HomeEntertainmentFilmSpider-Man: No Way Home Teaser ထဲမှာ သိလိုက်ရတဲ့အချက်များ

Spider-Man: No Way Home Teaser ထဲမှာ သိလိုက်ရတဲ့အချက်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ Spider-Man: No Way Home Teaser ဟာ နောက်ဆုံးတော့ ထွက်ရှိလာပြီ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Tom Holland က Spider-Man အဖြစ် ပြန်လည်ပါဝင်မှာ ဖြစ်သလို Zendaya ကလည်း MJ ၊ Jacob Batalon က Ned Leeds ၊ Marisa Tomei က Aunt May တို့အဖြစ် ပြန်လည်ပါဝင်လာမှာ ဖြစ်ပါတယ်။

ဒါ့အပြင် Benedict Cumberbatch ကလည်း Doctor Strange အနေနဲ့ ပါဝင်လာမှာ ဖြစ်သလို Alfred Molina က Doctor Octopus နဲ့ Jamie Foxx ကလည်း Electro အနေနဲ့ ပြန်လည်ပါဝင်လာဦးမှာ ဖြစ်ပါတယ်။ လောလောဆယ်အထိတော့ Tobey Maguire နဲ့ Andrew Garfield တို့ကို မမြင်တွေ့ရသေးပါဘူး။

photo via screenrant

Spider-Man: Far From Home ရဲ့ Credit Scene ထဲမှာတော့ Mysterio ဟာ Spider-Man က ဘယ်သူလည်းဆိုတာ တစ်ကမ္ဘာလုံးသိအောင် ချပြသွားသလို သူ့ရဲ့သေဆုံးမှုအတွက် Spider-Man မှာ တာဝန်ရှိတယ်လို့ တစ်ကမ္ဘာလုံးကို လှည့်စားသွားပါတယ်။ ဒီထွေလာရဲ့ အစမှာတော့ အဲ့ဒီပြဿနာတွေကြောင့် Peter Parker ဟာ တရားရင်ဆိုင်နေရတာကို တွေ့ခဲ့ရပါတယ်။ ဒါကြောင့်ပဲ Peter Parker ဟာ သူ Spider-Man ဖြစ်နေတဲ့အကြောင်းကို လူတွေမသိအောင် တစ်နည်းနည်းနဲ့ ပြုလုပ်လို့ ရနိုင်မလားဆိုပြီး Doctor Strange ဆီကို သွားရောက် အကူအညီတောင်းခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ Doctor Strange ဟာ Peter Parker က Spider-Man ဆိုတာကို Spell တစ်ခုနဲ့ တစ်ကမ္ဘာလုံး မေ့ပျောက်သွားအောင် ပြုလုပ်နိုင်တယ်လို့ ပြောပြီး အဲ့ဒီ Spell ကို ပြုလုပ်ပေးနေတာ တွေ့ရပါတယ်။ Peter ကတော့ သူ့ရဲ့သူငယ်ချင်းဖြစ်တဲ့ Ned ၊ MJ နဲ့ Aunt May တို့ကို မေ့မသွားစေချင်ပါဘူး။

အဲ့ဒီ Spell ကြောင့်ပဲ Multiverse ပွင့်သွားပုံ ရပြီး Green Goblin ရဲ့ ဗုံးနဲ့ Doctor Octopus တို့ကို မြင်တွေ့ခဲ့ရပါတယ်။ ဒါတင်မကသေးဘဲ လျှပ်စီးတွေကိုလည်း မြင်တွေ့ခဲ့ရသလို သဲတွေကိုပါ မြင်တွေ့ခဲ့ရတာကြောင့် Electro နဲ့ Sandman တို့ကိုလည်း မြင်ရနိုင်ပါသေးတယ်။

ဒီရုပ်ရှင်ထဲမှာ ပါဝင်လာမယ်လို့ သတင်းထွက်နေတဲ့ ဇာတ်ကောင်တွေများစွာ ရှိနေပြီး အများစုကတော့ အဲ့ဒီဇာတ်ကောင်တွေနဲ့ ပတ်သက်ပြီး သေချာတဲ့ အချက်အလက်တွေကို အခုချိန်ထိ မတွေ့ရသေးပါဘူး။ လောလောဆယ်မှာတော့ Sinister Six အဖွဲ့ဝင်တွေကို တွေ့ခဲ့ရပြီး ဒီရုပ်ရှင်ကလည်း ပရိသတ်တွေ စိတ်အဝင်စားဆုံး ရုပ်ရှင်တစ်ခု ဖြစ်နေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီရုပ်ရှင်ကတော့ ဒီဇင်ဘာလ (၁၇)ရက်နေ့မှာ ရုံတင်ပြသသွားတော့မှာ ဖြစ်ပါတယ်။ Spider-Man: No Way Home ရဲ့ နောက်ထပ် ထွေလာတွေ ထွက်ရှိလာရင်လည်း Breakdown တွေ တင်ပေးသွားပါဦးမယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ပရိသတ္ေတြ ေစာင့္ေမွ်ာ္ေနၾကတဲ့ Spider-Man: No Way Home Teaser ဟာ ေနာက္ဆုံးေတာ့ ထြက္ရွိလာၿပီ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ထဲမွာေတာ့ Tom Holland က Spider-Man အျဖစ္ ျပန္လည္ပါဝင္မွာ ျဖစ္သလို Zendaya ကလည္း MJ ၊ Jacob Batalon က Ned Leeds ၊ Marisa Tomei က Aunt May တို႔အျဖစ္ ျပန္လည္ပါဝင္လာမွာ ျဖစ္ပါတယ္။

ဒါ့အျပင္ Benedict Cumberbatch ကလည္း Doctor Strange အေနနဲ႔ ပါဝင္လာမွာ ျဖစ္သလို Alfred Molina က Doctor Octopus နဲ႔ Jamie Foxx ကလည္း Electro အေနနဲ႔ ျပန္လည္ပါဝင္လာဦးမွာ ျဖစ္ပါတယ္။ ေလာေလာဆယ္အထိေတာ့ Tobey Maguire နဲ႔ Andrew Garfield တို႔ကို မျမင္ေတြ႕ရေသးပါဘူး။

photo via screenrant

Spider-Man: Far From Home ရဲ႕ Credit Scene ထဲမွာေတာ့ Mysterio ဟာ Spider-Man က ဘယ္သူလည္းဆိုတာ တစ္ကမာၻလုံးသိေအာင္ ခ်ျပသြားသလို သူ႔ရဲ႕ေသဆုံးမႈအတြက္ Spider-Man မွာ တာဝန္ရွိတယ္လို႔ တစ္ကမာၻလုံးကို လွည့္စားသြားပါတယ္။ ဒီေထြလာရဲ႕ အစမွာေတာ့ အဲ့ဒီျပႆနာေတြေၾကာင့္ Peter Parker ဟာ တရားရင္ဆိုင္ေနရတာကို ေတြ႕ခဲ့ရပါတယ္။ ဒါေၾကာင့္ပဲ Peter Parker ဟာ သူ Spider-Man ျဖစ္ေနတဲ့အေၾကာင္းကို လူေတြမသိေအာင္ တစ္နည္းနည္းနဲ႔ ျပဳလုပ္လို႔ ရႏိုင္မလားဆိုၿပီး Doctor Strange ဆီကို သြားေရာက္ အကူအညီေတာင္းခဲ့ပါတယ္။

အဲ့ဒီေနာက္မွာေတာ့ Doctor Strange ဟာ Peter Parker က Spider-Man ဆိုတာကို Spell တစ္ခုနဲ႔ တစ္ကမာၻလုံး ေမ့ေပ်ာက္သြားေအာင္ ျပဳလုပ္ႏိုင္တယ္လို႔ ေျပာၿပီး အဲ့ဒီ Spell ကို ျပဳလုပ္ေပးေနတာ ေတြ႕ရပါတယ္။ Peter ကေတာ့ သူ႔ရဲ႕သူငယ္ခ်င္းျဖစ္တဲ့ Ned ၊ MJ နဲ႔ Aunt May တို႔ကို ေမ့မသြားေစခ်င္ပါဘူး။

အဲ့ဒီ Spell ေၾကာင့္ပဲ Multiverse ပြင့္သြားပုံ ရၿပီး Green Goblin ရဲ႕ ဗုံးနဲ႔ Doctor Octopus တို႔ကို ျမင္ေတြ႕ခဲ့ရပါတယ္။ ဒါတင္မကေသးဘဲ လွ်ပ္စီးေတြကိုလည္း ျမင္ေတြ႕ခဲ့ရသလို သဲေတြကိုပါ ျမင္ေတြ႕ခဲ့ရတာေၾကာင့္ Electro နဲ႔ Sandman တို႔ကိုလည္း ျမင္ရႏိုင္ပါေသးတယ္။

ဒီ႐ုပ္ရွင္ထဲမွာ ပါဝင္လာမယ္လို႔ သတင္းထြက္ေနတဲ့ ဇာတ္ေကာင္ေတြမ်ားစြာ ရွိေနၿပီး အမ်ားစုကေတာ့ အဲ့ဒီဇာတ္ေကာင္ေတြနဲ႔ ပတ္သက္ၿပီး ေသခ်ာတဲ့ အခ်က္အလက္ေတြကို အခုခ်ိန္ထိ မေတြ႕ရေသးပါဘူး။ ေလာေလာဆယ္မွာေတာ့ Sinister Six အဖြဲ႕ဝင္ေတြကို ေတြ႕ခဲ့ရၿပီး ဒီ႐ုပ္ရွင္ကလည္း ပရိသတ္ေတြ စိတ္အဝင္စားဆုံး ႐ုပ္ရွင္တစ္ခု ျဖစ္ေနပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ဒီ႐ုပ္ရွင္ကေတာ့ ဒီဇင္ဘာလ (၁၇)ရက္ေန႔မွာ ႐ုံတင္ျပသသြားေတာ့မွာ ျဖစ္ပါတယ္။ Spider-Man: No Way Home ရဲ႕ ေနာက္ထပ္ ေထြလာေတြ ထြက္ရွိလာရင္လည္း Breakdown ေတြ တင္ေပးသြားပါဦးမယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular