HomeEntertainmentFilmမနက်ဖြန် ထွက်ရှိလာမယ့် Spider-Man: No Way Home ရဲ့ ဒုတိယထွေလာ 

မနက်ဖြန် ထွက်ရှိလာမယ့် Spider-Man: No Way Home ရဲ့ ဒုတိယထွေလာ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Spider-Man: No Way Home ရဲ့ ဒုတိယမြောက် ထွေလာဟာ မနက်ဖြန် နိုဝင်ဘာလ(၁၇)ရက်နေ့ မနက်ပိုင်းမှာ ထွက်ရှိလာမယ်လို့ Sony က အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

No Way Home ကတော့ MCU ဗားရှင်း Spider-Man ရဲ့ တတိယမြောက် ဆိုလိုရုပ်ရှင် ဖြစ်ပြီး အရင်ကထွက်ရှိခဲ့တဲ့ ဆိုလိုရုပ်ရှင် နှစ်ကားထက် ပိုပြီးစိတ်ဝင်စားဖို့ကောင်းနေတဲ့ ရုပ်ရှင်ဆိုလည်း မမှားပါဘူး။ ဒီရုပ်ရှင်ထဲမှာတော့ Tom Holland နဲ့ Zendaya တို့အပြင် Benedict Cumberbatch ၊ Benedict Wong ၊ J.K. Simmons ၊ Alfred Molina နဲ့ Jamie Foxx တို့ကလည်း သူတို့အရင်က သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကောင်တွေအနေနဲ့ ပြန်လည်ပါဝင်လာကြမှာပါ။

No Way Home ရဲ့ ပထမဆုံးထွေလာထဲမှာတော့ Spider-Verse ဖြစ်ပေါ်လာနိုင်တဲ့ အရိပ်အယောင်တွေကို မြင်တွေ့ခဲ့ရပြီး အရင် Spider-Man ရုပ်ရှင်ထဲက ဗီလိန်တွေကို မြင်တွေ့ခဲ့ရပါတယ်။ ဒီအချက်တွေကြောင့်ပဲ No Way Home ထဲမှာ Tobey Maguire နဲ့ Andrew Garfield တို့ ပါဝင်မယ်ဆိုတဲ့ ယူဆချက်ဟာ ပရိသတ်တွေအတွက် ပိုမိုခိုင်မာလာခဲ့ပါတယ်။ ဒီအချက်ကြောင့်ပဲ No Way Home ဟာ ပရိသတ်တွေ အကြည့်ရှုချင်ဆုံး ရုပ်ရှင်ဖြစ်နေပေမယ့်လည်း Marvel နဲ့ Sony ဟာ ဒီအချက်ကို အခုထိ အတည်မပြုသေးပါဘူး။

အခုချိန်မှာတော့ Sony ဟာ Spider-Man: No Way Home ရဲ့ ဒုတိယမြောက် ထွေလာကို မနက်ဖြန် နိုဝင်ဘာလ(၁၇)ရက်နေ့ မနက်မှာ ကြည့်ရှုရမယ်လို့ အတည်ပြုခဲ့ပါတယ်။ ဒါကြောင့်ပဲ ထွေလာအသစ် ထွက်ရှိလာတဲ့အချိန်ကျရင်တော့ ပရိသတ်တွေ လိုချင်နေတဲ့အဖြေတွေ အနည်းငယ်လောက်တော့ ပါဝင်နေမယ်လို့ မျှော်လင့်နေကြပါတယ်။ ဒါ့အပြင် ပရိသတ်တွေ အားလုံးနီးပါးကလည်း ဒီရုပ်ရှင်ကို မကြည့်ခင်မှာ Spoiler အနည်းငယ်လောက်တော့ သိချင်နေကြပါတယ်။

Photo via IMDb

No Way Home ကလည်း Tom Holland နဲ့ စာချုပ်ချုပ်ထားတဲ့ နောက်ဆုံးရုပ်ရှင် ဖြစ်ပြီး Spider-Man Franchise ရဲ့ အနာဂတ်ဟာလည်း အခုထိ ဘာမှရေရေရာရာ မသိရသေးပါဘူး။ ဒါ့အပြင် Tom Holland ကိုယ်တိုင်ကလည်း No Way Home ဟာ ပရိသတ်တွေအတွက် အလွန်ရက်စက်လွန်းတယ်လို့ ပြောထားတာကြောင့် ဒီရုပ်ရှင်ထဲမှာတော့ ပရိသတ်တွေအတွက် အံ့ဩစရာ ခပ်ကြီးကြီးတစ်ခု ပါဝင်နေပြီး အဲ့ဒီအံ့ဩစရာကလည်း ပျော်ရွှင်စရာကောင်းတဲ့ အံ့ဩမှုမျိူးတော့ မဖြစ်နိုင်ပါဘူး။

ဒါပေမယ့်လည်း ဘယ်လိုပဲ ဖြစ်ဖြစ် ကိုဗစ်ဖြစ်နေတဲ့အချိန်မှာ ထွက်ရှိလာတဲ့ Far From Home ရုပ်ရှင်ကတောင် Box Office မှာ ဝင်ငွေ ဒေါ်လာ (၁.၁)ဘီလျံ ရရှိထားတာကြောင့် No Way Home ထွက်ရှိလာရင်တော့ ဒီထက်ကိုပိုများပြားတဲ့ ဝင်ငွေတွေ ရရှိနိုင်ပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

Spider-Man: No Way Home ရဲ့ ဒုတိယေျမာက္ ေထြလာဟာ မနက္ျဖန္ နိုဝင္ဘာလ(၁၇)ရက္ေန႔ မနက္ပိုင္းမွာ ထြက္ရွိလာမယ္လို႔ Sony က အတည္ျပဳလိုက္ၿပီ ျဖစ္ပါတယ္။

No Way Home ကေတာ့ MCU ဗားရွင္း Spider-Man ရဲ့ တတိယေျမာက္ ဆိုလို႐ုပ္ရွင္ ျဖစ္ၿပီး အရင္ကထြက္ရွိခဲ့တဲ့ ဆိုလို႐ုပ္ရွင္ ႏွစ္ကားထက္ ပိုၿပီးစိတ္ဝင္စားဖို႔ေကာင္းေနတဲ့ ႐ုပ္ရွင္ဆိုလည္း မမွားပါဘူး။ ဒီ႐ုပ္ရွင္ထဲမွာေတာ့ Tom Holland နဲ႔ Zendaya တို႔အျပင္ Benedict Cumberbatch ၊ Benedict Wong ၊ J.K. Simmons ၊ Alfred Molina နဲ႔ Jamie Foxx တို႔ကလည္း သူတို႔အရင္က သ႐ုပ္ေဆာင္ခဲ့တဲ့ ဇာတ္ေကာင္ေတြအေနနဲ႔ ျပန္လည္ပါဝင္လာၾကမွာပါ။

No Way Home ရဲ့ ပထမဆုံးေထြလာထဲမွာေတာ့ Spider-Verse ျဖစ္ေပၚလာနိုင္တဲ့ အရိပ္အေယာင္ေတြကို ျမင္ေတြ႕ခဲ့ရၿပီး အရင္ Spider-Man ႐ုပ္ရွင္ထဲက ဗီလိန္ေတြကို ျမင္ေတြ႕ခဲ့ရပါတယ္။ ဒီအခ်က္ေတြေၾကာင့္ပဲ No Way Home ထဲမွာ Tobey Maguire နဲ႔ Andrew Garfield တို႔ ပါဝင္မယ္ဆိုတဲ့ ယူဆခ်က္ဟာ ပရိသတ္ေတြအတြက္ ပိုမိုခိုင္မာလာခဲ့ပါတယ္။ ဒီအခ်က္ေၾကာင့္ပဲ No Way Home ဟာ ပရိသတ္ေတြ အၾကည့္ရွုခ်င္ဆုံး ႐ုပ္ရွင္ျဖစ္ေနေပမယ့္လည္း Marvel နဲ႔ Sony ဟာ ဒီအခ်က္ကို အခုထိ အတည္မျပဳေသးပါဘူး။

အခုခ်ိန္မွာေတာ့ Sony ဟာ Spider-Man: No Way Home ရဲ့ ဒုတိယေျမာက္ ေထြလာကို မနက္ျဖန္ နိုဝင္ဘာလ(၁၇)ရက္ေန႔ မနက္မွာ ၾကည့္ရွုရမယ္လို႔ အတည္ျပဳခဲ့ပါတယ္။ ဒါေၾကာင့္ပဲ ေထြလာအသစ္ ထြက္ရွိလာတဲ့အခ်ိန္က်ရင္ေတာ့ ပရိသတ္ေတြ လိုခ်င္ေနတဲ့အေျဖေတြ အနည္းငယ္ေလာက္ေတာ့ ပါဝင္ေနမယ္လို႔ ေမၽွာ္လင့္ေနၾကပါတယ္။ ဒါ့အျပင္ ပရိသတ္ေတြ အားလုံးနီးပါးကလည္း ဒီ႐ုပ္ရွင္ကို မၾကည့္ခင္မွာ Spoiler အနည္းငယ္ေလာက္ေတာ့ သိခ်င္ေနၾကပါတယ္။

Photo via IMDb

No Way Home ကလည္း Tom Holland နဲ႔ စာခ်ဳပ္ခ်ဳပ္ထားတဲ့ ေနာက္ဆုံး႐ုပ္ရွင္ ျဖစ္ၿပီး Spider-Man Franchise ရဲ့ အနာဂတ္ဟာလည္း အခုထိ ဘာမွေရေရရာရာ မသိရေသးပါဘူး။ ဒါ့အျပင္ Tom Holland ကိုယ္တိုင္ကလည္း No Way Home ဟာ ပရိသတ္ေတြအတြက္ အလြန္ရက္စက္လြန္းတယ္လို႔ ေျပာထားတာေၾကာင့္ ဒီ႐ုပ္ရွင္ထဲမွာေတာ့ ပရိသတ္ေတြအတြက္ အံ့ဩစရာ ခပ္ႀကီးႀကီးတစ္ခု ပါဝင္ေနၿပီး အဲ့ဒီအံ့ဩစရာကလည္း ေပ်ာ္ရႊင္စရာေကာင္းတဲ့ အံ့ဩမွုမ်ိဴးေတာ့ မျဖစ္နိုင္ပါဘူး။

ဒါေပမယ့္လည္း ဘယ္လိုပဲ ျဖစ္ျဖစ္ ကိုဗစ္ျဖစ္ေနတဲ့အခ်ိန္မွာ ထြက္ရွိလာတဲ့ Far From Home ႐ုပ္ရွင္ကေတာင္ Box Office မွာ ဝင္ေငြ ေဒၚလာ (၁.၁)ဘီလ်ံ ရရွိထားတာေၾကာင့္ No Way Home ထြက္ရွိလာရင္ေတာ့ ဒီထက္ကိုပိုမ်ားျပားတဲ့ ဝင္ေငြေတြ ရရွိနိုင္ပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular