HomeCelebs Update NewsInternationalကောမစ်ဇာတ်ကောင်ပေါင်းများစွာ ဖန်တီးခဲ့တာကြောင့် Groot ကို မေ့နေခဲ့တဲ့ Stan Lee

ကောမစ်ဇာတ်ကောင်ပေါင်းများစွာ ဖန်တီးခဲ့တာကြောင့် Groot ကို မေ့နေခဲ့တဲ့ Stan Lee

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Stan Lee ဟာ စူပါဟီးရိုး ကောမစ်လောကရဲ့ ဂန္ထဝင်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး ကောမစ်ဇာတ်ကောင်ပေါင်းများစွာကို ဖန်တီးခဲ့သူလည်း ဖြစ်ပါတယ်။ တကယ့်ပုဂ္ဂိုလ်တစ်ယောက်လို့ ပြောရလောက်အောင်ပဲ Stan Lee ဟာ သူ ဖန်တီးခဲ့ဖူးတဲ့ ဇာတ်ကောင်တွေ များလွန်းတာကြောင့် Guardians of The Galaxy အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Groot ကို သူ ဖန်တီးခဲ့မှန်း မေ့သွားတဲ့အထိပါပဲ။ ဒါကြောင့်လည်း Guardians of The Galaxy ရဲ့ ဒါရိုက်တာ James Gunn က သူ့ကို ပြန်သတိပေးခဲ့ရတယ်လို့ ဆိုပါတယ်။

Stan Lee ဟာ ၁၉၃၉ခုနှစ်က စတင်ပြီး Marvel Comics မှာ လက်ထောက်အနေနဲ့ လုပ်ကိုင်ခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းကတော့ Marvel Comics တောင် မဟုတ်သေးဘဲ Timely Comics လို့ ခေါ်တွင်ခဲ့ပြီး ၁၉၆၀နှောင်းပိုင်းလောက်မှ Marvel Comics ဆိုပြီး ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။

Photo: therealstanlee/ Instagram

နောက်ပိုင်းမှာမှ Stan Lee ဟာ တဖြည်းဖြည်းနဲ့ Timely ရဲ့ ဇာတ်လမ်းရေးသားသူ ဖြစ်လာပြီး ဇာတ်ကောင်တွေကို ဖန်တီးသူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီအချိန်တုန်းက Timely Comics ဟာ သူမျှော်လင့်ထားသလို ဖြစ်မလာတာကြောင့် Stan Lee ဟာ စိတ်ပျက်ခဲ့ရပြီး အလုပ်ထွက်ဖို့အတွက်တောင် စဉ်းစားခဲ့ပါသေးတယ်။

အဲ့ဒီလိုနဲ့ နောက်ပိုင်းမှာမှ သူစိတ်ဝင်စားတဲ့ ဇာတ်ကောင်တွေနဲ့ ဇာတ်လမ်းတွေကို စတင်ဖန်တီးနိုင်ခဲ့တာဖြစ်ပြီး နောက်ဆုံးမှာတော့ စူပါဟီးရိုးဇာတ်လမ်းတွေကို ကြိုက်နှစ်သက်သူတိုင်း မသိသူ မရှိလောက်အောင် အောင်မြင်သွားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း စိတ်မကောင်းစရာအဖြစ်နဲ့ပဲ Stan Lee ဟာ ၂၀၁၈ခုနှစ် နိုဝင်ဘာလ (၁၂)ရက်နေ့မှာ အသက် (၉၅)နှစ်အရွယ်နဲ့ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။

photo via screenrant

Stan Lee ဟာ Fantastic Four ၊ Spider-Man ၊ X-Men ဇာတ်ကောင်များ၊ The Hulk နဲ့ Black Panther တို့အပါအဝင် တစ်ခြားဇာတ်ကောင်တွေနဲ့ ဇာတ်လမ်းပေါင်းများစွာကို ဖန်တီးခဲ့သူ ဖြစ်ပါတယ်။ အဲ့ဒီထဲကမှ Guardians of The Galaxy ထဲက လူကြိုက်အများဆုံး ဇာတ်ကောင်ဖြစ်တဲ့ Groot ကိုတော့ Stan Lee ၊ Larry Lieber နဲ့ Jack Kirby တို့က ဖန်တီးခဲ့ကြတာ ဖြစ်ပါတယ်။

သို့ပေမယ့် Stan Lee ဟာ Groot ကို သူဖန်တီးခဲ့မှန်း မေ့လျော့နေခဲ့တဲ့အကြောင်းကို သူ ကွယ်လွန်ပြီး ဒုတိယနှစ်ပတ်လည်မှာ ဒါရိုက်တာ James Gunn က ပြန်ပြောင်းပြောပြခဲ့ပါတယ်။ Stan Lee ကို လွမ်းဆွတ်တဲ့အကြောင်းနဲ့ ဒီအမှတ်တရဖြစ်ရပ်ကိုတော့ James Gunn က အင်စတာဂရမ်ပေါ်မှာ ဝေမျှပေးခဲ့တာ ဖြစ်ပါတယ်။

©Marvel Studios

ဖြစ်ပုံကတော့ Guardians of The Galaxy ရဲ့ ပထမဆုံးရုပ်ရှင် ထွက်လာတဲ့အချိန်မှာ Stan Lee ဟာ အဲ့ဒီဇာတ်ကောင်တွေကို သူ မဖန်တီးခဲ့ပေမယ့်လည်း ဒီဇာတ်လမ်းကို တကယ်ကြိုက်နှစ်သက်ပါတယ်လို့ ဒါရိုက်တာ James Gunn ကို ပြောခဲ့ပါသတဲ့။ အဲ့ဒီအချိန်ကျမှ James Gunn ဟာ Groot ကို Stan Lee ကိုယ်တိုင် ဖန်တီးခဲ့တယ်ဆိုတာကို ပြန်ပြီး သတိပေးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါရိုက်တာ James Gunn ရိုက်ကူးခဲ့တဲ့ Guardians of The Galaxy ရုပ်ရှင်တွေဟာ အံ့ဩဖို့ကောင်းလောက်အောင် အောင်မြင်ခဲ့ပြီး Groot ဟာလည်း လူကြိုက်အများဆုံး ဇာတ်ကောင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ Groot ကို ဖန်တီးခဲ့တဲ့ Stan Lee ကလည်း တစ်ခြားဇာတ်ကောင်တွေနဲ့ ဇာတ်လမ်းတွေ အများကြီးကို ဖန်တီးခဲ့သူ ဖြစ်သလို အသက်လည်းကြီးလာပြီ ဖြစ်တာကြောင့် တစ်ချို့အရာလေးတွေကို မေ့သွားတာဟာ အဆန်းမဟုတ်ပါဘူး။

photo via jamesgunn/instagram

ဒါ့အပြင် MCU က ဇာတ်ကောင်အများစုဟာ Live Action အဖြစ် မရိုက်ကူးခင်ကတည်းက လူသိများပြီးသား ဇာတ်ကောင်တွေ ဖြစ်ပေမယ့် Groot ကတော့ Live Action ထွက်လာမှ လူသိများခဲ့တာ ဖြစ်ပါတယ်။ Groot ဟာ MCU ထဲကို ရောက်မလာသေးဘဲ ကောမစ်ဇာတ်ကောင် ဘဝတုန်းက တစ်ခြားဇာတ်ကောင်တွေလောက် မအောင်မြင်ခဲ့ပါဘူး။ အဲ့ဒီအချက်ကြောင့်လည်း Stan Lee ကိုယ်တိုင်ကိုက မေ့ပျောက်သွားတာ ဖြစ်နိုင်ပါတယ်။ အခုချိန်မှာတော့ Stan Lee ဟာ ကွယ်လွန်သွားပြီ ဖြစ်ပေမယ့်လည်း သူ့ရဲ့ အံ့ဩဖို့ကောင်းတဲ့ ဖန်တီးမှုတွေဟာ တစ်ကမ္ဘာလုံးမှာ ကျန်ရှိနေပါသေးတယ်။

Legos

Source : Screenrant

(Zawgyi Version)

Stan Lee ဟာ စူပါဟီး႐ိုး ေကာမစ္ေလာကရဲ႕ ဂႏၴဝင္ပုဂၢိဳလ္တစ္ေယာက္ျဖစ္ၿပီး ေကာမစ္ဇာတ္ေကာင္ေပါင္းမ်ားစြာကို ဖန္တီးခဲ့သူလည္း ျဖစ္ပါတယ္။ တကယ့္ပုဂၢိဳလ္တစ္ေယာက္လို႔ ေျပာရေလာက္ေအာင္ပဲ Stan Lee ဟာ သူ ဖန္တီးခဲ့ဖူးတဲ့ ဇာတ္ေကာင္ေတြ မ်ားလြန္းတာေၾကာင့္ Guardians of The Galaxy အဖြဲ႕ဝင္တစ္ေယာက္ျဖစ္တဲ့ Groot ကို သူ ဖန္တီးခဲ့မွန္း ေမ့သြားတဲ့အထိပါပဲ။ ဒါေၾကာင့္လည္း Guardians of The Galaxy ရဲ႕ ဒါ႐ိုက္တာ James Gunn က သူ႔ကို ျပန္သတိေပးခဲ့ရတယ္လို႔ ဆိုပါတယ္။

Stan Lee ဟာ ၁၉၃၉ခုႏွစ္က စတင္ၿပီး Marvel Comics မွာ လက္ေထာက္အေနနဲ႔ လုပ္ကိုင္ခဲ့ပါတယ္။ အဲ့ဒီအခ်ိန္တုန္းကေတာ့ Marvel Comics ေတာင္ မဟုတ္ေသးဘဲ Timely Comics လို႔ ေခၚတြင္ခဲ့ၿပီး ၁၉၆၀ေႏွာင္းပိုင္းေလာက္မွ Marvel Comics ဆိုၿပီး ေျပာင္းလဲခဲ့တာ ျဖစ္ပါတယ္။

Photo: therealstanlee/ Instagram

ေနာက္ပိုင္းမွာမွ Stan Lee ဟာ တျဖည္းျဖည္းနဲ႔ Timely ရဲ႕ ဇာတ္လမ္းေရးသားသူ ျဖစ္လာၿပီး ဇာတ္ေကာင္ေတြကို ဖန္တီးသူတစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။ ဒါေပမယ့္လည္း အဲ့ဒီအခ်ိန္တုန္းက Timely Comics ဟာ သူေမွ်ာ္လင့္ထားသလို ျဖစ္မလာတာေၾကာင့္ Stan Lee ဟာ စိတ္ပ်က္ခဲ့ရၿပီး အလုပ္ထြက္ဖို႔အတြက္ေတာင္ စဥ္းစားခဲ့ပါေသးတယ္။

အဲ့ဒီလိုနဲ႔ ေနာက္ပိုင္းမွာမွ သူစိတ္ဝင္စားတဲ့ ဇာတ္ေကာင္ေတြနဲ႔ ဇာတ္လမ္းေတြကို စတင္ဖန္တီးႏိုင္ခဲ့တာျဖစ္ၿပီး ေနာက္ဆုံးမွာေတာ့ စူပါဟီး႐ိုးဇာတ္လမ္းေတြကို ႀကိဳက္ႏွစ္သက္သူတိုင္း မသိသူ မရွိေလာက္ေအာင္ ေအာင္ျမင္သြားတာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း စိတ္မေကာင္းစရာအျဖစ္နဲ႔ပဲ Stan Lee ဟာ ၂၀၁၈ခုႏွစ္ ႏိုဝင္ဘာလ (၁၂)ရက္ေန႔မွာ အသက္ (၉၅)ႏွစ္အ႐ြယ္နဲ႔ ကြယ္လြန္သြားခဲ့ၿပီ ျဖစ္ပါတယ္။

photo via screenrant

Stan Lee ဟာ Fantastic Four ၊ Spider-Man ၊ X-Men ဇာတ္ေကာင္မ်ား၊ The Hulk နဲ႔ Black Panther တို႔အပါအဝင္ တစ္ျခားဇာတ္ေကာင္ေတြနဲ႔ ဇာတ္လမ္းေပါင္းမ်ားစြာကို ဖန္တီးခဲ့သူ ျဖစ္ပါတယ္။ အဲ့ဒီထဲကမွ Guardians of The Galaxy ထဲက လူႀကိဳက္အမ်ားဆုံး ဇာတ္ေကာင္ျဖစ္တဲ့ Groot ကိုေတာ့ Stan Lee ၊ Larry Lieber နဲ႔ Jack Kirby တို႔က ဖန္တီးခဲ့ၾကတာ ျဖစ္ပါတယ္။

သို႔ေပမယ့္ Stan Lee ဟာ Groot ကို သူဖန္တီးခဲ့မွန္း ေမ့ေလ်ာ့ေနခဲ့တဲ့အေၾကာင္းကို သူ ကြယ္လြန္ၿပီး ဒုတိယႏွစ္ပတ္လည္မွာ ဒါ႐ိုက္တာ James Gunn က ျပန္ေျပာင္းေျပာျပခဲ့ပါတယ္။ Stan Lee ကို လြမ္းဆြတ္တဲ့အေၾကာင္းနဲ႔ ဒီအမွတ္တရျဖစ္ရပ္ကိုေတာ့ James Gunn က အင္စတာဂရမ္ေပၚမွာ ေဝမွ်ေပးခဲ့တာ ျဖစ္ပါတယ္။

©Marvel Studios

ျဖစ္ပုံကေတာ့ Guardians of The Galaxy ရဲ႕ ပထမဆုံး႐ုပ္ရွင္ ထြက္လာတဲ့အခ်ိန္မွာ Stan Lee ဟာ အဲ့ဒီဇာတ္ေကာင္ေတြကို သူ မဖန္တီးခဲ့ေပမယ့္လည္း ဒီဇာတ္လမ္းကို တကယ္ႀကိဳက္ႏွစ္သက္ပါတယ္လို႔ ဒါ႐ိုက္တာ James Gunn ကို ေျပာခဲ့ပါသတဲ့။ အဲ့ဒီအခ်ိန္က်မွ James Gunn ဟာ Groot ကို Stan Lee ကိုယ္တိုင္ ဖန္တီးခဲ့တယ္ဆိုတာကို ျပန္ၿပီး သတိေပးခဲ့ရတယ္လို႔ ဆိုပါတယ္။

ဒါ႐ိုက္တာ James Gunn ႐ိုက္ကူးခဲ့တဲ့ Guardians of The Galaxy ႐ုပ္ရွင္ေတြဟာ အံ့ဩဖို႔ေကာင္းေလာက္ေအာင္ ေအာင္ျမင္ခဲ့ၿပီး Groot ဟာလည္း လူႀကိဳက္အမ်ားဆုံး ဇာတ္ေကာင္တစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။ Groot ကို ဖန္တီးခဲ့တဲ့ Stan Lee ကလည္း တစ္ျခားဇာတ္ေကာင္ေတြနဲ႔ ဇာတ္လမ္းေတြ အမ်ားႀကီးကို ဖန္တီးခဲ့သူ ျဖစ္သလို အသက္လည္းႀကီးလာၿပီ ျဖစ္တာေၾကာင့္ တစ္ခ်ိဳ႕အရာေလးေတြကို ေမ့သြားတာဟာ အဆန္းမဟုတ္ပါဘူး။

photo via jamesgunn/instagram

ဒါ့အျပင္ MCU က ဇာတ္ေကာင္အမ်ားစုဟာ Live Action အျဖစ္ မ႐ိုက္ကူးခင္ကတည္းက လူသိမ်ားၿပီးသား ဇာတ္ေကာင္ေတြ ျဖစ္ေပမယ့္ Groot ကေတာ့ Live Action ထြက္လာမွ လူသိမ်ားခဲ့တာ ျဖစ္ပါတယ္။ Groot ဟာ MCU ထဲကို ေရာက္မလာေသးဘဲ ေကာမစ္ဇာတ္ေကာင္ ဘဝတုန္းက တစ္ျခားဇာတ္ေကာင္ေတြေလာက္ မေအာင္ျမင္ခဲ့ပါဘူး။ အဲ့ဒီအခ်က္ေၾကာင့္လည္း Stan Lee ကိုယ္တိုင္ကိုက ေမ့ေပ်ာက္သြားတာ ျဖစ္ႏိုင္ပါတယ္။ အခုခ်ိန္မွာေတာ့ Stan Lee ဟာ ကြယ္လြန္သြားၿပီ ျဖစ္ေပမယ့္လည္း သူ႔ရဲ႕ အံ့ဩဖို႔ေကာင္းတဲ့ ဖန္တီးမႈေတြဟာ တစ္ကမာၻလုံးမွာ က်န္ရွိေနပါေသးတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular