာ္ထားတဲ့ ဒရာမာေကာင္းတစ္ခု ျဖစ္ပါတယ္။ အဆိုပါ ဒရာမာထဲမွာ ဒ႑ာရီလာသတၱ၀ါဆန္းေတြ၊ နယ္ေျမအသစ္ ရွာေဖြခ်ဲ႕ထြင္မႈေတြနဲ႔ ဆန္းၾကယ္လြန္းတဲ့ ဇာတ္ေကာင္စရိုက္ေတြ ပါ၀င္မွာ ျဖစ္ပါတယ္။

Photo: pinterest

ဒီဒရာမာထဲမွာ Song Joong-Ki နဲ႔အတူ Taegukgi ဇာတ္လမ္းထဲက Jang Dong-Gun (ဒါရိုက္တာရင္) ၊ Descendants of the Sun ထဲက Kim Ji-Won နဲ႔ Thirst ထဲက Kim Ok-Bin တို႔က အဓိကပါ၀င္ထားပါတယ္။ ဇာတ္လမ္းကိုေတာ့ Arthdal လို႔ အမည္ေပးထားတဲ့ ေရွးေဟာင္းၿမိဳ႕ေနရာမွာ အေျခတည္ထားတာပါ။ Song Joong-Ki ကေတာ့ သူ႔ရဲ႕လူမ်ိဳးအတြက္ အသက္ေပး တိုက္ခိုက္၊ကာကြယ္ရဲတဲ့ ဇာတ္ေကာင္ Eunseom ဆိုတဲ့ေနရာက ပါ၀င္ထားတာပဲ ျဖစ္ပါတယ္။

အားလုံးရင္ခုန္စြာနဲ႔ ေစာင့္ေမွ်ာ္ေနၾကတဲ့ Arthdal Chronicles ဒရာမာေလးရဲ႕ Teaser ကိုလည္း ၾကည့္ရႈလိုက္ပါဦး။

Xei

Source: eonline.com

(Unicode Version)

ပရိသတ်တွေ တခဲနက် ချစ်ခင်အားပေးကြတဲ့ ကိုရီးယားစူပါစတား သရုပ်ဆောင် Song Joong-Ki ကို များမကြာခင်ကာလမှာ ဒရာမာအသစ်တစ်ခုနဲ့အတူ ပြန်လည်တွေ့မြင်ကြရတော့မှာပါ။ Joong-Ki ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ ဒရာမာ Man to Man ဟာ ၂၀၁၇ခုနှစ်တည်းကဖြစ်လို့ သူ့ရဲ့ပရိသတ်အမြောက်အများဟာ ဘယ်အချိန်၊ ဘယ်ဒရာမာအသစ်မှာာ ထွက်ပေါ်လာမှာလည်းလို့ တမျှော်မျှော်နဲ့ စောင့်စားနေကြတာလည်း ဖြစ်ပါတယ်။

Photo: pinterest

အခုတော့ ပရိသတ်တွေအတွက် ဆန္ဒတွေ ပြည့်ဝတော့မှာ ဖြစ်ပါတယ်။ Netflix က ရိုက်ကူးထားပြီး ဇွန်လ(၁)ရက်နေ့မှာ စတင်ထုတ်လွှင့်တော့မယ့် ဒရာမာအသစ်မှာ Joong-Ki ဟာ အဓိကဇာတ်ကောင်တစ်ယောက်ရဲ့ နေရာမှာ ပါဝင်ထားတာ ဖြစ်ပါတယ်။

Arthdal Chronicles လို့ အမည်ရတဲ့ ၎င်းဒရာမာအသစ်ဟာ စိတ်ကူးယဉ်ဒရာမာ အမျိုးအစားဖြစ်ပြီး ရှေးခေတ်အခါက လူသားယဉ်ကျေးမှုတွေ ဖွံ့ဖြိုးတိုးတက်လာမှုအကြောင်းကို ဇာတ်လမ်းဖွဲ့ ရိုက်ကူးပုံဖော်ထားတဲ့ ဒရာမာကောင်းတစ်ခု ဖြစ်ပါတယ်။ အဆိုပါ ဒရာမာထဲမှာ ဒဏ္ဍာရီလာသတ္တဝါဆန်းတွေ၊ နယ်မြေအသစ် ရှာဖွေချဲ့ထွင်မှုတွေနဲ့ ဆန်းကြယ်လွန်းတဲ့ ဇာတ်ကောင်စရိုက်တွေ ပါဝင်မှာ ဖြစ်ပါတယ်။

Photo: pinterest

ဒီဒရာမာထဲမှာ Song Joong-Ki နဲ့အတူ Taegukgi ဇာတ်လမ်းထဲက Jang Dong-Gun (ဒါရိုက်တာရင်)၊ Descendants of the Sun ထဲက Kim Ji-Won နဲ့ Thirst ထဲက Kim Ok-Bin တို့က အဓိကပါဝင်ထားပါတယ်။ ဇာတ်လမ်းကိုတော့ Arthdal လို့ အမည်ပေးထားတဲ့ ရှေးဟောင်းမြို့နေရာမှာ အခြေတည်ထားတာပါ။ Song Joong-Ki ကတော့ သူ့ရဲ့လူမျိုးအတွက် အသက်ပေး တိုက်ခိုက်၊ကာကွယ်ရဲတဲ့ ဇာတ်ကောင် Eunseom ဆိုတဲ့နေရာက ပါဝင်ထားတာပဲ ဖြစ်ပါတယ်။

အားလုံးရင်ခုန်စွာနဲ့ စောင့်မျှော်နေကြတဲ့ Arthdal Chronicles ဒရာမာလေးရဲ့ Teaser ကိုလည်း ကြည့်ရှုလိုက်ပါဦး။

Xei

Source: eonline.com

RELATED ARTICLES

Most Popular