HomeCelebs Update NewsInternationalInstagram Follower အများဆုံး Stranger Things သရုပ်ဆောင်များ

Instagram Follower အများဆုံး Stranger Things သရုပ်ဆောင်များ

Stranger Things ဇာတ်လမ်းတွဲကတော့ ယခုအချိန်မှာ အလွန်အောင်မြင်မှု ရရှိနေတဲ့ ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပြီး လောလောဆယ်မှာတော့ Season 4 Vol. 1 ထွက်ရှိနေပါတယ်။ ဒီဇာတ်လမ်းတွဲဟာ အောင်မြင်လာတာနဲ့အမျှ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေဟာလည်း ပိုမိုအောင်မြင်လာကြပါတယ်။ ဒါကြောင့်ပဲ ဒီဇာတ်လမ်းတွဲထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တွေထဲက Instagram မှာ Follower အများဆုံး ဖြစ်နေတဲ့ သရုပ်ဆောင်တွေကို ဖော်ပြပေးချင်ပါတယ်။

(10) Charlie Heaton – 4.8 M

photo via charlie.r.heaton/instagram

Charlie Heaton ကတော့ ဒီဇာတ်လမ်းတွဲထဲမှာ Jonathan Byers အနေနဲ့ ပါဝင်သရုပ်ဆောင်ထားသူ ဖြစ်ပြီး Follower လေးသန်းကျော် ရရှိထားပါတယ်။ Follower လေးသန်းကျော်ဟာ နည်းတဲ့ပမာဏတော့ မဟုတ်ပေမယ့်လည်း ဒီစာရင်းထဲက တခြားသရုပ်ဆောင်တွေနဲ့ ယှဉ်လိုက်ရင်တော့ အတော်လေး နည်းတဲ့အထဲမှာ ပါဝင်ပါတယ်။ Charlie ဟာ ယခုလို Follower လေးသန်းကျော်ပဲ ရှိရတဲ့ အကြောင်းရင်းကတော့ Instagram မှာ ပို့စ်တွေ သိပ်ပြီး မတင်ဖြစ်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

(9) Dacre Montgomery – 6.1 M

photo via dacremontgomery/instagram

Dacre ကတော့ Season 2 မှာ Billy အဖြစ် စတင်ပါဝင်ခဲ့ပြီး Season 3 အပြီးမှာတော့ ဇာတ်လမ်းကနေ နှုတ်ဆက်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း Season 4 ထဲက Dear Billy အပိုင်းထဲမှာတော့ Cameo အနေနဲ့ ပြန်လည် ပါဝင်ထားပါသေးတယ်။ Dacre ကတော့ Follower ခြောက်သန်းကျော် ရရှိထားပြီး သူဟာ သူ့ရဲ့ကိုယ်ပိုင်ဘဝထက် အနုပညာဆန်တဲ့ ဓာတ်ပုံတွေကို ပိုမိုမျှဝေလေ့ရှိပါတယ်။

(8) Natalia Dyer – 6.6 M

photo via nattyiceofficial/instagram

Nancy Wheeler နေရာမှာ သရုပ်ဆောင်ထားတဲ့ Natalia Dyer ကလည်း Follower ခြောက်သန်းကျော် ရရှိထားပါတယ်။ သူမကတော့ အလုပ်နဲ့ပတ်သက်တဲ့ ပုံတွေ၊ ဗွီဒီယိုတွေကို တင်လေ့ရှိပေမယ့်လည်း Charlie Heaton လိုပဲ သိပ်ပြီး Active မဖြစ်ပါဘူး။ သူမရဲ့ နောက်ဆုံးတင်ထားတဲ့ ပို့စ်ကတော့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ(၈)ရက်နေ့တုန်းက တင်ခဲ့တာ ဖြစ်ပါတယ်။

(7) David Harbour – 6.7 M

photo via dkharbour/instagram

David Harbour ကလည်း အဓိကဇာတ်ကောင်ဖြစ်တဲ့ Jim Hopper နေရာမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ David ကတော့ Black Widow ထဲမှာလည်း Red Guardian အနေနဲ့ ပါဝင်ခဲ့ပါသေးတယ်။ သူကတော့ ရုပ်ရှင်နောက်ကွယ်က ဓာတ်ပုံတွေကို တင်လေ့ရှိသလို Season 4 အတွက်လည်း Hype တဲ့ ပို့စ်တွေကိုလည်း တင်ထားပါသေးတယ်။ David ကတော့ အင်စတာဂရမ်မှာ အလွန် Active ဖြစ်သူ ဖြစ်ပြီး Follower (၆.၇)သန်းကျော် ရရှိထားပါတယ်။

(6) Caleb McLaughlin – 11.8 M

photo via therealcalebmclaughlin/instagram

Lucas နေရာမှာ ပါဝင်ထားတဲ့ Caleb McLaughlin ကတော့ Stranger Things ထဲမှာတင် မဟုတ်ဘဲ High Fly Bird ၊ Concrete Cowboy တို့လို ဇာတ်လမ်းတွေမှာလည်း ပါဝင်ခဲ့ပါသေးတယ်။ Caleb ကလည်း ရိုက်ကွင်းပေါ်က ဓာတ်ပုံတွေကို တင်လေ့ရှိပြီး သူဟာလည်း Active ဖြစ်သူတစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့လက်ရှိ ဖော်လိုဝါကတော့ (၁၁.၈)သန်းကျော် ရှိပါတယ်။

(5) Gaten Matarazzo – 14.5 M

photo via gaten123/instagram

ပရိသတ်အကြိုက် ဇာတ်ကောင်ဖြစ်တဲ့ Dustin နေရာမှာ သရုပ်ဆောင်ထားသူ Gaten Matarazzo ကတော့ Follower (၁၄.၅)သန်းကျော် ရရှိထားပါတယ်။ Gaten ကတော့ ပို့စ်ပေါင်းစုံ တင်လေ့ရှိသူ ဖြစ်ပြီး သူတင်တဲ့ ပို့စ်တွေအရ ဆိုရင်တော့ အပြင်မှာလည်း Gaten ဟာ သူ့ရဲ့ ဇာတ်ကောင် Dustin လိုမျိူး ပျော်တတ်တဲ့သူတစ်ယောက်လို့ ယူဆရပါတယ်။

(4) Sadie Sink – 16.8 M

photo via sadiesink_/instagram

Sadie Sink ကတော့ Season 2 မှ စတင်ပါဝင်လာပေမယ့်လည်း ပရိသတ်တွေအကြိုက် ဖြစ်လာပြီး အောင်မြင်မှုတွေ ပိုမိုရရှိလာပါတယ်။ သူမဟာ Taylor Swift ရဲ့ Short Film ဖြစ်တဲ့ All Too Well ထဲမှာလည်း ပါဝင်ခဲ့ပါသေးတယ်။ ဒါတင်မကသေးဘဲ Netflix ရဲ့ Fear Street Trilogy ထဲမှာ ပါဝင်ခဲ့သလို အသစ်ထွက်ရှိလာမယ့် The Whale ရုပ်ရှင်ထဲမှာလည်း ပါဝင်လာဦးမှာ ဖြစ်ပါတယ်။ သူမကတော့ အနာဂတ် ဟောလိဝုဒ်ရုပ်ရှင်လောကမှာ နေရာယူလာမယ့် မင်းသမီးငယ်လေးတစ်လက် ဖြစ်ပြီး လက်ရှိမှာ ဖော်လိုဝါ (၁၆.၈)သန်းကျော် ပိုင်ဆိုင်ထားပါတယ်။

(3) Noah Schnapp – 21.2 M

photo via noahschnapp/instagram

Will Byers အဖြစ် ပါဝင်ထားတဲ့ Noah Schnapp ကတော့ Follower (၂၁)သန်းကျော် ရရှိထားပြီး Follower အများဆုံး Stranger Things သရုပ်ဆောင်တွေထဲမှာ နံပါတ်သုံးနေရာက ရပ်တည်နေပါတယ်။ Noah ကတော့ အသက် (၁၈)နှစ်လည်း မပြည့်သေးသလို တခြားပရောဂျက်တွေမှာလည်း မပါဝင်ရသေးပေမယ့် ပရိသတ်တွေကြားမှာ အတော်လေးကို ရေပန်းစားနေတယ် ဆိုတာကိုတော့ Follower ကို ကြည့်ရုံနဲ့ သိနိုင်ပါတယ်။ Noah ကတော့ Millie Bobby Brown နဲ့အတူ ရိုက်ထားတဲ့ ဓာတ်ပုံတွေများစွာကို တင်ထားပါသေးတယ်။

(2) Finn Wolfhard – 22 M

photo via finnwolfhardofficial/instagram

Mike နေရာက သရုပ်ဆောင်ထားတဲ့ Finn Wolfhard ကတော့ It နဲ့ Ghostbusters: Afterlife တို့လို ရုပ်ရှင်တွေမှာလည်း ပါဝင်ခဲ့ပါတယ်။ Finn ကတော့ Stranger Things နဲ့ပဲ စတင်အောင်မြင်လာခဲ့ပြီး ယခုအချိန်မှာတော့ နာမည်ကြီး သရုပ်ဆောင်တစ်ယောက် ဖြစ်နေပါပြီ။ သူကတော့ ပရောဂျက်အသစ်တစ်ခုခု ထွက်လာဖို့ရှိတဲ့အချိန်မှာ Active အဖြစ်ဆုံးပဲ ဖြစ်ပြီး ပုံမှန်ဆိုရင်တော့ သိပ် Active မဖြစ်ပါဘူး။

(1) Millie Bobby Brown – 50 M

photo via milliebobbybrown/instagram

Stranger Things ရဲ့ အဓိကဇာတ်လိုက်ဖြစ်တဲ့ Eleven နေရာမှာ သရုပ်ဆောင်ထားတဲ့ Millie Bobby Brown ကတော့ သူတို့အားလုံးထဲမှာ နာမည်အကြီးဆုံးနဲ့ အအောင်မြင်ဆုံးပဲ ဖြစ်ပါတယ်။ သူမကတော့ Godzilla vs. Kong နဲ့ Enola Holmes တို့လို နာမည်ကြီးရုပ်ရှင်တွေမှာလည်း ပါဝင်ခဲ့ပါသေးတယ်။ သူမကတော့ Follower သန်း(၅၀)ကျော် ရရှိထားပြီး ဒုတိယနေရာမှာ ရှိနေတဲ့ Finn Wolfhard ရဲ့ ဖော်လိုဝါနှုန်းထက် နှစ်ဆနီးပါး များနေတာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular