HomeEntertainmentFilmHorror ပရိသတ်တွေအကြိုက်တွေ့ဦးမယ့် Stephen King ရဲ့ The Boogeyman ရုပ်ရှင်

Horror ပရိသတ်တွေအကြိုက်တွေ့ဦးမယ့် Stephen King ရဲ့ The Boogeyman ရုပ်ရှင်

20th Century စတူဒီယိုကတော့ Horror-Thriller ဇာတ်လမ်းအမျိူးအစား ဖြစ်တဲ့ The Boogeyman ရုပ်ရှင်ရဲ့ ထွေလာကို ထုတ်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်ကတော့ ၁၉၇၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ စာရေးဆရာကြီး Stephen King ရဲ့ ဝတ္ထုတိုကို ပြန်လည်ဖန်တီးထားတာလည်း ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ ၂၀၁၈ ခုနှစ်ကတည်းက စတင်ဖန်တီးခဲ့ပေမယ့် ၂၀၁၉ မှာ Disney က 20th Century စတူဒီယိုကို ဝယ်ယူခဲ့တာကြောင့် ဖန်တီးမှုတွေ ခဏတာ ရပ်နားခဲ့ရပါတယ်။ အဲဒီနောက် ၂၀၂၁ ခုနှစ်မှာတော့ ဖန်တီးမှုတွေ ပြန်လည်စတင်ခဲ့ပါတယ်။

Photo Credit: 20th Century Studios

ဇာတ်လမ်းအကျဉ်းကတော့ အမှောင်ထဲက အရာတစ်ခုဟာ ညီအစ်မနှစ်ယောက်ကို လိုက်လံခြောက်လှန့်နေပါတယ်။ ဒါကြောင့်ပဲ သူတို့နှစ်ယောက်ဟာ အဲဒီအရာအကြောင်းကို သူတို့အဖေ ယုံကြည်လာအောင် သက်သေပြဖို့ ကြိုးစားရင်း ဘယ်လိုကြောက်လန့်စရာ ဖြစ်ရပ်တွေနဲ့ ကြုံတွေ့ရမလည်းဆိုတာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Sophie Thatcher ၊ Vivien Lyra Blair ၊ Chris Messina နဲ့ David Dastmalchian တို့ ပါဝင်ထားကြပါတယ်။

ထွေလာထဲမှာ မြင်တွေ့ရသလောက် ဆိုရင်တော့ ဒီရုပ်ရှင်ဟာ ဆရာကြီး Stephen King ရဲ့ အခြားသော ဇာတ်လမ်းတွေလိုပဲ ကျောထဲစိမ့်နေမယ့် ခံစားချက်မျိူး ရရှိစေမယ်လို့ ယူဆရပါတယ်။ ဒီထွေလာတစ်ခုလုံးမှာတော့ အမှောင်ထဲက အရာတစ်ခုဟာ ကလေးမလေးတစ်ယောက်ကို တောက်လျှောက် ခြောက်လှန့်နေတာ တွေ့ရပါတယ်။ ဒါ့အပြင် ပြသထားတဲ့ ပုံစံကလည်း တကယ်ကို ကျောခြမ်းစရာပဲ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ Rob Savage က ရိုက်ကူးထားတာ ဖြစ်ပြီး လာမယ့် ဇွန်လ (၂)ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်ထားတဲ့ ကလေးသရုပ်ဆောင် Vivien Lyra Blair ကလည်း နာမည်ကြီးရုပ်ရှင်ဖြစ်တဲ့ Bird Box ထဲမှာ ပါဝင်ခဲ့ဖူးသလို Obi-Wan Kenobi ဇာတ်လမ်းတွဲထဲမှာလည်း Leia Organa ရဲ့ ငယ်ဘဝမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီရုပ်ရှင်ကတော့ Horror ပရိသတ်တွေအတွက် လက်လွှတ်မခံသင့်တဲ့ ရုပ်ရှင်တစ်ကားပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular