HomeCelebs Update NewsInternationalDonda albumထဲက verse ကို အသိမပေးဘဲ ဖြုတ်ချထားလို့ Kanye ကို ပေါက်ကွဲနေတဲ့ Soulja Boy 

Donda albumထဲက verse ကို အသိမပေးဘဲ ဖြုတ်ချထားလို့ Kanye ကို ပေါက်ကွဲနေတဲ့ Soulja Boy 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မကြာသေးခင်က အသစ်ထွက်ရှိထားတဲ့ Kanye West ရဲ့ အယ်လ်ဘမ်သစ် Donda ကတော့ ပွဲဆူစရာတွေပဲ ဆက်တိုက် ဖြစ်နေပါတယ်။ အဲဒါကတော့ Soulja Boy ဟာ အဆိုပါအယ်လ်ဘမ်ထဲမှာ သီချင်းတစ်ပုဒ်အတွက် verse တစ်ခု ဝင်ရောက်သီဆိုပေးထားပြီး အယ်လ်ဘမ်ထွက်လာချိန်မှာ သူ့ရဲ့ သီချင်းအပိုဒ် မပါလာခဲ့တာကြောင့် Kanye ကို ပေါက်ကွဲနေတာပဲ ဖြစ်ပါတယ်။

Soulja ဟာ Kanye ရဲ့ Donda အယ်လ်ဘမ်ထဲက “Remote Control” ဆိုတဲ့ သီချင်းမှာ featuring အနေနဲ့ ဝင်ရောက်သီဆိုထားတယ်လို့ သိရပြီး တကယ်တမ်း အယ်လ်ဘမ် ထွက်လာချိန်မှာ သူ့ရဲ့သီချင်းအပိုဒ်က ပါမလာခဲ့ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် သူ့ရဲ့ verse ကို ဖြုတ်ထားတဲ့အကြောင်းကိုလည်း Kanye ဟာ အသိပေးခြင်း မရှိခဲ့ဘဲ အယ်လ်ဘမ် ထွက်လာမှပဲ ကိုယ်တိုင် သိလိုက်ရတာကြောင့် အခုလို ပေါက်ကွဲနေတာလည်း ဖြစ်ပါတယ်။

Photo: souljaboy/ Twitter

ဒီအကြောင်းကိုတော့ Soulja ဟာ သူ့ရဲ့ တွစ်တာစာမျက်နှာမှာ Kanye ကို မန်းရှင်းခေါ်ပြီး အပီအပြင် ပေါက်ကွဲနေတာ ဖြစ်ပါတယ်။

“ဘယ်လိုပြောရမှန်းတောင် မသိဘူး။ Kanye က အဲဒီ Remote Control သီချင်းကို ကျုပ်ဆီ ပို့လိုက်တယ်။ အဲဒီသီချင်းထဲမှာ ကျုပ်ရဲ့ verse ပါမလာဘူး … ” လို့ ကနဦးအနေနဲ့ tweet ထားတာ တွေ့ရပါတယ်။ အဲဒီနောက် tweet ပေါင်းများစွာနဲ့ တကယ်ကြီး ဒေါသထွက်နေတာကို တွေ့ရပါတယ်။

Photo: souljaboy/ Twitter

“ဖုန်းလာမခေါ်နဲ့ သောက်ရူးကောင် … အဲဒါ‌ကြောင့် မင်းကို Kim က ထားခဲ့တာ bipolar ကောင်ရေ … ။ အဲဒီ နစ်ဂါ Kanye သောက်ရမ်း သွေးကြောင်တယ်။ သောက်သုံးမကျတဲ့ နစ်ဂါကောင်က သမ္မတဖြစ်ချင်သေးတယ်။ ငကြောင်ကောင် … တစ်နေရာရာမှာ သွားထိုင်နေစမ်းပါ။ အဲဒါကြောင့် Hov (Jay Z) က မင်းကို သောက်ဖက်မလုပ်တာ …” လို့ Soulja က ဆိုထားပါတယ်။

Jay Z က Kanye ကို အဖက်မလုပ်ဘူးလို့ ဒေါသတကြီး ဆိုထားပေမယ့် Donda ထဲက “Jail”ဆိုတဲ့ သီချင်းမှာ Jay Z က featuring ပါဝင်ပေးထားတာကိုတော့ Soulja တစ်ယောက် မေ့နေပုံ ရပါတယ်။ သို့သော်လည်း Soulja ရဲ့ စိတ်အနှောင့်အယှက် ဖြစ်မှုတွေဟာ ဒီလောက်နဲ့ ရပ်တန့်မသွားဘဲ နောက်ထပ် tweet တွေနဲ့ Kanye ကို ထပ်ပြီး ကျိန်ဆဲထားပါသေးတယ်။

Photo: souljaboy/ Twitter

“ခင်ဗျားက တကယ် အကူအညီ လိုအပ်နေတဲ့လူပဲ။ အစတည်းက ကျုပ်ကို ဖုန်းလာခေါ်နေစရာကို မလိုတာ။ ခင်ဗျားကိုယ်ခင်ဗျား ဘာမှတ်နေလို့လဲ … ”

“ကျုပ် verse ကို မကြိုက်ရင် အစတည်းက ပြောလေ။ အဲဒါကို ခင်ဗျားကြိုက်သလိုပုံစံ ကျုပ်ကို မက်ဆေ့ချ် လာပြန်ပြီးတော့မှ တိတ်တိတ်လေး ခိုးပြီး ဖြုတ်ပစ်လိုက်တယ်။ ဒါက ဘယ်လိုသောက်ချိုးမပြေတာမျိုးလဲ? ကျုပ်လည်း ကျုပ်အယ်လ်ဘမ်အတွက် အလုပ်လုပ်နေတာဗျ။ အဲဒီသောက်အရှုပ်ထုပ်အတွက် ကျုပ်လည်း အချိန်မရှိဘူး … ” လို့ Soulja က ပေါက်ကွဲထားတာ ဖြစ်ပါတယ်။

Swag 4 လို့ အမည်ရတဲ့ Soulja Boy ရဲ့ အယ်လ်ဘမ်သစ်ကတော့ လာမယ့် စက်တင်ဘာလ(၃)ရက် သောကြာနေ့မှာ ထွက်ရှိမယ်လို့ သိရပါတယ်။

Photo: souljaboy/ Instagram

Kanye ရဲ့ Donda အယ်လ်ဘမ်ထဲမှာ verse တွေ အဖြုတ်ခံထားရတာဟာ Soulja Boy တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ Chris Brown ဟာလည်း “New Again” ဆိုတဲ့ သီချင်းထဲမှာ သူ့ရဲ့အပိုဒ်တွေကို ဖြုတ်ထားလို့ဆိုပြီး Kanye ကို ထိပ်တိုက်တွေ့ခဲ့ပါသေးတယ်။

ဒါ့အပြင် ဩဂုတ်လ(၂၉)ရက်နေ့မှာ Donda အယ်လ်ဘမ် ထွက်ရှိလာချိန်မှာပဲ Kanye ဟာ သူ့ရဲ့ label ဖြစ်တဲ့ Universal Music Group ကို စွပ်စွဲခဲ့ပါသေးတယ်။ အဲဒါကတော့ သူ့ရဲ့ ခွင့်ပြုချက်မရသေးဘဲ အယ်လ်ဘမ်ကို ထွက်ချလိုက်တယ်ဆိုတဲ့ စွပ်စွဲချက်ပဲ ဖြစ်ပါတယ်။ ဒီကိစ္စကိုတော့ Soulja က “လိမ်ဆင်” ကြီးလို့ ပြောထားပါသေးတယ်။

Glasgow

Source: hollywoodlife

(Zawgyi Version)

မၾကာေသးခင္က အသစ္ထြက္ရွိထားတဲ့ Kanye West ရဲ႕ အယ္လ္ဘမ္သစ္ Donda ကေတာ့ ပြဲဆူစရာေတြပဲ ဆက္တိုက္ ျဖစ္ေနပါတယ္။ အဲဒါကေတာ့ Soulja Boy ဟာ အဆိုပါအယ္လ္ဘမ္ထဲမွာ သီခ်င္းတစ္ပုဒ္အတြက္ verse တစ္ခု ဝင္ေရာက္သီဆိုေပးထားၿပီး အယ္လ္ဘမ္ထြက္လာခ်ိန္မွာ သူ႔ရဲ႕ သီခ်င္းအပိုဒ္ မပါလာခဲ့တာေၾကာင့္ Kanye ကို ေပါက္ကြဲေနတာပဲ ျဖစ္ပါတယ္။

Soulja ဟာ Kanye ရဲ႕ Donda အယ္လ္ဘမ္ထဲက “Remote Control” ဆိုတဲ့ သီခ်င္းမွာ featuring အေနနဲ႔ ဝင္ေရာက္သီဆိုထားတယ္လို႔ သိရၿပီး တကယ္တမ္း အယ္လ္ဘမ္ ထြက္လာခ်ိန္မွာ သူ႔ရဲ႕သီခ်င္းအပိုဒ္က ပါမလာခဲ့ဘူးလို႔ ဆိုပါတယ္။ ဒါ့အျပင္ သူ႔ရဲ႕ verse ကို ျဖဳတ္ထားတဲ့အေၾကာင္းကိုလည္း Kanye ဟာ အသိေပးျခင္း မရွိခဲ့ဘဲ အယ္လ္ဘမ္ ထြက္လာမွပဲ ကိုယ္တိုင္ သိလိုက္ရတာေၾကာင့္ အခုလို ေပါက္ကြဲေနတာလည္း ျဖစ္ပါတယ္။

Photo: souljaboy/ Twitter

ဒီအေၾကာင္းကိုေတာ့ Soulja ဟာ သူ႔ရဲ႕ တြစ္တာစာမ်က္ႏွာမွာ Kanye ကို မန္းရွင္းေခၚၿပီး အပီအျပင္ ေပါက္ကြဲေနတာ ျဖစ္ပါတယ္။

“ဘယ္လိုေျပာရမွန္းေတာင္ မသိဘူး။ Kanye က အဲဒီ Remote Control သီခ်င္းကို က်ဳပ္ဆီ ပို႔လိုက္တယ္။ အဲဒီသီခ်င္းထဲမွာ က်ဳပ္ရဲ႕ verse ပါမလာဘူး … ” လို႔ ကနဦးအေနနဲ႔ tweet ထားတာ ေတြ႕ရပါတယ္။ အဲဒီေနာက္ tweet ေပါင္းမ်ားစြာနဲ႔ တကယ္ႀကီး ေဒါသထြက္ေနတာကို ေတြ႕ရပါတယ္။

Photo: souljaboy/ Twitter

“ဖုန္းလာမေခၚနဲ႔ ေသာက္႐ူးေကာင္ … အဲဒါ‌ေၾကာင့္ မင္းကို Kim က ထားခဲ့တာ bipolar ေကာင္ေရ … ။ အဲဒီ နစ္ဂါ Kanye ေသာက္ရမ္း ေသြးေၾကာင္တယ္။ ေသာက္သုံးမက်တဲ့ နစ္ဂါေကာင္က သမၼတျဖစ္ခ်င္ေသးတယ္။ ငေၾကာင္ေကာင္ … တစ္ေနရာရာမွာ သြားထိုင္ေနစမ္းပါ။ အဲဒါေၾကာင့္ Hov (Jay Z) က မင္းကို ေသာက္ဖက္မလုပ္တာ …” လို႔ Soulja က ဆိုထားပါတယ္။

Jay Z က Kanye ကို အဖက္မလုပ္ဘူးလို႔ ေဒါသတႀကီး ဆိုထားေပမယ့္ Donda ထဲက “Jail”ဆိုတဲ့ သီခ်င္းမွာ Jay Z က featuring ပါဝင္ေပးထားတာကိုေတာ့ Soulja တစ္ေယာက္ ေမ့ေနပုံ ရပါတယ္။ သို႔ေသာ္လည္း Soulja ရဲ႕ စိတ္အေႏွာင့္အယွက္ ျဖစ္မႈေတြဟာ ဒီေလာက္နဲ႔ ရပ္တန႔္မသြားဘဲ ေနာက္ထပ္ tweet ေတြနဲ႔ Kanye ကို ထပ္ၿပီး က်ိန္ဆဲထားပါေသးတယ္။

Photo: souljaboy/ Twitter

“ခင္ဗ်ားက တကယ္ အကူအညီ လိုအပ္ေနတဲ့လူပဲ။ အစတည္းက က်ဳပ္ကို ဖုန္းလာေခၚေနစရာကို မလိုတာ။ ခင္ဗ်ားကိုယ္ခင္ဗ်ား ဘာမွတ္ေနလို႔လဲ … ”

“က်ဳပ္ verse ကို မႀကိဳက္ရင္ အစတည္းက ေျပာေလ။ အဲဒါကို ခင္ဗ်ားႀကိဳက္သလိုပုံစံ က်ဳပ္ကို မက္ေဆ့ခ်္ လာျပန္ၿပီးေတာ့မွ တိတ္တိတ္ေလး ခိုးၿပီး ျဖဳတ္ပစ္လိုက္တယ္။ ဒါက ဘယ္လိုေသာက္ခ်ိဳးမေျပတာမ်ိဳးလဲ? က်ဳပ္လည္း က်ဳပ္အယ္လ္ဘမ္အတြက္ အလုပ္လုပ္ေနတာဗ်။ အဲဒီေသာက္အရႈပ္ထုပ္အတြက္ က်ဳပ္လည္း အခ်ိန္မရွိဘူး … ” လို႔ Soulja က ေပါက္ကြဲထားတာ ျဖစ္ပါတယ္။

Swag 4 လို႔ အမည္ရတဲ့ Soulja Boy ရဲ႕ အယ္လ္ဘမ္သစ္ကေတာ့ လာမယ့္ စက္တင္ဘာလ(၃)ရက္ ေသာၾကာေန႔မွာ ထြက္ရွိမယ္လို႔ သိရပါတယ္။

Photo: souljaboy/ Instagram

Kanye ရဲ႕ Donda အယ္လ္ဘမ္ထဲမွာ verse ေတြ အျဖဳတ္ခံထားရတာဟာ Soulja Boy တစ္ေယာက္တည္းေတာ့ မဟုတ္ပါဘူး။ ၿပီးခဲ့တဲ့ ရက္ပိုင္းကပဲ Chris Brown ဟာလည္း “New Again” ဆိုတဲ့ သီခ်င္းထဲမွာ သူ႔ရဲ႕အပိုဒ္ေတြကို ျဖဳတ္ထားလို႔ဆိုၿပီး Kanye ကို ထိပ္တိုက္ေတြ႕ခဲ့ပါေသးတယ္။

ဒါ့အျပင္ ဩဂုတ္လ(၂၉)ရက္ေန႔မွာ Donda အယ္လ္ဘမ္ ထြက္ရွိလာခ်ိန္မွာပဲ Kanye ဟာ သူ႔ရဲ႕ label ျဖစ္တဲ့ Universal Music Group ကို စြပ္စြဲခဲ့ပါေသးတယ္။ အဲဒါကေတာ့ သူ႔ရဲ႕ ခြင့္ျပဳခ်က္မရေသးဘဲ အယ္လ္ဘမ္ကို ထြက္ခ်လိုက္တယ္ဆိုတဲ့ စြပ္စြဲခ်က္ပဲ ျဖစ္ပါတယ္။ ဒီကိစၥကိုေတာ့ Soulja က “လိမ္ဆင္” ႀကီးလို႔ ေျပာထားပါေသးတယ္။

Glasgow

Source: hollywoodlife

RELATED ARTICLES

Most Popular