HomeEntertainmentFilmStranger Things Season 4 Vol. 1 ထဲက Easter Egg များနဲ့ စိတ်ဝင်စားစရာအချက်များ

Stranger Things Season 4 Vol. 1 ထဲက Easter Egg များနဲ့ စိတ်ဝင်စားစရာအချက်များ

Stranger Things Season 4 Vol. 1 ကတော့ မကြာခင်ကပဲ ထွက်ရှိလာခဲ့ပြီး Classic Horror ရုပ်ရှင်တွေနဲ့ Pop Culture တွေကို Reference ပြုလုပ်ထားတဲ့ အချက်တွေများစွာ ပါဝင်နေပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ စိတ်ကူးယဉ်သိပ္ပံနဲ့ Horror ဇာတ်လမ်းအမျိူးအစားကို ပေါင်းစပ်ထားတဲ့ ဇာတ်လမ်းတွဲကောင်းတစ်ခု ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ပရိသတ်တွေအတွက် Season 4 Vol. 1 ထဲက Easter Egg တွေနဲ့ စိတ်ဝင်စားစရာအချက်တွေကို ဖော်ပြပေးချင်ပါတယ်။

(1) ရုပ်ရှင်နဲ့ သရုပ်ဆောင်တွေရဲ့ ပိုစတာများ

photo via screenrant

ဒီဇာတ်လမ်းတွဲထဲက ကလေးတွေကတော့ Pop Culture တွေကို မကြာခဏ Reference ပြုလုပ်လေ့ ရှိပါတယ်။ Jonathan ရဲ့ အခန်းထဲမှာဆိုရင် The Evil Dead ရုပ်ရှင်ပိုစတာကို မြင်တွေ့ခဲ့ရသလို Nancy ရဲ့ အခန်းထဲမှာတော့ Tom Cruise ရဲ့ပိုစတာကို မြင်တွေ့ခဲ့ရပါတယ်။ Max ရဲ့ အခန်းထဲမှာဆိုရင်တော့ ရေလွှာလျှောစီးခြင်းအကြောင်းကို ရိုက်ကူးထားတဲ့ Endless Summer ရုပ်ရှင်ပိုစတာကို တွေ့ခဲ့ရပါတယ်။ အဲဒီအချိန်မှာတော့ Max ဟာ ရေလွှာလျှောစီးခြင်းကို ကြိုက်နှစ်သက်တဲ့ Billy ရဲ့ သေဆုံးမှုကြောင့် ဝမ်းနည်းနေတာလည်း ဖြစ်ပါတယ်။

(2) Hellfire Club

photo via screenrant

Season 4 ထဲမှာတော့ Hellfire Club ကို စတင်မြင်တွေ့ခဲ့ရပါတယ်။ တကယ်တော့ Hellfire Club ဟာ အပြင်မှာလည်း တကယ်ရှိခဲ့ပါတယ်။ ဒီအဖွဲ့အစည်းကို စတင်တည်ထောင်သူကတော့ Wharton နယ်စား Philip ပဲ ဖြစ်ပြီး သူဟာ ၁၇၁၈ခုနှစ်မှာ လန်ဒန်မြို့မှာ ဒီကလပ်ကို စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းကတော့ လူတွေကြားထဲမှာ အငြင်းပွားစရာတွေများစွာ ဖြစ်စေခဲ့ပြီး ၁၉၆၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ The Avengers လို့ခေါ်တဲ့ ဗြိတိန်ဇာတ်လမ်းတွဲတစ်ခုမှာလည်း ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် Uncanny X-Men ကောမစ်ရဲ့ ဇာတ်ညွှန်းရေးဆရာဖြစ်တဲ့ Chris Claremont ဟာလည်း အဲဒီ The Avengers ဇာတ်လမ်းတွဲရဲ့ အမာခံပရိသတ် ဖြစ်တာကြောင့် Marvel ရဲ့ X-Men ကောမစ်တွေထဲမှာ Hellfire Club ကို သူ့ရဲ့ကိုယ်ပိုင်ဗားရှင်းနဲ့ ပြန်လည်ဖန်တီးခဲ့ပါသေးတယ်။

(3) Alan Turing

photo via screenrant

Alan Turing ကတော့ ဒုတိယကမ္ဘာစစ်မှာ ဂျာမနီတွေရဲ့ လျှို့ဝှက်ကုတ်တွေကို ဖော်ထုတ်ဖို့အတွက် စက်ပစ္စည်း တီထွင်ခဲ့သူ ဖြစ်ပြီး အဲဒီစက်ပစ္စည်းဟာ ကမ္ဘာ့ပထမဆုံး ကွန်ပျူတာဆိုရင်လည်း မမှားပါဘူး။ ဒါပေမယ့်လည်း သူဟာ ၁၉၅၂ ခုနှစ်မှာတော့ လိင်တူကြိုက်နှစ်သက်မှုကြောင့် တရားစွဲခံခဲ့ရပြီး (၂)နှစ်ကြာတဲ့ အချိန်မှာတော့ အဆိပ်သောက်ပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့ပါတယ်။

Season 4 အပိုင်း(၁)ထဲမှာတော့ Eleven ဟာ သူမရဲ့ လေးစားအားကျသူအဖြစ် Hopper ရဲ့အကြောင်းကို ပြောပြခဲ့ပြီး Will ကတော့ Alan Turing ကို ရွေးချယ်ထားတယ်ဆိုတာ မြင်တွေ့ခဲ့ရပါတယ်။ Will ဟာ Alan Turing အကြောင်းကို ပြောပြဖို့ ရွေးချယ်ထားတယ် ဆိုတာကတော့ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ သူဟာလည်း LGBT တစ်ယောက် ဖြစ်နေတယ်ဆိုတဲ့ ကောလာဟလတွေ ရှိနေတာကြောင့်ပါပဲ။ ဒီအကြောင်းကိုတော့ မကြာသေးခင်ကပဲ ကျွန်တော်တို့ ဆောင်းပါးတစ်ပုဒ်နဲ့ တင်ပေးခဲ့ပြီးပါပြီ။

(4) Vecna

photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ Classic Horror ရုပ်ရှင်တွေကို reference ပြုလုပ်လေ့ ရှိပြီး Season 4 ရဲ့ အဓိကဗီလိန်ဖြစ်သူ Vecna ဟာလည်း Classic Horror ဇာတ်ကောင်တွေကို အခြေခံပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။ Vecna ကတော့ အိပ်မက်ကနေတဆင့် ခြောက်လှန့်တဲ့ Freddy Krueger ကို အဓိကအခြေခံပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။ သူ့ရဲ့ Origin ကတော့ Hellraiser ထဲက Pinhead နဲ့ ဆင်တူနေပါတယ်။ ဒါ့အပြင် Vecna ဖန်တီးထားတဲ့ အမြင်အာရုံတွေကတော့ Evil Dead ထဲက Deadite နဲ့ Pennywise တို့ကို အခြေခံပြီး ပေါင်းစပ်ဖန်တီးထားတာ ဖြစ်ပါတယ်။

(5) Carrie Reference

photo via screenrant

အမေရိကန်နိုင်ငံမှာတော့ ၁၉၇၀ ကျော်နဲ့ ၈၀ ကျော်ကာလတွေမှာ ရေခဲပြင်စကိတ်စီးခြင်းဟာ ပေါ်ပြူလာဖြစ်တဲ့ အားကစားတစ်ခု ဖြစ်ခဲ့ပါတယ်။ Eleven ကို ဝိုင်းအနိုင်ကျင့်ကြတဲ့ ဇာတ်ဝင်ခန်းကတော့ Carrie ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းနဲ့ အတော်လေး ဆင်တူနေတာ တွေ့ရပါတယ်။ ကွာခြားမှုလေးတွေ အနည်းငယ်တော့ ရှိပေမယ့်လည်း ဒီအချက်ဟာ Stephen King ရဲ့ Carrie ကို Reference ပြုလုပ်ထားတယ်ဆိုတာ သိသာစေပါတယ်။

(6) Production Team အတွက် Easter Egg

photo via screenrant

Season 4 အပိုင်း(၃)ထဲမှာတော့ Production Team အတွက် Easter Egg ပါဝင်နေပါတယ်။ အဲဒါကတော့ Max ဟာ ကျောင်းအတိုင်ပင်ခံရဲ့ ရုံးခန်းထဲကို ခိုးဝင်ပြီး ဖိုင်တွေကို ရှာဖွေခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ John Bonacorse နဲ့ Ray Brown တို့ရဲ့ဖိုင်တွေကို မြင်တွေ့ခဲ့ရပါတယ်။ John ကတော့ ဒုလက်ထောက် ဒါရိုက်တာ ဖြစ်ပြီး Ray ကတော့ မီးအလင်းအမှောင်နဲ့ ရိုက်ကွင်းအတွက် လိုအပ်တဲ့ ဆက်တင်တွေကို တည်ဆောက်ရတဲ့ ရုပ်ရှင်အဖွဲ့သားအားလုံးရဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။

(7) Pennhurst စိတ်ရောဂါကုဆေးရုံဟာ တကယ်ရှိပါတယ်။

photo via screenrant

Pennhurst စိတ်ရောဂါကုဆေးရုံကတော့ အင်ဒီယားနားပြည်နယ်မှာ တကယ်ရှိပြီး သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဒီဆေးရုံမှာတော့ လူနာတွေဟာ ခက်ခဲတဲ့ အခြေအနေတွေမှာ နေထိုင်ခဲ့ရပြီး ဒါကြောင့်လည်း အချိန်မတိုင်ခင် သေဆုံးသွားတာမျိူးတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ Season 1 မှာကတည်းက ဒီစိတ်ရောဂါကုဆေးရုံကို Mention ပြုလုပ်ခဲ့ဖူးပြီး Season 4 မှာတော့ ဇာတ်ဝင်ခန်းထဲမှာ တကယ် ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။

(8) Victor Creel

photo via screenrant

Nancy နဲ့ Robin တို့နှစ်ယောက်ဟာ Pennhurst စိတ်ရောဂါကုဆေးရုံထဲကို ဝင်လာပြီး Hawkins မြို့ရဲ့ အဆိုးရွားဆုံး လူသတ်သမားလို့ ယူဆကြတဲ့ Victor Creel နဲ့ တွေ့ဆုံဖို့ ကြိုးစားခဲ့ပါတယ်။ အပေါ်မှာ ဖော်ပြခဲ့သလိုပဲ ဒီဇာတ်လမ်းတွဲဟာ Classic Horror ရုပ်ရှင်တွေကို Reference ပြုလုပ်လေ့ ရှိတာကြောင့် Victor Creel နေရာမှာ သရုပ်ဆောင်ခဲ့သူကတော့ Nightmare on Elm Street ထဲမှာ Freddy Kruger နေရာက သရုပ်ဆောင်ခဲ့တဲ့ Robert Englund ပဲ ဖြစ်ပါတယ်။

(9) Running Up That Hill MTV Reference

photo via screenrant

Max ဟာ Upside-Down ထဲက လွတ်မြောက်ဖို့အတွက် ပြေးလာတဲ့ ဇာတ်ဝင်ခန်းကတော့ အဆိုတော် Kate Bush ရဲ့ Running Up That Hill သီချင်း MTV ကို Reference ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ဝင်ခန်းမှာတော့ Upside-Down ထဲမှာ ပိတ်မိနေတဲ့ Max ဟာ သူမရဲ့အကြိုက်ဆုံးသီချင်းကြောင့် ပြန်လည်လွတ်မြောက်လာနိုင်တာ ဖြစ်ပြီး ဒါဟာ Running Up That Hill MTV ထဲက ဇာတ်ဝင်ခန်းတစ်ခုကို ပြန်လည်ဖန်တီးထားတာ ဖြစ်ပါတယ်။ အဲဒီ MTV ထဲမှာတော့ Kate Bush ဟာ အနီရောင်တွေ လွှမ်းခြုံနေတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ ပြေးလွှားနေပြီး အနောက်မှာလည်း မီးခိုးငွေ့တွေ ပါဝင်နေတာကို တွေ့ရပါတယ်။

(10) Ghostbusters Easter Egg

photo via screenrant

Dustin ရဲ့ လွတ်အိတ်မှာတော့ စိတ်ဝင်စားစရာ Easter Egg တစ်ခု ပါဝင်နေပါတယ်။ အဲဒါကတော့ Ghostbusters တံဆိပ်ကို ကပ်ထားတာပဲ ဖြစ်ပါတယ်။ Dustin ဟာ အစကတည်းက Ghostbusters ပရိသတ်တစ်ယောက် ဖြစ်ပြီး Season 2 ထဲမှာဆိုရင် ဟောလိုးဝင်းပွဲတော်အတွက် Ghostbusters အဖြစ် ဝတ်ဆင်ခဲ့တာကိုတောင် မြင်တွေ့ခဲ့ရပါသေးတယ်။

ဒါကတော့ Stranger Things Season 4 Vol. 1 ထဲက စိတ်ဝင်စားစရာအချက်တချို့ကို ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ အခုလိုဆောင်းပါးတွေ ဖတ်ရှုရတာ နှစ်သက်ရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ပေးထားပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular