HomeEntertainmentFilmStranger Things ဇာတ်လမ်းတွဲရဲ့ ကင်မရာနောက်ကွယ်က စိတ်ဝင်စားစရာအချက်များ 

Stranger Things ဇာတ်လမ်းတွဲရဲ့ ကင်မရာနောက်ကွယ်က စိတ်ဝင်စားစရာအချက်များ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Stranger Things ဇာတ်လမ်းတွဲဟာ ၂၀၁၆ခုနှစ်က စတင်ပြီး Netflix က ပြသနေတဲ့ horror ၊ sci-fi ဇာတ်လမ်းအမျိူးအစား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ၁၉၈၀ခုနှစ်ဝန်းကျင်လောက်မှာ ဇာတ်အိမ်တည်ထားပြီး မြို့ငယ်လေးတစ်မြို့မှာ သဘာဝလွန်ဖြစ်ရပ်တွေ ဖြစ်ပေါ်နေတဲ့အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အဲ့ဒီဇာတ်လမ်းတွဲဟာ season 1 ကတည်းက ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့ပြီး အတော်လေးလည်း အောင်မြင်ပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ Stranger Things ဇာတ်လမ်းတွဲရဲ့ ကင်မရာနောက်ကွယ်က စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတွေကို ဖော်ပြပေးချင်ပါတယ်။

အမေရိကန်နိုင်ငံ Georgia ပြည်နယ်မှာ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။
photo via screenrant

ဒီဇာတ်လမ်းတွဲရဲ့ ဖန်တီးသူတွေဖြစ်တဲ့ Duffer Brothers ဟာ Hawkins ဆိုတဲ့ စိတ်ကူးယဉ်မြို့လေးကို ဖန်တီးဖို့ ဘယ်နေရာမှာ ရိုက်ကူးမလည်းဆိုတာကို ရှာဖွေခဲ့ကြပါတယ်။ အစတုန်းကတော့ သူတို့တွေဟာ Hawkins မြို့ကို ပင်လယ်ကမ်းခြေမြို့အဖြစ် ပုံဖော်ခဲ့ချင်တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရိုက်ကူးရေးစမယ့် အချိန်မှာတော့ ရာသီဥတု အခြေအနေကြောင့် နောက်ထပ် နေရာတစ်ခုကို ထပ်မံပြောင်းလဲခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ Georgia ပြည်နယ်မှာရှိတဲ့ Jackson ဆိုတဲ့ မြို့လေးမှာ ရိုက်ကူးခဲ့ကြပါတယ်။ ဒါ့အပြင် အဲ့ဒီတစ်နေရာတည်းမှာ ရိုက်ကူးခဲ့တာ မဟုတ်ဘဲ Georgia ပြည်နယ်အနှံ့မှာ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

Duffer Brothers ဟာ မူလက Stephen King ရဲ့ IT ကို ပြန်လည်ရိုက်ကူးချင်ခဲ့တာ ဖြစ်ပါတယ်။
photo via screenrant

ဒီဇာတ်လမ်းတွဲဟာ တစ်ခြားရုပ်ရှင်တွေ၊ ဇာတ်လမ်းတွေကို ကိုးကားထားတဲ့ အချက်တွေ အများကြီး ပါဝင်ပေမယ့်လည်း Stephen King ရဲ့ IT နဲ့တော့ အတော်လေးကို ဆင်တူနေတာ သတိထားမိကြမှာပါ။ အကြောင်းကတော့ ဒီဇာတ်လမ်းတွဲရဲ့ ဖန်တီးသူတွေ ဖြစ်တဲ့ Duffer Brothers ဟာ Stephen King ရဲ့ IT ကို ပြန်လည်ရိုက်ကူးချင်ခဲ့တာကြောင့် ဖြစ်ပါတယ်။

ဒါပေမယ့်လည်း စတူဒီယိုကတော့  Duffer Brothers ဟာ အဲ့ဒီဇာတ်လမ်းကို အောင်မြင်အောင် ရိုက်ကူးနိုင်မယ်လို့ မထင်ခဲ့တာကြောင့် အဲ့ဒီအကြံကို ငြင်းပယ်ခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ Duffer Brothers ဟာ IT နဲ့ ဆင်တူတဲ့ ဇာတ်လမ်းတစ်ခုကို ဖန်တီးမယ်လို့ ဆုံးဖြတ်ခဲ့ကြပြီး ကလေးတစ်သိုက်က သဘာဝလွန် ဘေးအန္တရာယ်တွေကို ရင်ဆိုင်ကြရတဲ့ ပုံစံမျိူးကို ဖန်တီး၊ ရိုက်ကူးခဲ့တာကြောင့် Stranger Things ဆိုတဲ့ ဇာတ်လမ်း ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

The Starcourt Mall ဟာ အပြင်မှာ တကယ်ရှိပါတယ်။
photo via screenrant

Season 3 ရဲ့ အဓိက အဖြစ်အပျက်တွေ ဖြစ်ပျက်ခဲ့တဲ့နေရာဟာ Starcourt Mall ဖြစ်ပြီး အဲ့ဒီကုန်တိုက်ဟာ ၁၉၈၀ခုနှစ် နောက်ပိုင်းက အပြင်အဆင်ပုံစံမျိူးနဲ့ လုံးဝလိုက်ဖက်နေတာကိုလည်း တွေ့ခဲ့ရပါတယ်။ အံ့ဩဖို့ကောင်းတဲ့ အရာတစ်ခုကတော့ အဲ့ဒီကုန်တိုက်ဟာ ဒီဇာတ်လမ်းရိုက်ဖို့အတွက် ဆက်တင် ပြင်ဆင်ထားတာ မဟုတ်ဘဲ အပြင်မှာ တကယ်ရှိတဲ့ ကုန်တိုက်တစ်ခု ဖြစ်နေတာပါပဲ။ အဲ့ဒီကုန်တိုက်ရဲ့ တည်နေရာကတော့ Georgia ပြည်နယ်၊ Atlanta မြို့ရဲ့ အပြင်ဘက်မှာရှိတဲ့ စွန့်ပစ်ထားတဲ့ ကုန်တိုက်တစ်ခုပဲ ဖြစ်ပါတယ်။ ရိုက်ကူးရေးအဖွဲ့သားတွေဟာ အဲ့ဒီကုန်တိုက်ထဲကို ပြောင်းလဲနေထိုင်ခဲ့ပြီး အပြင်အဆင်တွေကို အရင်ခေတ်ပုံစံမျိူး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Nancy နဲ့ Johnathan တို့ရဲ့အချစ်ရေး
photo via screenrant

ဒီဇာတ်လမ်းတွဲဟာ အက်ရှင်တွေ၊ သည်းထိတ်ရင်ဖိုတွေနဲ့ ပြည့်နှက်နေပေမယ့်လည်း ဇာတ်ကောင်တစ်ယောက်နဲ့ တစ်ယောက်ကြားထဲက အချစ်မေတ္တာကလည်း ဒီဇာတ်လမ်းရဲ့ အဓိကနေရာမှာ ပါဝင်နေပါတယ်။ အဲ့ဒါကြောင့် Nancy နဲ့ Johnathan တို့ဟာလည်း ပရိသတ်တွေ အကြိုက်ဆုံး အတွဲတစ်တွဲ ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီဇာတ်ကောင်တွေ နေရာမှာ သရုပ်ဆောင်ထားတဲ့ Natalia Dyer နဲ့ Charlie Heaton တို့ ကိုယ်တိုင်ဟာလည်း အစတုန်းက သူငယ်ချင်းတွေပဲ ဖြစ်ကြပေမယ့် ဒုတိယ season လောက်မှာတော့ အပြင်မှာလည်း တကယ် ချစ်ကြိုက်သွားကြပါတယ်။

Gaten Matarazzo ရဲ့ ထူးခြားတဲ့မျိုးဗီဇ
photo via screenrant

Dustin ဟာ ဒီဇာတ်လမ်းတွဲထဲက လူအကြိုက်အများဆုံး ဇာတ်ကောင်တစ်ယောက် ဖြစ်ပြီး Gaten Matarazzo ရဲ့ သရုပ်ဆောင်ကောင်းမှုကြောင့်လည်း အခုလိုမျိူး လူကြိုက်များနေတာ ဖြစ်ပါတယ်။ Dustin ဟာ ဒီဇာတ်လမ်းတွဲထဲမှာ မျိူးရိုးဗီဇအရ cleidocranial dysplasia လို့ခေါ်တဲ့ အခြေအနေတစ်ခု ဖြစ်နေခဲ့ပါတယ်။

အဲ့ဒါကတော့ ငယ်သွားလဲချိန်ဟာ သာမန်လူတွေထက် နောက်ကျပြီး သူ့ရဲ့အရိုးတွေကလည်း သာမန်လူတွေထက် ပျော့ပျောင်းနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် Dustin နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Gaten Matarazzo ကလည်း မျိူးရိုးဗီဇအရ အလားတူ အခြေအနေကို ခံစားနေရသူ ဖြစ်ပါတယ်။

ဒါကတော့ Stranger Things ဇာတ်လမ်းရဲ့ ကင်မရာနောက်ကွယ်က စိတ်ဝင်စားစရာ အကြောင်းအရာအချို့ ဖြစ်ပါတယ်။ ဖတ်ပြီးလို့ သဘောကျတယ်ဆိုရင် မိတ်ဆွေတွေလည်း ဖတ်နိုင်အောင် ရှဲပေးသွားပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Stranger Things ဇာတ္လမ္းတြဲဟာ ၂၀၁၆ခုႏွစ္က စတင္ၿပီး Netflix က ျပသေနတဲ့ horror ၊ sci-fi ဇာတ္လမ္းအမ်ိဴးအစား ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ ၁၉၈၀ခုႏွစ္ဝန္းက်င္ေလာက္မွာ ဇာတ္အိမ္တည္ထားၿပီး ၿမိဳ႕ငယ္ေလးတစ္ၿမိဳ႕မွာ သဘာဝလြန္ျဖစ္ရပ္ေတြ ျဖစ္ေပၚေနတဲ့အေၾကာင္းကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ အဲ့ဒီဇာတ္လမ္းတြဲဟာ season 1 ကတည္းက ပရိသတ္ေတြၾကားမွာ ေရပန္းစားခဲ့ၿပီး အေတာ္ေလးလည္း ေအာင္ျမင္ပါတယ္။ ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ Stranger Things ဇာတ္လမ္းတြဲရဲ႕ ကင္မရာေနာက္ကြယ္က စိတ္ဝင္စားဖို႔ေကာင္းတဲ့ အေၾကာင္းအရာေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

အေမရိကန္ႏိုင္ငံ Georgia ျပည္နယ္မွာ ႐ိုက္ကူးခဲ့တာ ျဖစ္ပါတယ္။
photo via screenrant

ဒီဇာတ္လမ္းတြဲရဲ႕ ဖန္တီးသူေတြျဖစ္တဲ့ Duffer Brothers ဟာ Hawkins ဆိုတဲ့ စိတ္ကူးယဥ္ၿမိဳ႕ေလးကို ဖန္တီးဖို႔ ဘယ္ေနရာမွာ ႐ိုက္ကူးမလည္းဆိုတာကို ရွာေဖြခဲ့ၾကပါတယ္။ အစတုန္းကေတာ့ သူတို႔ေတြဟာ Hawkins ၿမိဳ႕ကို ပင္လယ္ကမ္းေျခၿမိဳ႕အျဖစ္ ပုံေဖာ္ခဲ့ခ်င္တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ႐ိုက္ကူးေရးစမယ့္ အခ်ိန္မွာေတာ့ ရာသီဥတု အေျခအေနေၾကာင့္ ေနာက္ထပ္ ေနရာတစ္ခုကို ထပ္မံေျပာင္းလဲခဲ့ရပါတယ္။ ေနာက္ဆုံးမွာေတာ့ Georgia ျပည္နယ္မွာရွိတဲ့ Jackson ဆိုတဲ့ ၿမိဳ႕ေလးမွာ ႐ိုက္ကူးခဲ့ၾကပါတယ္။ ဒါ့အျပင္ အဲ့ဒီတစ္ေနရာတည္းမွာ ႐ိုက္ကူးခဲ့တာ မဟုတ္ဘဲ Georgia ျပည္နယ္အႏွံ႔မွာ ႐ိုက္ကူးခဲ့တာ ျဖစ္ပါတယ္။

Duffer Brothers ဟာ မူလက Stephen King ရဲ႕ IT ကို ျပန္လည္႐ိုက္ကူးခ်င္ခဲ့တာ ျဖစ္ပါတယ္။
photo via screenrant

ဒီဇာတ္လမ္းတြဲဟာ တစ္ျခား႐ုပ္ရွင္ေတြ၊ ဇာတ္လမ္းေတြကို ကိုးကားထားတဲ့ အခ်က္ေတြ အမ်ားႀကီး ပါဝင္ေပမယ့္လည္း Stephen King ရဲ႕ IT နဲ႔ေတာ့ အေတာ္ေလးကို ဆင္တူေနတာ သတိထားမိၾကမွာပါ။ အေၾကာင္းကေတာ့ ဒီဇာတ္လမ္းတြဲရဲ႕ ဖန္တီးသူေတြ ျဖစ္တဲ့ Duffer Brothers ဟာ Stephen King ရဲ႕ IT ကို ျပန္လည္႐ိုက္ကူးခ်င္ခဲ့တာေၾကာင့္ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း စတူဒီယိုကေတာ့  Duffer Brothers ဟာ အဲ့ဒီဇာတ္လမ္းကို ေအာင္ျမင္ေအာင္ ႐ိုက္ကူးႏိုင္မယ္လို႔ မထင္ခဲ့တာေၾကာင့္ အဲ့ဒီအႀကံကို ျငင္းပယ္ခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ Duffer Brothers ဟာ IT နဲ႔ ဆင္တူတဲ့ ဇာတ္လမ္းတစ္ခုကို ဖန္တီးမယ္လို႔ ဆုံးျဖတ္ခဲ့ၾကၿပီး ကေလးတစ္သိုက္က သဘာဝလြန္ ေဘးအႏၲရာယ္ေတြကို ရင္ဆိုင္ၾကရတဲ့ ပုံစံမ်ိဴးကို ဖန္တီး၊ ႐ိုက္ကူးခဲ့တာေၾကာင့္ Stranger Things ဆိုတဲ့ ဇာတ္လမ္း ျဖစ္ေပၚလာခဲ့တာ ျဖစ္ပါတယ္။

The Starcourt Mall ဟာ အျပင္မွာ တကယ္ရွိပါတယ္။
photo via screenrant

Season 3 ရဲ႕ အဓိက အျဖစ္အပ်က္ေတြ ျဖစ္ပ်က္ခဲ့တဲ့ေနရာဟာ Starcourt Mall ျဖစ္ၿပီး အဲ့ဒီကုန္တိုက္ဟာ ၁၉၈၀ခုႏွစ္ ေနာက္ပိုင္းက အျပင္အဆင္ပုံစံမ်ိဴးနဲ႔ လုံးဝလိုက္ဖက္ေနတာကိုလည္း ေတြ႕ခဲ့ရပါတယ္။ အံ့ဩဖို႔ေကာင္းတဲ့ အရာတစ္ခုကေတာ့ အဲ့ဒီကုန္တိုက္ဟာ ဒီဇာတ္လမ္း႐ိုက္ဖို႔အတြက္ ဆက္တင္ ျပင္ဆင္ထားတာ မဟုတ္ဘဲ အျပင္မွာ တကယ္ရွိတဲ့ ကုန္တိုက္တစ္ခု ျဖစ္ေနတာပါပဲ။ အဲ့ဒီကုန္တိုက္ရဲ႕ တည္ေနရာကေတာ့ Georgia ျပည္နယ္၊ Atlanta ၿမိဳ႕ရဲ႕ အျပင္ဘက္မွာရွိတဲ့ စြန႔္ပစ္ထားတဲ့ ကုန္တိုက္တစ္ခုပဲ ျဖစ္ပါတယ္။ ႐ိုက္ကူးေရးအဖြဲ႕သားေတြဟာ အဲ့ဒီကုန္တိုက္ထဲကို ေျပာင္းလဲေနထိုင္ခဲ့ၿပီး အျပင္အဆင္ေတြကို အရင္ေခတ္ပုံစံမ်ိဴး ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။

Nancy နဲ႔ Johnathan တို႔ရဲ႕အခ်စ္ေရး
photo via screenrant

ဒီဇာတ္လမ္းတြဲဟာ အက္ရွင္ေတြ၊ သည္းထိတ္ရင္ဖိုေတြနဲ႔ ျပည့္ႏွက္ေနေပမယ့္လည္း ဇာတ္ေကာင္တစ္ေယာက္နဲ႔ တစ္ေယာက္ၾကားထဲက အခ်စ္ေမတၱာကလည္း ဒီဇာတ္လမ္းရဲ႕ အဓိကေနရာမွာ ပါဝင္ေနပါတယ္။ အဲ့ဒါေၾကာင့္ Nancy နဲ႔ Johnathan တို႔ဟာလည္း ပရိသတ္ေတြ အႀကိဳက္ဆုံး အတြဲတစ္တြဲ ျဖစ္လာခဲ့ပါတယ္။ အဲ့ဒီဇာတ္ေကာင္ေတြ ေနရာမွာ သ႐ုပ္ေဆာင္ထားတဲ့ Natalia Dyer နဲ႔ Charlie Heaton တို႔ ကိုယ္တိုင္ဟာလည္း အစတုန္းက သူငယ္ခ်င္းေတြပဲ ျဖစ္ၾကေပမယ့္ ဒုတိယ season ေလာက္မွာေတာ့ အျပင္မွာလည္း တကယ္ ခ်စ္ႀကိဳက္သြားၾကပါတယ္။

Gaten Matarazzo ရဲ႕ ထူးျခားတဲ့မ်ိဳးဗီဇ
photo via screenrant

Dustin ဟာ ဒီဇာတ္လမ္းတြဲထဲက လူအႀကိဳက္အမ်ားဆုံး ဇာတ္ေကာင္တစ္ေယာက္ ျဖစ္ၿပီး Gaten Matarazzo ရဲ႕ သ႐ုပ္ေဆာင္ေကာင္းမႈေၾကာင့္လည္း အခုလိုမ်ိဴး လူႀကိဳက္မ်ားေနတာ ျဖစ္ပါတယ္။ Dustin ဟာ ဒီဇာတ္လမ္းတြဲထဲမွာ မ်ိဴး႐ိုးဗီဇအရ cleidocranial dysplasia လို႔ေခၚတဲ့ အေျခအေနတစ္ခု ျဖစ္ေနခဲ့ပါတယ္။

အဲ့ဒါကေတာ့ ငယ္သြားလဲခ်ိန္ဟာ သာမန္လူေတြထက္ ေနာက္က်ၿပီး သူ႔ရဲ႕အ႐ိုးေတြကလည္း သာမန္လူေတြထက္ ေပ်ာ့ေပ်ာင္းေနတာ ျဖစ္ပါတယ္။ ဒါ့အျပင္ Dustin ေနရာမွာ သ႐ုပ္ေဆာင္ခဲ့တဲ့ Gaten Matarazzo ကလည္း မ်ိဴး႐ိုးဗီဇအရ အလားတူ အေျခအေနကို ခံစားေနရသူ ျဖစ္ပါတယ္။

ဒါကေတာ့ Stranger Things ဇာတ္လမ္းရဲ႕ ကင္မရာေနာက္ကြယ္က စိတ္ဝင္စားစရာ အေၾကာင္းအရာအခ်ိဳ႕ ျဖစ္ပါတယ္။ ဖတ္ၿပီးလို႔ သေဘာက်တယ္ဆိုရင္ မိတ္ေဆြေတြလည္း ဖတ္ႏိုင္ေအာင္ ရွဲေပးသြားပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular