HomeEntertainmentFilmMoon Knight: အပိုင်း(၁)မှာတည်းက ကြိုတင်ပြသခဲ့တဲ့ Steven ရဲ့ ကံကြမ္မာ

Moon Knight: အပိုင်း(၁)မှာတည်းက ကြိုတင်ပြသခဲ့တဲ့ Steven ရဲ့ ကံကြမ္မာ

*** Spoiler Alert ***

မကြာသေးခင်က ထွက်ရှိခဲ့တဲ့ Moon Knight အပိုင်း(၅)ကတော့ ပရိသတ်တွေကို ခေါင်းရှုပ်သွားအောင် ပြုလုပ်နိုင်ခဲ့သလို အဆုံးသတ်ဟာလည်း ပရိသတ်တွေအတွက် အံ့ဩစရာ ဖြစ်စေခဲ့ပါတယ်။ အပိုင်း(၅)ထဲမှာတော့ Marc နဲ့ Steven တို့ နှစ်ယောက်ဟာ တမလွန်ကို ရောက်ရှိနေပြီး သူတို့နှစ်ယောက်ရဲ့ နှလုံးသားကို အမှန်တရားငှက်တောင်နဲ့ မျှခြေညီသွားဖို့အတွက် ကြိုးစားနေတာကို မြင်တွေ့ခဲ့ရပါတယ်။

photo via screenrant

အဲဒီချိန်ခွင်ကို ညှိဖို့အတွက် ကြိုးစားနေရင်းနဲ့ပဲ Marc ရဲ့ ငယ်ဘဝမှတ်ဉာဏ်တွေကို မြင်တွေ့ခဲ့ရပြီး ဘယ်လိုကြောင့် Steven ဖြစ်ပေါ်လာတယ် ဆိုတာကိုလည်း တွေ့ခဲ့ရပါတယ်။ ဒါတင်မကသေးဘဲ အဲဒီချိန်ခွင်ဟာ သတ်မှတ်အချိန်အတွင်း Balance မညီတာကြောင့် Duat မှာ ရှိတဲ့ တခြားဝိဉာဉ်တွေဟာ Marc နဲ့ Steven တို့ကို လာရောက်ခေါ်ဆောင်ခဲ့ပြီး Steven ကတော့ Marc ကို ကယ်တင်ဖို့ ကြိုးစားနေရင်း သူကိုယ်တိုင်က Duat ထဲ ကျသွားပြီး ခဲသွားတာကို တွေ့လိုက်ရပါတယ်။ အဲဒီနောက်မှာတော့ ချိန်ခွင်လျှာဟာ ညီမျှသွားပြီး Marc ဟာ ကျူခင်းထဲကို ရောက်ရှိသွားပါတယ်။

ဒီအချက်ကိုတော့ အပိုင်း(၁)မှာကတည်းက Foreshadow ပြသခဲ့ပါတယ်။ အပိုင်း(၁)ရဲ့ လေးမိနစ်ကျော်ကျော်လောက်မှာ ပြတိုက်ကိုလာတဲ့ ကလေးမလေးတစ်ယောက်ဟာ Giza ပိရမစ်အရုပ်ထဲကို အမှိုက်တွေ ထည့်နေတာကြောင့် Steven က သွားပြောခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Steven ဟာ အီဂျစ်တွေရဲ့ တမလွန်ဘဝအပေါ် ယုံကြည်မှုတွေကို ပြောပြခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ “ကျူခင်းကို သွားခွင့်မရတာ ဦးလေးအတွက် ဆိုးရွားခဲ့လား” ဆိုပြီးတော့ ကောင်မလေးက မေးမြန်းခဲ့ပါတယ်။

photo via screenrant

Steven အပါအဝင် ပရိသတ်တွေဟာ ဒီစကားကြောင့် အနည်းငယ် ကြောင်တောင်တောင် ဖြစ်သွားပြီး အစတုန်းကတော့ ဘာကိုဆိုလိုချင်တယ် ဆိုတာ နားမလည်ခဲ့ပါဘူး။ အပိုင်း(၅) ထွက်ရှိလာတော့မှသာ Steven ဟာ ကျူခင်းဆီကို သွားခွင့်မရခဲ့ဘဲ ကန္တာရထဲမှာ ခဲသွားမယ့်အကြောင်းကို ဒီစကားက Foreshadow ပြသထားမှန်း သိရှိခဲ့ရပါတယ်။ စိတ်ဝင်စားစရာကတော့ အဲဒီကလေးမလေးဟာ Steven ရဲ့ ကံကြမ္မာကို ဘယ်လိုသိနေတာလည်းဆိုတာပဲ ဖြစ်ပါတယ်။ နတ်ဘုရား တစ်ပါးပါးက ကလေးအဖြစ် အသွင်ပြောင်းထားတာလား၊ ဒါမှမဟုတ် Foreshadow ပြသရုံသက်သက်ပဲလား ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular