HomeCelebs Update NewsInternationalEddie Van Halen ရဲ့ကွယ်လွန်မှုအတွက် ဝမ်းနည်းကြောင်းဆိုထားကြတဲ့ စတားများ

Eddie Van Halen ရဲ့ကွယ်လွန်မှုအတွက် ဝမ်းနည်းကြောင်းဆိုထားကြတဲ့ စတားများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော် ဂန္ထဝင်ဂစ်တာသမားကြီး Eddie Van Halen ဟာ အောက်တိုဘာလ(၆)ရက်နေ့မှာ လည်ချောင်းကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဂီတလောကရဲ့ စံနမူနာထားရတဲ့ ပါရမီရှင်တစ်ယောက်ဖြစ်တာကြောင့် Eddie ရဲ့ကွယ်လွန်မှုအပေါ် ဟောလိဝုဒ်က နာမည်ကျော် စတားမြောက်များစွာဟာ ဝမ်းနည်းကြောင်းစကားများ ဆိုထားကြပါတယ်။

“guitar legend ကြီး Eddie Van Halen ရေ … ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေကွာ။ အသည်းတွေလည်း ကွဲရပါတယ်။ မင်းကို ငါတို့ အမြဲသတိရနေပါမယ်… ” လို့ Eddie ရဲ့ကွယ်လွန်မှုအပေါ် နာမည်ကျော် ရော့ခ်အဆိုတော် Billy Idol က ဝမ်းနည်းကြောင်း ဆိုထားပါတယ်။

Photo via wikimedia commons

နာမည်ကြီး အစီအစဉ်တင်ဆက်သူ Jimmy Kimmel ကလည်း “ကျွန်တော့်ဘဝရဲ့ အကောင်းဆုံးသော နှစ်နာရီခန့်ကို Eddie Van Halen နဲ့ စကားပြောခွင့်ရခဲ့ပါတယ်။ သူဟာ တကယ် ပြောင်မြောက်တဲ့ ဂီတပညာရှင်တစ်ယောက်ပါ။ ပြီးတော့ ဟာသဉာဏ်လည်းရွှင်ပြီး ချစ်ဖို့လည်းကောင်းတဲ့ လူတစ်ယောက်ဖြစ်တာကြောင့် ကျွန်တော်တို့ ရင်နင့်စွာနဲ့ လွမ်းနေကြရမယ့်လူပါ။ Janie ၊ Wolf ၊ Alex နဲ့ သူ့ကိုချစ်ခင်တဲ့သူအားလုံးကိုလည်း အားပေးချစ်ခင်ကြောင်း ပြောပါရစေ …” လို့ ဆိုထားပါတယ်။

Eddie ရဲ့ ဇနီးဟောင်းဖြစ်သူ Valerie Bertinelli ကလည်း “ရှင့်ရဲ့ နောက်ဆုံးအချိန်တွေမှာ ကျွန်မ ထွေးပွေ့ခွင့် ရလိုက်တဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ် Wolife ရေ … ။ ကျွန်မတို့ နောက်ဘဝကျရင် ပြန်လည်ဆုံတွေ့ကြတာပေါ့ … ” လို့ ပြောထားပါတယ်။

Photo: eddievanhalen/ Instagram

နာမည်ကျော် ရော့ခ်ဂီတဝိုင်း Kiss က lead vocalist လည်းဖြစ်၊ ဂစ်တာသမားလည်းဖြစ်တဲ့ Paul Stanley ကလည်း “စကားလုံးတောင် ရှာမရပါဘူး။ လမ်းကြောင်းသစ် ဖောက်ထွင်သူတစ်ယောက်၊ သူ့ရဲ့ဂီတအတွက် သူ့မှာရှိသမျှ အရာအားလုံးကို အမြဲတမ်း ပေးထားသူတစ်ယောက်။ စိတ်ဓာတ်ကောင်းသူတစ်ယောက်။ သူ့ကို ပထမဆုံး ဂစ်တာတီးတာ မြင်ဖူးခဲ့တာ ၁၉၇၆ခုနှစ်က Starwood မှာပေါ့။ အဲ့လူက Eddie Van Halen ပဲ။ တကယ်ကို အံ့အားသင့်ရသလို ဝမ်းနည်းရပါတယ်။ Wolfie နဲ့ မိသားစုတစ်ခုလုံးအတွက် ထပ်တူဝမ်းနည်းရပါတယ် … ” လို့ ဆိုထားပါတယ်။

မင်းသား Robert Downey Jr. ကလည်း Van Halen ဂီတဝိုင်းရဲ့ လိုဂိုပုံကို သူ့ရဲ့အင်စတာဂရမ်မှာ တင်ထားကာ “No Words …” လို့ ဆိုထားပါတယ်။

Photo: eddievanhalen/ Instagram

Black Sabbath ဂီတဝိုင်းက Tony Iommi ကတော့ “ကျွန်တော့်ရဲ့ ချစ်ရတဲ့ သူငယ်ချင်းကြီး Eddie Van Halen ရဲ့ ကွယ်လွန်မှုသတင်းကို ကြားလိုက်ရတာ တကယ် ကြေကွဲရပါတယ်။ သူဟာ ဒီကင်ဆာရောဂါနဲ့ နှစ်ကာလ အကြာကြီး တိုက်ပွဲဝင်လာရတာ အခုနောက်ဆုံး ပွဲသိမ်းတိုက်ပွဲအထိပါပဲ။ Eddie ဟာ တကယ်ကို အလွန်ထူးခြားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါ။ ပြီးတော့ မိတ်ဆွေကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။ ငြိမ်းအေးရာမှာ အနားယူနိုင်ပါစေ ငါ့သူငယ်ချင်းကြီး။ တစ်နေ့ ပြန်တွေ့ကြတာပေါ့ကွာ …” လို့ ဝမ်းနည်းစကား ဆိုထားပါတယ်။

အမေရိကန် ရော့ခ်ဂီတဝိုင်း Papa Roach ကလည်း “ရော့ခ်နတ်ဘုရားကြီး Eddie Van Halen ငြိမ်းအေးရာမှာ အနားယူနိုင်ပါစေ … ” လို့ တွစ်တာစာမျက်နှာမှာ ဝမ်းနည်းကြောင်း ဆိုထားပါတယ်။

Photo: eddievanhalen/ Instagram

ဟဲဗီးမက်တယ်လ် ဂီတဝိုင်းတစ်ခုဖြစ်တဲ့ Pantera ကလည်း “RIP ပါ … Eddie Van Halen ။ Van Halen ဟာ Pantera အတွက် တကယ်ကို ကြီးမားတဲ့ လွှမ်းမိုးမှုရှိခဲ့တာပါ …” လို့ တွစ်တာမှာ ရေးသားထားပါတယ်။

Glasgow

Source: indian express

(Zawgyi Version)

နာမည္ေက်ာ္ ဂႏၴဝင္ဂစ္တာသမားႀကီး Eddie Van Halen ဟာ ေအာက္တိုဘာလ(၆)ရက္ေန႔မွာ လည္ေခ်ာင္းကင္ဆာေရာဂါနဲ႔ ကြယ္လြန္သြားခဲ့ၿပီ ျဖစ္ပါတယ္။ ဂီတေလာကရဲ႕ စံနမူနာထားရတဲ့ ပါရမီရွင္တစ္ေယာက္ျဖစ္တာေၾကာင့္ Eddie ရဲ႕ကြယ္လြန္မႈအေပၚ ေဟာလိဝုဒ္က နာမည္ေက်ာ္ စတားေျမာက္မ်ားစြာဟာ ဝမ္းနည္းေၾကာင္းစကားမ်ား ဆိုထားၾကပါတယ္။

“guitar legend ႀကီး Eddie Van Halen ေရ … ၿငိမ္းခ်မ္းစြာ အနားယူႏိုင္ပါေစကြာ။ အသည္းေတြလည္း ကြဲရပါတယ္။ မင္းကို ငါတို႔ အၿမဲသတိရေနပါမယ္… ” လို႔ Eddie ရဲ႕ကြယ္လြန္မႈအေပၚ နာမည္ေက်ာ္ ေရာ့ခ္အဆိုေတာ္ Billy Idol က ဝမ္းနည္းေၾကာင္း ဆိုထားပါတယ္။

Photo via wikimedia commons

နာမည္ႀကီး အစီအစဥ္တင္ဆက္သူ Jimmy Kimmel ကလည္း “ကြၽန္ေတာ့္ဘဝရဲ႕ အေကာင္းဆုံးေသာ ႏွစ္နာရီခန႔္ကို Eddie Van Halen နဲ႔ စကားေျပာခြင့္ရခဲ့ပါတယ္။ သူဟာ တကယ္ ေျပာင္ေျမာက္တဲ့ ဂီတပညာရွင္တစ္ေယာက္ပါ။ ၿပီးေတာ့ ဟာသဉာဏ္လည္း႐ႊင္ၿပီး ခ်စ္ဖို႔လည္းေကာင္းတဲ့ လူတစ္ေယာက္ျဖစ္တာေၾကာင့္ ကြၽန္ေတာ္တို႔ ရင္နင့္စြာနဲ႔ လြမ္းေနၾကရမယ့္လူပါ။ Janie ၊ Wolf ၊ Alex နဲ႔ သူ႔ကိုခ်စ္ခင္တဲ့သူအားလုံးကိုလည္း အားေပးခ်စ္ခင္ေၾကာင္း ေျပာပါရေစ …” လို႔ ဆိုထားပါတယ္။

Eddie ရဲ႕ ဇနီးေဟာင္းျဖစ္သူ Valerie Bertinelli ကလည္း “ရွင့္ရဲ႕ ေနာက္ဆုံးအခ်ိန္ေတြမွာ ကြၽန္မ ေထြးေပြ႕ခြင့္ ရလိုက္တဲ့အတြက္ အရမ္းေက်းဇူးတင္ပါတယ္ Wolife ေရ … ။ ကြၽန္မတို႔ ေနာက္ဘဝက်ရင္ ျပန္လည္ဆုံေတြ႕ၾကတာေပါ့ … ” လို႔ ေျပာထားပါတယ္။

Photo: eddievanhalen/ Instagram

နာမည္ေက်ာ္ ေရာ့ခ္ဂီတဝိုင္း Kiss က lead vocalist လည္းျဖစ္၊ ဂစ္တာသမားလည္းျဖစ္တဲ့ Paul Stanley ကလည္း “စကားလုံးေတာင္ ရွာမရပါဘူး။ လမ္းေၾကာင္းသစ္ ေဖာက္ထြင္သူတစ္ေယာက္၊ သူ႔ရဲ႕ဂီတအတြက္ သူ႔မွာရွိသမွ် အရာအားလုံးကို အၿမဲတမ္း ေပးထားသူတစ္ေယာက္။ စိတ္ဓာတ္ေကာင္းသူတစ္ေယာက္။ သူ႔ကို ပထမဆုံး ဂစ္တာတီးတာ ျမင္ဖူးခဲ့တာ ၁၉၇၆ခုႏွစ္က Starwood မွာေပါ့။ အဲ့လူက Eddie Van Halen ပဲ။ တကယ္ကို အံ့အားသင့္ရသလို ဝမ္းနည္းရပါတယ္။ Wolfie နဲ႔ မိသားစုတစ္ခုလုံးအတြက္ ထပ္တူဝမ္းနည္းရပါတယ္ … ” လို႔ ဆိုထားပါတယ္။

မင္းသား Robert Downey Jr. ကလည္း Van Halen ဂီတဝိုင္းရဲ႕ လိုဂိုပုံကို သူ႔ရဲ႕အင္စတာဂရမ္မွာ တင္ထားကာ “No Words …” လို႔ ဆိုထားပါတယ္။

Photo: eddievanhalen/ Instagram

Black Sabbath ဂီတဝိုင္းက Tony Iommi ကေတာ့ “ကြၽန္ေတာ့္ရဲ႕ ခ်စ္ရတဲ့ သူငယ္ခ်င္းႀကီး Eddie Van Halen ရဲ႕ ကြယ္လြန္မႈသတင္းကို ၾကားလိုက္ရတာ တကယ္ ေၾကကြဲရပါတယ္။ သူဟာ ဒီကင္ဆာေရာဂါနဲ႔ ႏွစ္ကာလ အၾကာႀကီး တိုက္ပြဲဝင္လာရတာ အခုေနာက္ဆုံး ပြဲသိမ္းတိုက္ပြဲအထိပါပဲ။ Eddie ဟာ တကယ္ကို အလြန္ထူးျခားတဲ့ ပုဂၢိဳလ္တစ္ေယာက္ပါ။ ၿပီးေတာ့ မိတ္ေဆြေကာင္းတစ္ေယာက္လည္း ျဖစ္ပါတယ္။ ၿငိမ္းေအးရာမွာ အနားယူႏိုင္ပါေစ ငါ့သူငယ္ခ်င္းႀကီး။ တစ္ေန႔ ျပန္ေတြ႕ၾကတာေပါ့ကြာ …” လို႔ ဝမ္းနည္းစကား ဆိုထားပါတယ္။

အေမရိကန္ ေရာ့ခ္ဂီတဝိုင္း Papa Roach ကလည္း “ေရာ့ခ္နတ္ဘုရားႀကီး Eddie Van Halen ၿငိမ္းေအးရာမွာ အနားယူႏိုင္ပါေစ … ” လို႔ တြစ္တာစာမ်က္ႏွာမွာ ဝမ္းနည္းေၾကာင္း ဆိုထားပါတယ္။

Photo: eddievanhalen/ Instagram

ဟဲဗီးမက္တယ္လ္ ဂီတဝိုင္းတစ္ခုျဖစ္တဲ့ Pantera ကလည္း “RIP ပါ … Eddie Van Halen ။ Van Halen ဟာ Pantera အတြက္ တကယ္ကို ႀကီးမားတဲ့ လႊမ္းမိုးမႈရွိခဲ့တာပါ …” လို႔ တြစ္တာမွာ ေရးသားထားပါတယ္။

Glasgow

Source: indian express

RELATED ARTICLES

Most Popular