HomeEntertainmentFilmရိုက်ကူးရေး ပြီးဆုံးသွားပြီ ဖြစ်တဲ့ Stranger Things Season 4

ရိုက်ကူးရေး ပြီးဆုံးသွားပြီ ဖြစ်တဲ့ Stranger Things Season 4

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Stranger Things Season 4 ဟာ ပြီးခဲ့တဲ့အပတ်တုန်းက ရိုက်ကူးရေး ပြီးဆုံးသွားပါပြီလို့ Will Byers နေရာမှာ သရုပ်ဆောင်ထားတဲ့ Noah Schnapp က အတည်ပြုပေးခဲ့ပါတယ်။ ဒါတင်မကသေးဘဲ Teaser အသစ်လည်း မကြာခင်မှာ ထွက်ရှိလာမယ်လို့ သိရပါတယ်။ Season 3 ရဲ့ အဆုံးသတ်မှာတော့ Will ဟာ သူ့ရဲ့မိသားစုနဲ့အတူ Hawkins မြို့ကနေ ပြောင်းရွေ့သွားတာကို တွေ့ရပြီး Eleven ကလည်း သူတို့နဲ့အတူ လိုက်သွားပါတယ်။

photo via screenrant

ဒီဇာတ်လမ်းတွဲဟာလည်း တစ်ခြားရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲတွေလိုပဲ ကိုဗစ်ကြောင့် နှောင့်နှေးမှုတွေများစွာ ဖြစ်ခဲ့ရပါတယ်။ Season 3 ကတော့ ၂၀၁၉ ခုနှစ် ဇူလိုင်လမှာ ထွက်ရှိခဲ့ပြီး Season 4 ကိုတော့ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလမှာ ရိုက်ကူးရေးစတင်ခဲ့ပါတယ်။ ရိုက်ကူးရေးစတင်ပြီး နှစ်ပတ်ကြာတဲ့အချိန်မှာတော့ Netflix ဟာ သူ့ရဲ့ ရိုက်ကူးရေးအားလုံးကို ကိုဗစ်ကြောင့် ရပ်နားစေခဲ့ပါတယ်။ ဒီလိုမျိူး အခက်အခဲတွေမျိူးစုံနဲ့ ကြုံတွေ့ခဲ့ရတဲ့ Season 4 ရိုက်ကူးရေးဟာ နောက်ဆုံးတော့ ပြီးဆုံးသွားပါပြီ။

Noah Schnapp နဲ့ အင်တာဗျူးလုပ်ထားတဲ့ ဗီဒီယိုအတိုလေးကို Stranger Things Spoilers ဆိုတဲ့ အကောင့်ဟာ တွစ်တာစာမျက်နှာပေါ်မှာ တင်ခဲ့ပါတယ်။ အဲ့ဒီဗီဒီယိုထဲမှာတော့ Season 4 အတွက် ရိုက်ကူးရေး မပြီးသေးဘူးလားလို့ မေးတဲ့အချိန်မှာတော့ Noah ဟာ ပြီးခဲ့တဲ့အပတ်တုန်းကပဲ ပြီးသွားပါပြီလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဒါတင်မကသေးဘဲ Teaser အသစ်ကလည်း မကြာခင်မှာ ထွက်ရှိလာဦးမယ်လို့ ပြောခဲ့ပါတယ်။

photo via screenrant

Season 4 ရဲ့ ရိုက်ကူးရေးဟာ အခုလိုမျိူး ကြာမြင့်နေတာက ကိုဗစ်ကြောင့် နှောင့်နှေးမှုတွေ ဖြစ်ခဲ့တာလည်း ပါသလို ဒီ Season ဟာ ရိုက်ကူးရတာ ခက်ခဲလို့လည်း ပါပါတယ်လို့ သိရပါတယ်။ ပရိသတ်တွေကတော့ Season 4 ကို ၂၀၁၉ ခုနှစ်ကတည်းက စောင့်မျှော်နေတာ ဖြစ်ပြီး အခုချိန်မှာတော့ ရိုက်ကူးရေး ပြီးဆုံးသွားပြီလို့ သိရပါတယ်။ ဒါကြောင့်ပဲ Season 4 ကိုတော့ ဒီနှစ်နှောင်းပိုင်း သို့မဟုတ် ၂၀၂၂ နှစ်စပိုင်းလောက်မှာ ကြည့်ရှုရမယ်လို့ ယူဆနိုင်ပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

Stranger Things Season 4 ဟာ ၿပီးခဲ့တဲ့အပတ္တုန္းက ႐ိုက္ကူးေရး ၿပီးဆုံးသြားပါၿပီလို႔ Will Byers ေနရာမွာ သ႐ုပ္ေဆာင္ထားတဲ့ Noah Schnapp က အတည္ျပဳေပးခဲ့ပါတယ္။ ဒါတင္မကေသးဘဲ Teaser အသစ္လည္း မၾကာခင္မွာ ထြက္ရွိလာမယ္လို႔ သိရပါတယ္။ Season 3 ရဲ႕ အဆုံးသတ္မွာေတာ့ Will ဟာ သူ႔ရဲ႕မိသားစုနဲ႔အတူ Hawkins ၿမိဳ႕ကေန ေျပာင္းေ႐ြ႕သြားတာကို ေတြ႕ရၿပီး Eleven ကလည္း သူတို႔နဲ႔အတူ လိုက္သြားပါတယ္။

photo via screenrant

ဒီဇာတ္လမ္းတြဲဟာလည္း တစ္ျခား႐ုပ္ရွင္နဲ႔ ဇာတ္လမ္းတြဲေတြလိုပဲ ကိုဗစ္ေၾကာင့္ ေႏွာင့္ေႏွးမႈေတြမ်ားစြာ ျဖစ္ခဲ့ရပါတယ္။ Season 3 ကေတာ့ ၂၀၁၉ ခုႏွစ္ ဇူလိုင္လမွာ ထြက္ရွိခဲ့ၿပီး Season 4 ကိုေတာ့ ၂၀၂၀ ခုႏွစ္ ေဖေဖာ္ဝါရီလမွာ ႐ိုက္ကူးေရးစတင္ခဲ့ပါတယ္။ ႐ိုက္ကူးေရးစတင္ၿပီး ႏွစ္ပတ္ၾကာတဲ့အခ်ိန္မွာေတာ့ Netflix ဟာ သူ႔ရဲ႕ ႐ိုက္ကူးေရးအားလုံးကို ကိုဗစ္ေၾကာင့္ ရပ္နားေစခဲ့ပါတယ္။ ဒီလိုမ်ိဴး အခက္အခဲေတြမ်ိဴးစုံနဲ႔ ႀကဳံေတြ႕ခဲ့ရတဲ့ Season 4 ႐ိုက္ကူးေရးဟာ ေနာက္ဆုံးေတာ့ ၿပီးဆုံးသြားပါၿပီ။

Noah Schnapp နဲ႔ အင္တာဗ်ဴးလုပ္ထားတဲ့ ဗီဒီယိုအတိုေလးကို Stranger Things Spoilers ဆိုတဲ့ အေကာင့္ဟာ တြစ္တာစာမ်က္ႏွာေပၚမွာ တင္ခဲ့ပါတယ္။ အဲ့ဒီဗီဒီယိုထဲမွာေတာ့ Season 4 အတြက္ ႐ိုက္ကူးေရး မၿပီးေသးဘူးလားလို႔ ေမးတဲ့အခ်ိန္မွာေတာ့ Noah ဟာ ၿပီးခဲ့တဲ့အပတ္တုန္းကပဲ ၿပီးသြားပါၿပီလို႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။ ဒါတင္မကေသးဘဲ Teaser အသစ္ကလည္း မၾကာခင္မွာ ထြက္ရွိလာဦးမယ္လို႔ ေျပာခဲ့ပါတယ္။

photo via screenrant

Season 4 ရဲ႕ ႐ိုက္ကူးေရးဟာ အခုလိုမ်ိဴး ၾကာျမင့္ေနတာက ကိုဗစ္ေၾကာင့္ ေႏွာင့္ေႏွးမႈေတြ ျဖစ္ခဲ့တာလည္း ပါသလို ဒီ Season ဟာ ႐ိုက္ကူးရတာ ခက္ခဲလို႔လည္း ပါပါတယ္လို႔ သိရပါတယ္။ ပရိသတ္ေတြကေတာ့ Season 4 ကို ၂၀၁၉ ခုႏွစ္ကတည္းက ေစာင့္ေမွ်ာ္ေနတာ ျဖစ္ၿပီး အခုခ်ိန္မွာေတာ့ ႐ိုက္ကူးေရး ၿပီးဆုံးသြားၿပီလို႔ သိရပါတယ္။ ဒါေၾကာင့္ပဲ Season 4 ကိုေတာ့ ဒီႏွစ္ေႏွာင္းပိုင္း သို႔မဟုတ္ ၂၀၂၂ ႏွစ္စပိုင္းေလာက္မွာ ၾကည့္ရႈရမယ္လို႔ ယူဆႏိုင္ပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular