HomeEntertainmentFilmSpider-Man 4 အတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေကြောင်း အတည်ပြုလိုက်တဲ့ Kevin Feige

Spider-Man 4 အတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေကြောင်း အတည်ပြုလိုက်တဲ့ Kevin Feige

Marvel စတူဒီယိုရဲ့ ဥက္ကဌဖြစ်သူ Kevin Feige ဟာ Spider-Man 4 အတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေပြီလို့ အတည်ပြုလိုက်ပါတယ်။

မူလကတော့ Marvel ဟာ Spider-Man အပါအဝင် သူနဲ့ပတ်သက်သမျှ ဇာတ်ကောင်တွေရဲ့ မူပိုင်ခွင့်ကို Sony ဆီမှာ ရောင်းထားတာကြောင့် Sony ကပဲ Spider-Man ရုပ်ရှင်တွေကို ရိုက်ကူးခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ Marvel နဲ့ Sony ဟာ သဘောတူညီမှု ပြုလုပ်ခဲ့ပြီး Captain America: Civil War ထဲမှာ MCU ရဲ့ Spider-Man ကို စတင်ပွဲထုတ်ခဲ့ပါတယ်။

photo via screenrant

Tom Holland ရဲ့ Spider-Man ကတော့ No Way Home အပါအဝင် သူ့ရဲ့ ဆိုလိုရုပ်ရှင် သုံးကားနဲ့ တခြားရုပ်ရှင်သုံးကားမှာ ပါဝင်ထားပါတယ်။ လောလောဆယ်မှာတော့ ၂၀၂၁ ခုနှစ်ရဲ့ လူစိတ်အဝင်စားဆုံး ဖြစ်နေတဲ့ No Way Home ဟာ နိုင်ငံတကာမှာတော့ ရုံတင်နေပြီ ဖြစ်ပါတယ်။ အခုလိုမျိူး လူစိတ်ဝင်စားခံနေရတဲ့ အကြောင်းပြချက်ကတော့ Multiverse တွေကို မြင်တွေ့ရမှာ ဖြစ်သလို Tobey Maguire နဲ့ Andrew Garfield တို့ရဲ့ Spider-Man တွေကို မြင်ရနိုင်ချေ ရှိတာကြောင့် ဖြစ်ပါတယ်။

No Way Home ဟာ Tom Holland ရဲ့ Solo Trilogy ပြည့်သွားပြီ ဖြစ်တာကြောင့် ပရိသတ်တွေက Tom Holland ကို အနာဂတ်မှာ ထပ်ပြီးမြင်ရနိုင်ချေ ရှိမရှိကိုလည်း သိချင်နေကြပါတယ်။ ဟိုတစ်ခေါက်ကလည်း Tom Holland ဟာ Marvel နဲ့ နောက်ထပ်သုံးကားစာ စာချုပ်ချုပ်ထားတယ်ဆိုပြီး သတင်းထွက်ထားပါတယ်။ ဒါပေမယ့်လည်း Tom Holland ကိုယ်တိုင်ကတော့ ဒီဇာတ်ကောင်ကို နှုတ်ဆက်ရတော့မလိုမျိူး ပြောထားတာလည်း ရှိနေပြန်ပါတယ်။

photo via screenrant

အခုဆိုရင်တော့ Marvel စတူဒီယိုရဲ့ ဥက္ကဌဖြစ်သူ Kevin Feige ဟာ Spider-Man 4 အတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေပြီလို့ အတည်ပြုလိုက်တာကြောင့် Tom Holland ကိုတော့ MCU ထဲမှာ ထပ်မံ မြင်တွေ့ရဦးမယ်ဆိုတာ သေချာပြီပဲ ဖြစ်ပါတယ်။

ဒါကြောင့်ပဲ ဒီအချက်ဟာ Tom Holland ရဲ့ နောက်ထပ် Trilogy အသစ်အတွက် အစလည်း ဖြစ်နေနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သေချာတာတစ်ခုကတော့ No Way Home အပြီးမှာတော့ Tom Holland ကို ပြန်လည် မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular