HomeEntertainmentFilmSpider-verse သတင်းကို ဝေခွဲရခက်အောင် တုံ့ပြန်ထားတဲ့ Zendaya

Spider-verse သတင်းကို ဝေခွဲရခက်အောင် တုံ့ပြန်ထားတဲ့ Zendaya

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Spider-Man ဇာတ်ကားထဲက သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Zendaya ဟာ အသစ်ထွက်ရှိလာမယ့် Spider-Man ရုပ်ရှင်ထဲမှာ Tobey Maguire နဲ့ Andrew Garfield တို့ ပါဝင်လာမယ်ဆိုတဲ့ ကောလာဟလကို ငြင်းလည်း မငြင်းဆန်သလို အတည်လည်း မပြုခဲ့ပါဘူး။ အဲ့ဒီဇာတ်လမ်းကတော့ ၂၀၂၁ခုနှစ်မှာ ထွက်ရှိလာမယ်လို့ သိထားရပြီး Peter Parker ၊ M.J ၊ Ned ၊ Jamie Foxx ရဲ့ Electro နဲ့ Doctor Strange တို့လည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ Electro နဲ့ Doctor Strange တို့ ပါဝင်လာမှာကြောင့်လည်း ဒီရုပ်ရှင်ထဲမှာ spider-verse ကို မြင်တွေ့ရနိုင်ချေ ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်လာတာ ဖြစ်ပါတယ်။

photo via screenrant

မူလက ဒီရုပ်ရှင်ဟာ နွေရာသီကတည်းက ရိုက်ကူးရေး စတင်မှာ ဖြစ်ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရိုက်ကူးရေးတွေ ရပ်နားထားရတာ ဖြစ်ပါတယ်။ ဒီလိုနဲ့ ရိုက်ကူးရေးကို New York မြို့မှာ အောက်တိုဘာလက စတင်ခဲ့ပြီး နောက်ပိုင်းမှာတော့ Atlanta မြို့ကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ ဒါ့အပြင် ရိုက်ကူးရေးတွေ စတင်ကတည်းက အခုချိန်ထိ ဘာ spoiler မှလည်း မသိရသေးပါဘူး။ ဒါပေမယ့်လည်း တချို့ဓာတ်ပုံတွေနဲ့ ဗီဒီယိုအတိုလေးတွေတော့ ဆိုရှယ်မီဒီယာတွေပေါ်မှာ တက်လာတာတွေ တွေ့ရပါတယ်။ ပြီးခဲ့တဲ့လတုန်းကတော့ Tom Holland ကိုယ်တိုင်က Spider-Man: Far From Home ထဲက ဝတ်စုံနဲ့ mask တပ်ထားတဲ့ပုံကို တင်ထားတာ တွေ့ခဲ့ရပါတယ်။

Photo: zendaya/ Instagram

သိပ်မကြာခင်ကပဲ Zendaya ဟာ Jimmy Kimmel Live ကို လာရောက်ပြီးတော့ အသစ်ထွက်ရှိလာမယ့် Spider-Man ရုပ်ရှင်အကြောင်းကို ပြောပြခဲ့ပါတယ်။ ဒါပေမယ့်လည်း သူမအနေနဲ့ အတိအကျ ပြောပြလို့ မရဘဲ “အရာအားလုံးကို လျှို့ဝှက်ထားရပါတယ်” လို့ ရှင်းပြသွားပါတယ်။

Kimmel ဟာ “Spider-Man: Home Coming 3 ဆိုတဲ့ ခေါင်းစဉ်ကိုက ဒီရုပ်ရှင်ထဲမှာ ပါဝင်လာမယ့် Spider-Man ဇာတ်ကောင် အရေအတွက်ကို ကိုယ်စားပြုနေတာလား … ” လို့တောင် အစ်အောက်မေးမြန်းခဲ့ပါတယ်။ ဒါပေမယ့်လည်း Zendaya ကတော့ “အဲ့ဒီအချက်နဲ့ ပတ်သက်ပြီးတော့ အတည်လည်း မပြုနိုင်သလို ငြင်းလည်း မငြင်းပယ်နိုင်ပါဘူး …” လို့ ပြောသွားပါတယ်။ Kimmel ဟာ Spider-Man သုံးယောက် ပါဝင်လာနိုင်မလား ဆိုတဲ့အကြောင်းကို လှည့်ပတ်ပြီးတော့ အကြိမ်ကြိမ် မေးမြန်းခဲ့ပေမယ့်လည်း Zendaya ကတော့ အဲ့ဒီအဖြေတစ်ခုတည်းကိုပဲ ဖြေခဲ့ပါတယ်။

photo via screenrant

Zendaya ရဲ့ တုံ့ပြန်မှုကတော့ သိပ်ပြီးအံ့ဩစရာမကောင်းပါဘူး။ အကြောင်းကတော့ MCU က သရုပ်ဆောင်အားလုံးဟာ spoiler တွေ ပြောပြလို့ မရတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Tom Holland နဲ့ Mark Ruffalo တို့ကတော့ မထင်မှတ်ဘဲ spoiler တွေကို ပြောပြမိတတ်လို့ လူသိများကြပါတယ်။ အကယ်၍ Spider-Man: Home Coming 3 ထဲမှာ တကယ်ပဲ spider-verse ကို မြင်ရမယ်ဆိုရင်‌တော့ Marvel ဟာ ကြာနိုင်သလောက်ကြာအောင် ဖုံးကွယ်ထားဦးမှာပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ ပရိသတ်တွေ အများကြီးကလည်း Tobey ၊ Andrew နဲ့ Tom တို့ကို တစ်ပြိုင်တည်း တွေ့ချင်နေကြတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Zendaya ရဲ့ တုံ့ပြန်မှုအရဆိုရင်တော့ spider-verse ကို မြင်ရဖို့ဟာ နီးစပ်မှု ရှိနေပြီလို့တော့ ယူဆလို့ ရပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

Spider-Man ဇာတ္ကားထဲက သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ Zendaya ဟာ အသစ္ထြက္ရွိလာမယ့္ Spider-Man ႐ုပ္ရွင္ထဲမွာ Tobey Maguire နဲ႔ Andrew Garfield တို႔ ပါဝင္လာမယ္ဆိုတဲ့ ေကာလာဟလကို ျငင္းလည္း မျငင္းဆန္သလို အတည္လည္း မျပဳခဲ့ပါဘူး။ အဲ့ဒီဇာတ္လမ္းကေတာ့ ၂၀၂၁ခုႏွစ္မွာ ထြက္ရွိလာမယ္လို႔ သိထားရၿပီး Peter Parker ၊ M.J ၊ Ned ၊ Jamie Foxx ရဲ႕ Electro နဲ႔ Doctor Strange တို႔လည္း ပါဝင္လာမွာ ျဖစ္ပါတယ္။ Electro နဲ႔ Doctor Strange တို႔ ပါဝင္လာမွာေၾကာင့္လည္း ဒီ႐ုပ္ရွင္ထဲမွာ spider-verse ကို ျမင္ေတြ႕ရႏိုင္ေခ် ရွိတယ္ဆိုတဲ့ သတင္းေတြ ထြက္လာတာ ျဖစ္ပါတယ္။

photo via screenrant

မူလက ဒီ႐ုပ္ရွင္ဟာ ေႏြရာသီကတည္းက ႐ိုက္ကူးေရး စတင္မွာ ျဖစ္ေပမယ့္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ႐ိုက္ကူးေရးေတြ ရပ္နားထားရတာ ျဖစ္ပါတယ္။ ဒီလိုနဲ႔ ႐ိုက္ကူးေရးကို New York ၿမိဳ႕မွာ ေအာက္တိုဘာလက စတင္ခဲ့ၿပီး ေနာက္ပိုင္းမွာေတာ့ Atlanta ၿမိဳ႕ကို ေျပာင္းေ႐ႊ႕သြားခဲ့ပါတယ္။ ဒါ့အျပင္ ႐ိုက္ကူးေရးေတြ စတင္ကတည္းက အခုခ်ိန္ထိ ဘာ spoiler မွလည္း မသိရေသးပါဘူး။ ဒါေပမယ့္လည္း တခ်ိဳ႕ဓာတ္ပုံေတြနဲ႔ ဗီဒီယိုအတိုေလးေတြေတာ့ ဆိုရွယ္မီဒီယာေတြေပၚမွာ တက္လာတာေတြ ေတြ႕ရပါတယ္။ ၿပီးခဲ့တဲ့လတုန္းကေတာ့ Tom Holland ကိုယ္တိုင္က Spider-Man: Far From Home ထဲက ဝတ္စုံနဲ႔ mask တပ္ထားတဲ့ပုံကို တင္ထားတာ ေတြ႕ခဲ့ရပါတယ္။

Photo: zendaya/ Instagram

သိပ္မၾကာခင္ကပဲ Zendaya ဟာ Jimmy Kimmel Live ကို လာေရာက္ၿပီးေတာ့ အသစ္ထြက္ရွိလာမယ့္ Spider-Man ႐ုပ္ရွင္အေၾကာင္းကို ေျပာျပခဲ့ပါတယ္။ ဒါေပမယ့္လည္း သူမအေနနဲ႔ အတိအက် ေျပာျပလို႔ မရဘဲ “အရာအားလုံးကို လွ်ိဳ႕ဝွက္ထားရပါတယ္” လို႔ ရွင္းျပသြားပါတယ္။

Kimmel ဟာ “Spider-Man: Home Coming 3 ဆိုတဲ့ ေခါင္းစဥ္ကိုက ဒီ႐ုပ္ရွင္ထဲမွာ ပါဝင္လာမယ့္ Spider-Man ဇာတ္ေကာင္ အေရအတြက္ကို ကိုယ္စားျပဳေနတာလား … ” လို႔ေတာင္ အစ္ေအာက္ေမးျမန္းခဲ့ပါတယ္။ ဒါေပမယ့္လည္း Zendaya ကေတာ့ “အဲ့ဒီအခ်က္နဲ႔ ပတ္သက္ၿပီးေတာ့ အတည္လည္း မျပဳႏိုင္သလို ျငင္းလည္း မျငင္းပယ္ႏိုင္ပါဘူး …” လို႔ ေျပာသြားပါတယ္။ Kimmel ဟာ Spider-Man သုံးေယာက္ ပါဝင္လာႏိုင္မလား ဆိုတဲ့အေၾကာင္းကို လွည့္ပတ္ၿပီးေတာ့ အႀကိမ္ႀကိမ္ ေမးျမန္းခဲ့ေပမယ့္လည္း Zendaya ကေတာ့ အဲ့ဒီအေျဖတစ္ခုတည္းကိုပဲ ေျဖခဲ့ပါတယ္။

photo via screenrant

Zendaya ရဲ႕ တုံ႔ျပန္မႈကေတာ့ သိပ္ၿပီးအံ့ဩစရာမေကာင္းပါဘူး။ အေၾကာင္းကေတာ့ MCU က သ႐ုပ္ေဆာင္အားလုံးဟာ spoiler ေတြ ေျပာျပလို႔ မရတာေၾကာင့္ပဲ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း Tom Holland နဲ႔ Mark Ruffalo တို႔ကေတာ့ မထင္မွတ္ဘဲ spoiler ေတြကို ေျပာျပမိတတ္လို႔ လူသိမ်ားၾကပါတယ္။ အကယ္၍ Spider-Man: Home Coming 3 ထဲမွာ တကယ္ပဲ spider-verse ကို ျမင္ရမယ္ဆိုရင္‌ေတာ့ Marvel ဟာ ၾကာႏိုင္သေလာက္ၾကာေအာင္ ဖုံးကြယ္ထားဦးမွာပဲ ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ ပရိသတ္ေတြ အမ်ားႀကီးကလည္း Tobey ၊ Andrew နဲ႔ Tom တို႔ကို တစ္ၿပိဳင္တည္း ေတြ႕ခ်င္ေနၾကတာေၾကာင့္ပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ Zendaya ရဲ႕ တုံ႔ျပန္မႈအရဆိုရင္ေတာ့ spider-verse ကို ျမင္ရဖို႔ဟာ နီးစပ္မႈ ရွိေနၿပီလို႔ေတာ့ ယူဆလို႔ ရပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular