HomeCharacterကောမစ်ထဲက Spider-Man ရဲ့ အမိုက်ဆုံး ဗားရှင်းများ

ကောမစ်ထဲက Spider-Man ရဲ့ အမိုက်ဆုံး ဗားရှင်းများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Spider-Man လို့ ပြောလိုက်ရင် မသိတဲ့သူ မရှိသလောက်ပါပဲ။ ဒါကြောင့်လည်း Spider-Man ဟာ Marvel ရဲ့ အအောင်မြင်ဆုံး ဇာတ်ကောင်တစ်ယောက်ဆိုတာ ထူးထူးခြားခြား ပြောစရာလိုမယ် မထင်ပါဘူး။ သူဟာ ကောမစ်မှာတင် မဟုတ်ဘဲ အခုထက်ထိ ရုပ်ရှင်တွေနဲ့ ဂိမ်းတွေမှာပါ အောင်မြင်နေဆဲ ဖြစ်ပါတယ်။ ကောမစ်တွေထဲမှာတော့ မတူညီတဲ့ timeline တွေနဲ့ universe တွေ ပါဝင်တာကြောင့် ကောမစ်ဇာတ်ကောင်တွေရဲ့ ဗားရှင်းအမျိူးမျိူးကိုလည်း မြင်တွေ့ရပါတယ်။ အဲ့ဒါကြောင့် ဒီတစ်ခါမှာတော့ ကောမစ်ထဲက Spider-Man ရဲ့ အမိုက်ဆုံး ဗားရှင်းတွေကို ဖော်ပြပေးချင်ပါတယ်။

(12) The Spider (Earth-311)
photo via cbr

ဒီ Spider-Man ဗားရှင်းကတော့ ကျွန်တော်တို့ သိထားတဲ့ Spider-Man နဲ့ အတော်လေး ကွဲပြားပါတယ်။ အကြောင်းကတော့ သူဟာ (၁၅)ရာစုလောက်မှာ နေထိုင်ခဲ့တာကြောင့် ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ကိုတော့ ၂၀၀၃ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Marvel 1602 ဆိုတဲ့ ကောမစ်စီးရီးထဲမှာ မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ဇာတ်လမ်းထဲမှာတော့ ထူးဆန်းတဲ့ ရာသီဥတုတွေ ဖြစ်ပေါ်နေတာကြောင့် လူအများစုဟာ ကမ္ဘာပျက်တော့မယ်လို့ ယုံကြည်နေကြပါတယ်။ ဒါကြောင့် Elizabeth ဘုရင်မကြီးဟာ Sir Nicholas Fury ကို အဲ့ဒီရာသီဥတုနဲ့ ပတ်သက်ပြီး စုံစမ်းခိုင်းခဲ့ပါတယ်။ ဒီလိုမျိူး စုံစမ်းတဲ့အချိန်မှာတော့ Sir Nicholas Fury ရဲ့ လက်ထောက်ဖြစ်သူ Peter Parquagh လည်း ပါဝင်ခဲ့ပါတယ်။ အဲ့ဒီကောမစ်စီးရီးရဲ့ အဆုံးမှာတော့ Peter ဟာ ပင့်ကူကိုက်ခံခဲ့ရပါတယ်။ ၂၀၀၅ခုနှစ်မှာ ဆက်လက်ထွက်ရှိခဲ့တဲ့ sequel ထဲမှာတော့ သူဟာ The Spider ဆိုတဲ့ နာမည်ကို ခံယူပြီးတော့ Spider-Man ဖြစ်လာခဲ့ပါတယ်။

(11) Spider-Man: India (Earth-50101)
photo via cbr

ဒီ Spider-Man ကတော့ နယူးယော့ခ်က မဟုတ်တဲ့အပြင် ကမ္ဘာရဲ့ တစ်ခြားဘက်ခြမ်းက အိန္ဒိယနိုင်ငံမှာ နေထိုင်သူ ဖြစ်ပါတယ်။ သူ့ရဲ့ နာမည်ကတော့ Pavitr Prabhakar ဖြစ်ပြီး အိန္ဒိယနိုင်ငံက ဝေးလံတဲ့ တောရွာလေးတစ်ခုမှာ မွေးဖွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ မွမ်ဘိုင်းတက္ကသိုလ်မှာ တက်ရောက်ဖို့ ပညာသင်ဆု ရရှိခဲ့တာကြောင့် သူရဲ့ အဒေါ် Maya နဲ့ ဦးလေး Bhim တို့နဲ့အတူ မြို့ကို ပြောင်းရွှေ့လာခဲ့ပါတယ်။

Pavitr ဟာ ကျောင်းမှာတော့ အပယ်ခံဖြစ်နေပြီး Meera Jain လို့ ခေါ်တဲ့ ကောင်မလေးတစ်ယောက်နဲ့ပဲ သူငယ်ချင်း ဖြစ်နေပါတယ်။ တစ်ရက်မှာတော့ မကောင်းဆိုးဝါး ပူးကပ်ခံထားရတဲ့ ဒုစရိုက်ခေါင်းဆောင် Nalin Oberoi ကို တိုက်ခိုက်ဖို့အတွက် လူတစ်ယောက်ဟာ Pavitr ကို ပင့်ကူအစွမ်းတွေ ပေးခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီး သူဟာ Spider-Man အိန္ဒိယဗားရှင်း ဖြစ်လာပါတော့တယ်။

(10) Spider-Ham (Earth-8311)
photo via cbr

ဒီ universe ထဲမှာတော့ ကမ္ဘာပေါ်မှာ လူသားတွေနဲ့ ဆင်တူတဲ့ တိရစာ္ဆန်တွေ ရှိနေပါတယ်။ Peter ကလည်း လူမဟုတ်ဘဲ May Porker ရဲ့ မြေအောက်ထပ်မှာ နေထိုင်နေတဲ့ ပင့်ကူတစ်ကောင် ဖြစ်ပါတယ်။ May Porker ကလည်း စိတ်အားထက်သန်တဲ့ တီထွင်သူတစ်ယောက် ဖြစ်ပါတယ်။ တစ်ရက်မှာတော့ သူမဟာ hair-care အလှကုန်ပစ္စည်းတွေ ထုတ်လုပ်တဲ့ လောကကို တိုးတက်လာအောင် ပြုလုပ်ဖို့အတွက် atomic hair dryer ကို တီထွင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း စမ်းသပ်မှုတွေ မှားယွင်းသွားပြီး ရေဒီယိုသတ္တိကြွမှုတွေနဲ့ ထိတွေ့ကာ သူမဟာ ဝက် ဖြစ်သွားပါတယ်။ အဲ့ဒီအချိန်မှာလည်း ထင်ယောင်ထင်မှား ဖြစ်ကာ Peter ကို ကိုက်လိုက်မိပြီး Peter ဟာလည်း ဝက်ဖြစ်သွားခဲ့ပါတယ်။ Peter ဟာ ဝက်ဖြစ်သွားပေမယ့်လည်း သူ့ရဲ့ ပင့်ကူအစွမ်းတွေ ကျန်ရှိနေသေးတာကို သိလိုက်ရပြီး နောက်ပိုင်းမှာတော့ Spider-Ham ဆိုတဲ့ နာမည်နဲ့ ဒုစရိုက်မှုတွေကို တားဆီးပါတော့တယ်။

(9) Scarlet Spider (Earth-616)
photo via cbr

၁၉၇၅ခုနှစ်တုန်းကတော့ စာဖတ်သူတွေဟာ Jackal ဆိုတဲ့ ဗီလိန်က ဖန်တီးခဲ့တဲ့ Peter Parker ရဲ့ ကိုယ်ပွားကို မြင်တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် Jackal ဟာ အဲ့ဒီကိုယ်ပွားကို သူ့ကိုယ်သူ တကယ့် Peter Parker အစစ်လို့ ယုံကြည်စေပြီး Spider-Man နှစ်ယောက်ကို တိုက်ခိုက်စေခဲ့ပါတယ်။ ဒါပေမယ့်လည်း သူဟာ Peter ရဲ့ ကိုယ်ပွား ဖြစ်တာကြောင့် နောက်ဆုံးမှာတော့ ဖြစ်ရပ်မှန်ကို ခွဲခြားနိုင်ခဲ့ပြီး Jackal ကို ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။ အဲ့ဒီတိုက်ပွဲမှာတော့ Peter ရဲ့ ကိုယ်ပွားဟာ သေဆုံးသွားခဲ့တယ်လို့ ထင်ရအောင် ပြသခဲ့ပါတယ်။ တကယ်တော့ သူဟာ မသေဆုံးခဲ့ဘဲ သူကိုယ်သူ Ben Reilly လို့ နာမည်ပြောင်းပြီး နယူးယော့ခ်မြို့က ထွက်သွားခဲ့တာ ဖြစ်ပါတယ်။

(8) Spider-Girl (Earth-982)
photo via cbr

ဒီဇာတ်လမ်းထဲမှာတော့ Peter Parker ဟာ Mary Jane နဲ့ လက်ထပ်ခဲ့ပြီး May လို့ခေါ်တဲ့ သမီးတစ်ယောက် မွေးဖွားခဲ့ပါတယ်။ တစ်ရက်မှာတော့ Peter ဟာ Green Goblin နဲ့ တိုက်ခိုက်နေရင်းနဲ့ ခြေထောက်တစ်ဖက် ဒဏ်ရာရသွားပါတယ်။ အဲ့ဒါကြောင့်ပဲ သူဟာ စူပါဟီးရိုးအဖြစ်ကနေ အနားယူခဲ့ပြီး ပုံမှန်မိသားစုဘဝလေးနဲ့ နေထိုင်ခဲ့ပါတယ်။

Peter နဲ့ Mary တို့ နှစ်ယောက်လုံးဟာ သမီးလေး May ကို ဖခင်ရဲ့ဟီးရိုးဘဝနဲ့ ပတ်သက်တဲ့ အရိပ်တွေ ကျရောက်မှာ စိုးတာကြောင့် ဒါတွေနဲ့ ပတ်သက်တာကို တစိုးတစိမျှ မပြောပြခဲ့ကြပေမယ့် May ကတော့ အထက်တန်းကျောင်း တက်ရောက်နေတဲ့အချိန်မှာ သူ့အလိုလျောက် စွမ်းအားတွေ ရရှိလာခဲ့ပါတယ်။ သူမဟာလည်း တရားမျှတမှုကို လိုလားတာကြောင့် မိဘတွေက တားဆီးနေပေမယ့်လည်း ဒုစရိုက်မှုတွေကို တိုက်ဖျက်ခဲ့ပါတယ်။

(7) Spider-Man Noir (Earth-90214)
photo via cbr

ဒီ universe ထဲမှာတော့ ကျွန်တော်တို့ သိထားတဲ့ ဇာတ်ကောင်တွေဟာ ၁၉၂၀ ကျော်လောက်မှာ စွမ်းအားတွေ ရရှိခဲ့ပါတယ်။ Peter Parker ကလည်း Aunt May နဲ့ Uncle Ben တို့နဲ့အတူ ကြီးပြင်းလာခဲ့ပါတယ်။ Uncle Ben ကတော့ လုပ်ခနည်းနည်းပဲရတဲ့ အလုပ်သမားတွေအတွက် ဦးဆောင်လှုပ်ရှားပေးခဲ့ပြီး နောက်ပိုင်းမှာတော့ စီးပွားရေးသမားတစ်ယောက်က သတ်တာကို ခံလိုက်ရပါတယ်။

Peter ကတော့ သတင်းထောက်အဖြစ် နေထိုင်ခဲ့ပြီး သူ့ရဲ့ဦးလေးအသတ်ခံရမှုနဲ့ ပတ်သက်တဲ့ သတင်းတွေကို လိုက်လံစုံစမ်းနေပါတယ်။ သူကလည်း ထုံးစံအတိုင်း ပင့်ကူကိုက်ခံရပြီး စွမ်းအားတွေ ရရှိလာကာ Spider-Man ဖြစ်လာပါတယ်။ ဒါ့အပြင် သူ့ရဲ့ဝတ်စုံကတော့ ပထမကမ္ဘာစစ်တုန်းက Uncle Ben ဝတ်ဆင်ခဲ့တဲ့ အမည်းရောင်ဝတ်စုံ ဖြစ်ပါတယ်။

(6) Superior Spider-Man (Earth-616)
photo via cbr

ဒီဇာတ်လမ်းကတော့ Superior Spider-Man ဆိုတဲ့ ကောမစ်စီးရီးထဲမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ Doctor Octopus ဟာ သေခါနီး ဖြစ်နေတာကြောင့် သူ့ရဲ့အသိစိတ်ကို Peter Parker ရဲ့ ခန္ဓာကိုယ်ထဲကို လွှဲပြောင်းထည့်သွင်းခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Doctor Octopus ဟာ Peter ရဲ့မှတ်ဉာဏ်တွေအားလုံးကို သိရှိလိုက်ရပြီး Peter တစ်ယောက် ဘာကြောင့် အမှန်တရားဘက်က တိုက်ခိုက်ချင်လည်းဆိုတဲ့ အကြောင်းရင်းကိုပါ သိမြင်သွားပါတယ်။ ဒါကြောင့်ပဲ သူဟာ Peter ထက် သာလွန်တဲ့ စူပါဟီးရိုးတစ်ယောက် ဖြစ်လာစေရမယ် ဆိုပြီးတော့ Superior Spider-Man ဖြစ်လာခဲ့ပါတယ်။

(5) Spider-Man 2099 (Earth-928)
photo via cbr

၁၉၉၀ ကျော် ဝန်းကျင်ကာလမှာတော့ Marvel ဟာ ရှိပြီးသား ဇာတ်ကောင်တွေကို အနာဂတ်ကာလတစ်ခုဖြစ်တဲ့ ၂၀၉၉ မှာ ဇာတ်အိမ်တည်ပြီး ကောမစ်တစ်ခု ဖန်တီးခဲ့ပါတယ်။ အဲ့ဒီဇာတ်ကောင်တွေထဲမှာတော့ Spider-Man 2099 ဟာ ပရိသတ်တွေကြားထဲမှာ နာမည်အကြီးဆုံးလို့တောင် ပြောလို့ရပါတယ်။

Miguel O’Hara ဟာ Alchemex Corporation မှာ အလုပ်လုပ်တဲ့ မျိူးရိုးဗီဇပညာရှင် ဖြစ်ပါတယ်။ သူကတော့ super soldier တွေကို ဖန်တီးဖို့ ကြိုးစားနေသူ ဖြစ်ပါတယ်။ တစ်ရက်မှာတော့ စမ်းသပ်ချက်တွေကို ပြုလုပ်နေရင်းနဲ့ သူ့ရဲ့မျိူးရိုးဗီဇဟာ ပင့်ကူတစ်ကောင်ရဲ့ မျိူးရိုးဗီဇနဲ့ ရောစပ်သွားပြီး Spider-Man နဲ့ ဆင်တူတဲ့ စွမ်းအားတွေကို ရရှိခဲ့ပါတယ်။ ထုံးစံအတိုင်းပဲ သူဟာလည်း အဲ့ဒီစွမ်းအားတွေကို အသုံးပြုပြီး စူပါဟီးရိုးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

(4) Zombie Spider-Man (Earth-2149)
photo via cbr

ဒီ Spider-Man ကတော့ ပုံမှန် Peter Parker ပဲ ဖြစ်ပြီး တစ်ရက်မှာတော့ ဇွန်ဘီဗိုင်းရပ်စ် ကူးစက်ခံလိုက်ရပါတယ်။ အဲ့ဒီဗိုင်းရပ်စ်ဟာ သာမန်လူတွေတင်မကဘဲ စူပါပါဝါရှိသူတွေကိုပါ ကူးစက်ခဲ့ပြီး စူပါဟီးရိုးတွေကိုတောင် လူတွေကို သတ်ဖြတ်စားသောက်တတ်တဲ့ ဇွန်ဘီအဖြစ် ပြောင်းလဲသွားစေခဲ့ပါတယ်။

Peter ဟာ အဲ့ဒီဗိုင်းရပ်စ် ကူးစက်ခံလိုက်ရပေမယ့်လည်း လူသားဖြစ်နေဆဲအချိန်မှာ သူ့ရဲ့ဇနီး Mary Jane နဲ့ သူ့ရဲ့အဒေါ် May တို့ကို ဘေးကင်းရာ ပို့ဆောင်ပေးဖို့အတွက် အိမ်ကို အမြန်ပြန်လာခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ပဲ ဆာလောင်မှုတွေ အလွန်ပြင်းထန်လာတာကြောင့် Peter ဟာ သူတို့နှစ်ယောက်လုံးကို သတ်စားလိုက်မိပါတယ်။ အဲ့ဒီနောက်မှာလည်း သူဟာ သူ့ကိုယ်သူ အပြစ်တင်နေပြီး ဒီလုပ်ရပ်တွေဟာ မကောင်းဘူးဆိုတာကို သိနေပေမယ့်လည်း ဗိုင်းရပ်စ်ကြောင့် သတ်ဖြတ်စားသောက်တာတွေကို ရပ်တန့်လို့ မရနိုင်ဘူး ဖြစ်နေပါတယ်။

(3) Spider-Gwen (Earth-65)
photo via cbr

ကျွန်တော်တို့ သိထားတဲ့ universe မှာတော့ Peter ဟာ Gwen Stacy ကို အချိန်မီ မကယ်တင်လိုက်နိုင်ဘဲ သေဆုံးသွားစေခဲ့ပါတယ်။ ဒီ universe ထဲမှာတော့ ရေဒီယိုသတ္တိကြွနေတဲ့ ပင့်ကူဟာ Peter Parker ကို မကိုက်ခဲ့ဘဲ Gwen Stacy ကို ကိုက်ခဲ့တာ ဖြစ်ပါတယ်။

သိပ်မကြာခင်မှာပဲ သူမဟာ စွမ်းအားတွေ ရရှိလာပြီး ရာဇဝတ်မှုတွေကို တိုက်ဖျက်နေတဲ့ စူပါဟီးရိုးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ Peter Parker ကတော့ ကျောင်းမှာလည်း အမြဲတမ်း အနိုင်ကျင့်ခံနေရသူဖြစ်ပြီး သူမလို စူပါပါဝါတွေကို လိုချင်နေသူ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူဟာ Dr. Curt Connors ရဲ့ ဓာတုဖော်မြူလာကို ခိုးယူခဲ့ပြီး သူ့ကိုယ်သူ ထိုးသွင်းလိုက်ကာ Lizard ဖြစ်လာပါတယ်။ နောက်ဆုံးမှာတော့ Gwen ဟာ Peter ကို ထိန်းချုပ်နိုင်ခဲ့ပေမယ့်လည်း Peter ကတော့ သေဆုံးသွားခဲ့ပါတယ်။

(2) Miles Morales (Earth-1610)
photo via cbr

စာဖတ်သူတွေဟာ Peter Parker ကို နှစ်တွေအများကြီး Spider-Man အနေနဲ့ ဒုစရိုက်မှုတွေိ တားဆီးတာကို မြင်တွေ့ခဲ့ရပါတယ်။ ကောမစ်တစ်ခုထဲမှာတော့ Peter Parker ဟာ Green Goblin နဲ့ တိုက်ခိုက်နေရင်း သေဆုံးသွားခဲ့ပါတယ်။ ဒါကြောင့်ပဲ (၁၃)နှစ်အရွယ်ကောင်လေး Miles Morales ဟာ Spider-Man အနေနဲ့ ဆက်လက် နေထိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ လူမည်းနဲ့ လက်တင်လူမျိုးကပြား ဖြစ်ပါတယ်။ သူဟာလည်း ပရိသတ်တွေကြားထဲမှာ ရေပန်းအစားဆုံး Spider-Man တွေထဲမှာ ပါဝင်ခဲ့ပါတယ်။

(1) Bombastic Bag Man (Earth-616)
photo via cbr

ဒါကတော့ Spider-Man ရဲ့ တစ်ခြားဗားရှင်း မဟုတ်ဘဲ တစ်ခြားဝတ်စုံလို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။ ပရိသတ် အများစုဟာလည်း ဒီဝတ်စုံကို Spider-Man ဂိမ်းတွေထဲမှာ မြင်တွေ့ဖူးကြပါလိမ့်မယ်။ ဖြစ်ပုံကတော့ Peter ဟာ သူ့ရဲ့ symbiote ဝတ်စုံကို စစ်ဆေးပေးဖို့အတွက် Reed Richard ရှိတဲ့ Baxter အဆောက်အအုံကို ရောက်လာခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ သူ့မှာ ဝတ်စရာ မရှိတော့တာကြောင့် Fantastic Four ဝတ်စုံကို ဝတ်ပြီး အိမ်ပြန်လာခဲ့ပါတယ်။ ဒါ့အပြင် သူ ဘယ်သူလည်းဆိုတာ လူတွေမသိစေဖို့အတွက် စက္ကူအိတ်တစ်ခုမှာ မျက်လုံးပေါက်ဖောက်ပြီး မျက်နှာဖုံးအနေနဲ့ အသုံးပြုခဲ့ပါတယ်။ ဒီပုံစံဟာ ကောမစ်ထဲမှာတောင် ခဏလေးပဲ ပါဝင်ခဲ့ပေမယ့်လည်း အတော်လေး နာမည်ကြီးတဲ့ ပုံစံဖြစ်သွားခဲ့ပါတယ်။

ဒါကတော့ ကောမစ်ထဲမှာ တွေ့မြင်ခဲ့ရတဲ့ Spider-Man ရဲ့ အလန်းဆုံး၊ အမိုက်ဆုံး ဗားရှင်းတွေပဲ ဖြစ်ပါတယ်။ ဒီလိုဆောင်းပါးတွေ ဖတ်ရတာ နှစ်သက်တယ်ဆိုရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & See First လုပ်ထားပေးပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Spider-Man လို႔ ေျပာလိုက္ရင္ မသိတဲ့သူ မရွိသေလာက္ပါပဲ။ ဒါေၾကာင့္လည္း Spider-Man ဟာ Marvel ရဲ႕ အေအာင္ျမင္ဆုံး ဇာတ္ေကာင္တစ္ေယာက္ဆိုတာ ထူးထူးျခားျခား ေျပာစရာလိုမယ္ မထင္ပါဘူး။ သူဟာ ေကာမစ္မွာတင္ မဟုတ္ဘဲ အခုထက္ထိ ႐ုပ္ရွင္ေတြနဲ႔ ဂိမ္းေတြမွာပါ ေအာင္ျမင္ေနဆဲ ျဖစ္ပါတယ္။ ေကာမစ္ေတြထဲမွာေတာ့ မတူညီတဲ့ timeline ေတြနဲ႔ universe ေတြ ပါဝင္တာေၾကာင့္ ေကာမစ္ဇာတ္ေကာင္ေတြရဲ႕ ဗားရွင္းအမ်ိဴးမ်ိဴးကိုလည္း ျမင္ေတြ႕ရပါတယ္။ အဲ့ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ ေကာမစ္ထဲက Spider-Man ရဲ႕ အမိုက္ဆုံး ဗားရွင္းေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(12) The Spider (Earth-311)
photo via cbr

ဒီ Spider-Man ဗားရွင္းကေတာ့ ကြၽန္ေတာ္တို႔ သိထားတဲ့ Spider-Man နဲ႔ အေတာ္ေလး ကြဲျပားပါတယ္။ အေၾကာင္းကေတာ့ သူဟာ (၁၅)ရာစုေလာက္မွာ ေနထိုင္ခဲ့တာေၾကာင့္ ျဖစ္ပါတယ္။ ဒီအျဖစ္အပ်က္ကိုေတာ့ ၂၀၀၃ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Marvel 1602 ဆိုတဲ့ ေကာမစ္စီးရီးထဲမွာ ျမင္ေတြ႕ခဲ့ရတာ ျဖစ္ပါတယ္။

ဇာတ္လမ္းထဲမွာေတာ့ ထူးဆန္းတဲ့ ရာသီဥတုေတြ ျဖစ္ေပၚေနတာေၾကာင့္ လူအမ်ားစုဟာ ကမာၻပ်က္ေတာ့မယ္လို႔ ယုံၾကည္ေနၾကပါတယ္။ ဒါေၾကာင့္ Elizabeth ဘုရင္မႀကီးဟာ Sir Nicholas Fury ကို အဲ့ဒီရာသီဥတုနဲ႔ ပတ္သက္ၿပီး စုံစမ္းခိုင္းခဲ့ပါတယ္။ ဒီလိုမ်ိဴး စုံစမ္းတဲ့အခ်ိန္မွာေတာ့ Sir Nicholas Fury ရဲ႕ လက္ေထာက္ျဖစ္သူ Peter Parquagh လည္း ပါဝင္ခဲ့ပါတယ္။ အဲ့ဒီေကာမစ္စီးရီးရဲ႕ အဆုံးမွာေတာ့ Peter ဟာ ပင့္ကူကိုက္ခံခဲ့ရပါတယ္။ ၂၀၀၅ခုႏွစ္မွာ ဆက္လက္ထြက္ရွိခဲ့တဲ့ sequel ထဲမွာေတာ့ သူဟာ The Spider ဆိုတဲ့ နာမည္ကို ခံယူၿပီးေတာ့ Spider-Man ျဖစ္လာခဲ့ပါတယ္။

(11) Spider-Man: India (Earth-50101)
photo via cbr

ဒီ Spider-Man ကေတာ့ နယူးေယာ့ခ္က မဟုတ္တဲ့အျပင္ ကမာၻရဲ႕ တစ္ျခားဘက္ျခမ္းက အိႏၵိယႏိုင္ငံမွာ ေနထိုင္သူ ျဖစ္ပါတယ္။ သူ႔ရဲ႕ နာမည္ကေတာ့ Pavitr Prabhakar ျဖစ္ၿပီး အိႏၵိယႏိုင္ငံက ေဝးလံတဲ့ ေတာ႐ြာေလးတစ္ခုမွာ ေမြးဖြားခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ မြမ္ဘိုင္းတကၠသိုလ္မွာ တက္ေရာက္ဖို႔ ပညာသင္ဆု ရရွိခဲ့တာေၾကာင့္ သူရဲ႕ အေဒၚ Maya နဲ႔ ဦးေလး Bhim တို႔နဲ႔အတူ ၿမိဳ႕ကို ေျပာင္းေ႐ႊ႕လာခဲ့ပါတယ္။

Pavitr ဟာ ေက်ာင္းမွာေတာ့ အပယ္ခံျဖစ္ေနၿပီး Meera Jain လို႔ ေခၚတဲ့ ေကာင္မေလးတစ္ေယာက္နဲ႔ပဲ သူငယ္ခ်င္း ျဖစ္ေနပါတယ္။ တစ္ရက္မွာေတာ့ မေကာင္းဆိုးဝါး ပူးကပ္ခံထားရတဲ့ ဒုစ႐ိုက္ေခါင္းေဆာင္ Nalin Oberoi ကို တိုက္ခိုက္ဖို႔အတြက္ လူတစ္ေယာက္ဟာ Pavitr ကို ပင့္ကူအစြမ္းေတြ ေပးခဲ့ပါတယ္။ အဲ့ဒီအခ်ိန္ကစၿပီး သူဟာ Spider-Man အိႏၵိယဗားရွင္း ျဖစ္လာပါေတာ့တယ္။

(10) Spider-Ham (Earth-8311)
photo via cbr

ဒီ universe ထဲမွာေတာ့ ကမာၻေပၚမွာ လူသားေတြနဲ႔ ဆင္တူတဲ့ တိရစာၦန္ေတြ ရွိေနပါတယ္။ Peter ကလည္း လူမဟုတ္ဘဲ May Porker ရဲ႕ ေျမေအာက္ထပ္မွာ ေနထိုင္ေနတဲ့ ပင့္ကူတစ္ေကာင္ ျဖစ္ပါတယ္။ May Porker ကလည္း စိတ္အားထက္သန္တဲ့ တီထြင္သူတစ္ေယာက္ ျဖစ္ပါတယ္။ တစ္ရက္မွာေတာ့ သူမဟာ hair-care အလွကုန္ပစၥည္းေတြ ထုတ္လုပ္တဲ့ ေလာကကို တိုးတက္လာေအာင္ ျပဳလုပ္ဖို႔အတြက္ atomic hair dryer ကို တီထြင္ခဲ့ပါတယ္။

ဒါေပမယ့္လည္း စမ္းသပ္မႈေတြ မွားယြင္းသြားၿပီး ေရဒီယိုသတၱိႂကြမႈေတြနဲ႔ ထိေတြ႕ကာ သူမဟာ ဝက္ ျဖစ္သြားပါတယ္။ အဲ့ဒီအခ်ိန္မွာလည္း ထင္ေယာင္ထင္မွား ျဖစ္ကာ Peter ကို ကိုက္လိုက္မိၿပီး Peter ဟာလည္း ဝက္ျဖစ္သြားခဲ့ပါတယ္။ Peter ဟာ ဝက္ျဖစ္သြားေပမယ့္လည္း သူ႔ရဲ႕ ပင့္ကူအစြမ္းေတြ က်န္ရွိေနေသးတာကို သိလိုက္ရၿပီး ေနာက္ပိုင္းမွာေတာ့ Spider-Ham ဆိုတဲ့ နာမည္နဲ႔ ဒုစ႐ိုက္မႈေတြကို တားဆီးပါေတာ့တယ္။

(9) Scarlet Spider (Earth-616)
photo via cbr

၁၉၇၅ခုႏွစ္တုန္းကေတာ့ စာဖတ္သူေတြဟာ Jackal ဆိုတဲ့ ဗီလိန္က ဖန္တီးခဲ့တဲ့ Peter Parker ရဲ႕ ကိုယ္ပြားကို ျမင္ေတြ႕ခဲ့ရပါတယ္။ ဒါ့အျပင္ Jackal ဟာ အဲ့ဒီကိုယ္ပြားကို သူ႔ကိုယ္သူ တကယ့္ Peter Parker အစစ္လို႔ ယုံၾကည္ေစၿပီး Spider-Man ႏွစ္ေယာက္ကို တိုက္ခိုက္ေစခဲ့ပါတယ္။ ဒါေပမယ့္လည္း သူဟာ Peter ရဲ႕ ကိုယ္ပြား ျဖစ္တာေၾကာင့္ ေနာက္ဆုံးမွာေတာ့ ျဖစ္ရပ္မွန္ကို ခြဲျခားႏိုင္ခဲ့ၿပီး Jackal ကို ျပန္လည္တိုက္ခိုက္ခဲ့ပါတယ္။ အဲ့ဒီတိုက္ပြဲမွာေတာ့ Peter ရဲ႕ ကိုယ္ပြားဟာ ေသဆုံးသြားခဲ့တယ္လို႔ ထင္ရေအာင္ ျပသခဲ့ပါတယ္။ တကယ္ေတာ့ သူဟာ မေသဆုံးခဲ့ဘဲ သူကိုယ္သူ Ben Reilly လို႔ နာမည္ေျပာင္းၿပီး နယူးေယာ့ခ္ၿမိဳ႕က ထြက္သြားခဲ့တာ ျဖစ္ပါတယ္။

(8) Spider-Girl (Earth-982)
photo via cbr

ဒီဇာတ္လမ္းထဲမွာေတာ့ Peter Parker ဟာ Mary Jane နဲ႔ လက္ထပ္ခဲ့ၿပီး May လို႔ေခၚတဲ့ သမီးတစ္ေယာက္ ေမြးဖြားခဲ့ပါတယ္။ တစ္ရက္မွာေတာ့ Peter ဟာ Green Goblin နဲ႔ တိုက္ခိုက္ေနရင္းနဲ႔ ေျခေထာက္တစ္ဖက္ ဒဏ္ရာရသြားပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူဟာ စူပါဟီး႐ိုးအျဖစ္ကေန အနားယူခဲ့ၿပီး ပုံမွန္မိသားစုဘဝေလးနဲ႔ ေနထိုင္ခဲ့ပါတယ္။

Peter နဲ႔ Mary တို႔ ႏွစ္ေယာက္လုံးဟာ သမီးေလး May ကို ဖခင္ရဲ႕ဟီး႐ိုးဘဝနဲ႔ ပတ္သက္တဲ့ အရိပ္ေတြ က်ေရာက္မွာ စိုးတာေၾကာင့္ ဒါေတြနဲ႔ ပတ္သက္တာကို တစိုးတစိမွ် မေျပာျပခဲ့ၾကေပမယ့္ May ကေတာ့ အထက္တန္းေက်ာင္း တက္ေရာက္ေနတဲ့အခ်ိန္မွာ သူ႔အလိုေလ်ာက္ စြမ္းအားေတြ ရရွိလာခဲ့ပါတယ္။ သူမဟာလည္း တရားမွ်တမႈကို လိုလားတာေၾကာင့္ မိဘေတြက တားဆီးေနေပမယ့္လည္း ဒုစ႐ိုက္မႈေတြကို တိုက္ဖ်က္ခဲ့ပါတယ္။

(7) Spider-Man Noir (Earth-90214)
photo via cbr

ဒီ universe ထဲမွာေတာ့ ကြၽန္ေတာ္တို႔ သိထားတဲ့ ဇာတ္ေကာင္ေတြဟာ ၁၉၂၀ ေက်ာ္ေလာက္မွာ စြမ္းအားေတြ ရရွိခဲ့ပါတယ္။ Peter Parker ကလည္း Aunt May နဲ႔ Uncle Ben တို႔နဲ႔အတူ ႀကီးျပင္းလာခဲ့ပါတယ္။ Uncle Ben ကေတာ့ လုပ္ခနည္းနည္းပဲရတဲ့ အလုပ္သမားေတြအတြက္ ဦးေဆာင္လႈပ္ရွားေပးခဲ့ၿပီး ေနာက္ပိုင္းမွာေတာ့ စီးပြားေရးသမားတစ္ေယာက္က သတ္တာကို ခံလိုက္ရပါတယ္။

Peter ကေတာ့ သတင္းေထာက္အျဖစ္ ေနထိုင္ခဲ့ၿပီး သူ႔ရဲ႕ဦးေလးအသတ္ခံရမႈနဲ႔ ပတ္သက္တဲ့ သတင္းေတြကို လိုက္လံစုံစမ္းေနပါတယ္။ သူကလည္း ထုံးစံအတိုင္း ပင့္ကူကိုက္ခံရၿပီး စြမ္းအားေတြ ရရွိလာကာ Spider-Man ျဖစ္လာပါတယ္။ ဒါ့အျပင္ သူ႔ရဲ႕ဝတ္စုံကေတာ့ ပထမကမာၻစစ္တုန္းက Uncle Ben ဝတ္ဆင္ခဲ့တဲ့ အမည္းေရာင္ဝတ္စုံ ျဖစ္ပါတယ္။

(6) Superior Spider-Man (Earth-616)
photo via cbr

ဒီဇာတ္လမ္းကေတာ့ Superior Spider-Man ဆိုတဲ့ ေကာမစ္စီးရီးထဲမွာ ပါဝင္ခဲ့တာ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းထဲမွာေတာ့ Doctor Octopus ဟာ ေသခါနီး ျဖစ္ေနတာေၾကာင့္ သူ႔ရဲ႕အသိစိတ္ကို Peter Parker ရဲ႕ ခႏၶာကိုယ္ထဲကို လႊဲေျပာင္းထည့္သြင္းခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Doctor Octopus ဟာ Peter ရဲ႕မွတ္ဉာဏ္ေတြအားလုံးကို သိရွိလိုက္ရၿပီး Peter တစ္ေယာက္ ဘာေၾကာင့္ အမွန္တရားဘက္က တိုက္ခိုက္ခ်င္လည္းဆိုတဲ့ အေၾကာင္းရင္းကိုပါ သိျမင္သြားပါတယ္။ ဒါေၾကာင့္ပဲ သူဟာ Peter ထက္ သာလြန္တဲ့ စူပါဟီး႐ိုးတစ္ေယာက္ ျဖစ္လာေစရမယ္ ဆိုၿပီးေတာ့ Superior Spider-Man ျဖစ္လာခဲ့ပါတယ္။

(5) Spider-Man 2099 (Earth-928)
photo via cbr

၁၉၉၀ ေက်ာ္ ဝန္းက်င္ကာလမွာေတာ့ Marvel ဟာ ရွိၿပီးသား ဇာတ္ေကာင္ေတြကို အနာဂတ္ကာလတစ္ခုျဖစ္တဲ့ ၂၀၉၉ မွာ ဇာတ္အိမ္တည္ၿပီး ေကာမစ္တစ္ခု ဖန္တီးခဲ့ပါတယ္။ အဲ့ဒီဇာတ္ေကာင္ေတြထဲမွာေတာ့ Spider-Man 2099 ဟာ ပရိသတ္ေတြၾကားထဲမွာ နာမည္အႀကီးဆုံးလို႔ေတာင္ ေျပာလို႔ရပါတယ္။

Miguel O’Hara ဟာ Alchemex Corporation မွာ အလုပ္လုပ္တဲ့ မ်ိဴး႐ိုးဗီဇပညာရွင္ ျဖစ္ပါတယ္။ သူကေတာ့ super soldier ေတြကို ဖန္တီးဖို႔ ႀကိဳးစားေနသူ ျဖစ္ပါတယ္။ တစ္ရက္မွာေတာ့ စမ္းသပ္ခ်က္ေတြကို ျပဳလုပ္ေနရင္းနဲ႔ သူ႔ရဲ႕မ်ိဴး႐ိုးဗီဇဟာ ပင့္ကူတစ္ေကာင္ရဲ႕ မ်ိဴး႐ိုးဗီဇနဲ႔ ေရာစပ္သြားၿပီး Spider-Man နဲ႔ ဆင္တူတဲ့ စြမ္းအားေတြကို ရရွိခဲ့ပါတယ္။ ထုံးစံအတိုင္းပဲ သူဟာလည္း အဲ့ဒီစြမ္းအားေတြကို အသုံးျပဳၿပီး စူပါဟီး႐ိုးတစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။

(4) Zombie Spider-Man (Earth-2149)
photo via cbr

ဒီ Spider-Man ကေတာ့ ပုံမွန္ Peter Parker ပဲ ျဖစ္ၿပီး တစ္ရက္မွာေတာ့ ဇြန္ဘီဗိုင္းရပ္စ္ ကူးစက္ခံလိုက္ရပါတယ္။ အဲ့ဒီဗိုင္းရပ္စ္ဟာ သာမန္လူေတြတင္မကဘဲ စူပါပါဝါရွိသူေတြကိုပါ ကူးစက္ခဲ့ၿပီး စူပါဟီး႐ိုးေတြကိုေတာင္ လူေတြကို သတ္ျဖတ္စားေသာက္တတ္တဲ့ ဇြန္ဘီအျဖစ္ ေျပာင္းလဲသြားေစခဲ့ပါတယ္။

Peter ဟာ အဲ့ဒီဗိုင္းရပ္စ္ ကူးစက္ခံလိုက္ရေပမယ့္လည္း လူသားျဖစ္ေနဆဲအခ်ိန္မွာ သူ႔ရဲ႕ဇနီး Mary Jane နဲ႔ သူ႔ရဲ႕အေဒၚ May တို႔ကို ေဘးကင္းရာ ပို႔ေဆာင္ေပးဖို႔အတြက္ အိမ္ကို အျမန္ျပန္လာခဲ့ပါတယ္။ ကံမေကာင္းစြာနဲ႔ပဲ ဆာေလာင္မႈေတြ အလြန္ျပင္းထန္လာတာေၾကာင့္ Peter ဟာ သူတို႔ႏွစ္ေယာက္လုံးကို သတ္စားလိုက္မိပါတယ္။ အဲ့ဒီေနာက္မွာလည္း သူဟာ သူ႔ကိုယ္သူ အျပစ္တင္ေနၿပီး ဒီလုပ္ရပ္ေတြဟာ မေကာင္းဘူးဆိုတာကို သိေနေပမယ့္လည္း ဗိုင္းရပ္စ္ေၾကာင့္ သတ္ျဖတ္စားေသာက္တာေတြကို ရပ္တန႔္လို႔ မရႏိုင္ဘူး ျဖစ္ေနပါတယ္။

(3) Spider-Gwen (Earth-65)
photo via cbr

ကြၽန္ေတာ္တို႔ သိထားတဲ့ universe မွာေတာ့ Peter ဟာ Gwen Stacy ကို အခ်ိန္မီ မကယ္တင္လိုက္ႏိုင္ဘဲ ေသဆုံးသြားေစခဲ့ပါတယ္။ ဒီ universe ထဲမွာေတာ့ ေရဒီယိုသတၱိႂကြေနတဲ့ ပင့္ကူဟာ Peter Parker ကို မကိုက္ခဲ့ဘဲ Gwen Stacy ကို ကိုက္ခဲ့တာ ျဖစ္ပါတယ္။

သိပ္မၾကာခင္မွာပဲ သူမဟာ စြမ္းအားေတြ ရရွိလာၿပီး ရာဇဝတ္မႈေတြကို တိုက္ဖ်က္ေနတဲ့ စူပါဟီး႐ိုးတစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။ Peter Parker ကေတာ့ ေက်ာင္းမွာလည္း အၿမဲတမ္း အႏိုင္က်င့္ခံေနရသူျဖစ္ၿပီး သူမလို စူပါပါဝါေတြကို လိုခ်င္ေနသူ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ သူဟာ Dr. Curt Connors ရဲ႕ ဓာတုေဖာ္ျမဴလာကို ခိုးယူခဲ့ၿပီး သူ႔ကိုယ္သူ ထိုးသြင္းလိုက္ကာ Lizard ျဖစ္လာပါတယ္။ ေနာက္ဆုံးမွာေတာ့ Gwen ဟာ Peter ကို ထိန္းခ်ဳပ္ႏိုင္ခဲ့ေပမယ့္လည္း Peter ကေတာ့ ေသဆုံးသြားခဲ့ပါတယ္။

(2) Miles Morales (Earth-1610)
photo via cbr

စာဖတ္သူေတြဟာ Peter Parker ကို ႏွစ္ေတြအမ်ားႀကီး Spider-Man အေနနဲ႔ ဒုစ႐ိုက္မႈေတြိ တားဆီးတာကို ျမင္ေတြ႕ခဲ့ရပါတယ္။ ေကာမစ္တစ္ခုထဲမွာေတာ့ Peter Parker ဟာ Green Goblin နဲ႔ တိုက္ခိုက္ေနရင္း ေသဆုံးသြားခဲ့ပါတယ္။ ဒါေၾကာင့္ပဲ (၁၃)ႏွစ္အ႐ြယ္ေကာင္ေလး Miles Morales ဟာ Spider-Man အေနနဲ႔ ဆက္လက္ ေနထိုင္ခဲ့ပါတယ္။ ဒါ့အျပင္ သူဟာ လူမည္းနဲ႔ လက္တင္လူမ်ိဳးကျပား ျဖစ္ပါတယ္။ သူဟာလည္း ပရိသတ္ေတြၾကားထဲမွာ ေရပန္းအစားဆုံး Spider-Man ေတြထဲမွာ ပါဝင္ခဲ့ပါတယ္။

(1) Bombastic Bag Man (Earth-616)
photo via cbr

ဒါကေတာ့ Spider-Man ရဲ႕ တစ္ျခားဗားရွင္း မဟုတ္ဘဲ တစ္ျခားဝတ္စုံလို႔ ေျပာရင္ ပိုမွန္ပါလိမ့္မယ္။ ပရိသတ္ အမ်ားစုဟာလည္း ဒီဝတ္စုံကို Spider-Man ဂိမ္းေတြထဲမွာ ျမင္ေတြ႕ဖူးၾကပါလိမ့္မယ္။ ျဖစ္ပုံကေတာ့ Peter ဟာ သူ႔ရဲ႕ symbiote ဝတ္စုံကို စစ္ေဆးေပးဖို႔အတြက္ Reed Richard ရွိတဲ့ Baxter အေဆာက္အအုံကို ေရာက္လာခဲ့ပါတယ္။

အဲ့ဒီေနာက္မွာေတာ့ သူ႔မွာ ဝတ္စရာ မရွိေတာ့တာေၾကာင့္ Fantastic Four ဝတ္စုံကို ဝတ္ၿပီး အိမ္ျပန္လာခဲ့ပါတယ္။ ဒါ့အျပင္ သူ ဘယ္သူလည္းဆိုတာ လူေတြမသိေစဖို႔အတြက္ စကၠဴအိတ္တစ္ခုမွာ မ်က္လုံးေပါက္ေဖာက္ၿပီး မ်က္ႏွာဖုံးအေနနဲ႔ အသုံးျပဳခဲ့ပါတယ္။ ဒီပုံစံဟာ ေကာမစ္ထဲမွာေတာင္ ခဏေလးပဲ ပါဝင္ခဲ့ေပမယ့္လည္း အေတာ္ေလး နာမည္ႀကီးတဲ့ ပုံစံျဖစ္သြားခဲ့ပါတယ္။

ဒါကေတာ့ ေကာမစ္ထဲမွာ ေတြ႕ျမင္ခဲ့ရတဲ့ Spider-Man ရဲ႕ အလန္းဆုံး၊ အမိုက္ဆုံး ဗားရွင္းေတြပဲ ျဖစ္ပါတယ္။ ဒီလိုေဆာင္းပါးေတြ ဖတ္ရတာ ႏွစ္သက္တယ္ဆိုရင္ေတာ့ ဆံရစ္ဝိုင္းေပ့ခ်္ကို Like & See First လုပ္ထားေပးပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular