HomeEntertainmentFilmအသစ်ထွက်ရှိလာမယ့် MCU Crossover ရုပ်ရှင်ထဲမှာ Spider-Man ပါဝင်လာမည်။

အသစ်ထွက်ရှိလာမယ့် MCU Crossover ရုပ်ရှင်ထဲမှာ Spider-Man ပါဝင်လာမည်။

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Tom Holland ရဲ့ Spider-Man ဟာ အနည်းဆုံး အနာဂတ်မှာ ထွက်ရှိလာမယ့် MCU Crossover ရုပ်ရှင်တစ်ကားထဲမှာ ပါဝင်လာဦးမယ်လို့ Sony က အတည်ပြုလိုက်ပါတယ်။

မကြာခင်မှာ ထွက်ရှိလာတော့မယ့် Spider-Man: No Way Home ကတော့ Tom Holland ရဲ့ သုံးကားမြောက် ဆိုလိုရုပ်ရှင်ပဲ ဖြစ်ပါတယ်။ ပရိသတ်တွေများစွာ စောင့်မျှော်နေကြတဲ့ Spider-Man: No Way Home ကတော့ ဒီရက်ပိုင်းအတွင်းမှာတင် နိုင်ငံတကာမှာ ရုံတင်ပြသသွားတော့မှာပါ။

photo via screenrant

Tom Holland ရဲ့ Spider-Man ကတော့ Captain America: Civil War ထဲမှာ စတင်ပါဝင်လာခဲ့တာ ဖြစ်ပြီး အခုဆိုရင်တော့ Trilogy သုံးကားလည်း ပြည့်သွားပါပြီ။ ဒါကြောင့်လည်း ပရိသတ်တွေဟာ No Way Home က Tom Holland ရဲ့ Spider-Man ကို နောက်ဆုံးအကြိမ်အဖြစ် မြင်တွေ့ရနိုင်တယ်ဆိုပြီး စိုးရိမ်နေကြပါတယ်။ ဒါပေမယ့်လည်း မကြာသေးခင်ကပဲ Tom Holland ဟာ နောက်ထပ် ရုပ်ရှင်သုံးကားစာလောက် စာချုပ်ချုပ်ထားတယ်ဆိုတဲ့ သတင်းထွက်ပေါ်လာပါတယ်။

အခုဆိုရင်တော့ No Way Home ဟာ ရုံတင်ပြသတော့မှာ ဖြစ်တာကြောင့် MCU ထဲက Tom Holland ရဲ့ Spider-Man အနာဂတ်နဲ့ ပတ်သက်ပြီး အနည်းငယ် သိထားရပါတယ်။ Phase Zero Podcast နဲ့ အင်တာဗျူးတဲ့ အချိန်မှာတော့ Sony Pictures ရဲ့  ဥက္ကဌဖြစ်သူ Tom Rothman ဟာ “ယခုအချိန်မှာ တည်ရှိနေတဲ့ Marvel နဲ့ Sony တို့ရဲ့ ဆက်ဆံရေးအရ အနည်းဆုံးတော့ Tom Holland ရဲ့ Spider-Man ကို နောက်ထပ် Crossover ရုပ်ရှင်တစ်ကားမှာ မြင်တွေ့ရဦးမှာပါ … ” လို့ ပြောထားပါတယ်။

photo via screenrant

ဒါတင်မကသေးဘဲ No Way Home မှာ Doctor Strange ပါဝင်နေရတဲ့ အကြောင်းရင်းကိုလည်း ပြောပြသွားပါသေးတယ်။ Tom Rothman ရဲ့ စကားကတော့ “ကျွန်တော်တို့ကလည်း(Sony) တစ်ယောက်ကို ငှားတယ်။ သူတို့ကလည်း(Marvel) တစ်ယောက်ကို ငှားတယ်။ ဒါကြောင့်လည်း Doctor Strange က ဒီရုပ်ရှင်ထဲမှာ ပါဝင်နေတာပါ … ” လို့ ပြောပြသွားပါတယ်။ သူပြောချင်တဲ့ သဘောကတော့ Sony က Spider-Man ကို MCU မှာ ပေးပြီး အသုံးပြုစေခဲ့တာကြောင့် Marvel ကလည်း Doctor Strange ကို ဒီရုပ်ရှင်ထဲမှာ အသုံးပြုစေခဲ့တာပါဆိုတဲ့ သဘောဖြစ်ပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

Tom Holland ရဲ႕ Spider-Man ဟာ အနည္းဆုံး အနာဂတ္မွာ ထြက္ရွိလာမယ့္ MCU Crossover ႐ုပ္ရွင္တစ္ကားထဲမွာ ပါဝင္လာဦးမယ္လို႔ Sony က အတည္ျပဳလိုက္ပါတယ္။

မၾကာခင္မွာ ထြက္ရွိလာေတာ့မယ့္ Spider-Man: No Way Home ကေတာ့ Tom Holland ရဲ႕ သုံးကားေျမာက္ ဆိုလို႐ုပ္ရွင္ပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြမ်ားစြာ ေစာင့္ေမွ်ာ္ေနၾကတဲ့ Spider-Man: No Way Home ကေတာ့ ဒီရက္ပိုင္းအတြင္းမွာတင္ ႏိုင္ငံတကာမွာ ႐ုံတင္ျပသသြားေတာ့မွာပါ။

photo via screenrant

Tom Holland ရဲ႕ Spider-Man ကေတာ့ Captain America: Civil War ထဲမွာ စတင္ပါဝင္လာခဲ့တာ ျဖစ္ၿပီး အခုဆိုရင္ေတာ့ Trilogy သုံးကားလည္း ျပည့္သြားပါၿပီ။ ဒါေၾကာင့္လည္း ပရိသတ္ေတြဟာ No Way Home က Tom Holland ရဲ႕ Spider-Man ကို ေနာက္ဆုံးအႀကိမ္အျဖစ္ ျမင္ေတြ႕ရႏိုင္တယ္ဆိုၿပီး စိုးရိမ္ေနၾကပါတယ္။ ဒါေပမယ့္လည္း မၾကာေသးခင္ကပဲ Tom Holland ဟာ ေနာက္ထပ္ ႐ုပ္ရွင္သုံးကားစာေလာက္ စာခ်ဳပ္ခ်ဳပ္ထားတယ္ဆိုတဲ့ သတင္းထြက္ေပၚလာပါတယ္။

အခုဆိုရင္ေတာ့ No Way Home ဟာ ႐ုံတင္ျပသေတာ့မွာ ျဖစ္တာေၾကာင့္ MCU ထဲက Tom Holland ရဲ႕ Spider-Man အနာဂတ္နဲ႔ ပတ္သက္ၿပီး အနည္းငယ္ သိထားရပါတယ္။ Phase Zero Podcast နဲ႔ အင္တာဗ်ဴးတဲ့ အခ်ိန္မွာေတာ့ Sony Pictures ရဲ႕  ဥကၠဌျဖစ္သူ Tom Rothman ဟာ “ယခုအခ်ိန္မွာ တည္ရွိေနတဲ့ Marvel နဲ႔ Sony တို႔ရဲ႕ ဆက္ဆံေရးအရ အနည္းဆုံးေတာ့ Tom Holland ရဲ႕ Spider-Man ကို ေနာက္ထပ္ Crossover ႐ုပ္ရွင္တစ္ကားမွာ ျမင္ေတြ႕ရဦးမွာပါ … ” လို႔ ေျပာထားပါတယ္။

photo via screenrantဒါတင္မကေသးဘဲ No Way Home မွာ Doctor Strange ပါဝင္ေနရတဲ့ အေၾကာင္းရင္းကိုလည္း ေျပာျပသြားပါေသးတယ္။ Tom Rothman ရဲ႕ စကားကေတာ့ “ကြၽန္ေတာ္တို႔ကလည္း(Sony) တစ္ေယာက္ကို ငွားတယ္။ သူတို႔ကလည္း(Marvel) တစ္ေယာက္ကို ငွားတယ္။ ဒါေၾကာင့္လည္း Doctor Strange က ဒီ႐ုပ္ရွင္ထဲမွာ ပါဝင္ေနတာပါ … ” လို႔ ေျပာျပသြားပါတယ္။ သူေျပာခ်င္တဲ့ သေဘာကေတာ့ Sony က Spider-Man ကို MCU မွာ ေပးၿပီး အသုံးျပဳေစခဲ့တာေၾကာင့္ Marvel ကလည္း Doctor Strange ကို ဒီ႐ုပ္ရွင္ထဲမွာ အသုံးျပဳေစခဲ့တာပါဆိုတဲ့ သေဘာျဖစ္ပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular