HomeEntertainmentFilmKristen Stewart ကို Princess Diana အဖြစ် မြင်တွေ့ရမယ့် Spencer ရုပ်ရှင် 

Kristen Stewart ကို Princess Diana အဖြစ် မြင်တွေ့ရမယ့် Spencer ရုပ်ရှင် 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Kristen Stewart ကို Princess Diana အဖြစ် မြင်တွေ့ရမယ့် Spencer ရုပ်ရှင်ဟာ မကြာခင်ကပဲ ထွေလာ ထွက်ရှိလာပါတယ်။ အင်္ဂလန်နိုင်ငံရဲ့ တော်ဝင်မိသားစုအကြောင်းကို ရိုက်ကူးထားတဲ့ The Crown ဇာတ်လမ်းတွဲဟာလည်း Season 4 ကို ရောက်ရှိနေပြီ ဖြစ်ပြီး Spencer ရုပ်ရှင်ကတော့ Princess Diana ရဲ့အကြောင်းကိုပဲ အဓိကရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကိုတော့ ၂၀၂၁ နှစ်ဦးပိုင်းမှာ စတင်ရိုက်ကူးခဲ့တာ ဖြစ်ပြီး Kristen Stewart အပြင် Jack Farthing ကလည်း Prince Charles အဖြစ် ပါဝင်လာမှာ ဖြစ်သလို Sean Harris ၊ Timothy Spall နဲ့ Sally Hawkins တို့လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

Photo via IMDb

ဒီရုပ်ရှင်ကတော့ ၁၉၉၁ ခုနှစ်ရဲ့ ခရစ်စမတ် အားလပ်ရက်တစ်ခုမှာ ဇာတ်အိမ်တည်ထားတာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာတော့ Princess Diana ဟာ ခရစ်စမတ်အားလပ်ရက်ကို တော်ဝင်မိသားစုဝင်တွေနဲ့အတူ Sandringham စံအိမ်မှာ ဖြတ်သန်းနေပါတယ်။ Princess Diana ဟာ Prince Charles နဲ့ အိမ်ထောင်ရေးက အဆင်မပြေမှုတွေ ဖြစ်လာတာကြောင့် သူမဟာ ကွာရှင်းဖို့အတွက် စဉ်းစားနေပါတော့တယ်။

သိပ်မကြာသေးခင်ကပဲ ဒီရုပ်ရှင်ရဲ့ ပထမဆုံးထွေလာ ထွက်ရှိလာခဲ့ပါတယ်။ ဒီထွေလာဟာ တစ်မိနစ်ပဲ ကြာမြင့်ပေမယ့်လည်း Kristen Stewart ကို Princess Diana ပုံစံနဲ့ မြင်တွေ့ခဲ့ရသလို Jack Farthing ကိုလည်း Prince Charles ပုံစံနဲ့ မြင်တွေ့ခဲ့ရပါသေးတယ်။ ဒီထွေလာရဲ့ အဆုံးသတ်နားမှာ Sally Hawkins ကိုလည်း မြင်တွေ့ခဲ့ရပေမယ့် သူမဟာ ဘယ်ဇာတ်ကောင်နေရာမှာ ပါဝင်ထားလည်း ဆိုတာကိုတော့ မသိရသေးပါဘူး။

ဒီရုပ်ရှင်ကတော့ အင်္ဂလန်နိုင်ငံရဲ့ တော်ဝင်မိသားစုဝင်တစ်ယောက် ဖြစ်တဲ့ Princess Diana အကြောင်းကို ရိုက်ကူးထားတာကြောင့် အပြင်အဆင်တွေနဲ့ အဝတ်အစားပုံစံတွေကတော့ နန်းဆန်ဆန်တွေ မြင်တွေ့ရမှာပါ။ ဒီရုပ်ရှင်ကတော့ ယခုနှစ်အတွင်းမှာပဲ ထွက်ရှိလာမှာ ဖြစ်ပြီး အတိအကျဆိုရင်တော့ နိုဝင်ဘာလ (၅)ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီရုပ်ရှင်ကတော့ ဒရာမာဇာတ်လမ်း ကြိုက်နှစ်သက်သူတွေဆိုရင် ကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

Kristen Stewart ကို Princess Diana အျဖစ္ ျမင္ေတြ႕ရမယ့္ Spencer ႐ုပ္ရွင္ဟာ မၾကာခင္ကပဲ ေထြလာ ထြက္ရွိလာပါတယ္။ အဂၤလန္ႏိုင္ငံရဲ႕ ေတာ္ဝင္မိသားစုအေၾကာင္းကို ႐ိုက္ကူးထားတဲ့ The Crown ဇာတ္လမ္းတြဲဟာလည္း Season 4 ကို ေရာက္ရွိေနၿပီ ျဖစ္ၿပီး Spencer ႐ုပ္ရွင္ကေတာ့ Princess Diana ရဲ႕အေၾကာင္းကိုပဲ အဓိက႐ိုက္ကူးသြားမွာ ျဖစ္ပါတယ္။

ဒီ႐ုပ္ရွင္ကိုေတာ့ ၂၀၂၁ ႏွစ္ဦးပိုင္းမွာ စတင္႐ိုက္ကူးခဲ့တာ ျဖစ္ၿပီး Kristen Stewart အျပင္ Jack Farthing ကလည္း Prince Charles အျဖစ္ ပါဝင္လာမွာ ျဖစ္သလို Sean Harris ၊ Timothy Spall နဲ႔ Sally Hawkins တို႔လည္း ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

Photo via IMDb

ဒီ႐ုပ္ရွင္ကေတာ့ ၁၉၉၁ ခုႏွစ္ရဲ႕ ခရစ္စမတ္ အားလပ္ရက္တစ္ခုမွာ ဇာတ္အိမ္တည္ထားတာ ျဖစ္ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ Princess Diana ဟာ ခရစ္စမတ္အားလပ္ရက္ကို ေတာ္ဝင္မိသားစုဝင္ေတြနဲ႔အတူ Sandringham စံအိမ္မွာ ျဖတ္သန္းေနပါတယ္။ Princess Diana ဟာ Prince Charles နဲ႔ အိမ္ေထာင္ေရးက အဆင္မေျပမႈေတြ ျဖစ္လာတာေၾကာင့္ သူမဟာ ကြာရွင္းဖို႔အတြက္ စဥ္းစားေနပါေတာ့တယ္။

သိပ္မၾကာေသးခင္ကပဲ ဒီ႐ုပ္ရွင္ရဲ႕ ပထမဆုံးေထြလာ ထြက္ရွိလာခဲ့ပါတယ္။ ဒီေထြလာဟာ တစ္မိနစ္ပဲ ၾကာျမင့္ေပမယ့္လည္း Kristen Stewart ကို Princess Diana ပုံစံနဲ႔ ျမင္ေတြ႕ခဲ့ရသလို Jack Farthing ကိုလည္း Prince Charles ပုံစံနဲ႔ ျမင္ေတြ႕ခဲ့ရပါေသးတယ္။ ဒီေထြလာရဲ႕ အဆုံးသတ္နားမွာ Sally Hawkins ကိုလည္း ျမင္ေတြ႕ခဲ့ရေပမယ့္ သူမဟာ ဘယ္ဇာတ္ေကာင္ေနရာမွာ ပါဝင္ထားလည္း ဆိုတာကိုေတာ့ မသိရေသးပါဘူး။

ဒီ႐ုပ္ရွင္ကေတာ့ အဂၤလန္ႏိုင္ငံရဲ႕ ေတာ္ဝင္မိသားစုဝင္တစ္ေယာက္ ျဖစ္တဲ့ Princess Diana အေၾကာင္းကို ႐ိုက္ကူးထားတာေၾကာင့္ အျပင္အဆင္ေတြနဲ႔ အဝတ္အစားပုံစံေတြကေတာ့ နန္းဆန္ဆန္ေတြ ျမင္ေတြ႕ရမွာပါ။ ဒီ႐ုပ္ရွင္ကေတာ့ ယခုႏွစ္အတြင္းမွာပဲ ထြက္ရွိလာမွာ ျဖစ္ၿပီး အတိအက်ဆိုရင္ေတာ့ ႏိုဝင္ဘာလ (၅)ရက္ေန႔မွာ ႐ုံတင္ျပသသြားမွာ ျဖစ္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ဒီ႐ုပ္ရွင္ကေတာ့ ဒရာမာဇာတ္လမ္း ႀကိဳက္ႏွစ္သက္သူေတြဆိုရင္ ၾကည့္သင့္တဲ့ ႐ုပ္ရွင္တစ္ကားပဲ ျဖစ္ပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular