HomeEntertainmentFilmအဆုံးသတ်မှာ Steven ရဲ့ Personality တွေ ပေါင်းစပ်သွားမယ်လို့ ပြောလာတဲ့ Ethan Hawke

အဆုံးသတ်မှာ Steven ရဲ့ Personality တွေ ပေါင်းစပ်သွားမယ်လို့ ပြောလာတဲ့ Ethan Hawke

Moon Knight ဇာတ်လမ်းတွဲထဲမှာ Arthur Harrow အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ Ethan Hawke ဟာ ဒီဇာတ်လမ်းတွဲရဲ့ အဆုံးသတ်မှာတော့ Steven ရဲ့ Personality တွေက ပေါင်းစပ်သွားလိမ့်မယ်လို့ အရိပ်အမြွက် ပြောပြထားပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ အပိုင်း လေးပိုင်း ထွက်ရှိထားပြီး နောက်ထပ် နှစ်ပိုင်းပဲ ထွက်ရှိဖို့ ကျန်ပါတော့တယ်။ ဒါကြောင့် အဲဒီနှစ်ပိုင်းထဲမှာ ပရိသတ်တွေအတွက် ဘယ်လိုအံ့ဩစရာတွေ ယူဆောင်လာဦးမလည်း ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

photo via screenrant

အပိုင်း(၄)ရဲ့ အစပိုင်း ဇာတ်ဝင်ခန်းတွေကတော့ ပုံမှန်ပဲ ဖြစ်ပြီး ပြီးခါနီး (၁၅)မိနစ်မှာတော့ ပရိသတ်တွေကို ခေါင်းစားသွားစေခဲ့ပါတယ်။ အဲ့ဒါကတော့ Marc ဟာ စိတ်ရောဂါကုဆေးရုံက လူနာတစ်ယောက် ဖြစ်နေပြီး ဒီဇာတ်လမ်းတလျှောက်မှာ သူ ကြုံတွေ့ခဲ့ရသူတွေကလည်း အဲဒီဆေးရုံက လူနာတွေ ဖြစ်နေပါတယ်။ အဲဒီနောက်မှာတော့ Steve နဲ့ Marc တို့ဟာ ခန္ဓာကိုယ်နှစ်ခုနဲ့ လူနှစ်ယောက် ဖြစ်နေတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

ယခုဆိုရင်တော့ Ethan Hawke ရဲ့ ပြောစကားကြောင့် ဒီထက်ပိုပြီး အံ့ဩဖို့ကောင်းတဲ့ အချက်တွေကို ထပ်မံ မြင်တွေ့ရဦးမှာ ဖြစ်ကြောင်း သိလိုက်ရပါတယ်။ ဒါကိုတော့ Warp သတင်းဌာနနဲ့ ပြုလုပ်ထားတဲ့ အင်တာဗျူးမှာ Ethan Hawke က ပြောပြသွားတာ ဖြစ်ပါတယ်။

“ကျန်နေသေးတဲ့ ခရီးကတော့ သူ့ရဲ့ စိတ်အခွဲတွေကို တစ်ယောက်တည်း ဖြစ်လာအောင် ပေါင်းစပ်ရမှာပဲ ဖြစ်ပါတယ်။ ဒီလိုပေါင်းစပ်ရင်းနဲ့ Reality ကလည်း တဖြည်းဖြည်း ရှင်းလင်းလာမှာပါ”

photo via screenrant

အပိုင်း(၄) ထွက်ရှိပြီး နောက်မှာတော့ တွဲဖက်ဒါရိုက်တာ Aaron Moorhead ဟာ နောက်ထပ် နှစ်ပိုင်းထဲမှာ အံ့ဩစရာတွေ ပိုပြီး ပါရှိနေသေးတယ်လို့ ဆိုပါတယ်။ ဒါကြောင့် Cliffhanger နဲ့ အဆုံးသတ်သွားတဲ့ အပိုင်း(၄)ထဲက ပရိသတ်တွေ သိချင်နေတဲ့ မေးခွန်းတွေကို ကျန်ရှိနေတဲ့ အပိုင်းနှစ်ပိုင်းထဲမှာ ရှင်းပြသွားမယ်လို့ ယုံကြည်ရပါတယ်။ ဒါကြောင့်ပဲ Marc ဟာ တကယ်ပဲ စိတ်ရောဂါကုဆေးရုံက လူနာတစ်ယောက် ဟုတ်မဟုတ် ဆိုတာကိုတော့ ကျန်နှစ်ပိုင်းမှာ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular