HomeEntertainmentFilmAmazon က ဖန်တီးနေတဲ့ Spider-Man Noir ရဲ့ Live Action ဇာတ်လမ်းတွဲ

Amazon က ဖန်တီးနေတဲ့ Spider-Man Noir ရဲ့ Live Action ဇာတ်လမ်းတွဲ

Amazon ဟာ Spider-Man Noir ရဲ့ Live Action ဇာတ်လမ်းတွဲကို ဖန်တီးနေတယ်လို့ သိရပါတယ်။ Sony ကတော့ Spider-Man နဲ့ ပတ်သက်တဲ့ ဇာတ်ကောင်တွေများစွာရဲ့ ရုပ်ရှင်တွေနဲ့ ဇာတ်လမ်းတွဲတွေကို ဖန်တီးနေပြီး Venom နဲ့ Spider-Man: Into the Spider-Verse တို့ အောင်မြင်လာပြီးနောက်မှာတော့ နောက်ထပ် Live Action တွေ ထပ်မံဖန်တီးဖို့ အာရုံစိုက်နေပါတယ်။ ယခုအချိန်မှာတော့ Sony ဟာ Spider-Man နဲ့ ပတ်သက်တဲ့ ဇာတ်လမ်းတွဲတွေ ဖန်တီးဖို့အတွက် Amazon နဲ့လည်း စာချုပ်ချုပ်ထားပါသေးတယ်။

photo via screenrant

လောလောဆယ်မှာတော့ Sony နဲ့ Amazon တို့ဟာ Spider-Man Noir ရဲ့ Live Action ဇာတ်လမ်းတွဲကို အတူဖန်တီးနေတယ်လို့ Variety သတင်းဌာနက ဖော်ပြထားပါတယ်။ ဒီ Spider-Man ကတော့ Peter Parker မဟုတ်ဘဲ နယူးယော့ခ်မြို့ရဲ့ ၁၉၃၀ ကျော်အချိန်က Spider-Man ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သိပ်မကြာသေးခင်ကလည်း Silk ဇာတ်လမ်းတွဲကိုလည်း ဖန်တီးနေတယ်လို့ ကြေညာခဲ့ပါသေးတယ်။

ဒီဇာတ်လမ်းတွဲရဲ့ ဇာတ်ညွှန်းကိုတော့ Oren Uziel က ရေးသားသွားမှာ ဖြစ်ပါတယ်။ Spider-Man: Into the Spider-Verse ထဲမှာ Spider-Man Noir အဖြစ် အသံသရုပ်ဆောင်ခဲ့တဲ့ Nicholas Cage ပြန်လည်ပါဝင်လာမလား ဆိုတာကိုတော့ မသိရသေးပါဘူး။ ဒီဇာတ်လမ်းတွဲကတော့ Sony ရဲ့ အခြား Spider-Man တွေများစွာ ရှိနေတဲ့ Universe မှာ ဇာတ်အိမ်တည်မှာ မဟုတ်ဘဲ သူ့ရဲ့ကိုယ်ပိုင် Universe မှာပဲ ဇာတ်အိမ်တည်သွားမယ်လို့ သိရပါတယ်။

photo via screenrant

ဒီဇာတ်လမ်းတွဲထဲက Spider-Man Noir ကတော့ Peter Parker မဟုတ်ဘူးဆိုတဲ့ ကြေညာချက်ကြောင့်ပဲ ကောမစ်ထဲက ဇာတ်လမ်းနဲ့ မတူညီအောင် ဖန်တီးသွားတော့မယ်လို့ ယူဆရပါတယ်။ ကောမစ်ထဲမှာတော့ Spider-Man Noir ဟာ Peter Benjamin Parker ပဲ ဖြစ်ပြီး စုံထောက်စတိုင် Spider-Man ဝတ်စုံကို ဝတ်ဆင်လေ့ ရှိပါတယ်။ လောလောဆယ်မှာတော့ ဘာကြောင့် Spider-Man Noir က Peter Parker မဟုတ်တာလည်း ဆိုတာကို မသိရသေးပါဘူး။

Legos

Source: Screenrant

RELATED ARTICLES

Most Popular