HomeEntertainmentFilmStranger Things Season 4 ထဲက Eleven ရဲ့ငယ်ဘဝကို ဘယ်သူသရုပ်ဆောင်ထားတာလဲ

Stranger Things Season 4 ထဲက Eleven ရဲ့ငယ်ဘဝကို ဘယ်သူသရုပ်ဆောင်ထားတာလဲ

Stranger Things Season 4 Vol. 1 ထဲမှာတော့ Eleven ရဲ့အတိတ်ကို နောက်ကြောင်းပြန်တဲ့ ဇာတ်ဝင်ခန်းတွေ ပါဝင်ပါတယ်။ အဲဒီဇာတ်ဝင်ခန်းတွေထဲမှာတော့ Eleven ဟာ သူငယ်စဉ်က Hawkins Lab ရဲ့စမ်းသပ်ခံ ဖြစ်နေတဲ့အချိန်ကို ပြန်လည်မြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့်ပဲ အဲဒီဇာတ်ဝင်ခန်းတွေကို Millie Bobby Brown ကိုယ်တိုင်ကပဲ သရုပ်ဆောင်ပြီး အထူးပြုလုပ်ချက်တွေနဲ့ အသက်ငယ်အောင် ပြုလုပ်ထားတာလား၊ ဒါမှမဟုတ် လူစားထိုးထားတာလား ဆိုတဲ့အကြောင်းကို ဖော်ပြပေးချင်ပါတယ်။

photo via screenrant

Season 4 ထဲမှာတော့ ၁၉၇၉ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ Hawkins Lab ရဲ့ အစုလိုက်အပြုံလိုက် လူသတ်မှုကို မြင်တွေ့ခဲ့ရပြီး စတင်ပြသတဲ့အချိန်မှာတော့ Eleven ကပဲ အကြောင်းအမျိူးမျိုးကြောင့် ဒီလူတွေအားလုံးကို သတ်ပစ်လိုက်တဲ့ပုံစံ ဖော်ပြထားပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးပိုင်းကျမှသာ တကယ့်တရားခံအစစ်က ဘယ်သူလည်းဆိုတာကို သိခဲ့ရပါတယ်။ Eleven ကတော့ Nina ဆိုတဲ့ စက်ပစ္စည်းအကူအညီနဲ့ သူမရဲ့အတိတ်က မှတ်ဉာဏ်တွေဆီကို ပြန်သွားရင်း ဒီဖြစ်ရပ်တွေကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

Eleven ရဲ့အတိတ်က ဖြစ်ရပ်တွေကို ပြန်မြင်ရတာ ဖြစ်တာကြောင့် အဲဒီတုန်းက ငယ်ရွယ်လွန်းသေးတဲ့ Eleven ရဲ့ ကလေးပုံစံလေးကိုလည်း ပြန်လည်မြင်တွေ့ခဲ့ရပါတယ်။ တကယ်တော့ အဲဒီနောက်ကြောင်းပြန်တဲ့ ဇာတ်ဝင်ခန်းတွေမှာ Millie Bobby Brown က သရုပ်ဆောင်ခဲ့တာ မဟုတ်ဘဲ Martie Blair ဆိုတဲ့ ကလေးသရုပ်ဆောင်က သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ သို့သော်လည်း Martie Blair ရဲ့ မျက်နှာနေရာမှာ အသက်ငယ်အောင် အထူးပြုလုပ်ချက်နဲ့ ဖန်တီးထားတဲ့ Millie Bobby Brown ရဲ့ မျက်နှာကို အစားထိုးခဲ့တာ ဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ Martie Blair ရဲ့ သရုပ်ဆောင်မှုမှာ ချောမွေ့ပီပြင်ပြီး ယခင်က Eleven ငယ်ဘဝပုံစံနဲ့ ကိုက်ညီမှုရှိစေဖို့ Mille Bobby Brown ဟာ ဇာတ်ဝင်ခန်းတစ်ခုချင်းစီအတွက် သူမကို လမ်းညွှန်ပြသခဲ့ပါသေးတယ်။

photo via screenrant

လောလောဆယ်မှာတော့ Season 4 Vol. 1 ဟာ ပြီးဆုံးသွားပြီ ဖြစ်ပြီး Vol. 2 ကတော့ ဇူလိုင်လ(၁)ရက်နေ့မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ Vol. 2 ထဲမှာလည်း Eleven ရဲ့ အတိတ်က အကြောင်းအရာတွေကို ထပ်မံပြသဦးမယ် ဆိုရင်တော့ Martie Blair ကလည်း ထပ်မံပါဝင်လာဦးမှာ ဖြစ်ပါတယ်။ ယခုလိုမျိူး လူစားထိုးပြီး De-Aged ပြုလုပ်ရတဲ့ အကြောင်းရင်းကတော့ ဒီဇာတ်လမ်းတွဲဟာ ကိုဗစ်ကြောင့် နှောင့်နှေးမှုတွေများစွာ ကြုံတွေ့ခဲ့ရပြီး မူလသရုပ်ဆောင်တွေကလည်း လျင်လျင်မြန်မြန် အရွယ်ရောက်လာတာကြောင့် ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular