HomeCelebs Update NewsInternationalအသက်(၉၈)နှစ်မှာ ကွယ်လွန်သွားတဲ့ မင်းသားကြီး Sylvester Stallone ရဲ့မိခင်

အသက်(၉၈)နှစ်မှာ ကွယ်လွန်သွားတဲ့ မင်းသားကြီး Sylvester Stallone ရဲ့မိခင်

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဟောလိဝုဒ်ရုပ်ရှင်လောကရဲ့ နာမည်ကြီး သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Sylvester Stallone ရဲ့ မိခင်ဟာ အသက် (၉၈)နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ Sylvester ရဲ့ညီဖြစ်ပြီး ဂီတပညာရှင်တစ်ယောက်ဖြစ်တဲ့ Frank Stallone ဟာ သူတို့နှစ်ယောက်ရဲ့ မိခင်ကြီး ကွယ်လွန်သွားတဲ့အကြောင်းကို Instagram ပေါ်မှာ တနင်္လာနေ့တုန်းက အသိပေးခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီပို့စ်ထဲမှာတော့ ” ဒီနေ့မနက်မှာ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်ရဲ့ မိခင်ဖြစ်သူ Jackie Stallone ကို ဆုံးရှုံးလိုက်ရပါတယ်။ သူမဟာ Tommy ၊ Sylvester ၊ ကျွန်တော်နဲ့ ကွယ်လွန်သွားတဲ့ ကျွန်တော်တို့ညီမလေး Toni Ann တို့ရဲ့ မိခင်ကြီး ဖြစ်ပါတယ်။ သူမဟာ နေ့တိုင်း စိတ်ခွန်အားအပြည့်နဲ့ အလုပ်လုပ်နေတတ်ပြီး အသိအမှတ်ပြုစရာကောင်းတဲ့ အမျိူးသမီးတစ်ယောက် ဖြစ်ပါတယ်။ သူမ ဆန္ဒရှိခဲ့သလိုပဲ အိပ်နေရင်းနဲ့ ကွယ်လွန်သွားတာ ဖြစ်ပါတယ် …” ဆိုပြီးတော့ သူ့ရဲ့မိခင်ဖြစ်သူ Jackie ရဲ့ ပုံတွေအများကြီးနဲ့အတူ Instagram ပေါ်မှာ အသိပေးခဲ့တာ ဖြစ်ပါတယ်။

photo via frank.stallone/instagram

“ကျွန်တော့်ရဲ့အစ်ကို Sylvester ကတော့ သူမရဲ့ တစ်ဘဝလုံးကို ဘုရင်မတစ်ယောက်လို စောင့်ရှောက်လာခဲ့တာပါ။ အခုတော့ သူမကို နောက်ထပ်တစ်ကြိမ်လည်း ဖုန်းဆက်လို့ မရတော့သလို ကျွန်တော် အိမ်ထောင်မပြုတဲ့အတွက်လည်း ထပ်ပြီးတော့ အဆူမခံရတော့ပါဘူး။ ဒါပေမယ့်လည်း ကျွန်တော်တို့ အားလုံးကတော့ သူမကို ချစ်ကြပါတယ်။ ကျွန်တော် အမေ့ကို အမြဲတမ်း လွမ်းနေမယ် …” ဆိုပြီးတော့ ပို့စ်မှာ ရေးသားထားပါတယ်။

သူမဟာ ၁၉၂၁ခုနှစ် နိုဝင်ဘာလ(၂၉)ရက်နေ့မှာ Jacqueline Frances Labofish ဆိုတဲ့အမည်နဲ့ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ သူမဟာ Washington DC မှာ ရှိတဲ့ ဆက်ကပ်မှာ အလုပ်လုပ်ဖို့အတွက် အိမ်က ထွက်ပြေးလာခဲ့ပါတယ်။ ဆက်ကပ်မှာ နှစ်နှစ်လောက် အချိန်ကုန်ဆုံးသွားပြီးနောက်မှာတော့ သူမဟာ ခန်းမကြီးထဲမှာ အဆိုအကတွေနဲ့ ဖျော်ဖြေတဲ့ ကောင်မလေးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

photo via frank.stallone/instagram

အဲ့ဒီနောက်မှာတော့ သူမဟာ hair stylist လည်းဖြစ်၊ သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်တဲ့ Frank Stallone Sr. နဲ့ ၁၉၄၅ခုနှစ်မှာ လက်ထပ်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ (၁၂)နှစ်လောက် အတူတူ ပေါင်းသင်းနေထိုင်ခဲ့ကြပြီး Sylvester နဲ့ Frank တို့ကို မွေးဖွားခဲ့ပါတယ်။ ဒါ့အပြင် သူမဟာ Anthony Filiti ဆိုတဲ့လူနဲ့ ဒုတိယအကြိမ် အိမ်ထောင်ပြုခဲ့ပြီး Toni D’Alto ဆိုတဲ့ သမီးတစ်ယောက်ကို ထပ်မံမွေးဖွားခဲ့ပါသေးတယ်။ ဒါပေမယ့် စိတ်မကောင်းစရာကောင်းစွာနဲ့ပဲ ၂၀၁၂ခုနှစ်မှာတော့ Toni D’Alto ဟာ အဆုတ်ကင်ဆာနဲ့ အသက်(၄၈)နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

၁၉၉၈ခုနှစ်မှာလည်း သူမဟာ Stephen Devine ဆိုသူနဲ့ တတိယအကြိမ် အိမ်ထောင်ပြုခဲ့ပါသေးတယ်။ ၂၀၀၅ခုနှစ်မှာတော့ Celebrity Big Brother ဆိုတဲ့ reality show မှာ ပါဝင်ခဲ့ပြီး အဲ့ဒီရှိုးမှာ ပါဝင်တဲ့သူတွေထဲမှာ သူမဟာ လူကြိုက်အများဆုံး ဖြစ်ခဲ့ပါသေးတယ်။ သူမဟာ မြေး(၇)ယောက်နဲ့ မြစ်(၃)ယောက် ရတဲ့အချိန်ထိ အသက်ရှည်ရှည်နေနိုင်ခဲ့ပါတယ်။ ဒါကတော့ သူမရဲ့ ဘဝအကြောင်း အကျဉ်းချုပ် ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ေဟာလိဝုဒ္႐ုပ္ရွင္ေလာကရဲ႕ နာမည္ႀကီး သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ Sylvester Stallone ရဲ႕ မိခင္ဟာ အသက္ (၉၈)ႏွစ္အ႐ြယ္မွာ ကြယ္လြန္သြားခဲ့ၿပီ ျဖစ္ပါတယ္။ Sylvester ရဲ႕ညီျဖစ္ၿပီး ဂီတပညာရွင္တစ္ေယာက္ျဖစ္တဲ့ Frank Stallone ဟာ သူတို႔ႏွစ္ေယာက္ရဲ႕ မိခင္ႀကီး ကြယ္လြန္သြားတဲ့အေၾကာင္းကို Instagram ေပၚမွာ တနလၤာေန႔တုန္းက အသိေပးခဲ့တာ ျဖစ္ပါတယ္။

အဲ့ဒီပို႔စ္ထဲမွာေတာ့ ” ဒီေန႔မနက္မွာ ကြၽန္ေတာ္တို႔ ညီအစ္ကိုႏွစ္ေယာက္ရဲ႕ မိခင္ျဖစ္သူ Jackie Stallone ကို ဆုံးရႈံးလိုက္ရပါတယ္။ သူမဟာ Tommy ၊ Sylvester ၊ ကြၽန္ေတာ္နဲ႔ ကြယ္လြန္သြားတဲ့ ကြၽန္ေတာ္တို႔ညီမေလး Toni Ann တို႔ရဲ႕ မိခင္ႀကီး ျဖစ္ပါတယ္။ သူမဟာ ေန႔တိုင္း စိတ္ခြန္အားအျပည့္နဲ႔ အလုပ္လုပ္ေနတတ္ၿပီး အသိအမွတ္ျပဳစရာေကာင္းတဲ့ အမ်ိဴးသမီးတစ္ေယာက္ ျဖစ္ပါတယ္။ သူမ ဆႏၵရွိခဲ့သလိုပဲ အိပ္ေနရင္းနဲ႔ ကြယ္လြန္သြားတာ ျဖစ္ပါတယ္ …” ဆိုၿပီးေတာ့ သူ႔ရဲ႕မိခင္ျဖစ္သူ Jackie ရဲ႕ ပုံေတြအမ်ားႀကီးနဲ႔အတူ Instagram ေပၚမွာ အသိေပးခဲ့တာ ျဖစ္ပါတယ္။

photo via frank.stallone/instagram

“ကြၽန္ေတာ့္ရဲ႕အစ္ကို Sylvester ကေတာ့ သူမရဲ႕ တစ္ဘဝလုံးကို ဘုရင္မတစ္ေယာက္လို ေစာင့္ေရွာက္လာခဲ့တာပါ။ အခုေတာ့ သူမကို ေနာက္ထပ္တစ္ႀကိမ္လည္း ဖုန္းဆက္လို႔ မရေတာ့သလို ကြၽန္ေတာ္ အိမ္ေထာင္မျပဳတဲ့အတြက္လည္း ထပ္ၿပီးေတာ့ အဆူမခံရေတာ့ပါဘူး။ ဒါေပမယ့္လည္း ကြၽန္ေတာ္တို႔ အားလုံးကေတာ့ သူမကို ခ်စ္ၾကပါတယ္။ ကြၽန္ေတာ္ အေမ့ကို အၿမဲတမ္း လြမ္းေနမယ္ …” ဆိုၿပီးေတာ့ ပို႔စ္မွာ ေရးသားထားပါတယ္။

သူမဟာ ၁၉၂၁ခုႏွစ္ ႏိုဝင္ဘာလ(၂၉)ရက္ေန႔မွာ Jacqueline Frances Labofish ဆိုတဲ့အမည္နဲ႔ ေမြးဖြားခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူမဟာ Washington DC မွာ ရွိတဲ့ ဆက္ကပ္မွာ အလုပ္လုပ္ဖို႔အတြက္ အိမ္က ထြက္ေျပးလာခဲ့ပါတယ္။ ဆက္ကပ္မွာ ႏွစ္ႏွစ္ေလာက္ အခ်ိန္ကုန္ဆုံးသြားၿပီးေနာက္မွာေတာ့ သူမဟာ ခန္းမႀကီးထဲမွာ အဆိုအကေတြနဲ႔ ေဖ်ာ္ေျဖတဲ့ ေကာင္မေလးတစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။

photo via frank.stallone/instagram

အဲ့ဒီေနာက္မွာေတာ့ သူမဟာ hair stylist လည္းျဖစ္၊ သ႐ုပ္ေဆာင္တစ္ေယာက္လည္း ျဖစ္တဲ့ Frank Stallone Sr. နဲ႔ ၁၉၄၅ခုႏွစ္မွာ လက္ထပ္ခဲ့ပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ (၁၂)ႏွစ္ေလာက္ အတူတူ ေပါင္းသင္းေနထိုင္ခဲ့ၾကၿပီး Sylvester နဲ႔ Frank တို႔ကို ေမြးဖြားခဲ့ပါတယ္။ ဒါ့အျပင္ သူမဟာ Anthony Filiti ဆိုတဲ့လူနဲ႔ ဒုတိယအႀကိမ္ အိမ္ေထာင္ျပဳခဲ့ၿပီး Toni D’Alto ဆိုတဲ့ သမီးတစ္ေယာက္ကို ထပ္မံေမြးဖြားခဲ့ပါေသးတယ္။ ဒါေပမယ့္ စိတ္မေကာင္းစရာေကာင္းစြာနဲ႔ပဲ ၂၀၁၂ခုႏွစ္မွာေတာ့ Toni D’Alto ဟာ အဆုတ္ကင္ဆာနဲ႔ အသက္(၄၈)ႏွစ္အ႐ြယ္မွာ ကြယ္လြန္သြားခဲ့ပါတယ္။

၁၉၉၈ခုႏွစ္မွာလည္း သူမဟာ Stephen Devine ဆိုသူနဲ႔ တတိယအႀကိမ္ အိမ္ေထာင္ျပဳခဲ့ပါေသးတယ္။ ၂၀၀၅ခုႏွစ္မွာေတာ့ Celebrity Big Brother ဆိုတဲ့ reality show မွာ ပါဝင္ခဲ့ၿပီး အဲ့ဒီရႈိးမွာ ပါဝင္တဲ့သူေတြထဲမွာ သူမဟာ လူႀကိဳက္အမ်ားဆုံး ျဖစ္ခဲ့ပါေသးတယ္။ သူမဟာ ေျမး(၇)ေယာက္နဲ႔ ျမစ္(၃)ေယာက္ ရတဲ့အခ်ိန္ထိ အသက္ရွည္ရွည္ေနႏိုင္ခဲ့ပါတယ္။ ဒါကေတာ့ သူမရဲ႕ ဘဝအေၾကာင္း အက်ဥ္းခ်ဳပ္ ျဖစ္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular