HomeCelebs Update NewsInternationalUS Army မှာ စစ်မှုထမ်းဆောင်ခဲ့ကြဖူးတဲ့ နာမည်ကျော်ပုဂ္ဂိုလ်များ

US Army မှာ စစ်မှုထမ်းဆောင်ခဲ့ကြဖူးတဲ့ နာမည်ကျော်ပုဂ္ဂိုလ်များ

ဂီတ၊ ရုပ်ရှင်အစရှိတဲ့ နယ်ပယ်ထဲက နာမည်ကျော်ကြားပြီး အောင်မြင်တဲ့ ပုဂ္ဂိုလ်တွေဟာလည်း နိုင်ငံ့အရေးကို ကာကွယ်ဖို့ဖြစ်လာရင် ဝန်မလေးတတ်ကြပါဘူး။ လူတိုင်းဟာ ကိုယ်ယုံကြည်ရာ ရပ်တည်ချက်နဲ့ တိုင်းပြည်နဲ့လူမျိုးကို တဖက်တလမ်းက ကူညီထောက်ပံ့တတ်ကြရာမှာ တချို့နာမည်ကျော်တွေကတော့ ကိုယ်တိုင်ကိုယ်ကျ စစ်တပ်ထဲထိဝင်ပြီး တာဝန်ထမ်းဆောင်တတ်ကြပါသေးတယ်။ ဒါကြောင့်ပဲ အခုဖော်ပြချင်တာကတော့ US Army ထဲမှာ စစ်မှုထမ်းခဲ့ဖူးတဲ့ နာမည်ကျော်ပုဂ္ဂိုလ်တွေအကြောင်းပဲ ဖြစ်ပါတယ်။

Elvis Presley

Photo Credit: AP/ SHUTTERSTOCK

Rock N’ Roll ဂီတရဲ့ဖခင်ကြီးလို့ တင်စားခေါ်ဆိုကြတဲ့ Elvis Presley ဟာလည်း စစ်မှုထမ်းခဲ့ဖူးပါတယ်။ ပုံထဲက Elvis ကတော့ အနောက်ဂျာမနီ Friedberg မြို့မှာ အခြေစိုက်တဲ့ တပ်ခွဲ D ၊ တပ်ရင်းအမှတ်(၁)၊ တင့်ကားတပ်ဖွဲ့(၃၂)မှာ စစ်ဝတ်စုံနဲ့အတူ မြင်တွေ့ရတာ ဖြစ်ပါတယ်။ Elvis ဟာ ၁၉၅၈ ခုနှစ်ကနေ ၁၉၆၀ ခုနှစ်အထိ နိုင်ငံရပ်ခြားတွေမှာ တာဝန်ကျခဲ့ပါတယ်။

Betty White

Photo via the guardian

မင်းသမီးကြီး Betty White ဟာလည်း ယူအက်စ် စစ်တပ်ထဲမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ စိတ်မကောင်းစရာနဲ့ပဲ မင်းသမီးကြီးဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ(၃၁)ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။ မင်းသမီးကြီး ကွယ်လွန်သွားတဲ့အချိန်မှာတော့ ယူအက်စ် စစ်တပ်က ဂုဏ်ပြုလွှာတစ်စောင်နဲ့ တွစ်တာစာမျက်နှာမှာ ဖော်ပြပေးခဲ့ပါတယ်။

“Betty White ဟာ ထူးချွန်ပြောင်မြောက်တဲ့ သရုပ်ဆောင်မင်းသမီးတစ်လက် ဖြစ်ရုံတင်မက ဒုတိယကမ္ဘာစစ်အတွင်းမှာ အမေရိကန်အမျိုးသမီးများရဲ့ စေတနာ့ဝန်ထမ်းအဖွဲ့ထဲမှာပါ ပါဝင်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ ဖန်သားပြင်ပေါ်မှာရော၊ ပြင်ပဘဝမှာပါ တကယ့်ဂန္ထဝင်တစ်ယောက် ဖြစ်ပါတယ် …” လို့ ဂုဏ်ပြုဖော်ပြခဲ့ပါတယ်။ မင်းသမီးကြီးဟာ သူမရဲ့ စစ်မှုထမ်းစဉ်ကာလမှာတော့ ရိက္ခာပို့တဲ့ ထောက်ပို့ကုန်တင်ကားကြီးတွေကို မောင်းနှင်ပေးခဲ့တယ်လို့ သိရပါတယ်။

Adam Driver

Photo: adam._.driver/ Instagram

Adam Driver ကတော့ 9/11 ဖြစ်ရပ်လို့ လူသိများတဲ့ ၂၀၀၁ ခုနှစ် စက်တင်ဘာလ (၁၁)ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ အယ်လ်ကေးဒါး အစွန်းရောက်တွေရဲ့ အသေခံတိုက်ခိုက်မှုအပြီး မကြာခင်မှာပဲ အမေရိကန် မရိန်းတပ်ဖွဲ့ထဲကို ဝင်ရောက်ခဲ့ပါတယ်။ Adam ဟာ တိုင်းပြည်အတွက် စစ်မှုထမ်းဆောင်ရတာကို နှစ်သက်တယ်လို့ ဆိုပြီး နှစ်နှစ်အကြာမှာတော့ ကျန်းမာရေး အခြေအနေကြောင့် တာဝန်က အနားယူခဲ့ပါတယ်။

Chuck Norris

Photo Credit: CANNON/ KOBAL/ SHUTTERSTOCK

နာမည်ကျော်သရုပ်ဆောင်လည်းဖြစ်၊ ကိုယ်ခံပညာရှင်တစ်ယောက်လည်း ဖြစ်တဲ့ Chuck Norris ဟာလည်း ၁၉၅၈ ခုနှစ်ကနေ ၁၉၆၂ ခုနှစ်အထိ အမေရိကန်လေတပ်ရဲ့ မြေပြင် combat force တပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒါတင်မက Chuck ဟာ တောင်ကိုရီးယားနိုင်ငံ၊ အိုဆန် လေတပ်စခန်းကို ပို့ခံလိုက်ရပြီးနောက်မှာတော့ ကိုယ်ခံပညာကို နှစ်သက်စွဲလန်းလာခဲ့တယ်လို့လည်း ပြောကြပါတယ်။

Tony Bennett

Photo Credit: itstonybennett/ Instagram

နာမည်ကျော်အဆိုတော်ကြီး Tony Bennett ဟာလည်း ဒုတိယကမ္ဘာစစ်အတွင်းမှာ စစ်မှုထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ Tony ဟာ ၁၉၄၆ ခုနှစ်မှာ ယူအက်စ်ကို ပြည်တော်ပြန်မလာရခင်အထိ ပြင်သစ်နဲ့ ဂျာမနီတို့မှာ တာဝန်ကျခဲ့တာ ဖြစ်ပါတယ်။ Tony ဟာ ၁၉၂၆ ခုနှစ်က မွေးဖွားသူဖြစ်လို့ ခေတ်အဆက်ဆက်ကို မှီခဲ့ပြီး ယခုဆိုရင်တော့ အသက်(၉၅)နှစ် ရှိနေပြီ ဖြစ်ပါတယ်။

Morgan Freeman

Photo Credit: morganfreeman/ Instagram

နာမည်ကျော်မင်းသားကြီး Morgan Freeman ကတော့ ၁၉၅၅ ခုနှစ်မှာ အမေရိကန်လေတပ်မှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ မင်းသားကြီး ထမ်းဆောင်ခဲ့တဲ့ တာဝန်ကတော့ ရေဒါပညာရှင် ဖြစ်ပါတယ်။ သို့သော်လည်း ၁၉၅၉ ခုနှစ်ကို ရောက်လာတဲ့အခါမှာတော့ လေတပ်ထဲမှာပဲ အချိန်ကုန်ဆုံးဖို့ မနှစ်သက်တော့တဲ့အတွက် တာဝန်က အနားယူခဲ့ပါတယ်။

Jimi Hendrix

Photo: jimihendrix.fan/ Instagram

နာမည်ကျော် ဂစ်တာသမားလည်းဖြစ်၊ artist တစ်ယောက်လည်း ဖြစ်တဲ့ Jimi Hendrix ကတော့ rock rebel တစ်ယောက်အဖြစ် လူသိများပေမယ့် အဲဒီမတိုင်ခင်တုန်းကတော့ သူဟာ စစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ Hendrix ကတော့ ထောင်ဒဏ်ကျခံရမယ့်အစား သုံးနှစ်ကြာ စစ်မှုထမ်းဖို့ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ၁၉၆၁ ခုနှစ်မှာ စတင်ပြီး လေတပ်မှာ အမှုထမ်းခဲ့ကာ တစ်နှစ်အကြာမှာတော့ ဒဏ်ရာရရှိသွားတဲ့အတွက် စစ်မှုထမ်းရာက အနားယူခဲ့ရပါတယ်။

Clint Eastwood

Photo Credit: MALPASO/ WARNER BROS./ KOBEL/ SHUTTERSTOCK

နာမည်ကျော် ဂန္ထဝင်မင်းသားကြီးလည်းဖြစ်၊ ဒါရိုက်တာတစ်ယောက်လည်း ဖြစ်တဲ့ Clint Eastwood ဟာလည်း နှစ်အတော်ကြာ စစ်မှုထမ်းဆောင်ခဲ့ဖူးပါတယ်။ မင်းသားကြီးကတော့ ကိုရီးယားစစ်ပွဲကာလမှာ စစ်မှုထမ်းဆောင်ခဲ့တာ ဖြစ်ပြီး ၁၉၅၃ ခုနှစ်မှာ တာဝန်က အနားယူခဲ့ပါတယ်။

Jeff Bridges

Photo: thejeffbridges/ Instagram

မင်းသားကြီး Jeff Bridges ကတော့ ပင်လယ်ကို ချစ်မြတ်နိုးသူ ဖြစ်ပါတယ်။ မင်းသားကြီးရဲ့ မိသားစုစဉ်ဆက်ကတော့ ကမ်းခြေစောင့်တပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြတာကြောင့် မင်းသားကြီးဟာလည်း ဖခင်ဖြစ်သူနဲ့ အစ်ကိုဖြစ်သူ Beau Bridges တို့နဲ့အတူ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ဒါကတော့ ယူအက်စ် စစ်တပ်အတွင်းမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ နာမည်ကျော်ပုဂ္ဂိုလ်အချို့ပဲ ဖြစ်ပါတယ်။ အခုလိုဆောင်းပါးတွေနဲ့ အခြားစိတဝင်စားစရာတွေ ဖတ်ရှုရတာ နှစ်သက်ရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ပေးခဲ့ပါဦး။

Vancouver

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular