HomeEntertainmentFilmSpider-Man: No Way Home အပြီးမှာ ဝတ်စုံအသစ်ကို ဘာကြောင့် ထပ်လုပ်ခဲ့ရတာလဲ?

Spider-Man: No Way Home အပြီးမှာ ဝတ်စုံအသစ်ကို ဘာကြောင့် ထပ်လုပ်ခဲ့ရတာလဲ?

Spider-Man: No Way Home အပြီးမှာတော့ Peter Parker ဟာ ဝတ်စုံအသစ်ကို ကိုယ်တိုင်ပြုလုပ်ခဲ့တာ မြင်တွေ့ခဲ့ရပါတယ်။ No Way Home ကတော့ Tom Holland ရဲ့ ပထမဆုံး Spider-Man Trilogy ရဲ့ အဆုံးသတ် ဖြစ်ပြီး Peter Parker ရဲ့ အထက်တန်းကျောင်းသား ဘဝလည်း ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီ Trilogy ရဲ့ အဆုံးသတ်မှာတော့ Peter Parker ရဲ့ Character Development တွေကို မြင်တွေ့ခဲ့ရသလို သူကိုယ်တိုင် ဖန်တီးခဲ့တဲ့ ဝတ်စုံအသစ်ကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

photo via screenrant

ဒီဝတ်စုံကတော့ ကောမစ်ထဲက ဝတ်စုံနဲ့ အနီးစပ်ဆုံး ဆင်တူအောင် ဖန်တီးထားပြီး Peter Parker ဟာ ဘာကြောင့် ဒီဝတ်စုံကို ဖန်တီးခဲ့တာလည်း ဆိုတာကိုတော့ မသိရပါဘူး။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Peter Parker ဟာ ဘာကြောင့် ဝတ်စုံအသစ် ဖန်တီးခဲ့တာလည်း ဆိုတာနဲ့ ပတ်သက်ပြီး ဖြစ်နိုင်ချေရှိတာတွေကို ဖော်ပြပေးချင်ပါတယ်။

Peter Parker ဟာ MCU ထဲက သူ့ရဲ့အချိန်တလျှောက်လုံးမှာ Tony Stark ဖန်တီးပေးခဲ့တဲ့ ဝတ်စုံတွေကို ရရှိထားပါတယ်။ ယခုအချိန်ထိလည်း သူ့ရဲ့လက်ထဲမှာ Tony ရဲ့နည်းပညာသုံး ဝတ်စုံတွေ ရှိနေပါတယ်။ တကယ်တော့ Doctor Strange ရဲ့ Spell ကြောင့်ရော၊ Peter ရဲ့ Character Development ကြောင့်ပါ ဒီဝတ်စုံသစ်ကို လိုအပ်နေတာ ဖြစ်ပါတယ်။

photo via screenrant

Doctor Strange ရဲ့ Spell ဟာ Peter နဲ့ ပတ်သက်တဲ့ မှတ်ဉာဏ်တွေတင်မကဘဲ သူနဲ့ပတ်သက်တဲ့ ဒေတာတွေကိုပါ ဖျောက်ပစ်လိုက်ပုံ ရပါတယ်။ ဒီအချက်ကြောင့်ပဲ Tony ရဲ့ နည်းပညာတွေကို Peter က အသုံးမပြုနိုင်တော့တာ ဖြစ်ပါလိမ့်မယ်။ Iron Man ဝတ်စုံလိုပဲ Spider-Man ဝတ်စုံဟာလည်း မျက်နှာကို စကန်ဖတ်တဲ့ နည်းပညာ ပါဝင်နေနိုင်ပြီး Peter နဲ့ ပတ်သက်တဲ့ ဒေတာတွေ ပျက်ကုန်တာကြောင့် အသုံးမပြုနိုင်တော့တာ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့်ပဲ သူဟာ အရင်ကဝတ်စုံတွေကို အသုံးမပြုနိုင်တော့ဘဲ သူကိုယ်တိုင် ဝတ်စုံအသစ် ဖန်တီးခဲ့ရတာ ဖြစ်နိုင်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular