HomeEntertainmentFilmStranger Things မှာ Robin နဲ့ Eddie က Nancy ကို ကယ်တင်သွားမယ်ဆိုတဲ့ Fan Theory

Stranger Things မှာ Robin နဲ့ Eddie က Nancy ကို ကယ်တင်သွားမယ်ဆိုတဲ့ Fan Theory

Stranger Things Season 4 ရဲ့ Vol.1 ကတော့ မကြာသေးခင်ကပဲ ထွက်ရှိလာခဲ့ပြီး Vol.2 ကတော့ ဇူလိုင်လ(၁)ရက်နေ့မှာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ Vol.1 ထဲမှာတော့ အဓိကဗီလိန်ဖြစ်တဲ့ Vecna က စတင်ပါဝင်လာပါတယ်။ သူဟာ Freddy Kruger နဲ့ ခပ်ဆင်ဆင်ပဲ ဖြစ်ပြီး Vecna ရဲ့ သားကောင်ဖြစ်သွားသူတွေကတော့ ခန္ဓာကိုယ်က လေပေါ်ကို မြောက်တက်သွားပြီး အသိစိတ်ကတော့ Vecna မြင်စေချင်တဲ့အရာတွေကိုပဲ မြင်နေရပါတယ်။ အဲဒီနောက်မှာတော့ Vecna ရဲ့ သားကောင်တွေဟာ တစ်ကိုယ်လုံး အရိုးတွေကျိုးကြေပြီး သေဆုံးသွားကြပါတယ်။

photo via screenrant

Vecna ရဲ့လက်က လွတ်မြောက်ဖို့အတွက် တစ်ခုတည်းသော နည်းလမ်းကတော့ အသိစိတ်လွတ်ပြီး မျက်ဖြူလန်နေတဲ့အချိန်မှာ အဲဒီလူရဲ့ အကြိုက်ဆုံးသီချင်းကို ဖွင့်ပြပေးတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းကြောင့်ပဲ Max ဟာ Vecna ရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပေမယ့်လည်း လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။ Season 4 Vol.1 ရဲ့ အဆုံးမှာတော့ Upside-Down ထဲမှာ ပိတ်မိနေတဲ့ Nancy ဟာ Vecna ရဲ့ လက်ထဲမှာ ကျရောက်သွားတာကို မြင်တွေ့ခဲ့ရပါတယ်။

သီအိုရီတစ်ခုအရ ဆိုရင်တော့ Vecna ရဲ့လက်ထဲ ကျရောက်နေတဲ့ Nancy ကို Robin က ကယ်တင်သွားမယ်လို့ ဆိုပါတယ်။ Dear Billy အပိုင်းထဲမှာတော့ Nancy နဲ့ Robin တို့ဟာ စိတ်ပညာကျောင်းသူ အယောင်ဆောင်ပြီး Victor Creel ကို သွားတွေ့ဖို့ ပြင်ဆင်နေကြတဲ့ ဇာတ်ဝင်ခန်း ပါဝင်ပါတယ်။ အဲဒီဇာတ်ဝင်ခန်းထဲမှာတော့ Robin ဟာ Nancy ရဲ့အခန်းထဲကို လျှောက်ကြည့်နေပြီး သူမရဲ့ခုတင်ဘေးမှာ ရှိနေတဲ့ သီချင်းခွေတွေကိုလည်း ယူကြည့်ခဲ့ပါသေးတယ်။ အဲဒီအခွေတွေထဲက တစ်ခုကတော့ Nancy ရဲ့ အကြိုက်ဆုံးသီချင်း ဖြစ်နေနိုင်ပြီး Robin ဟာ Nancy ကို ကယ်တင်နိုင်မယ်လို့ ယုံကြည်ထားတာ ဖြစ်ပါတယ်။

photo via screenrant

ဒါပေမယ့်လည်း မေးစရာရှိနေတာကတော့ Nancy ရဲ့ အကြိုက်ဆုံးသီချင်းကို သိသွားရင်တောင် ဘယ်လိုဖွင့်မလည်းဆိုတာပဲ ဖြစ်ပါတယ်။ Nancy ဟာ Max လိုမျိူး CD Walkman ကို သယ်သွားလေ့လည်း မရှိပါဘူး။ ဒါကြောင့်ပဲ Eddie ရဲ့ ကားအိမ်ထဲကို ရောက်နေကြတဲ့ သူတို့ဟာ အဲဒီနေရာမှာ တစ်ခုခုကိုအသုံးပြုပြီး Nancy ရဲ့ အကြိုက်ဆုံးသီချင်းကို ဖွင့်ပြရမှာပဲ ဖြစ်ပါတယ်။ အဲဒီအချိန်မှာတော့ Eddie ဟာ Season 4 အပိုင်း(၁)ထဲမှာ မြင်တွေ့ခဲ့ရတဲ့ ဂစ်တာနဲ့ Nancy ရဲ့ အကြိုက်ဆုံးသီချင်းကို တီးခတ်ပြလိမ့်မယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Eddie ဟာ Upside-Down ထဲမှာ ဂစ်တာ တီးခတ်နေတာကိုလည်း ထွေလာထဲမှာ မြင်တွေ့ခဲ့ရပါတယ်။ ဒီသီအိုရီက မှန်မမှန်ဆိုတာကိုတော့ ရှေ့လ(၁)ရက်နေ့ကျရင် သိရတော့မှာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular