HomeEntertainmentFilmStranger Things ကြောင့် နှစ်ပေါင်း(၃၀)ကျော်မှ iTunes မှာ နံပါတ်(၁)ဖြစ်လာတဲ့ Kate Bush ရဲ့သီချင်း

Stranger Things ကြောင့် နှစ်ပေါင်း(၃၀)ကျော်မှ iTunes မှာ နံပါတ်(၁)ဖြစ်လာတဲ့ Kate Bush ရဲ့သီချင်း

Stranger Things Season 4 ကတော့ ထွက်ရှိပြီးတာ (၃၇)နှစ်ကြာမြင့်ပြီ ဖြစ်တဲ့ အဆိုတော် Kate Bush ရဲ့သီချင်းကို iTunes မှာ နံပါတ်(၁) ဖြစ်သွားစေပါတယ်။

Stranger Things Season 4 ကတော့ နှစ်ပိုင်းခွဲ ပြသမှာဖြစ်ပြီး လက်ရှိမှာတော့ အပိုင်း(၇)ပိုင်း ပါဝင်တဲ့ Part I ကို Netflix က ထုတ်လွှင့်ပြသနေပါတယ်။ Part I ထဲကအပိုင်းတွေမှာတော့ အဲဒီခေတ်ဝန်းကျင်ကာလက ရေပန်းစား လူကြိုက်များခဲ့တဲ့ သီချင်းတွေကို ဇာတ်ဝင်တေးအဖြစ် အသုံးပြုထားပါတယ်။ Kiss ရဲ့ Detroit Rock City ၊ Dead or Alive ရဲ့ You Spin Me Round (Like a Record) သီချင်းတွေ ပါဝင်သလို Kate Bush ရဲ့ Running Up That Hill (A Deal with God) သီချင်းလည်း ပါဝင်ခဲ့ပါတယ်။ ဒီသီချင်းကတော့ Kate Bush ရဲ့ ၁၉၈၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ Hounds of Love အယ်လ်ဘမ်ထဲမှာ ပါဝင်တဲ့သီချင်း ဖြစ်ပါတယ်။

Photo Credit: Netflix

ဒီသီချင်းဟာ Sadie Sink သရုပ်ဆောင်ထားတဲ့ ကာရိုက်တာ Max အတွက် season 4 စအဖွင့်မှာပဲ အရေးကြီးတဲ့နေရာကနေ ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် ကျန်အပိုင်းတွေထဲမှာတော့ ဒီသီချင်းဟာ ဇာတ်လမ်းရဲ့ အရေးပါတဲ့ သီချင်းတစ်ပုဒ်အဖြစ်ပါ ရပ်တည်ခဲ့ပါတယ်။ ယခုဆိုရင်တော့ season 4 ထွက်ရှိပြီး နှစ်ရက်အကြာမှာပဲ Running Up That Hill ဟာ Apple ရဲ့ iTunes music store မှာ ဒေါင်းလုဒ်အများဆုံးသီချင်း ဖြစ်လာပါတယ်။

ဒါဟာ လက်ရှိ အသစ်စက်စက် ထွက်ရှိထားတဲ့ ခေတ်ပေါ်သီချင်းတွေဖြစ်တဲ့ Lizzo ရဲ့ About Damn Time ၊ Harry Styles ရဲ့ As It Was ၊ Lady Gaga ရဲ့ Hold My Hand တို့ကို ကျော်တက်ပြီး နှစ်ပေါင်း သုံးဆယ်ကျော် လေးဆယ်နီးပါး ကြာမြင့်နေပြီ ဖြစ်တဲ့ ဒီသီချင်းက iTunes ရဲ့ ထိပ်ဆုံးနေရာကို ရောက်ရှိလာတာ ဖြစ်ပါတယ်။

တကယ်တော့ Stranger Things ဇာတ်လမ်းတွဲဟာ သူဇာတ်အိမ်တည်ထားတဲ့ ခေတ်ကာလနဲ့ ကိုက်ညီမယ့် တေးသီချင်းတွေကို season တွေတလျှောက် ဇာတ်ဝင်သီချင်းအဖြစ် အသုံးပြုလာခဲ့တာ ဖြစ်ပါတယ်။ အရှေ့ပိုင်း season တွေမှာဆိုရင်လည်း The Clash ရဲ့ Should I Stay or Should I Go ၊ The Bangles ရဲ့ Hazy Shade of Winter ၊ The Who ရဲ့ Baba O’Riley ၊ Madonna ရဲ့ Material Girl အစရှိတဲ့ ၁၉၈၀ ဝန်းကျင်က နာမည်ကြီးသီချင်းတွေကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

Vancouver

Source: screenrant

RELATED ARTICLES

Most Popular