HomeEntertainmentFilmSpider-Man သုံးယောက်ရဲ့ Deleted Scene တွေ ပါဝင်လာမယ့် No Way Home ရဲ့ Blu-Ray ဗားရှင်း

Spider-Man သုံးယောက်ရဲ့ Deleted Scene တွေ ပါဝင်လာမယ့် No Way Home ရဲ့ Blu-Ray ဗားရှင်း

Spider-Man: No Way Home ရဲ့ Blu-Ray ဗားရှင်းမှာတော့ Tobey Maguire ၊ Andrew Garfield နဲ့ Tom Holland တို့ရဲ့ Deleted Scene တွေ ပါဝင်သွားမယ်လို့ သိရပါတယ်။

ဒီရုပ်ရှင်ကတော့ ရုံတင်ထားတာ တစ်လခွဲလောက် ရှိနေပြီ ဖြစ်ပြီး မကြာခင်မှာ ရုံချသွားတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း Sony ဟာ ဒီရုပ်ရှင်ရဲ့ Blu-Ray ဗားရှင်းအတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး ရုံတင်သွားတဲ့ ဗားရှင်းမှာ မပါဝင်တဲ့ ဇာတ်ဝင်ခန်းတွေလည်း ပါဝင်လာမှာ ဖြစ်ပါတယ်။

photo via screenrant

No Way Home ထဲမှာတော့ Spider-Man သုံးယောက်လုံးကို အတူတကွ မြင်တွေ့ရတာ ပထမဆုံးအကြိမ် ဖြစ်ပြီး အဲ့ဒီအချက်ကြောင့်လည်း ပရိသတ်တွေကြားမှာ အလွန်ရေပန်းစားနေပါတယ်။ ဒီရုပ်ရှင် ထွက်မလာခင်တုန်းကတော့ Tobey Maguire နဲ့ Andrew Garfield တို့ ပါဝင်လာမယ်လို့ သတင်းတွေမျိူးစုံ ထွက်လာခဲ့သလို ရိုက်ကွင်းပေါ်က ဓာတ်ပုံအချို့လည်း ပေါက်ကြားလာခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း Spider-Man သုံးယောက် ပါဝင်မယ့်အကြောင်းကို Marvel နဲ့ Sony ဟာ ရုပ်ရှင် ထွက်မလာခင်အထိ အတည်မပြုခဲ့ပါဘူး။

ပရိသတ်တွေ တောင့်တခဲ့တဲ့ Spider-Man သုံးယောက်ရဲ့ ဇာတ်ဝင်ခန်းအချို့ကတော့ ရုံတင်တဲ့ ဗားရှင်းမှာ ဖျက်ချခံခဲ့ရပြီး ယခုဆိုရင်တော့ အဲ့ဒီဇာတ်ဝင်ခန်းတွေကိုပါ ကြည့်ရှုနိုင်တော့မှာ ဖြစ်ပါတယ်။ Blu-Ray ဗားရှင်းမှာတော့ ရုံတင်တဲ့ ဗားရှင်းမှာ မကြည့်ခဲ့ရတဲ့ ဇာတ်ဝင်ခန်းတွေ အပါအဝင် ရိုက်ကွင်းနောက်ကွယ်က အမှတ်တရ မှတ်တမ်းတင် ဗွီဒီယိုတွေကိုပါ ကြည့်ရရမှာ ဖြစ်ပါတယ်။ အောက်မှာဖော်ပြထားတဲ့ စာရင်းကတော့ ပါဝင်လာမယ့် Deleted Scene တွေနဲ့ ရိုက်ကွင်းနောက်ကွယ်က အမှတ်တရ မှတ်တမ်း ဗွီဒီယိုကလစ်တွေပဲ ဖြစ်ပါတယ်။

photo via screenrant

Deleted Scene တွေထဲမှာတော့ Spider-Man သုံးယောက်ရဲ့ ဇာတ်ဝင်ခန်းတွေတင် မဟုတ်ဘဲ Daredevil ရဲ့ ဇာတ်ဝင်ခန်းတွေလည်း ပါဝင်နေပါတယ်။ Daredevil ရဲ့ ဖျက်ချခံလိုက်ရတဲ့ ဇာတ်ဝင်ခန်းကတော့ တစ်မိနစ်ခွဲလောက် ကြာမြင့်ပြီး အဲ့ဒီဇာတ်ဝင်ခန်းတွေကိုပါ Blu-Ray ဗားရှင်းမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ယခုဆိုရင်တော့ No Way Home ရုပ်ရှင်ကို လူတိုင်းနီးပါး ကြည့်ရှုပြီးသွားပြီ ဖြစ်ပေမယ့်လည်း ဒီအချက်တွေကြောင့်ပဲ Blu-Ray ဗားရှင်း ထပ်မံထွက်ရှိလာရင်လည်း ပြန်လည် ကြည့်ရှုသင့်တယ်လို့ အကြံပေးချင်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular