HomeEntertainmentFilmStranger Things မှာ Max ကို အပြီးသတ်ပစ်ဖို့ စီစဉ်ခဲ့တဲ့ Duffer Brothers

Stranger Things မှာ Max ကို အပြီးသတ်ပစ်ဖို့ စီစဉ်ခဲ့တဲ့ Duffer Brothers

*** SPOILER ALERT ***

Stranger Things Season 4 Vol.2 ထဲမှာတော့ Max Mayfield ကို အပြီးတိုင် သတ်ပစ်ဖို့ စီစဉ်ခဲ့တယ်လို့ ဖန်တီးသူတွေဖြစ်တဲ့ Duffer Brothers က ပြောလိုက်ပါတယ်။ Stranger Things Season 4 ကတော့ Season 3 ထွက်ရှိပြီး သုံးနှစ်နီးပါးလောက်အကြာမှာ ဆက်လက် ထွက်ရှိလာတာ ဖြစ်ပြီး ပြီးခဲ့တဲ့ မေလတုန်းက Netflix မှာ စတင်ပြသခဲ့တာ ဖြစ်ပါတယ်။ Season 4 ထဲမှာတော့ ဗီလိန်အသစ်ဖြစ်တဲ့ Vecna စတင်ပါဝင်လာပြီး Eddie Munson တို့လို ပရိသတ်တွေ ကြိုက်နှစ်သက်ကြတဲ့ ဇာတ်ကောင်အသစ်တွေလည်း ပါဝင်လာပါတယ်။

Max Mayfield ကတော့ Season 2 မှာ စတင်ပါဝင်လာခဲ့တာ ဖြစ်ပြီး Season 4 ထဲမှာတော့ အဓိကကျတဲ့ နေရာက ပါဝင်လာပါတယ်။ Season 4 ထဲမှာတော့ Vecna ဟာ Hawkins မြို့နဲ့ Upside-Down ကို ဆက်သွယ်ထားတဲ့ ပေါ်တယ်လ်တွေ ဖွင့်ဖို့အတွက် လူတွေကို သတ်ပစ်ခဲ့ပြီး Max ဟာလည်း သူ့ရဲ့သားကောင်တွေထဲမှာ ပါဝင်ခဲ့ပါတယ်။

photo via screenrant

ဒါကြောင့်ပဲ Vol.2 ထဲမှာတော့ Vecna ကို မျှားခေါ်ဖို့အတွက် Max ဟာ သူမကိုယ်သူမ ငါးစာပြုလုပ်ခဲ့ပြီး အဆုံးသတ်မှာတော့ ခြေတွေလက်တွေ ကျိူးသွားကာ အမြင်အာရုံလည်း ဆုံးရှုံးသွားပါတယ်။ တကယ်တော့ Max ဟာ သေဆုံးသွားပြီ ဖြစ်ပြီး Eleven ဟာ သူမကို နှလုံးပြန်ခုန်လာအောင် ပြုလုပ်ပေးခဲ့ပေမယ့်လည်း သူမဟာ ကိုမာဝင်နေပြီး လောလောဆယ်မှာတော့ ဦးနှောက်သေသွားတယ်လို့ ယူဆရပါတယ်။

မကြာသေးခင်ကပဲ ဒီဇာတ်လမ်းတွဲကို ဖန်တီးသူတွေ ဖြစ်တဲ့ Duffer Brothers ကတော့ Season 4 Vol.2 ထဲမှာ Max ဖို့ အပြီးတိုင် သတ်ပစ်ဖို့ အစီအစဉ် ရှိခဲ့တယ်လို့ အင်တာဗျူးတစ်ခုမှာ ပြောသွားပါတယ်။

“အဲဒါကို ဖြစ်နိုင်ချေ တစ်ခုအနေနဲ့ ဆွေးနွေးခဲ့ပါတယ်။ အဲဒီအတိုင်း လုပ်ဖို့ စီစဉ်သွားပြီးမှ အခုလိုမျိူး အဆုံးသတ်သွားတာပါ။ ဒီ Season ရဲ့ အဆုံးသတ်ကို မေးခွန်းတွေနဲ့ ပြီးဆုံးသွားစေချင်တယ်လေ။ Max က ပြန်ကောင်းလာမှာလား ဆိုတာတော့ ကျွန်တော်တို့လည်း မသိပါဘူး။ Season 5 ထွက်လာတဲ့ အခါကျရင်တော့ သိရမှာပါ …”

photo via screenrant

Stranger Things Season 4 ရဲ့ အဆုံးသတ်မှာတော့ ပရိသတ်တွေ ကြိုက်နှစ်သက်ကြတဲ့ ဇာတ်ကောင်တွေဖြစ်တဲ့ Eddie Munson သေဆုံးသွားတာကို မြင်တွေ့ခဲ့ရပြီး Max ဟာလည်း အခြေအနေ သိပ်ပြီးတော့ မကောင်းလှပါဘူး။ Max ဟာ တခြားသရုပ်ဆောင်တွေလို ဇာတ်လမ်းအစကတည်းက ပါဝင်ခဲ့တာ မဟုတ်ပေမယ့်လည်း ယခုအချိန်မှာတော့ ပရိသတ်တွေရဲ့ အကြိုက်ဆုံး ဇာတ်ကောင်တစ်ယောက် ဖြစ်နေပါပြီ။

ဘယ်လိုပဲဖြစ်ဖြစ် Duffer Brothers ရဲ့ ပြောပုံအရ ဆိုရင်တော့ ပရိသတ်တွေအနေနဲ့ Max အတွက် မျှော်လင့်ချက်နည်းနည်း ထားနိုင်သေးပြီး အသစ်ထွက်ရှိလာမယ့် Season 5 မှာတော့ Max နဲ့ Lucas တို့ရဲ့ Movie Date လေးကိုတော့ မြင်တွေ့ရနိုင်ပါသေးတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular