HomeEntertainmentFilmStephen King ဟာ Pennywise ကို လူပြက်ပုံစံ ဖန်တီးခဲ့ရတဲ့အကြောင်းရင်း 

Stephen King ဟာ Pennywise ကို လူပြက်ပုံစံ ဖန်တီးခဲ့ရတဲ့အကြောင်းရင်း 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

It လို့ ပြောလိုက်တာနဲ့ ကလေးတွေတင်မကဘဲ စာဖတ်သူတွေနဲ့ ရုပ်ရှင်ကြည့်ရှုသူတွေကိုပါ ကြောက်လန့်စေတဲ့ Pennywise ဆိုတဲ့ လူပြက်တစ်ယောက်ကို ပြေးမြင်မိကြမှာပါ။ ဒါပေမယ့်လည်း စဉ်းစားကြည့်ရင် Stephen King က ဘာကြောင့် Pennywise ကို လူပြက်ပုံစံ ဖန်တီးခဲ့ရတာလည်းဆိုတာ မေးစရာတစ်ခုပါပဲ။

Stephen King ဟာ ၁၉၇၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Carrie ဝတ္ထုနဲ့ စာရေးဆရာဘဝကို စတင်ခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ် သုံးနှစ်ကြာတဲ့အချိန်မှာတော့ The Shining ဝတ္ထုနဲ့ အလွန်အောင်မြင်တဲ့ စာရေးဆရာတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ Stephen King ဟာ ဝတ္ထုပေါင်းများစွာကို ရေးသားခဲ့ပြီး ၁၉၈၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ It ဝတ္ထုကတော့ သူ့ရဲ့ အအောင်မြင်ဆုံး ဝတ္ထုတွေထဲကတစ်အုပ်ဖြစ်ပါတယ်။

photo via screenrant

ဝတ္ထုထဲမှာတော့ Pennywise ဟာ သမန်းဝံပုလွေနဲ့ အရေပြားရောဂါသည်စတဲ့ ပုံစံတွေအပြင် တစ်ခြားပုံစံတွေမျိူးစုံကို ပြောင်းလဲခဲ့ပါတယ်။ ဒါပေမယ့်လည်း ၂၀၁၇ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ ရုပ်ရှင်နဲ့ မတူတဲ့ အချက်ကတော့ ဘယ် Loser ကမှ လူပြက်ကို မကြောက်ကြပါဘူး။ ရုပ်ရှင်ထဲမှာတော့ Richie Tozier ဟာ လူပြက်တွေကို ကြောက်တတ်သူလို့ ဖော်ပြခဲ့ပါတယ်။ ဒါကြောင့်ပဲ အဲ့ဒီအချက်ကို အခွင့်ကောင်းယူကာ Loser တွေ Neibolt လမ်းထဲက အိမ်ထဲကို ဝင်လာတဲ့အချိန်မှာတော့ Richie ကို လူပြက်အရုပ်တွေ ပြည့်နေတဲ့ အခန်းထဲမှာ ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။

တကယ်တမ်း တွေးကြည့်မယ်ဆိုရင် အသွင်သဏ္ဍာန်မျိုးစုံကို ပြောင်းလဲနိုင်တဲ့ Pennywise ဟာ ဘာကြောင့် လူပြက်ပုံစံကို အမြဲတစေ အသွင်ယူထားရတာလည်း ဆိုတာပါပဲ။ ဒီမေးခွန်းအတွက် Pennywise ကို အခုလိုမျိုး လူပြက်ပုံစံ ဖန်တီးခဲ့တာဟာလည်း အကြောင်းရင်း ရှိပါတယ်။ Stephen King ဟာ မူလက Pennywise ကို troll နဲ့တူတဲ့ သတ္တဝါပုံစံအဖြစ် ဖန်တီးဖို့ စဉ်းစားခဲ့ပါသေးတယ်။ နောက်ပိုင်းကျမှသာ ကလေးတွေက troll တွေထက် လူပြက်တွေကို ပိုပြီးတော့ ကြောက်ကြတယ်လို့ သိလိုက်ရတာကြောင့် ဆုံးဖြတ်ချက်ကို ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။

photo via screenrant

ဒါ့အပြင် Stephen King ဟာ အဲ့ဒီဝတ္ထုကို ရေးသားနေတဲ့အချိန်မှာ မကောင်းဆိုးဝါးတွေအားလုံးကို ထည့်သွင်းပြီး အလွန်ရှည်လျားတဲ့ စာအုပ်အဖြစ် ရေးသားချင်ခဲ့တယ်လို့ ပြောပြခဲ့ဖူးပါတယ်။ သူသာ မကောင်းဆိုးဝါးတွေ အများကြီးကို ထည့်သွင်းရေးသားမယ်ဆိုရင် ဂန္ထဝင်စာရင်းထဲက မကောင်းဆိုးဝါးတွေဖြစ်တဲ့ သွေးစုပ်ဖုတ်ကောင်တွေ၊ သမန်းဝံပုလွေတွေနဲ့ မာမီတွေကိုပါ ထည့်သွင်းချင်ခဲ့တာလို့ ဆိုပါတယ်။

သို့ပေမယ့် ဘယ်သူကမှ မကြည့်ချင်၊ မမြင်ချင်ဘဲ ကြည့်လိုက်တာနဲ့ ကြောက်စရာ၊ ရွံစရာကောင်းပြီး မကောင်းတဲ့ ခံစားချက်တွေကို ရရှိစေတဲ့ သတ္တဝါမျိုးကို ထည့်သွင်းဖို့ လိုအပ်တယ်လို့ ခံစားခဲ့ရတာကြောင့် နောက်ဆုံးမှာတော့ လူပြက်ဟာ အဖြေ ဖြစ်လာခဲ့ပါတယ်။

Stephen King ရဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်တယ်လို့ ပြောရမှာဖြစ်ပြီး ကလေးတွေအားလုံးဟာ စာအုပ်ထဲ၊ ရုပ်ရှင်ထဲမှာသာမက အပြင်လောကမှာပါ လူပြက်တွေကို ကြောက်လန့်လာကြပါတယ်။ ဒါကြောင့်လည်း အပြင်လောကမှာ လူပြက်ပုံစံနဲ့ ဖျော်ဖြေတင်ဆက်နေတဲ့ ဖျော်ဖြေရေးသမားတွေဟာ သူတို့ရဲ့ အလုပ်အကိုင်ကို ထိခိုက်လာတာကြောင့် Stephen King ကိုရော၊ ဒီဝတ္ထုကိုပါ အပြစ်တင်ခဲ့ကြပါသေးတယ်။

Stephen King ရဲ့ ကျေးဇူးနဲ့ လက်တွေ့ဘဝမှာတော့ ကလေးတွေသာမက လူကြီးတွေကပါ လူပြက်တွေကို ကြောက်ရွံ့နေကြပြီ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

It လို႔ ေျပာလိုက္တာနဲ႔ ကေလးေတြတင္မကဘဲ စာဖတ္သူေတြနဲ႔ ႐ုပ္ရွင္ၾကည့္ရႈသူေတြကိုပါ ေၾကာက္လန႔္ေစတဲ့ Pennywise ဆိုတဲ့ လူျပက္တစ္ေယာက္ကို ေျပးျမင္မိၾကမွာပါ။ ဒါေပမယ့္လည္း စဥ္းစားၾကည့္ရင္ Stephen King က ဘာေၾကာင့္ Pennywise ကို လူျပက္ပုံစံ ဖန္တီးခဲ့ရတာလည္းဆိုတာ ေမးစရာတစ္ခုပါပဲ။

Stephen King ဟာ ၁၉၇၄ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Carrie ဝတၳဳနဲ႔ စာေရးဆရာဘဝကို စတင္ခဲ့တာ ျဖစ္ပါတယ္။ ေနာက္ထပ္ သုံးႏွစ္ၾကာတဲ့အခ်ိန္မွာေတာ့ The Shining ဝတၳဳနဲ႔ အလြန္ေအာင္ျမင္တဲ့ စာေရးဆရာတစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။ Stephen King ဟာ ဝတၳဳေပါင္းမ်ားစြာကို ေရးသားခဲ့ၿပီး ၁၉၈၆ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ It ဝတၳဳကေတာ့ သူ႔ရဲ႕ အေအာင္ျမင္ဆုံး ဝတၳဳေတြထဲကတစ္အုပ္ျဖစ္ပါတယ္။

photo via screenrant

ဝတၳဳထဲမွာေတာ့ Pennywise ဟာ သမန္းဝံပုေလြနဲ႔ အေရျပားေရာဂါသည္စတဲ့ ပုံစံေတြအျပင္ တစ္ျခားပုံစံေတြမ်ိဴးစုံကို ေျပာင္းလဲခဲ့ပါတယ္။ ဒါေပမယ့္လည္း ၂၀၁၇ ခုႏွစ္တုန္းက ထြက္ရွိခဲ့တဲ့ ႐ုပ္ရွင္နဲ႔ မတူတဲ့ အခ်က္ကေတာ့ ဘယ္ Loser ကမွ လူျပက္ကို မေၾကာက္ၾကပါဘူး။ ႐ုပ္ရွင္ထဲမွာေတာ့ Richie Tozier ဟာ လူျပက္ေတြကို ေၾကာက္တတ္သူလို႔ ေဖာ္ျပခဲ့ပါတယ္။ ဒါေၾကာင့္ပဲ အဲ့ဒီအခ်က္ကို အခြင့္ေကာင္းယူကာ Loser ေတြ Neibolt လမ္းထဲက အိမ္ထဲကို ဝင္လာတဲ့အခ်ိန္မွာေတာ့ Richie ကို လူျပက္အ႐ုပ္ေတြ ျပည့္ေနတဲ့ အခန္းထဲမွာ ပိတ္ထားခဲ့တာ ျဖစ္ပါတယ္။

တကယ္တမ္း ေတြးၾကည့္မယ္ဆိုရင္ အသြင္သ႑ာန္မ်ိဳးစုံကို ေျပာင္းလဲႏိုင္တဲ့ Pennywise ဟာ ဘာေၾကာင့္ လူျပက္ပုံစံကို အၿမဲတေစ အသြင္ယူထားရတာလည္း ဆိုတာပါပဲ။ ဒီေမးခြန္းအတြက္ Pennywise ကို အခုလိုမ်ိဳး လူျပက္ပုံစံ ဖန္တီးခဲ့တာဟာလည္း အေၾကာင္းရင္း ရွိပါတယ္။ Stephen King ဟာ မူလက Pennywise ကို troll နဲ႔တူတဲ့ သတၱဝါပုံစံအျဖစ္ ဖန္တီးဖို႔ စဥ္းစားခဲ့ပါေသးတယ္။ ေနာက္ပိုင္းက်မွသာ ကေလးေတြက troll ေတြထက္ လူျပက္ေတြကို ပိုၿပီးေတာ့ ေၾကာက္ၾကတယ္လို႔ သိလိုက္ရတာေၾကာင့္ ဆုံးျဖတ္ခ်က္ကို ေျပာင္းလဲခဲ့တာ ျဖစ္ပါတယ္။

photo via screenrant

ဒါ့အပြင် Stephen King ဟာ အဲ့ဒီဝတ္ထုကို ရေးသားနေတဲ့အချိန်မှာ မကောင်းဆိုးဝါးတွေအားလုံးကို ထည့်သွင်းပြီး အလွန်ရှည်လျားတဲ့ စာအုပ်အဖြစ် ရေးသားချင်ခဲ့တယ်လို့ ပြောပြခဲ့ဖူးပါတယ်။ သူသာ မကောင်းဆိုးဝါးတွေ အများကြီးကို ထည့်သွင်းရေးသားမယ်ဆိုရင် ဂန္ထဝင်စာရင်းထဲက မကောင်းဆိုးဝါးတွေဖြစ်တဲ့ သွေးစုပ်ဖုတ်ကောင်တွေ၊ သမန်းဝံပုလွေတွေနဲ့ မာမီတွေကိုပါ ထည့်သွင်းချင်ခဲ့တာလို့ ဆိုပါတယ်။

သို့ပေမယ့် ဘယ်သူကမှ မကြည့်ချင်၊ မမြင်ချင်ဘဲ ကြည့်လိုက်တာနဲ့ ကြောက်စရာ၊ ရွံစရာကောင်းပြီး မကောင်းတဲ့ ခံစားချက်တွေကို ရရှိစေတဲ့ သတ္တဝါမျိုးကို ထည့်သွင်းဖို့ လိုအပ်တယ်လို့ ခံစားခဲ့ရတာကြောင့် နောက်ဆုံးမှာတော့ လူပြက်ဟာ အဖြေ ဖြစ်လာခဲ့ပါတယ်။

Stephen King ရဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်တယ်လို့ ပြောရမှာဖြစ်ပြီး ကလေးတွေအားလုံးဟာ စာအုပ်ထဲ၊ ရုပ်ရှင်ထဲမှာသာမက အပြင်လောကမှာပါ လူပြက်တွေကို ကြောက်လန့်လာကြပါတယ်။ ဒါကြောင့်လည်း အပြင်လောကမှာ လူပြက်ပုံစံနဲ့ ဖျော်ဖြေတင်ဆက်နေတဲ့ ဖျော်ဖြေရေးသမားတွေဟာ သူတို့ရဲ့ အလုပ်အကိုင်ကို ထိခိုက်လာတာကြောင့် Stephen King ကိုရော၊ ဒီဝတ္ထုကိုပါ အပြစ်တင်ခဲ့ကြပါသေးတယ်။

Stephen King ရဲ့ ကျေးဇူးနဲ့ လက်တွေ့ဘဝမှာတော့ ကလေးတွေသာမက လူကြီးတွေကပါ လူပြက်တွေကို ကြောက်ရွံ့နေကြပြီ ဖြစ်ပါတယ်။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular