HomeCelebs Update NewsInternationalရုရှားမှာ Streaming Service ရပ်ဆိုင်းလိုက်တဲ့ Netflix

ရုရှားမှာ Streaming Service ရပ်ဆိုင်းလိုက်တဲ့ Netflix

မကြာသေးခင်ကပဲ Netflix ဟာ ရုရှားအတွက် Streaming Service ကို ရပ်ဆိုင်းလိုက်ပြီလို့ ကြေညာလိုက်ပါတယ်။ အကြောင်းကတော့ ပြီးခဲ့တဲ့လမှာ စတင်ခဲ့တဲ့ ရုရှားရဲ့ ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်စစ် ဆင်နွှဲခဲ့တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ Netflix ကတော့ ရုရှားမှာ သူ့ရဲ့ဆားဗစ်ကို စတင်ပေးခဲ့တာ တစ်နှစ်တောင် မရှိသေးဘဲ Subscriber ကလည်း တစ်သန်းတောင် မပြည့်သေးပါဘူး။

photo via screenrant

ယခုဆိုရင်တော့ ရုပ်ရှင်စတူဒီယိုတွေ ဖြစ်တဲ့ Warner Bros. ၊ Disney ၊ Sony နဲ့ Paramount တို့ကလည်း သူတို့ရဲ့ ပရောဂျက်တွေကို ရုရှားမှာ ပြသဖို့အတွက် ရပ်ဆိုင်းထားပါတယ်။ ဖေဖော်ဝါရီလ (၂၄)ရက်နေ့မှာတော့ ရုရှားဟာ ယူကရိန်းကို ဒုံးကျည်တွေနဲ့ စတင်တိုက်ခိုက်ခဲ့ပြီး ယူကရိန်းရဲ့မြို့တော် ဖြစ်တဲ့ ကီယက်မြို့အပြင် တခြားမြို့တွေ အများအပြားဟာလည်း ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်နေပါတယ်။

Netflix က ရုရှားနိုင်ငံအတွက် Streaming Service ကို ရပ်ဆိုင်းထားတယ်ဆိုတဲ့ သတင်းကိုတော့ Deadline သတင်းဌာနက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ Netflix ဟာ ရုရှားက Subscriber တွေကို သူတို့သွင်းထားတဲ့ ပိုက်ဆံတွေ ပြန်အမ်းပေးသွားမှာလား ဆိုတာကိုတော့ မကြေညာသေးပါဘူး။ ဒါ့အပြင် Zato လို့ခေါ်တဲ့ ရုရှားရုပ်ရှင်ကိုလည်း ရိုက်ကူးရေး ရပ်နားလိုက်တယ်လို့ သိရပါတယ်။

photo via screenrant

Deadline သတင်းဌာနရဲ့ ဖော်ပြချက်အရ Netflix ဟာ နောက်ထပ် ရုရှားရုပ်ရှင်နှစ်ကားကို ရိုက်ကူးပြီးပြီ ဖြစ်ပြီး အဲ့ဒီရုပ်ရှင်နှစ်ကားကိုတော့ ပြသသွားမှာလား၊ မပြသဘူးလား ဆိုတာကိုတော့ မဆုံးဖြတ်ရသေးဘူးလို့ သိရပါတယ်။ အဲ့ဒီနှစ်ကားထဲက တစ်ကားကတော့ Anna K ဆိုတဲ့ ရုပ်ရှင်ဖြစ်ပြီး ဒီရုပ်ရှင်ဟာ Netflix ရဲ့ ပထမဆုံး ရုရှား Original ရုပ်ရှင်လည်း ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular