HomeCharacterLive Action ကထက် ပိုပြီးဝမ်းနည်းဖို့ကောင်းတဲ့ Starlight ရဲ့ ကောမစ်ထဲက Origin

Live Action ကထက် ပိုပြီးဝမ်းနည်းဖို့ကောင်းတဲ့ Starlight ရဲ့ ကောမစ်ထဲက Origin

စူပါဟီးရိုးတွေထဲက အများစုဟာ ဝမ်းနည်းစရာကောင်းတဲ့ Origin တွေကို ပိုင်ဆိုင်ထားကြပြီး The Boys ကောမစ်ထဲက Starlight ဟာလည်း အလားတူပဲ ဖြစ်ပါတယ်။ Live Action ဇာတ်လမ်းတွဲထဲမှာတော့ Starlight ရဲ့ အမေဟာ သူမကို ငယ်ငယ်ကတည်းက Compound V ထိုးပေးပြီး စူပါဟီးရိုး ဖြစ်လာအောင် လေ့ကျင့်စေခဲ့ပါတယ်။ ဒီလုပ်ရပ်တွေကြောင့် သူ့အမေဟာ Vought ကပေးတဲ့ ထောက်ပံ့ကြေးတွေကို ရရှိနေတယ်လို့ပဲ ဖော်ပြခဲ့ပါတယ်။ ကောမစ်ထဲမှာတော့ Starlight ရဲ့ Origin ဟာ ဒီထက်အများကြီးပိုပြီး ဝမ်းနည်းစရာကောင်းပါတယ်။

photo via screenrant

The Boys (Highland Laddie #4) ကောမစ်ထဲမှာတော့ Starlight ဟာ Supe ဖြစ်နေတာနဲ့ ပတ်သက်ပြီး သူမနဲ့ Hughie ကြားမှာ ပြဿနာ ဖြစ်နေပါတယ်။ အဲဒီအချိန်မှာတော့ Starlight ဟာ Hughie ကို သူမရဲ့ ဝမ်းနည်းစရာကောင်းတဲ့ Origin ကို ပြောပြခဲ့ပါတယ်။ Starlight ရဲ့ စွမ်းအားကတော့ ဖယောင်းတိုင်ပေါင်း တစ်သန်းလောက်နဲ့ ညီမျှတဲ့ အလင်းတွေကို ထုတ်နိုင်တာပဲ ဖြစ်ပါတယ်။

ဒါကြောင့်ပဲ သူမဟာ မွေးလာပြီးပြီးချင်း သူမရဲ့မျက်လုံးတွေကို ဖွင့်လိုက်တဲ့ အချိန်မှာတော့ အလွန်တောက်ပလွန်းတဲ့ အလင်းတွေ ထွက်လာပြီး သူမရဲ့ မိဘနှစ်ယောက်လုံးဟာ အမြင်အာရုံ ဆုံးရှုံးသွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်အတွင်းမှာပဲ သူနာပြုတစ်ယောက်နဲ့ တခြားအမျိူးသမီးဟာလည်း ထိခိုက်သွားတာကြောင့် သူမရဲ့မိဘတွေဟာ တရားစွဲခံထားရပါတယ်။ အဲဒီနောက်မှာတော့ Vought ဟာ သူမရဲ့မိဘတွေကို လာရောက်လည်ပတ်ခွင့်နဲ့ ပိုက်ဆံတွေ ကမ်းလှမ်းခဲ့တာကြောင့် သူမဟာ Vought ရဲ့ လက်အောက်ကို ရောက်ရှိသွားပါတယ်။

photo via screenrant

အဲဒီနောက်မှာတော့ သူမဟာ မွေးစားမိဘတွေလက်ထဲ ရောက်ရှိသွားပြီး အဲဒီမိဘတွေကလည်း သူမကို ပျော်စရာကောင်းတဲ့ ငယ်ဘဝကို ပေးရမယ့်အစား သူမကို ပစ္စည်းတစ်ခုအနေနဲ့သာ သဘောထားခဲ့ကြပါတယ်။ လောလောဆယ်အထိတော့ Live Action ဇာတ်လမ်းတွဲထဲမှာ Starlight ဟာ ဒီလိုတွေ့ကြုံထားတယ်လို့ မဖော်ပြသေးပေမယ့်လည်း နောက်ပိုင်းမှာတော့ ဇာတ်လမ်း အလှည့်အပြောင်းအနေနဲ့ ထည့်သွင်းသွားနိုင်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular