HomeEntertainmentFilmSupernatural ဇာတ်လမ်းတွဲရဲ့ ဇာတ်သိမ်းနဲ့ Winchester တွေရဲ့ ကံကြမ္မာ

Supernatural ဇာတ်လမ်းတွဲရဲ့ ဇာတ်သိမ်းနဲ့ Winchester တွေရဲ့ ကံကြမ္မာ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

——— Spoiler Alert ———–

Supernatural ဇာတ်လမ်းတွဲဟာ (၁၅)နှစ်တာ ကာလအတွင်းမှာ အံ့ဩဖို့ကောင်းတဲ့ ဇာတ်လမ်းတွေနဲ့ ကမ္ဘာတစ်ဝန်းမှာ သန်းနဲ့ချီတဲ့ ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဇာတ်လမ်းရဲ့ အစပိုင်းမှာတော့ ဒဏ္ဍာရီတွေနဲ့ မကောင်းဆိုးဝါးတွေကို အခြေခံရိုက်ကူးခဲ့ပြီး နောက်ဆုံး season မှာတော့ ဘုရားသခင်နဲ့ပါ ယှဉ်ပြီး တိုက်ခိုက်တဲ့အထိ ဖြစ်လာခဲ့ပါတယ်။ အပိုင်း(၁၉)မှာတော့ သူတို့ရဲ့ အဓိကရန်သူဖြစ်တဲ့ ဘုရားသခင်နဲ့ Jack တို့ကို အဓိကအာရုံစိုက်ပြီး ပြသသွားခဲ့ပါတယ်။

Jack ဟာ နောက်ဆုံးမှာ‌တော့ ဘုရားသခင်အသစ် ဖြစ်လာပြီး ကမ္ဘာပျက်ကိန်းကို တားဆီးခဲ့သလို Winchester ညီအစ်ကို နှစ်ယောက်ကိုလည်း လွတ်မြောက်ခွင့် ပေးခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ ပရိသတ်အများစုဟာ ဇာတ်သိမ်းဖြစ်တဲ့ အပိုင်း(၂၀)မှာ ဇာတ်လမ်း အလှည့်အပြောင်းတွေနဲ့ အဓိကကျတဲ့ အရာတစ်ခုခုတော့ ကျန်ရှိဦးမယ်လို့ ထင်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ဒီဇာတ်လမ်းတွဲရဲ့ ဇာတ်သိမ်းဟာ ပရိသတ်တွေ ထင်ထားတာထက် ပိုပြီးတော့ ရိုးရှင်းတဲ့ ဇာတ်သိမ်းမျိူးနဲ့ အဆုံးသတ်သွားတာကို တွေ့ရပါတယ်။

Sam နဲ့ Dean တို့ရဲ့ နောက်ဆုံးသော အမဲလိုက်ခရီး
photo via screenrant

ဘုရားသခင်ကို အနိုင်ယူပြီး နောက်ပိုင်းမှာတော့ Sam နဲ့ Dean ဟာ ပုံမှန်ဘဝလေးကို ပိုင်ဆိုင်ခဲ့ရပါတယ်။ Sam က သူ့ရဲ့အိပ်ရာကို သေသေချာချာ သပ်ရပ်အောင် သိမ်းကာ Dean ကတော့ ပိုင်မုန့်တွေ စားနေခဲ့ပြီး အပိုင်း(၁၉)မှာ တွေ့ခဲ့တဲ့ ခွေးလေးကို မွေးစားခဲ့ကြပါတယ်။ အဲ့ဒီအချိန်မှာတော့ Jack နဲ့ Castiel တို့အကြောင်းကို ဘာမှမကြားရဘဲ သူတို့ညီအစ်ကိုနှစ်ယောက်ဟာ သာမန်ဘဝမှာ နေထိုင်နေခဲ့ပြီး အင်တာနက်ပေါ်မှာ ထူးခြားတာတစ်ခုခုကို ရှာဖွေနေခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ လူသတ်မှုတွေကို တွေ့သွားပြီး စုံစမ်းဖို့အတွက် ထွက်လာခဲ့ကြပါတယ်။ မှုခင်းဖြစ်တဲ့နေရာကို ရောက်တဲ့အချိန်မှာတော့ အဲ့ဒီအမှုရဲ့လက်ချက်ဟာ မျက်နှာဖုံးတွေ ဝတ်ထားတဲ့ သွေးစုပ်ဖုတ်ကောင်တွေရဲ့ လက်ချက်ဆိုတာကို သိလိုက်ရပါတယ်။

ဒါ့အပြင် သွေးစုပ်ဖုတ်ကောင်တွေဟာ မိသားစုတွေကို တိုက်ခိုက်ပြီး ကလေးတွေကို ဖမ်းခေါ်သွားကြပါတယ်။ အဲ့ဒါကြောင့်ပဲ Sam နဲ့ Dean ဟာ အစောပိုင်းက season တွေမှာလိုမျိူး သူတို့အဖေရဲ့ မှတ်စုကို သဲလွန်စရှာဖို့အတွက် အသုံးပြုခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့နှစ်ယောက်ဟာ သွေးစုပ်ဖုတ်ကောင်တွေရဲ့ အသိုက်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ကလေးနှစ်ယောက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။

အမည်မသိတဲ့ ကလေးနှစ်ယောက်ဟာ အဲ့ဒီအတွေ့အကြုံတွေကြောင့် ကြီးလာတဲ့အချိန်ကျရင် မုဆိုးတွေ ဖြစ်လာနိုင်ပါသေးတယ်။ ဒါ့အပြင် Sam နဲ့ Dean ဟာ သူတို့ရဲ့အဖေနဲ့အမေကို သတ်သွားတဲ့ Yellow-Eyes Demon ကို လက်စားချေဖို့အတွက် ကျိန်ဆိုခဲ့သလို အဲ့ဒီကလေးနှစ်ယောက်ဟာလည်း သူတို့ရဲ့မိဘတွေကို သတ်သွားတဲ့ သွေးစုပ်ဖုတ်ကောင်တွေ အကုန်လုံးကို လက်စားချေဖို့အတွက်လည်း မုဆိုးတွေ ဖြစ်လာနိုင်ပါတယ်။ အခုလိုမျိူး ကလေးနှစ်ယောက်ကို ကယ်တင်ခဲ့တာကတော့ Dean ရဲ့ လူဘဝမှာ နောက်ဆုံးပြုလုပ်ခဲ့တဲ့ လုပ်ရပ်တစ်ခုပဲ ဖြစ်ပါတယ်။

Photo via IMDb

သွေးစုပ်ဖုတ်ကောင်တွေနဲ့ တိုက်ခိုက်နေတဲ့အချိန်မှာ ကံမကောင်းစွာနဲ့ပဲ Dean ဟာ သံချွန်တစ်ခုနဲ့ ထိုးစိုက်မိသွားပြီး နောက်ဆုံးမှာ အသက်ဆုံးရှုံးသွားခဲ့ပါတယ်။ Dean ကို အခုလို အဆုံးသတ်သွားအောင် ပြုလုပ်ခဲ့တဲ့ သွေးစုပ်ဖုတ်ကောင်ကတော့ မျက်နှာဖုံးစွပ်ထားသလို နာမည်ဘယ်သူမှန်းတောင် မသိပါဘူး။ အဲ့ဒီအဖြစ်အပျက်ဟာ ကံမကောင်းတာလို့ ပြောလို့ရပေမယ့်လည်း ထင်ထားတာထက် ရိုးရှင်းသလို ပုံမှန်မုဆိုးတွေ သေဆုံးကြတဲ့ပုံစံပဲ ဖြစ်ပါတယ်။

အရင်တုန်းကဒီဇာတ်လမ်းထဲမှာ ဖော်ပြခဲ့တဲ့ ပုံစံတွေကတော့ Chuck ဟာ Winchester ရဲ့ ဇာတ်လမ်းကို ရေးနေပြီး သူတို့နှစ်ယောက်လုံးကို ကံမကောင်းမှုတွေနဲ့ အန္တရာယ်တွေကနေ တားဆီးပေးခဲ့ပါတယ်။ Chuck ရှုံးနိမ့်သွားပြီးနောက်မှာ လွတ်လပ်သွားသူတွေအနေနဲ့ ပထမဆုံး အမဲလိုက်ထွက်ခဲ့တဲ့ ခရီးမှာပဲ Dean ဟာ သေဆုံးသွားခဲ့ရပါတယ်။ အဲ့ဒါကြောင့်ပဲ Dean ရဲ့ သေဆုံးမှုဟာ Chuck ရဲ့ ရှုံးနိမ့်မှုနဲ့လည်း သက်ဆိုင်နေပြီး အကယ်၍ Chuck သာ မရှုံးနိမ့်ခဲ့ဘူးဆိုရင် Dean ဟာ ဒီလိုပုံစံမျိူးနဲ့ သေဆုံးမှာ မဟုတ်ပါဘူး။

Photo via IMDb

Dean ရဲ့ သေဆုံးမှုဟာ အနည်းငယ် မေးခွန်းထုတ်စရာ ဖြစ်နေပေမယ့်လည်း Jensen နဲ့ Jared တို့ရဲ့ သရုပ်ဆောင်ကောင်းချက်နဲ့ Winchester ညီအစ်ကိုနှစ်ယောက်ရဲ့ နောက်ဆုံး နှုတ်ဆက်စကားတွေဟာ ဇာတ်လမ်းတစ်ခုလုံးကို ပြီးဆုံးတဲ့အထိ ဆွဲခေါ်သွားခဲ့ပါတယ်။ ဒါ့အပြင် နောက်ဆုံးအနေနဲ့ သူတို့နှစ်ယောက်ကြားမှာ ရှိနေတဲ့ တချို့တင်းမာမှုလေးတွေဟာလည်း အဲ့ဒီနှုတ်ဆက်စကားတွေကြောင့် ပျောက်ကွယ်သွားခဲ့ပါတယ်။ Dean ဟာလည်း သူ့ကို အသက်ပြန်ရှင်လာအောင် ထပ်ပြီးတော့ မလုပ်တော့ဖို့အတွက် Sam ကို ပြောခဲ့ပါတယ်။

နောက်ဆုံးမှာတော့ Dean ဟာ Sam ကို “အဆင်ပြေပါတယ် မင်းသွားလို့ရပါပြီ …” ဆိုပြီးတော့ ပြောခိုင်းခဲ့ပါတယ်။ Sam ကလည်း မျက်ရည်တွေကြားထဲကနေ အတတ်နိုင်ဆုံး အားတင်းပြီး Dean ရဲ့ ဆန္ဒကို လိုက်လျောပေးခဲ့ပါတယ်။ အဲ့ဒါတွေကြောင့်လည်း Dean ဟာ Team Free Will အတွက် ရှေ့တန်းက မားမားမတ်မတ် ရပ်ကာ တိုက်ခိုက်ပေးခဲ့သူ တစ်ယောက်ဆိုတာကို ပြန်လည်သတိရစေပြီး အရှုံးပေးမယ့်အစား တိုက်ပွဲမှာပဲ အသေခံလိုက်မယ့် လူမျိူးဆိုတာကိုလည်း တကယ် ခံစားမိစေပါတယ်။ Dean ဟာ Chuck နဲ့ တိုက်ပွဲကြီးကိုလည်း အနိုင်ယူနိုင်ခဲ့တာကြောင့် အဓိကတိုက်ပွဲဟာ ပြီးဆုံးသွားပြီး Dean ဟာလည်း အနားယူသွားနိုင်ပြီ ဖြစ်ပါတယ်။

Dean ရဲ့ နတ်ပြည်ပေါ်က ဘဝနဲ့ Castiel နဲ့ Jack တို့ရဲ့ ကံကြမ္မာ
photo via screenrant

များသောအားဖြင့်တော့ သေဆုံးခြင်းဆိုတာဟာ Supernatural အတွက် အဆုံးသတ် မဟုတ်ပါဘူး။ Sam ဟာ Dean ကို သင်္ဂြိုဟ်ပြီးတဲ့နောက်မှာတော့ Dean ဟာ နတ်ပြည်ကို ရောက်သွားပြီး Bobby Singer နဲ့ ပြန်လည်တွေ့ဆုံခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ တစ်ခြား universe က Bobby မဟုတ်ဘဲ တကယ့် Bobby ဖြစ်ပြီး သူဟာ Dean ကို နတ်ပြည်အကြောင်းအနည်းငယ်ကို ပြောပြခဲ့ပါတယ်။ အစောပိုင်း ဇာတ်လမ်းတွေထဲမှာတော့ နတ်ပြည်ရောက်သွားသူတွေဟာ တစ်ယောက်ကို အခန်းတစ်ခုဆီနဲ့ သူတို့ရဲ့ အကောင်းဆုံးမှတ်ဉာဏ်တွေထဲမှာ နေထိုင်ကြပါတယ်။

ဒါပေမယ့်လည်း Jack က ဘုရားသခင်အသစ် ဖြစ်လာတဲ့အချိန်မှာတော့ နတ်ပြည်ကို လုံးဝပြောင်းလဲပစ်လိုက်ပါတယ်။ လူတွေဟာ ကိုယ့်ရဲ့အကောင်းဆုံး မှတ်ဉာဏ်တွေထဲမှာ နေထိုင်ရတော့မှာ မဟုတ်ဘဲ လူတွေအကုန်လုံး စုပေါင်းပြီးတော့ စိတ်ချမ်းသာသလို နေထိုင်လို့ ရသွားတာ ဖြစ်ပါတယ်။ ဒါ့အပြင် Rufus ကလည်း Bobby ရဲ့ အနီးအနားမှာ‌ နေထိုင်နေတာ ဖြစ်ပြီး John နဲ့ Mary တို့ နေထိုင်တဲ့နေရာဆီလည်း လမ်းညွှန်ပြခဲ့ပါတယ်။ Bobby ဟာ season 10 မှာတော့ Sam နဲ့ Dean တို့ကို နောက်ဆုံးအကြိမ် ကူညီပေးဖို့အတွက် နတ်ပြည်ရဲ့စည်းကမ်းကို ဖောက်ဖျက်ခဲ့တာကြောင့် အဖမ်းခံခဲ့ရပါတယ်။ Jack ဟာ Sam နဲ့ Dean တို့ကြောင့် Bobby ကို ပြန်လည်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

Photo via IMDb

နောက်ဆုံးအပိုင်းမှာတော့ Castiel ဟာ ပြန်လည် မပါဝင်လာပေမယ့် Bobby ရဲ့ ပြောစကားအရဆိုရင် Castiel ဟာလည်း Empty ထဲက ပြန်လည်လွတ်မြောက်လာပြီ ဖြစ်ပါတယ်။ Castiel ဟာ အပိုင်း(၁၈)မှာတော့ Empty က စုပ်ယူသွားတာကို ခံလိုက်ရပြီး အကုန်လုံးက သေဆုံးသွားပြီလို့ပဲ သတ်မှတ်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း အပေါ်မှာ ဖော်ပြခဲ့သလို နတ်ပြည်ကို ပြန်လည်ပြုပြင်တဲ့အချိန်မှာတော့ Jack ကို Castiel က ကူညီခဲ့တယ်လို့ Bobby က ပြောပြခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ Castiel ဟာ အခုတော့ နတ်ပြည်ပေါ်မှာ လွတ်လပ်စွာ သွားလာနိုင်တဲ့ တမန်တော်တစ်ယောက် ဖြစ်လာပြီး နောက်ဆုံးမှာတော့ Winchester ညီအစ်ကိုတွေနဲ့ ပြန်လည်တွေ့ဆုံသွားတယ်လို့ ယူဆလို့ရပါတယ်။

Dean မရှိတော့တဲ့ Sam ရဲ့ ဘဝ
photo via screenrant

Sam ဟာ အမဲလိုက်ရတဲ့ဘဝကနေ အမြဲတမ်း နှုတ်ထွက်ချင်ခဲ့သူတစ်ယောက် ဖြစ်ပြီး သာမန်ဘဝနဲ့ပဲ နေထိုင်ချင်သူ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ဆိုရင်တော့ ဒီဇာတ်လမ်းတစ်လျှောက်လုံးမှာ ညီအစ်ကိုနှစ်ယောက်ထဲက တစ်ယောက် သေဆုံးသွားရင် ကျန်တဲ့တစ်ယောက်ဟာ နည်းလမ်းမျိူးစုံရှာပြီး ပြန်ခေါ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးအပိုင်းထဲမှာတော့ Dean ဟာ သူ့ကို ပြန်လည်အသက်မသွင်းဖို့ တောင်းဆိုခဲ့ပြီး Sam ကလည်း သဘောတူခဲ့ပါတယ်။

အဲ့ဒီအချက်ကို ကြည့်ခြင်းအားဖြင့် သူတို့နှစ်ယောက်ဟာ ဇာတ်လမ်းတစ်လျှောက်မှာ ဘယ်လောက်အထိ ရင့်ကျက်လာလည်း ဆိုတာကို သိသာစေပါတယ်။ တစ်ခြားဘက်မှာလည်း Jack ရဲ့တည်ရှိမှုနဲ့ နောက်ထပ်ဗီလိန်ကြီးတွေ ထပ်မံမပေါ်လာတာကြောင့်လည်း Sam ဟာ Dean ကို ပြန်လည်အသက်သွင်းဖို့ မလိုအပ်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ သူတို့ညီအစ်ကိုနှစ်ယောက်ဟာ ဘုရားသခင်နဲ့တောင် တိုက်ခိုက်ခဲ့ပြီးသွားတာကြောင့် ဘုရားသခင်ထက် ပိုပြီးအန္တရာယ်ကြီးတဲ့ ဗီလိန်တော့ ရှိလာတော့မှာ မဟုတ်ပါဘူး။

Dean ကို ဆုံးရှုံးပြီးသွားတဲ့ နောက်မှာတော့ Sam ဟာ သူတို့ရဲ့ bunker မှာ တစ်ယောက်တည်း ကျန်ရှိခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Donna Hanscum ရဲ့ အကူအညီတောင်းမှုကြောင့် Sam ဟာ အမဲလိုက်တာကို တစ်ယောက်တည်း ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ကံကောင်းစွာနဲ့ပဲ သူဟာ အမဲလိုက်တဲ့အလုပ်ကို သူ့ရဲ့မိသားစုကို မထိခိုက်အောင် ထိမ်းသိမ်းနိုင်ခဲ့ပါတယ်။ ဒါ့အပြင် သားတစ်ယောက် မွေးဖွားခဲ့ပြီး သူ့ရဲ့သားကိုလည်း Dean လို့ပဲ နာမည်ပေးခဲ့ပါတယ်။ အဲ့ဒီကလေးက အနည်းငယ် ကြီးလာတဲ့အချိန်မှာတော့ Sam ရဲ့ ပျော်ရွှင်စရာမိသားစုလေးကို မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့်လည်း Sam ရဲ့အမျိူးသမီးကိုတော့ သေချာမပြသွားပါဘူး။ အဲ့ဒါကြောင့် Sam ဟာ ဇာတ်လမ်းနောက်ပိုင်းမှာ သူတွဲလာခဲ့တဲ့ Eileen နဲ့ပဲ လက်ထပ်သွားတယ်လို့ပဲ ယူဆလို့ ရပါတယ်။

Photo via IMDb

အဲ့ဒီနောက်မှာတော့ တဖြည်းဖြည်းနဲ့ အချိန်တွေကုန်ဆုံးလာပြီး သူ့ရဲ့သားကလည်း လူငယ်တစ်ယောက် ဖြစ်လာသလို Sam ဟာလည်း ဆံပင်တွေ ဖြူပြီး အသက်ကြီးလာခဲ့ပါတယ်။ Sam ဟာ သူ့ရဲ့သားကိုလည်း မုဆိုးတစ်ယောက်အနေနဲ့ပဲ ပျိူးထောင်ခဲ့ပြီး သူ သေဆုံးခါနီးအချိန်မှာ သူ့ရဲ့သားလက်က anti demon possession တက်တူးကို ရိုက်ပြသွားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူ့ရဲ့သားဘေးမှာပဲ သေဆုံးသွားပြီးတော့ နတ်ပြည်မှာ Dean နဲ့ ပြန်လည်တွေ့ဆုံခဲ့ပါတယ်။

Bobby ရဲ့ ပြောစကားအရဆိုရင်တော့ နတ်ပြည်နဲ့ လူပြည်ဟာ အချိန်ကာလချင်း မတူဘူးလို့ ဆိုပါတယ်။ Sam အနေနဲ့ကတော့ သူ့ရဲ့တစ်ဘဝလုံးကို ကမ္ဘာပေါ်မှာ ကုန်ဆုံးခဲ့ပေမယ့်လည်း Dean အနေနဲ့ ဆိုရင်တော့ အချိန်ဘယ်လောက်ကြာသွားတယ်ဆိုတာ သေချာမသိရပါဘူး။ ဒီဇာတ်သိမ်းကို သိပ်မကြိုက်ကြတဲ့ ပရိသတ်တွေလည်း ရှိပေမယ့် နောက်ဆုံးမှာတော့ Sam နဲ့ Dean ရဲ့ ညီအစ်ကိုနှစ်ယောက်ကြားက သံယောဇဉ်နဲ့ ချစ်မေတ္တာကိုလည်း ပုံဖော်ခဲ့ပြီး အနည်းဆုံးတော့ ရိုးရိုးရှင်းရှင်းနဲ့ ပျော်စရာဇာတ်သိမ်းတစ်ခုကို ကြည့်ရှုခွင့်ရခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

——— Spoiler Alert ———–

Supernatural ဇာတ္လမ္းတြဲဟာ (၁၅)ႏွစ္တာ ကာလအတြင္းမွာ အံ့ဩဖို႔ေကာင္းတဲ့ ဇာတ္လမ္းေတြနဲ႔ ကမာၻတစ္ဝန္းမွာ သန္းနဲ႔ခ်ီတဲ့ ပရိသတ္ေတြကို ဆြဲေဆာင္ႏိုင္ခဲ့ပါတယ္။ ဇာတ္လမ္းရဲ႕ အစပိုင္းမွာေတာ့ ဒ႑ာရီေတြနဲ႔ မေကာင္းဆိုးဝါးေတြကို အေျခခံ႐ိုက္ကူးခဲ့ၿပီး ေနာက္ဆုံး season မွာေတာ့ ဘုရားသခင္နဲ႔ပါ ယွဥ္ၿပီး တိုက္ခိုက္တဲ့အထိ ျဖစ္လာခဲ့ပါတယ္။ အပိုင္း(၁၉)မွာေတာ့ သူတို႔ရဲ႕ အဓိကရန္သူျဖစ္တဲ့ ဘုရားသခင္နဲ႔ Jack တို႔ကို အဓိကအာ႐ုံစိုက္ၿပီး ျပသသြားခဲ့ပါတယ္။

Jack ဟာ ေနာက္ဆုံးမွာ‌ေတာ့ ဘုရားသခင္အသစ္ ျဖစ္လာၿပီး ကမာၻပ်က္ကိန္းကို တားဆီးခဲ့သလို Winchester ညီအစ္ကို ႏွစ္ေယာက္ကိုလည္း လြတ္ေျမာက္ခြင့္ ေပးခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ ပရိသတ္အမ်ားစုဟာ ဇာတ္သိမ္းျဖစ္တဲ့ အပိုင္း(၂၀)မွာ ဇာတ္လမ္း အလွည့္အေျပာင္းေတြနဲ႔ အဓိကက်တဲ့ အရာတစ္ခုခုေတာ့ က်န္ရွိဦးမယ္လို႔ ထင္ခဲ့ၾကပါတယ္။ ဒါေပမယ့္လည္း ဒီဇာတ္လမ္းတြဲရဲ႕ ဇာတ္သိမ္းဟာ ပရိသတ္ေတြ ထင္ထားတာထက္ ပိုၿပီးေတာ့ ႐ိုးရွင္းတဲ့ ဇာတ္သိမ္းမ်ိဴးနဲ႔ အဆုံးသတ္သြားတာကို ေတြ႕ရပါတယ္။

Sam နဲ႔ Dean တို႔ရဲ႕ ေနာက္ဆုံးေသာ အမဲလိုက္ခရီး
photo via screenrant

ဘုရားသခင္ကို အႏိုင္ယူၿပီး ေနာက္ပိုင္းမွာေတာ့ Sam နဲ႔ Dean ဟာ ပုံမွန္ဘဝေလးကို ပိုင္ဆိုင္ခဲ့ရပါတယ္။ Sam က သူ႔ရဲ႕အိပ္ရာကို ေသေသခ်ာခ်ာ သပ္ရပ္ေအာင္ သိမ္းကာ Dean ကေတာ့ ပိုင္မုန႔္ေတြ စားေနခဲ့ၿပီး အပိုင္း(၁၉)မွာ ေတြ႕ခဲ့တဲ့ ေခြးေလးကို ေမြးစားခဲ့ၾကပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ Jack နဲ႔ Castiel တို႔အေၾကာင္းကို ဘာမွမၾကားရဘဲ သူတို႔ညီအစ္ကိုႏွစ္ေယာက္ဟာ သာမန္ဘဝမွာ ေနထိုင္ေနခဲ့ၿပီး အင္တာနက္ေပၚမွာ ထူးျခားတာတစ္ခုခုကို ရွာေဖြေနခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ လူသတ္မႈေတြကို ေတြ႕သြားၿပီး စုံစမ္းဖို႔အတြက္ ထြက္လာခဲ့ၾကပါတယ္။ မႈခင္းျဖစ္တဲ့ေနရာကို ေရာက္တဲ့အခ်ိန္မွာေတာ့ အဲ့ဒီအမႈရဲ႕လက္ခ်က္ဟာ မ်က္ႏွာဖုံးေတြ ဝတ္ထားတဲ့ ေသြးစုပ္ဖုတ္ေကာင္ေတြရဲ႕ လက္ခ်က္ဆိုတာကို သိလိုက္ရပါတယ္။

ဒါ့အျပင္ ေသြးစုပ္ဖုတ္ေကာင္ေတြဟာ မိသားစုေတြကို တိုက္ခိုက္ၿပီး ကေလးေတြကို ဖမ္းေခၚသြားၾကပါတယ္။ အဲ့ဒါေၾကာင့္ပဲ Sam နဲ႔ Dean ဟာ အေစာပိုင္းက season ေတြမွာလိုမ်ိဴး သူတို႔အေဖရဲ႕ မွတ္စုကို သဲလြန္စရွာဖို႔အတြက္ အသုံးျပဳခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူတို႔ႏွစ္ေယာက္ဟာ ေသြးစုပ္ဖုတ္ေကာင္ေတြရဲ႕ အသိုက္ကို ဝင္ေရာက္တိုက္ခိုက္ခဲ့ၿပီး ကေလးႏွစ္ေယာက္ကို ကယ္တင္ႏိုင္ခဲ့ပါတယ္။

အမည္မသိတဲ့ ကေလးႏွစ္ေယာက္ဟာ အဲ့ဒီအေတြ႕အႀကဳံေတြေၾကာင့္ ႀကီးလာတဲ့အခ်ိန္က်ရင္ မုဆိုးေတြ ျဖစ္လာႏိုင္ပါေသးတယ္။ ဒါ့အျပင္ Sam နဲ႔ Dean ဟာ သူတို႔ရဲ႕အေဖနဲ႔အေမကို သတ္သြားတဲ့ Yellow-Eyes Demon ကို လက္စားေခ်ဖို႔အတြက္ က်ိန္ဆိုခဲ့သလို အဲ့ဒီကေလးႏွစ္ေယာက္ဟာလည္း သူတို႔ရဲ႕မိဘေတြကို သတ္သြားတဲ့ ေသြးစုပ္ဖုတ္ေကာင္ေတြ အကုန္လုံးကို လက္စားေခ်ဖို႔အတြက္လည္း မုဆိုးေတြ ျဖစ္လာႏိုင္ပါတယ္။ အခုလိုမ်ိဴး ကေလးႏွစ္ေယာက္ကို ကယ္တင္ခဲ့တာကေတာ့ Dean ရဲ႕ လူဘဝမွာ ေနာက္ဆုံးျပဳလုပ္ခဲ့တဲ့ လုပ္ရပ္တစ္ခုပဲ ျဖစ္ပါတယ္။

Photo via IMDb

ေသြးစုပ္ဖုတ္ေကာင္ေတြနဲ႔ တိုက္ခိုက္ေနတဲ့အခ်ိန္မွာ ကံမေကာင္းစြာနဲ႔ပဲ Dean ဟာ သံခြၽန္တစ္ခုနဲ႔ ထိုးစိုက္မိသြားၿပီး ေနာက္ဆုံးမွာ အသက္ဆုံးရႈံးသြားခဲ့ပါတယ္။ Dean ကို အခုလို အဆုံးသတ္သြားေအာင္ ျပဳလုပ္ခဲ့တဲ့ ေသြးစုပ္ဖုတ္ေကာင္ကေတာ့ မ်က္ႏွာဖုံးစြပ္ထားသလို နာမည္ဘယ္သူမွန္းေတာင္ မသိပါဘူး။ အဲ့ဒီအျဖစ္အပ်က္ဟာ ကံမေကာင္းတာလို႔ ေျပာလို႔ရေပမယ့္လည္း ထင္ထားတာထက္ ႐ိုးရွင္းသလို ပုံမွန္မုဆိုးေတြ ေသဆုံးၾကတဲ့ပုံစံပဲ ျဖစ္ပါတယ္။

အရင္တုန္းကဒီဇာတ္လမ္းထဲမွာ ေဖာ္ျပခဲ့တဲ့ ပုံစံေတြကေတာ့ Chuck ဟာ Winchester ရဲ႕ ဇာတ္လမ္းကို ေရးေနၿပီး သူတို႔ႏွစ္ေယာက္လုံးကို ကံမေကာင္းမႈေတြနဲ႔ အႏၲရာယ္ေတြကေန တားဆီးေပးခဲ့ပါတယ္။ Chuck ရႈံးနိမ့္သြားၿပီးေနာက္မွာ လြတ္လပ္သြားသူေတြအေနနဲ႔ ပထမဆုံး အမဲလိုက္ထြက္ခဲ့တဲ့ ခရီးမွာပဲ Dean ဟာ ေသဆုံးသြားခဲ့ရပါတယ္။ အဲ့ဒါေၾကာင့္ပဲ Dean ရဲ႕ ေသဆုံးမႈဟာ Chuck ရဲ႕ ရႈံးနိမ့္မႈနဲ႔လည္း သက္ဆိုင္ေနၿပီး အကယ္၍ Chuck သာ မရႈံးနိမ့္ခဲ့ဘူးဆိုရင္ Dean ဟာ ဒီလိုပုံစံမ်ိဴးနဲ႔ ေသဆုံးမွာ မဟုတ္ပါဘူး။

Photo via IMDb

Dean ရဲ႕ ေသဆုံးမႈဟာ အနည္းငယ္ ေမးခြန္းထုတ္စရာ ျဖစ္ေနေပမယ့္လည္း Jensen နဲ႔ Jared တို႔ရဲ႕ သ႐ုပ္ေဆာင္ေကာင္းခ်က္နဲ႔ Winchester ညီအစ္ကိုႏွစ္ေယာက္ရဲ႕ ေနာက္ဆုံး ႏႈတ္ဆက္စကားေတြဟာ ဇာတ္လမ္းတစ္ခုလုံးကို ၿပီးဆုံးတဲ့အထိ ဆြဲေခၚသြားခဲ့ပါတယ္။ ဒါ့အျပင္ ေနာက္ဆုံးအေနနဲ႔ သူတို႔ႏွစ္ေယာက္ၾကားမွာ ရွိေနတဲ့ တခ်ိဳ႕တင္းမာမႈေလးေတြဟာလည္း အဲ့ဒီႏႈတ္ဆက္စကားေတြေၾကာင့္ ေပ်ာက္ကြယ္သြားခဲ့ပါတယ္။ Dean ဟာလည္း သူ႔ကို အသက္ျပန္ရွင္လာေအာင္ ထပ္ၿပီးေတာ့ မလုပ္ေတာ့ဖို႔အတြက္ Sam ကို ေျပာခဲ့ပါတယ္။

ေနာက္ဆုံးမွာေတာ့ Dean ဟာ Sam ကို “အဆင္ေျပပါတယ္ မင္းသြားလို႔ရပါၿပီ …” ဆိုၿပီးေတာ့ ေျပာခိုင္းခဲ့ပါတယ္။ Sam ကလည္း မ်က္ရည္ေတြၾကားထဲကေန အတတ္ႏိုင္ဆုံး အားတင္းၿပီး Dean ရဲ႕ ဆႏၵကို လိုက္ေလ်ာေပးခဲ့ပါတယ္။ အဲ့ဒါေတြေၾကာင့္လည္း Dean ဟာ Team Free Will အတြက္ ေရွ႕တန္းက မားမားမတ္မတ္ ရပ္ကာ တိုက္ခိုက္ေပးခဲ့သူ တစ္ေယာက္ဆိုတာကို ျပန္လည္သတိရေစၿပီး အရႈံးေပးမယ့္အစား တိုက္ပြဲမွာပဲ အေသခံလိုက္မယ့္ လူမ်ိဴးဆိုတာကိုလည္း တကယ္ ခံစားမိေစပါတယ္။ Dean ဟာ Chuck နဲ႔ တိုက္ပြဲႀကီးကိုလည္း အႏိုင္ယူႏိုင္ခဲ့တာေၾကာင့္ အဓိကတိုက္ပြဲဟာ ၿပီးဆုံးသြားၿပီး Dean ဟာလည္း အနားယူသြားႏိုင္ၿပီ ျဖစ္ပါတယ္။

Dean ရဲ႕ နတ္ျပည္ေပၚက ဘဝနဲ႔ Castiel နဲ႔ Jack တို႔ရဲ႕ ကံၾကမၼာ
photo via screenrant

မ်ားေသာအားျဖင့္ေတာ့ ေသဆုံးျခင္းဆိုတာဟာ Supernatural အတြက္ အဆုံးသတ္ မဟုတ္ပါဘူး။ Sam ဟာ Dean ကို သၿဂႋဳဟ္ၿပီးတဲ့ေနာက္မွာေတာ့ Dean ဟာ နတ္ျပည္ကို ေရာက္သြားၿပီး Bobby Singer နဲ႔ ျပန္လည္ေတြ႕ဆုံခဲ့ပါတယ္။ ဒီတစ္ခါမွာေတာ့ တစ္ျခား universe က Bobby မဟုတ္ဘဲ တကယ့္ Bobby ျဖစ္ၿပီး သူဟာ Dean ကို နတ္ျပည္အေၾကာင္းအနည္းငယ္ကို ေျပာျပခဲ့ပါတယ္။ အေစာပိုင္း ဇာတ္လမ္းေတြထဲမွာေတာ့ နတ္ျပည္ေရာက္သြားသူေတြဟာ တစ္ေယာက္ကို အခန္းတစ္ခုဆီနဲ႔ သူတို႔ရဲ႕ အေကာင္းဆုံးမွတ္ဉာဏ္ေတြထဲမွာ ေနထိုင္ၾကပါတယ္။

ဒါေပမယ့္လည္း Jack က ဘုရားသခင္အသစ္ ျဖစ္လာတဲ့အခ်ိန္မွာေတာ့ နတ္ျပည္ကို လုံးဝေျပာင္းလဲပစ္လိုက္ပါတယ္။ လူေတြဟာ ကိုယ့္ရဲ႕အေကာင္းဆုံး မွတ္ဉာဏ္ေတြထဲမွာ ေနထိုင္ရေတာ့မွာ မဟုတ္ဘဲ လူေတြအကုန္လုံး စုေပါင္းၿပီးေတာ့ စိတ္ခ်မ္းသာသလို ေနထိုင္လို႔ ရသြားတာ ျဖစ္ပါတယ္။ ဒါ့အျပင္ Rufus ကလည္း Bobby ရဲ႕ အနီးအနားမွာ‌ ေနထိုင္ေနတာ ျဖစ္ၿပီး John နဲ႔ Mary တို႔ ေနထိုင္တဲ့ေနရာဆီလည္း လမ္းၫႊန္ျပခဲ့ပါတယ္။ Bobby ဟာ season 10 မွာေတာ့ Sam နဲ႔ Dean တို႔ကို ေနာက္ဆုံးအႀကိမ္ ကူညီေပးဖို႔အတြက္ နတ္ျပည္ရဲ႕စည္းကမ္းကို ေဖာက္ဖ်က္ခဲ့တာေၾကာင့္ အဖမ္းခံခဲ့ရပါတယ္။ Jack ဟာ Sam နဲ႔ Dean တို႔ေၾကာင့္ Bobby ကို ျပန္လည္လႊတ္ေပးခဲ့တာ ျဖစ္ပါတယ္။

Photo via IMDb

ေနာက္ဆုံးအပိုင္းမွာေတာ့ Castiel ဟာ ျပန္လည္ မပါဝင္လာေပမယ့္ Bobby ရဲ႕ ေျပာစကားအရဆိုရင္ Castiel ဟာလည္း Empty ထဲက ျပန္လည္လြတ္ေျမာက္လာၿပီ ျဖစ္ပါတယ္။ Castiel ဟာ အပိုင္း(၁၈)မွာေတာ့ Empty က စုပ္ယူသြားတာကို ခံလိုက္ရၿပီး အကုန္လုံးက ေသဆုံးသြားၿပီလို႔ပဲ သတ္မွတ္ခဲ့ၾကပါတယ္။ ဒါေပမယ့္လည္း အေပၚမွာ ေဖာ္ျပခဲ့သလို နတ္ျပည္ကို ျပန္လည္ျပဳျပင္တဲ့အခ်ိန္မွာေတာ့ Jack ကို Castiel က ကူညီခဲ့တယ္လို႔ Bobby က ေျပာျပခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ Castiel ဟာ အခုေတာ့ နတ္ျပည္ေပၚမွာ လြတ္လပ္စြာ သြားလာႏိုင္တဲ့ တမန္ေတာ္တစ္ေယာက္ ျဖစ္လာၿပီး ေနာက္ဆုံးမွာေတာ့ Winchester ညီအစ္ကိုေတြနဲ႔ ျပန္လည္ေတြ႕ဆုံသြားတယ္လို႔ ယူဆလို႔ရပါတယ္။

Dean မရွိေတာ့တဲ့ Sam ရဲ႕ ဘဝ
photo via screenrant

Sam ဟာ အမဲလိုက္ရတဲ့ဘဝကေန အၿမဲတမ္း ႏႈတ္ထြက္ခ်င္ခဲ့သူတစ္ေယာက္ ျဖစ္ၿပီး သာမန္ဘဝနဲ႔ပဲ ေနထိုင္ခ်င္သူ ျဖစ္ပါတယ္။ ပုံမွန္အားျဖင့္ ဆိုရင္ေတာ့ ဒီဇာတ္လမ္းတစ္ေလွ်ာက္လုံးမွာ ညီအစ္ကိုႏွစ္ေယာက္ထဲက တစ္ေယာက္ ေသဆုံးသြားရင္ က်န္တဲ့တစ္ေယာက္ဟာ နည္းလမ္းမ်ိဴးစုံရွာၿပီး ျပန္ေခၚဖို႔ ႀကိဳးစားခဲ့ပါတယ္။ ဒါေပမယ့္လည္း ေနာက္ဆုံးအပိုင္းထဲမွာေတာ့ Dean ဟာ သူ႔ကို ျပန္လည္အသက္မသြင္းဖို႔ ေတာင္းဆိုခဲ့ၿပီး Sam ကလည္း သေဘာတူခဲ့ပါတယ္။

အဲ့ဒီအခ်က္ကို ၾကည့္ျခင္းအားျဖင့္ သူတို႔ႏွစ္ေယာက္ဟာ ဇာတ္လမ္းတစ္ေလွ်ာက္မွာ ဘယ္ေလာက္အထိ ရင့္က်က္လာလည္း ဆိုတာကို သိသာေစပါတယ္။ တစ္ျခားဘက္မွာလည္း Jack ရဲ႕တည္ရွိမႈနဲ႔ ေနာက္ထပ္ဗီလိန္ႀကီးေတြ ထပ္မံမေပၚလာတာေၾကာင့္လည္း Sam ဟာ Dean ကို ျပန္လည္အသက္သြင္းဖို႔ မလိုအပ္ခဲ့တာလည္း ျဖစ္ႏိုင္ပါတယ္။ သူတို႔ညီအစ္ကိုႏွစ္ေယာက္ဟာ ဘုရားသခင္နဲ႔ေတာင္ တိုက္ခိုက္ခဲ့ၿပီးသြားတာေၾကာင့္ ဘုရားသခင္ထက္ ပိုၿပီးအႏၲရာယ္ႀကီးတဲ့ ဗီလိန္ေတာ့ ရွိလာေတာ့မွာ မဟုတ္ပါဘူး။

Dean ကို ဆုံးရႈံးၿပီးသြားတဲ့ ေနာက္မွာေတာ့ Sam ဟာ သူတို႔ရဲ႕ bunker မွာ တစ္ေယာက္တည္း က်န္ရွိခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Donna Hanscum ရဲ႕ အကူအညီေတာင္းမႈေၾကာင့္ Sam ဟာ အမဲလိုက္တာကို တစ္ေယာက္တည္း ဆက္လက္လုပ္ကိုင္ခဲ့ပါတယ္။ ဒီတစ္ႀကိမ္မွာေတာ့ ကံေကာင္းစြာနဲ႔ပဲ သူဟာ အမဲလိုက္တဲ့အလုပ္ကို သူ႔ရဲ႕မိသားစုကို မထိခိုက္ေအာင္ ထိမ္းသိမ္းႏိုင္ခဲ့ပါတယ္။ ဒါ့အျပင္ သားတစ္ေယာက္ ေမြးဖြားခဲ့ၿပီး သူ႔ရဲ႕သားကိုလည္း Dean လို႔ပဲ နာမည္ေပးခဲ့ပါတယ္။ အဲ့ဒီကေလးက အနည္းငယ္ ႀကီးလာတဲ့အခ်ိန္မွာေတာ့ Sam ရဲ႕ ေပ်ာ္႐ႊင္စရာမိသားစုေလးကို ျမင္ေတြ႕ခဲ့ရပါတယ္။ ဒါေပမယ့္လည္း Sam ရဲ႕အမ်ိဴးသမီးကိုေတာ့ ေသခ်ာမျပသြားပါဘူး။ အဲ့ဒါေၾကာင့္ Sam ဟာ ဇာတ္လမ္းေနာက္ပိုင္းမွာ သူတြဲလာခဲ့တဲ့ Eileen နဲ႔ပဲ လက္ထပ္သြားတယ္လို႔ပဲ ယူဆလို႔ ရပါတယ္။

Photo via IMDb

အဲ့ဒီေနာက္မွာေတာ့ တျဖည္းျဖည္းနဲ႔ အခ်ိန္ေတြကုန္ဆုံးလာၿပီး သူ႔ရဲ႕သားကလည္း လူငယ္တစ္ေယာက္ ျဖစ္လာသလို Sam ဟာလည္း ဆံပင္ေတြ ျဖဴၿပီး အသက္ႀကီးလာခဲ့ပါတယ္။ Sam ဟာ သူ႔ရဲ႕သားကိုလည္း မုဆိုးတစ္ေယာက္အေနနဲ႔ပဲ ပ်ိဴးေထာင္ခဲ့ၿပီး သူ ေသဆုံးခါနီးအခ်ိန္မွာ သူ႔ရဲ႕သားလက္က anti demon possession တက္တူးကို ႐ိုက္ျပသြားခဲ့ပါတယ္။ ေနာက္ဆုံးမွာေတာ့ သူ႔ရဲ႕သားေဘးမွာပဲ ေသဆုံးသြားၿပီးေတာ့ နတ္ျပည္မွာ Dean နဲ႔ ျပန္လည္ေတြ႕ဆုံခဲ့ပါတယ္။

Bobby ရဲ႕ ေျပာစကားအရဆိုရင္ေတာ့ နတ္ျပည္နဲ႔ လူျပည္ဟာ အခ်ိန္ကာလခ်င္း မတူဘူးလို႔ ဆိုပါတယ္။ Sam အေနနဲ႔ကေတာ့ သူ႔ရဲ႕တစ္ဘဝလုံးကို ကမာၻေပၚမွာ ကုန္ဆုံးခဲ့ေပမယ့္လည္း Dean အေနနဲ႔ ဆိုရင္ေတာ့ အခ်ိန္ဘယ္ေလာက္ၾကာသြားတယ္ဆိုတာ ေသခ်ာမသိရပါဘူး။ ဒီဇာတ္သိမ္းကို သိပ္မႀကိဳက္ၾကတဲ့ ပရိသတ္ေတြလည္း ရွိေပမယ့္ ေနာက္ဆုံးမွာေတာ့ Sam နဲ႔ Dean ရဲ႕ ညီအစ္ကိုႏွစ္ေယာက္ၾကားက သံေယာဇဥ္နဲ႔ ခ်စ္ေမတၱာကိုလည္း ပုံေဖာ္ခဲ့ၿပီး အနည္းဆုံးေတာ့ ႐ိုး႐ိုးရွင္းရွင္းနဲ႔ ေပ်ာ္စရာဇာတ္သိမ္းတစ္ခုကို ၾကည့္ရႈခြင့္ရခဲ့တယ္လို႔ ဆိုရမွာ ျဖစ္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular