HomeEntertainmentFilmSteve Rogers က Infinity Stone တွေကို ပြန်သွားထားချိန်မှာ ဘာတွေဖြစ်ပျက်သွားခဲ့လဲ?

Steve Rogers က Infinity Stone တွေကို ပြန်သွားထားချိန်မှာ ဘာတွေဖြစ်ပျက်သွားခဲ့လဲ?

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Avengers: Endgame ထဲမှာတော့ Thanos ရဲ့ လက်ဖျောက်ကြောင့် စကြဝဠာကြီးတစ်ခုလုံးရဲ့ လူဦးရေတစ်ဝက်ဟာ ပျောက်ဆုံးသွားခဲ့ပါတယ်။ ဒါကြောင့်ပဲ မူလ Avengers အဖွဲ့ဝင် ခြောက်ယောက်ဖြစ်တဲ့ Captain America ၊ Iron Man ၊ Thor ၊ Hulk ၊ Black Widow နဲ့ Hawkeye တို့ဟာ တခြားကျန်ရှိခဲ့တဲ့ MCU ဟီးရိုးတွေရဲ့ အကူအညီနဲ့ အချိန်ခရီးသွားခြင်းကို ပြုလုပ်ခဲ့ပါတယ်။ အခုလို အချိန်ခရီးသွားရတဲ့ အကြောင်းရင်းကတော့ Infinity Stone တွေကို ပြန်သွားယူဖို့အတွက်ပဲ ဖြစ်ပါတယ်။

Avengers: Endgame ရဲ့ နောက်ဆုံးမှာတော့ ဟီးရိုးတွေဟာ ပျောက်ဆုံးသွားတဲ့ လူတွေအားလုံးကို ပြန်လည်ခေါ်ယူနိုင်ခဲ့ပြီး Steve ကတော့ Infinity Stone တွေကိုလည်း အတိတ်မှာ ပြန်သွားထားခဲ့ပါတယ်။ ပရိသတ်တွေ မသိရတဲ့ အချက်ကတော့ Stone တွေကို ပြန်သွားထားတဲ့ အချိန်မှာ ဘာတွေဖြစ်ပျက်သွားခဲ့လည်း ဆိုတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ အဲ့ဒီအချက်နဲ့ ပတ်သက်ပြီး ဖြစ်နိုင်‌ချေ ရှိတာတွေကို ဖော်ပြပေးချင်ပါတယ်။

(1) Soul Stone
photo via screenrant

Stone တွေကို ပြန်သွားထားတဲ့ Steve ရဲ့ ခရီးစဉ်ထဲမှာ ပရိသတ်တွေ စိတ်အဝင်စားဆုံးဟာ Soul Stone ကို ပြန်သွားထားတဲ့ အချိန်ပဲ ဖြစ်ပါတယ်။ Captain America: The First Avenger ရဲ့ နောက်ဆုံးပိုင်းမှာတော့ Red Skull ဟာ Tesseract ကြောင့် ပျောက်ကွယ်သွားတာကို မြင်ခဲ့ရပြီး ဘာဆက်ဖြစ်သွားမှန်း မသိခဲ့ကြပါဘူး။ ဒါပေမယ့်လည်း Avengers: Infinity War ထဲမှာတော့ Red Skull ဟာ Vormir ဂြိုလ်ပေါ်မှာ ရှိတဲ့ Soul Stone ကို စောင့်ရှောက်သူ ဖြစ်နေမှန်း သိခဲ့ရပါတယ်။ ဒီအချက်ကြောင့်ပဲ Steve ဟာ သူ့ရဲ့ ပထမဆုံး ရန်သူတော်ကြီးနဲ့ ပြန်လည်တွေ့ဆုံတဲ့ အချိန်မှာ ဘယ်လိုဖြစ်သွားမလည်းဆိုတာ ပရိသတ်တွေက သိချင်ကြတာ ဖြစ်ပါတယ်။

ယခုတစ်ခေါက် ပြန်တွေ့ချိန်မှာတော့ Red Skull ဟာ အတွေးအမြင်အသစ်တွေ ရရှိနေသလို စိတ်နေစိတ်ထားလည်း ပြောင်းလဲသွားတာကြောင့် ရန်သူလို ဆက်ဆံကြမယ့်အစား သူတို့နှစ်ယောက်ဟာ အကြောင်းအရာတစ်ခုခုကို ဆွေးနွေးကြမယ်လို့ ယူဆရပါတယ်။ အထူးသဖြင့် Soul Stone ကို ရယူဖို့အတွက် အနစ်နာခံသွားတဲ့ Black Widow ကို ပြန်လည်ခေါ်ယူလို့ ရနိုင်၊ မရနိုင် ဆိုတာပဲ ဖြစ်ပါတယ်။ Black Widow ရဲ့ အနစ်နာခံမှုဟာ ပြန်လည်ပြုပြင်လို့ မရတော့တဲ့ လုပ်ရပ်တစ်ခု ဖြစ်ပေမယ့်လည်း Steve အနေနဲ့ အနည်းငယ်ပဲ ဖြစ်ဖြစ် ဒီအကြောင်းအရာကို Red Skull နဲ့ ငြင်းခုန်ဦးမယ်လို့ ယူဆနိုင်ပါတယ်။

(2) Space Stone
photo via screenrant

Steve ဟာ Space Stone ကိုတော့ ၁၉၇၀ခုနှစ်မှာ S.H.I.E.L.D. အဖွဲ့အစည်းဆီကို ပြန်သွားထားရမှာ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်မှာတော့ Loki ဟာ Tesseract ကို ခိုးယူသွားတာကြောင့် Steve နဲ့ Tony တို့ဟာ Space Stone နဲ့ Pym Particles တွေ ထပ်မံယူဖို့အတွက် ၁၉၇၀ ခုနှစ်မှာ Camp Lehigh ကို သွားခဲ့ကြပါတယ်။ Tony ဟာ Space Stone ကို S.H.I.E.L.D. ရဲ့ လျှို့ဝှက်ကတုပ်ကျင်းထဲမှာရှိတဲ့ သေတ္တာတစ်ခုထဲက ယူလာခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အဲ့ဒီအချိန်မှာ Howard Stark ဟာ Arnim Zola ကို ရှာနေတာကြောင့် အဲ့ဒီနေရာဟာ Arnim Zola ရဲ့ ဓာတ်ခွဲခန်းလို့ ယူဆနိုင်ပါတယ်။ ဒါ့အပြင် Camp Lehigh ထဲမှာ Peggy Carter လည်း ရှိနေတာကြောင့် Steve အတွက်တော့ လူမမြင်စေဘဲ ဝင်ရောက်နိုင်ဖို့ မလွယ်ပါဘူး။

ပထမတစ်ခေါက်တုန်းကတော့ Steve ဟာ အဲ့ဒီနေရာထဲကို Captain America မှန်း မသိစေဘဲ ဝင်ရောက်နိုင်ခဲ့ပေမယ့်လည်း ဒုတိယတစ်ခေါက် ဆိုရင်တော့ ပိုပြီးခက်ခဲသွားမှာ ဖြစ်ပါတယ်။ Quantum Realm ဟာ Steve ကို အဆောက်အအုံထဲ ရောက်အောင် တစ်ခါတည်း ပို့ပေးနိုင်မယ် ဆိုရင်တော့ Steve အတွက် ပိုမိုလွယ်ကူသွားမှာ ဖြစ်ပါတယ်။ Steve အတွက် အခက်ခဲဆုံး အရာတစ်ခုကို ပြောပါဆိုရင်တော့ Camp Lehigh ကို ဝင်ရောက်ရတာ မဟုတ်ဘဲ Space Stone ကို Tesseract ထဲ ပြန်လည်ထည့်သွင်းရတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် Steve ဟာ Space Stone ကို Tesseract ထဲထည့်နေတဲ့အချိန်မှာ Howard Stark ၊ Peggy Carter နဲ့ Arnim Zola တို့ တစ်‌ယောက်ယောက်က မြင်တွေ့သွားနိုင်ချေ များပါတယ်။

(3) Time Stone
photo via screenrant

၂၀၁၂ ခုနှစ်မှာ Ancient One ဆီကို Time Stone ပြန်သွားပေးရမယ့် ခရီးကတော့ Steve အတွက် အရေးပါဆုံးအရာ တစ်ခုလို့ ပြောလို့ရပါတယ်။ Avengers: Endgame ထဲမှာ Hulk ရောက်လာတုန်းကတောင် သူမဟာ အံ့ဩတဲ့ပုံစံ မပြခဲ့သလို Infinity Stone တွေကိုလည်း ယူလာတဲ့ နေရာနဲ့ အချိန်မှာ ပြန်လည်ထားပေးဖို့ တိုက်တွန်းခဲ့သူ ဖြစ်ပါတယ်။ ဒီအချက်တွေကြောင့်ပဲ သူမဟာ Steve က Time Stone ကို ပြန်လာပေးမယ်ဆိုတာ သိပြီးသား ဖြစ်နေပါလိမ့်မယ်။ အဲ့ဒီအချိန်မှာတော့ သူမဟာ Avengers ရဲ့ အစီအစဉ်က အောင်မြင်ခဲ့လား ဆိုတာကိုလည်း မေးနိုင်ပြီး Steve ကို အချိန်ခရီးသွားခြင်းရဲ့ အကျိူးသက်ရောက်မှုတွေနဲ့ ခွဲထွက်သွားတဲ့ timeline တွေ အကြောင်းကို ရှင်းပြခဲ့နိုင်ပါတယ်။

Avengers: Endgame ရဲ့‌ နောက်ဆုံးမှာတော့ Steve ဟာ သူ့ရဲ့တစ်ဘဝလုံးကို Peggy နဲ့အတူ နေထိုင်ခဲ့ကြောင်း သိခဲ့ကြရပါတယ်။ Steve ဟာ ဒီဆုံးဖြတ်ချက်ကို ချလိုက်တာကလည်း Ancient One ကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။ Steve ဟာ သူ့အတွက် ပျော်ရွှင်စရာ ဘဝတစ်ခုကို ရရှိနိုင်ဖို့ timeline ကို အနည်းငယ် ပြောင်းလဲခဲ့တယ် ဆိုတာကို Steve ရဲ့ ဒိုင်းအသစ်က သက်သေပြနေပါတယ်။ ဒါ့အပြင် Steve ဟာ Peggy နဲ့အတူ နေနိုင်ဖို့အတွက် Ancient One ကိုယ်တိုင်ကတောင် ကူညီရင် ကူညီခဲ့နိုင်ပါသေးတယ်။

(4) Mind Stone
photo via screenrant

Steve ဟာ Mind Stone ကိုတော့ ၂၀၁၂ ခုနှစ်မှာပဲ Hydra ကို ပြန်ပေးခဲ့ရမှာ ဖြစ်ပါတယ်။ Avengers: Endgame ထဲမှာတော့ Steve ဟာ အေးဂျင့် Sitwell နဲ့ တခြားသူတွေကို “Hail Hydra” လို့ ပြောပြီး Mind Stone ပါဝင်နေတဲ့ Loki ရဲ့ Scepter ကို ယူလာခဲ့တာ ဖြစ်ပါတယ်။ Hydra ဟာ Wanda နဲ့ Pietro တို့ နှစ်ယောက် စွမ်းအား ရရှိလာဖို့အတွက် Mind Stone ကို လိုအပ်ပါတယ်။ အဲ့ဒီနောက်မှာမှ Avengers တွေဟာ Mind Stone ကို ပြန်လည်သိမ်းယူသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Steve သာ Scepter ကို Hydra လက်ထဲ ပြန်ထည့်ပေးရင် Steve ဟာ တကယ်ပဲ Hydra တစ်ယောက်ဆိုတာကို အေးဂျင့် Sitwell တို့က ယုံကြည်သွားမှာ ဖြစ်ပါတယ်။

Mind Stone ကို ပြန်ထားဖို့အတွက် အနာဂတ်က လာခဲ့တဲ့ Steve က ပြန်သွားရင်တောင် Hydra ဟာ ၂၀၁၂ ခုနှစ်က Steve ကို တကယ်ပဲ Hydra ဘက်ကလို့ ထင်နေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကောမစ်ထဲကလိုလည်း Steve ဟာ တကယ်ပဲ Hydra အေးဂျင့်လည်း ဖြစ်သွားနိုင်ပါတယ်။ Steve ကသာ Mind Stone ကို ပြန်မပေးတော့ဘဲ timeline ကို ထပ်မံပြောင်းလဲလိုက်မယ် ဆိုရင်တော့ အပေါ်က ဖော်ပြထားတာတွေ ဖြစ်လာမှာ မဟုတ်တော့ပါဘူး။ ဒါမှမဟုတ်ရင်လည်း Steve ဟာ Mind Stone ကို Hydra လက်ထဲမရောက်သွားအောင် သတိလစ်နေတဲ့ ၂၀၁၂ ခုနှစ်က Steve ရဲ့ဘေးနားမှာလည်း ထားခဲ့ပေးလို့ရပါတယ်။

(5) Reality Stone နဲ့ Mjolnir
photo via screenrant

Reality Stone နဲ့ Mjolnir ကို ပြန်ထားဖို့အတွက် ခရီးစဉ်ကတော့ Steve အတွက် ကြောင်တောင်တောင် အဖြစ်ဆုံး ခရီးစဉ်တစ်ခု ဖြစ်နေပါလိမ့်မယ်။ အကြောင်းကတော့ Jane Foster ဟာ သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ Reality Stone ရှိနေပြီး အဲ့ဒါကြောင့်ပဲ သူမဟာ နေမကောင်း ဖြစ်နေတာပါ။

ဒီအချက်ကြောင့်ပဲ Steve သာ timeline ကို ထပ်ပြီး မပြောင်းစေချင်ရင်တော့ Reality Stone ကို Jane ရဲ့ ခန္ဓာကိုယ်ထဲကို ပြန်လည်ထည့်သွင်းရမှာ ဖြစ်ပါတယ်။ ပထမဆုံး တစ်ချက်အနေနဲ့ Steve ဟာ Asgard ထဲကို လူမသိသူမသိ ဝင်ရောက်နိုင်ဖို့အတွက် သာမန် Asgardian တွေရဲ့ ပုံစံ ဝတ်ဆင်ပြီး အစောင့်တွေနဲ့ ၂၀၁၃ ခုနှစ်ရဲ့ Thor တို့ မမြင်အောင် ခိုးဝင်ပြီး Jane ကို ရှာဖွေရမှာ ဖြစ်ပါတယ်။

(6) Power Stone
photo via screenrant

နောက်ဆုံးအနေနဲ့ကတော့ Steve ဟာ Power Stone ကို Morag ဂြိုလ်ပေါ်မှာ Star Lord တစ်ဖြစ်လည်း Peter Quill က ရယူနိုင်အောင် ထားခဲ့ရမှာ ဖြစ်ပါတယ်။ Steve ကတော့ Endgame ထဲမှာ Nebula နဲ့ War Machine တို့ကြောင့် Peter သတိလစ်နေတဲ့ အချိန်မှာ Power Stone ကို ပြန်ထားခဲ့ဖို့ များပါတယ်။ အဲ့ဒီ timeline ဟာ Thanos ၊ Gamora နဲ့ Nebula တို့ မရှိတော့ပေမယ့်လည်း Power Stone ကို ပြန်ထားမှသာ Guardians of the Galaxy ဇာတ်လမ်းဟာ ရှေ့ဆက်လို့ ရမှာပါ။

Timeline ဟာ အစောကြီးကတည်းက ပြောင်းလဲနေပြီးသား ဖြစ်တာကြောင့် Steve နဲ့ Peter တို့ဟာ တွေ့ဆုံပြီး စကားပြောနိုင်ကြပါသေးတယ်။ Peter ဟာ ငယ်ဘဝတုန်းက ကမ္ဘာပေါ်မှာ နေခဲ့ရတာကြောင့် Captain America ကိုတော့ သေချာပေါက် သိမှာပါ။ ဒါကြောင့်ပဲ သူတို့နှစ်ယောက် တွေ့ဆုံတဲ့အချိန်ဟာ Peter အတွက် အံ့ဩစရာ ဖြစ်နေပြီး ကမ္ဘာကြီးအကြောင်း သူသိချင်သမျှနဲ့ Captain America က အာကာသထဲကို ဘာကြောင့်ရောက်နေလည်း ဆိုတာတွေကို မေးမြန်းနိုင်ပါတယ်။

ဒါကတော့ Avengers: Endgame မှာ Steve က stone တွေကို ပြန်သွားထားတဲ့အချိန်မှာ ဖြစ်ပျက်သွားနိုင်လောက်တဲ့ အခြေအနေတွေကို ခန့်မှန်းပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဖတ်ပြီးလို့ စိတ်ဝင်စားတယ်ဆိုရင် မိတ်ဆွေတွေကိုလည်း မျှဝေပေးသွားပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Avengers: Endgame ထဲမွာေတာ့ Thanos ရဲ႕ လက္ေဖ်ာက္ေၾကာင့္ စၾကဝဠာႀကီးတစ္ခုလုံးရဲ႕ လူဦးေရတစ္ဝက္ဟာ ေပ်ာက္ဆုံးသြားခဲ့ပါတယ္။ ဒါေၾကာင့္ပဲ မူလ Avengers အဖြဲ႕ဝင္ ေျခာက္ေယာက္ျဖစ္တဲ့ Captain America ၊ Iron Man ၊ Thor ၊ Hulk ၊ Black Widow နဲ႔ Hawkeye တို႔ဟာ တျခားက်န္ရွိခဲ့တဲ့ MCU ဟီး႐ိုးေတြရဲ႕ အကူအညီနဲ႔ အခ်ိန္ခရီးသြားျခင္းကို ျပဳလုပ္ခဲ့ပါတယ္။ အခုလို အခ်ိန္ခရီးသြားရတဲ့ အေၾကာင္းရင္းကေတာ့ Infinity Stone ေတြကို ျပန္သြားယူဖို႔အတြက္ပဲ ျဖစ္ပါတယ္။

Avengers: Endgame ရဲ႕ ေနာက္ဆုံးမွာေတာ့ ဟီး႐ိုးေတြဟာ ေပ်ာက္ဆုံးသြားတဲ့ လူေတြအားလုံးကို ျပန္လည္ေခၚယူႏိုင္ခဲ့ၿပီး Steve ကေတာ့ Infinity Stone ေတြကိုလည္း အတိတ္မွာ ျပန္သြားထားခဲ့ပါတယ္။ ပရိသတ္ေတြ မသိရတဲ့ အခ်က္ကေတာ့ Stone ေတြကို ျပန္သြားထားတဲ့ အခ်ိန္မွာ ဘာေတြျဖစ္ပ်က္သြားခဲ့လည္း ဆိုတာပဲ ျဖစ္ပါတယ္။ ဒီတစ္ခါမွာေတာ့ အဲ့ဒီအခ်က္နဲ႔ ပတ္သက္ၿပီး ျဖစ္ႏိုင္‌ေခ် ရွိတာေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(1) Soul Stone
photo via screenrant

Stone ေတြကို ျပန္သြားထားတဲ့ Steve ရဲ႕ ခရီးစဥ္ထဲမွာ ပရိသတ္ေတြ စိတ္အဝင္စားဆုံးဟာ Soul Stone ကို ျပန္သြားထားတဲ့ အခ်ိန္ပဲ ျဖစ္ပါတယ္။ Captain America: The First Avenger ရဲ႕ ေနာက္ဆုံးပိုင္းမွာေတာ့ Red Skull ဟာ Tesseract ေၾကာင့္ ေပ်ာက္ကြယ္သြားတာကို ျမင္ခဲ့ရၿပီး ဘာဆက္ျဖစ္သြားမွန္း မသိခဲ့ၾကပါဘူး။ ဒါေပမယ့္လည္း Avengers: Infinity War ထဲမွာေတာ့ Red Skull ဟာ Vormir ၿဂိဳလ္ေပၚမွာ ရွိတဲ့ Soul Stone ကို ေစာင့္ေရွာက္သူ ျဖစ္ေနမွန္း သိခဲ့ရပါတယ္။ ဒီအခ်က္ေၾကာင့္ပဲ Steve ဟာ သူ႔ရဲ႕ ပထမဆုံး ရန္သူေတာ္ႀကီးနဲ႔ ျပန္လည္ေတြ႕ဆုံတဲ့ အခ်ိန္မွာ ဘယ္လိုျဖစ္သြားမလည္းဆိုတာ ပရိသတ္ေတြက သိခ်င္ၾကတာ ျဖစ္ပါတယ္။

ယခုတစ္ေခါက္ ျပန္ေတြ႕ခ်ိန္မွာေတာ့ Red Skull ဟာ အေတြးအျမင္အသစ္ေတြ ရရွိေနသလို စိတ္ေနစိတ္ထားလည္း ေျပာင္းလဲသြားတာေၾကာင့္ ရန္သူလို ဆက္ဆံၾကမယ့္အစား သူတို႔ႏွစ္ေယာက္ဟာ အေၾကာင္းအရာတစ္ခုခုကို ေဆြးေႏြးၾကမယ္လို႔ ယူဆရပါတယ္။ အထူးသျဖင့္ Soul Stone ကို ရယူဖို႔အတြက္ အနစ္နာခံသြားတဲ့ Black Widow ကို ျပန္လည္ေခၚယူလို႔ ရႏိုင္၊ မရႏိုင္ ဆိုတာပဲ ျဖစ္ပါတယ္။ Black Widow ရဲ႕ အနစ္နာခံမႈဟာ ျပန္လည္ျပဳျပင္လို႔ မရေတာ့တဲ့ လုပ္ရပ္တစ္ခု ျဖစ္ေပမယ့္လည္း Steve အေနနဲ႔ အနည္းငယ္ပဲ ျဖစ္ျဖစ္ ဒီအေၾကာင္းအရာကို Red Skull နဲ႔ ျငင္းခုန္ဦးမယ္လို႔ ယူဆႏိုင္ပါတယ္။

(2) Space Stone
photo via screenrant

Steve ဟာ Space Stone ကိုေတာ့ ၁၉၇၀ခုႏွစ္မွာ S.H.I.E.L.D. အဖြဲ႕အစည္းဆီကို ျပန္သြားထားရမွာ ျဖစ္ပါတယ္။ ၂၀၁၂ ခုႏွစ္မွာေတာ့ Loki ဟာ Tesseract ကို ခိုးယူသြားတာေၾကာင့္ Steve နဲ႔ Tony တို႔ဟာ Space Stone နဲ႔ Pym Particles ေတြ ထပ္မံယူဖို႔အတြက္ ၁၉၇၀ ခုႏွစ္မွာ Camp Lehigh ကို သြားခဲ့ၾကပါတယ္။ Tony ဟာ Space Stone ကို S.H.I.E.L.D. ရဲ႕ လွ်ိဳ႕ဝွက္ကတုပ္က်င္းထဲမွာရွိတဲ့ ေသတၱာတစ္ခုထဲက ယူလာခဲ့တာ ျဖစ္ပါတယ္။ ဒါ့အျပင္ အဲ့ဒီအခ်ိန္မွာ Howard Stark ဟာ Arnim Zola ကို ရွာေနတာေၾကာင့္ အဲ့ဒီေနရာဟာ Arnim Zola ရဲ႕ ဓာတ္ခြဲခန္းလို႔ ယူဆႏိုင္ပါတယ္။ ဒါ့အျပင္ Camp Lehigh ထဲမွာ Peggy Carter လည္း ရွိေနတာေၾကာင့္ Steve အတြက္ေတာ့ လူမျမင္ေစဘဲ ဝင္ေရာက္ႏိုင္ဖို႔ မလြယ္ပါဘူး။

ပထမတစ္ေခါက္တုန္းကေတာ့ Steve ဟာ အဲ့ဒီေနရာထဲကို Captain America မွန္း မသိေစဘဲ ဝင္ေရာက္ႏိုင္ခဲ့ေပမယ့္လည္း ဒုတိယတစ္ေခါက္ ဆိုရင္ေတာ့ ပိုၿပီးခက္ခဲသြားမွာ ျဖစ္ပါတယ္။ Quantum Realm ဟာ Steve ကို အေဆာက္အအုံထဲ ေရာက္ေအာင္ တစ္ခါတည္း ပို႔ေပးႏိုင္မယ္ ဆိုရင္ေတာ့ Steve အတြက္ ပိုမိုလြယ္ကူသြားမွာ ျဖစ္ပါတယ္။ Steve အတြက္ အခက္ခဲဆုံး အရာတစ္ခုကို ေျပာပါဆိုရင္ေတာ့ Camp Lehigh ကို ဝင္ေရာက္ရတာ မဟုတ္ဘဲ Space Stone ကို Tesseract ထဲ ျပန္လည္ထည့္သြင္းရတာပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ Steve ဟာ Space Stone ကို Tesseract ထဲထည့္ေနတဲ့အခ်ိန္မွာ Howard Stark ၊ Peggy Carter နဲ႔ Arnim Zola တို႔ တစ္‌ေယာက္ေယာက္က ျမင္ေတြ႕သြားႏိုင္ေခ် မ်ားပါတယ္။

(3) Time Stone
photo via screenrant

၂၀၁၂ ခုႏွစ္မွာ Ancient One ဆီကို Time Stone ျပန္သြားေပးရမယ့္ ခရီးကေတာ့ Steve အတြက္ အေရးပါဆုံးအရာ တစ္ခုလို႔ ေျပာလို႔ရပါတယ္။ Avengers: Endgame ထဲမွာ Hulk ေရာက္လာတုန္းကေတာင္ သူမဟာ အံ့ဩတဲ့ပုံစံ မျပခဲ့သလို Infinity Stone ေတြကိုလည္း ယူလာတဲ့ ေနရာနဲ႔ အခ်ိန္မွာ ျပန္လည္ထားေပးဖို႔ တိုက္တြန္းခဲ့သူ ျဖစ္ပါတယ္။ ဒီအခ်က္ေတြေၾကာင့္ပဲ သူမဟာ Steve က Time Stone ကို ျပန္လာေပးမယ္ဆိုတာ သိၿပီးသား ျဖစ္ေနပါလိမ့္မယ္။ အဲ့ဒီအခ်ိန္မွာေတာ့ သူမဟာ Avengers ရဲ႕ အစီအစဥ္က ေအာင္ျမင္ခဲ့လား ဆိုတာကိုလည္း ေမးႏိုင္ၿပီး Steve ကို အခ်ိန္ခရီးသြားျခင္းရဲ႕ အက်ိဴးသက္ေရာက္မႈေတြနဲ႔ ခြဲထြက္သြားတဲ့ timeline ေတြ အေၾကာင္းကို ရွင္းျပခဲ့ႏိုင္ပါတယ္။

Avengers: Endgame ရဲ႕‌ ေနာက္ဆုံးမွာေတာ့ Steve ဟာ သူ႔ရဲ႕တစ္ဘဝလုံးကို Peggy နဲ႔အတူ ေနထိုင္ခဲ့ေၾကာင္း သိခဲ့ၾကရပါတယ္။ Steve ဟာ ဒီဆုံးျဖတ္ခ်က္ကို ခ်လိုက္တာကလည္း Ancient One ေၾကာင့္ပဲ ျဖစ္ပါလိမ့္မယ္။ Steve ဟာ သူ႔အတြက္ ေပ်ာ္႐ႊင္စရာ ဘဝတစ္ခုကို ရရွိႏိုင္ဖို႔ timeline ကို အနည္းငယ္ ေျပာင္းလဲခဲ့တယ္ ဆိုတာကို Steve ရဲ႕ ဒိုင္းအသစ္က သက္ေသျပေနပါတယ္။ ဒါ့အျပင္ Steve ဟာ Peggy နဲ႔အတူ ေနႏိုင္ဖို႔အတြက္ Ancient One ကိုယ္တိုင္ကေတာင္ ကူညီရင္ ကူညီခဲ့ႏိုင္ပါေသးတယ္။

(4) Mind Stone
photo via screenrant

Steve ဟာ Mind Stone ကိုေတာ့ ၂၀၁၂ ခုႏွစ္မွာပဲ Hydra ကို ျပန္ေပးခဲ့ရမွာ ျဖစ္ပါတယ္။ Avengers: Endgame ထဲမွာေတာ့ Steve ဟာ ေအးဂ်င့္ Sitwell နဲ႔ တျခားသူေတြကို “Hail Hydra” လို႔ ေျပာၿပီး Mind Stone ပါဝင္ေနတဲ့ Loki ရဲ႕ Scepter ကို ယူလာခဲ့တာ ျဖစ္ပါတယ္။ Hydra ဟာ Wanda နဲ႔ Pietro တို႔ ႏွစ္ေယာက္ စြမ္းအား ရရွိလာဖို႔အတြက္ Mind Stone ကို လိုအပ္ပါတယ္။ အဲ့ဒီေနာက္မွာမွ Avengers ေတြဟာ Mind Stone ကို ျပန္လည္သိမ္းယူသြားမွာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း Steve သာ Scepter ကို Hydra လက္ထဲ ျပန္ထည့္ေပးရင္ Steve ဟာ တကယ္ပဲ Hydra တစ္ေယာက္ဆိုတာကို ေအးဂ်င့္ Sitwell တို႔က ယုံၾကည္သြားမွာ ျဖစ္ပါတယ္။

Mind Stone ကို ျပန္ထားဖို႔အတြက္ အနာဂတ္က လာခဲ့တဲ့ Steve က ျပန္သြားရင္ေတာင္ Hydra ဟာ ၂၀၁၂ ခုႏွစ္က Steve ကို တကယ္ပဲ Hydra ဘက္ကလို႔ ထင္ေနမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ေကာမစ္ထဲကလိုလည္း Steve ဟာ တကယ္ပဲ Hydra ေအးဂ်င့္လည္း ျဖစ္သြားႏိုင္ပါတယ္။ Steve ကသာ Mind Stone ကို ျပန္မေပးေတာ့ဘဲ timeline ကို ထပ္မံေျပာင္းလဲလိုက္မယ္ ဆိုရင္ေတာ့ အေပၚက ေဖာ္ျပထားတာေတြ ျဖစ္လာမွာ မဟုတ္ေတာ့ပါဘူး။ ဒါမွမဟုတ္ရင္လည္း Steve ဟာ Mind Stone ကို Hydra လက္ထဲမေရာက္သြားေအာင္ သတိလစ္ေနတဲ့ ၂၀၁၂ ခုႏွစ္က Steve ရဲ႕ေဘးနားမွာလည္း ထားခဲ့ေပးလို႔ရပါတယ္။

(5) Reality Stone နဲ႔ Mjolnir
photo via screenrant

Reality Stone နဲ႔ Mjolnir ကို ျပန္ထားဖို႔အတြက္ ခရီးစဥ္ကေတာ့ Steve အတြက္ ေၾကာင္ေတာင္ေတာင္ အျဖစ္ဆုံး ခရီးစဥ္တစ္ခု ျဖစ္ေနပါလိမ့္မယ္။ အေၾကာင္းကေတာ့ Jane Foster ဟာ သူ႔ရဲ႕ခႏၶာကိုယ္ထဲမွာ Reality Stone ရွိေနၿပီး အဲ့ဒါေၾကာင့္ပဲ သူမဟာ ေနမေကာင္း ျဖစ္ေနတာပါ။

ဒီအခ်က္ေၾကာင့္ပဲ Steve သာ timeline ကို ထပ္ၿပီး မေျပာင္းေစခ်င္ရင္ေတာ့ Reality Stone ကို Jane ရဲ႕ ခႏၶာကိုယ္ထဲကို ျပန္လည္ထည့္သြင္းရမွာ ျဖစ္ပါတယ္။ ပထမဆုံး တစ္ခ်က္အေနနဲ႔ Steve ဟာ Asgard ထဲကို လူမသိသူမသိ ဝင္ေရာက္ႏိုင္ဖို႔အတြက္ သာမန္ Asgardian ေတြရဲ႕ ပုံစံ ဝတ္ဆင္ၿပီး အေစာင့္ေတြနဲ႔ ၂၀၁၃ ခုႏွစ္ရဲ႕ Thor တို႔ မျမင္ေအာင္ ခိုးဝင္ၿပီး Jane ကို ရွာေဖြရမွာ ျဖစ္ပါတယ္။

(6) Power Stone
photo via screenrant

ေနာက္ဆုံးအေနနဲ႔ကေတာ့ Steve ဟာ Power Stone ကို Morag ၿဂိဳလ္ေပၚမွာ Star Lord တစ္ျဖစ္လည္း Peter Quill က ရယူႏိုင္ေအာင္ ထားခဲ့ရမွာ ျဖစ္ပါတယ္။ Steve ကေတာ့ Endgame ထဲမွာ Nebula နဲ႔ War Machine တို႔ေၾကာင့္ Peter သတိလစ္ေနတဲ့ အခ်ိန္မွာ Power Stone ကို ျပန္ထားခဲ့ဖို႔ မ်ားပါတယ္။ အဲ့ဒီ timeline ဟာ Thanos ၊ Gamora နဲ႔ Nebula တို႔ မရွိေတာ့ေပမယ့္လည္း Power Stone ကို ျပန္ထားမွသာ Guardians of the Galaxy ဇာတ္လမ္းဟာ ေရွ႕ဆက္လို႔ ရမွာပါ။

Timeline ဟာ အေစာႀကီးကတည္းက ေျပာင္းလဲေနၿပီးသား ျဖစ္တာေၾကာင့္ Steve နဲ႔ Peter တို႔ဟာ ေတြ႕ဆုံၿပီး စကားေျပာႏိုင္ၾကပါေသးတယ္။ Peter ဟာ ငယ္ဘဝတုန္းက ကမာၻေပၚမွာ ေနခဲ့ရတာေၾကာင့္ Captain America ကိုေတာ့ ေသခ်ာေပါက္ သိမွာပါ။ ဒါေၾကာင့္ပဲ သူတို႔ႏွစ္ေယာက္ ေတြ႕ဆုံတဲ့အခ်ိန္ဟာ Peter အတြက္ အံ့ဩစရာ ျဖစ္ေနၿပီး ကမာၻႀကီးအေၾကာင္း သူသိခ်င္သမွ်နဲ႔ Captain America က အာကာသထဲကို ဘာေၾကာင့္ေရာက္ေနလည္း ဆိုတာေတြကို ေမးျမန္းႏိုင္ပါတယ္။

ဒါကေတာ့ Avengers: Endgame မွာ Steve က stone ေတြကို ျပန္သြားထားတဲ့အခ်ိန္မွာ ျဖစ္ပ်က္သြားႏိုင္ေလာက္တဲ့ အေျခအေနေတြကို ခန႔္မွန္းပုံေဖာ္ေပးထားတာ ျဖစ္ပါတယ္။ ဖတ္ၿပီးလို႔ စိတ္ဝင္စားတယ္ဆိုရင္ မိတ္ေဆြေတြကိုလည္း မွ်ေဝေပးသြားပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular