HomeCharacterSpider-Man ရဲ့ ခွန်အားအကြီးမားဆုံး ဗီလိန်(၁၀)ယောက်

Spider-Man ရဲ့ ခွန်အားအကြီးမားဆုံး ဗီလိန်(၁၀)ယောက်

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Spider-Man ဟာ ၁၉၆၂ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Amazing Fantasy #15 ဆိုတဲ့ ကောမစ်နဲ့ Marvel ကောမစ်လောကထဲကို ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ သူဟာ Marvel ရဲ့ အအောင်မြင်ဆုံး စူပါဟီးရိုးဇာတ်ကောင်တွေထဲမှာ ပါဝင်တဲ့အပြင် သူ့ရဲ့ဗီလိန်တစ်ချို့ဟာလည်း ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိထားကြပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ Spider-Man ရဲ့ ဗီလိန်တွေထဲက ရုပ်ပိုင်းဆိုင်ရာအရ ခွန်အားအကြီးမားဆုံးသူတွေကို ဖော်ပြပေးလိုက်ပါတယ်။

(10) Green Goblin
photo via cbr

Norman Osborn ဟာ သာမန်ဆိုရင်တော့ သိပ်ပြီးမသန်မာပေမယ့်လည်း Goblin ဖော်မြူလာကြောင့် သူ့ရဲ့ ခွန်အားတွေနဲ့ လုပ်ဆောင်နိုင်စွမ်းတွေက သာမန်လူတွေထက် ပိုသာသွားခဲ့ပါတယ်။ နောက်ပိုင်းမှာ သာမန်လူတစ်ယောက်ထက် အများကြီး ပိုပြီးတော့ သန်မာသွားတာကြောင့် ကိုးတန်လောက် အလေးချိန်ကိုတောင် မ,နိုင်တဲ့အထိ ခွန်အားကြီးသွားခဲ့ပါတယ်။ ဒါ့အပြင် သူဟာ Iron Patriot ဖြစ်သွားတဲ့အချိန်မှာတော့ အဲ့ဒီဝတ်စုံရဲ့အကူအညီနဲ့ အလေးချိန် တန်တစ်ရာလောက်အထိတောင် မ,နိုင်ခဲ့ပါတယ်။

(9) Lizard
photo via cbr

Curt Connors ဟာ နဂိုက သာမန်သိပ္ပံပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ ဒီလိုနဲ့ သူ့ရဲ့ဆုံးရှုံးသွားတဲ့ လက်တစ်ဖက်ကို ပြန်ရဖို့အတွက် ဖော်မြူလာတစ်ခုကို စမ်းသပ်နေရင်းနဲ့ ဗီလိန်ဖြစ်သွားခဲ့တာ ဖြစ်ပါတယ်။ သူဟာ အဲ့ဒီဖော်မြူလာကို အသုံးပြုပြီး စမ်းသပ်နေရင်းနဲ့ Lizard ဖြစ်သွားပြီးတော့ သာမန်လူတွေထက် အဆများစွာ သန်မာသွားပါတယ်။ သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကတော့ (၁၂)တန်လောက်ရှိတဲ့ အလေးချိန်ကို မ,နိုင်တဲ့အပြင် သူ့ရဲ့ခြေထောက်ကို အားပြုပြီးတော့ (၁၈)ပေလောက် အမြင့်ထိကို ခုန်လို့ရပါသေးတယ်။

(8) Scorpion
photo via cbr

သူ့ရဲ့ နာမည်အရင်းကတော့ Mac Gargan ဖြစ်ပါတယ်။ သူ့ရဲ့ဝတ်စုံဟာ သူ့ကိုသာမန်လူတစ်ယောက်ထက် ပိုပြီးသန်မာစေတဲ့အပြင် ကင်းမြီးကောက်တစ်ကောင်ရဲ့ အစွမ်းတွေကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ သူဟာ Scorpion ဖြစ်သွားပြီးတဲ့နောက်မှာတော့ အသိစိတ်လွတ်သွားပြီး ဗီလိန်တစ်ယောက် ဖြစ်လာကာ အလေးချိန် (၁၅)တန်ကိုတောင် မ,နိုင်တဲ့အထိ သန်မာသွားပါတယ်။ အဲ့ဒီအင်အားနဲ့ဆိုရင် သစ်ပင်တစ်ပင်ကိုတောင် အသာလေးဆွဲနှုတ်ပြီးတော့ လက်နက်အနေနဲ့ အသုံးပြုလို့ရပါတယ်။

(7) Morlun
photo via cbr

Morlun ကတော့ ဒိုင်မေးရှင်းတွေ တစ်ခုနဲ့တစ်ခု သွားလာလို့ရတဲ့ အစွမ်းရှိတဲ့ သွေးစုပ်ဖုတ်ကောင်တစ်ယောက် ဖြစ်ပါတယ်။ ဒါ့အပြင် သူရဲ့စွမ်းအားတွေနဲ့ ခွန်အားတွေဟာ သူစားသုံးထားတဲ့ လူအပေါ်ကို မူတည်ပါတယ်။ သူစားလိုက်တဲ့လူဟာ စွမ်းအားကြီးတဲ့သူတစ်ယောက် ဖြစ်နေမယ်ဆိုရင် သူ့ရဲ့ခွန်အားတွေနဲ့ စွမ်းအားတွေကလည်း ပိုပြီးတော့ သန်မာလာမှာ ဖြစ်ပါတယ်။ သူကတော့ ပုံမှန်အခြေအနေမှာ ခန့်မှန်းခြေ တန်နှစ်ဆယ်လောက် မ,နိုင်တဲ့အထိ သန်မာသူတစ်ယောက် ဖြစ်ပါတယ်။

(6) Doctor Octopus
photo via cbr

Doctor Octopus ကတော့ သူ့ရဲ့ပုံမှန် ခန္ဓာကိုယ်အတိုင်းဆိုရင် ဘယ်လိုဟီးရိုးနဲ့ပဲဖြစ်ဖြစ် ရင်ဆိုင်ရရင် သေချာပေါက်ကို ရှုံးမှာ ဖြစ်ပါတယ်။ သူဟာ ဒီအတိုင်းဆိုရင် အားနည်းပေမယ့်လည်း သူ့မှာ နောက်ထပ် လက်ခြောက်ချောင်း အပိုပါပြီးတော့ အဲ့ဒီလက်တံတွေဟာ တစ်ခုကို ခြောက်တန်လောက်ရှိတဲ့ အလေးချိန်ကို မ,နိုင်ပါတယ်။ အဲ့ဒါကြောင့် သူ့ရဲ့လက်တံခြောက်ချောင်းမှာ နှစ်ချောင်းက မြေပြင်မှာ ထောက်ထားရင်တောင် ကျန်တဲ့လေးချောင်းပေါင်းရင် (၂၄)တန်လောက်ကို မ,နိုင်မှာ ဖြစ်ပါတယ်။

(5) Mister Negative
photo via cbr

Mr. Negative ဟာလည်း အစတုန်းက သာမန်လူတစ်ယောက် ဖြစ်ပြီးတော့ တစ်ရက်မှာ ပြန်ပေးဆွဲခံလိုက်ရပြီး စမ်းသပ်မှုတစ်ခုကို ကျော်ဖြတ်ခဲ့ရပါတယ်။ အဲ့ဒီစမ်းသပ်ချက်ကပဲ သူ့ကိုစွမ်းအားတွေ ပေးခဲ့တာ ဖြစ်ပေမယ့်လည်း ဘေးထွက်ဆိုးကျိူးအနေနဲ့ လူတစ်ကိုယ် စိတ်နှစ်မျိူး ဖြစ်သွားခဲ့ပါတယ်။ ပထမ စိတ်တစ်မျိူးကတော့ Mr. Negative ဖြစ်ပြီး နောက်ပိုင်းမှာ နယူးယော့ခ်မြို့မှာရှိတဲ့ ရာဇဝတ်သားတွေရဲ့ ခေါင်းဆောင်ဖြစ်လာပါတယ်။ ဗီလိန်ဖြစ်လာပေမယ့်လည်း သူ့ရဲ့တစ်ခြားစိတ်တစ်မျိူးကတော့ ကြင်နာတတ်တဲ့ သာမန်လူတစ်ယောက် ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ပုံစံပြောင်းလို့ရတဲ့အစွမ်းကိုလည်း ပိုင်ဆိုင်ပြီးတော့ သူပြောင်းလဲလိုက်တဲ့ ပုံစံပေါ် မူတည်ပြီးတော့ သူ့ရဲ့ခွန်အားကလည်း ပြောင်းလဲသွားပါတယ်။ ခန့်မှန်းခြေကတော့ အနည်းဆုံး (၂၅)တန်နဲ့ (၇၅)တန်ကြားလောက်မှာ ရှိတဲ့ အလေးချိန်ကို မ,နိုင်တယ်လို့ယူဆလို့ ရပါတယ်။

(4) Venom
photo via cbr

Venom ဟာ Peter Parker ကို ပူးကပ်ခဲ့တဲ့ အချိန်တုန်းကလည်း သူ့ကို ပိုပြီးသန်မာအောင် ပြုလုပ်ပေးခဲ့သလို Eddie ကိုလည်း အလားတူပဲ ပြုလုပ်ပေးခဲ့ပါတယ်။ ခွန်အားနေရာမှာတော့ Venom ဟာ Eddie ကို သာမန်ထက် ပိုသန်မာအောင် ပြုလုပ်ပေးခဲ့ပါတယ်။ ဒါကြောင့် လူသားပုံစံနဲ့ဆိုရင် ပေါင် (၇၀၀)လောက်ကို မ,နိုင်ပြီးတော့ Venom အနေနဲ့ဆိုရင်တော့ ပုံမှန်အရွယ်အစားမှာ တန်(၇၀)လောက်အထိ ရှိတဲ့အလေးချိန်ကို မ,နိုင်ပါတယ်။ ဒါ့အပြင် ဒီ့ထက်အရွယ်အစားကြီးလာရင်လည်း ဒီ့ထက်ပိုပြီးတော့ သန်မာလာမှာ ဖြစ်ပါတယ်။

(3) Carnage
photo via cbr

Carnage ဟာ Venom ထက် ပိုပြီးတော့ သန်မာပါတယ်။ Carnage ဟာ Eddie ထောင်ထဲကို ရောက်နေတဲ့အချိန်တုန်းက ထွက်ပေါ်လာတာဖြစ်ပြီး နောက်ပိုင်းမှာတော့ Cletus Kasady လို့ခေါ်တဲ့ စိတ္တဇလူသတ်သမားတစ်ယောက်နဲ့ ပေါင်းစပ်သွားခဲ့ပါတယ်။ Carnage ကလည်း Cletus ကို သာမန်လူတွေထက် သာလွန်တဲ့ခွန်အားတွေကို ပေးခဲ့တဲ့အပြင် တန် (၇၀)လောက်ကို အသာလေးမ,နိုင်တာကြောင့် သူဟာ Spider-Man အတွက် ရင်ဆိုင်ရခက်တဲ့ ရန်သူတစ်ယောက် ဖြစ်လာစေပါတယ်။

(2) Sandman
photo via cbr

Flint Marko ဟာ သူခိုးတစ်ယောက် ဖြစ်ပြီးတော့ မတော်တဆ ဖြစ်ရပ်တစ်ခုကြောင့် သူ့ရဲ့ခန္ဓာကိုယ်ကို သဲအဖြစ်ပြောင်းလဲလို့ရတဲ့အပြင် ပတ်ဝန်းကျင်မှာ ရှိနေတဲ့သဲတွေကိုပါ ထိန်းချုပ်နိုင်တဲ့အစွမ်းကို ရသွားခဲ့ပါတယ်။ အဲ့ဒီအချက်ကြောင့်ပဲ တိုက်ခိုက်ခံရတဲ့ အခြေအနေမှာဆိုရင် ဒဏ်ရာမရအောင် သူ့ကိုယ်သူ သဲတွေအဖြစ် ပြောင်းလဲနိုင်ကာ ပြန်လည်တိုက်ခိုက်မယ့် အချိန်ဆိုရင်လည်း ကျောက်တုံးလို မာကျောနေအောင် ပြုလုပ်လို့ ရပါသေးတယ်။ သူကတော့ ပုံမှန်အခြေအနေမှာဆိုရင် (၈၅)တန်လောက်အထိ မ,နိုင်ပါတယ်။

(1) Rhino
photo via cbr

Spider-Man ရဲ့ ခွန်အားအကြီးမားဆုံး ဗီလိန်ကတော့ Rhino ဖြစ်ပြီး သူ့ရဲ့ နာမည်အရင်းကတော့ Aleksei Sytsevich  ဖြစ်ပါတယ်။ သူဟာ ရုရှားမာဖီးယားတစ်ယောက် ဖြစ်ပြီး ဓာတုပစ္စည်းတွေနဲ့ ဂန်မာရောင်ခြည်တွေကို ပေါင်းစပ်ပြီး ပြုလုပ်တဲ့ စမ်းသပ်မှုတစ်ခုမှာ ပါဝင်ခဲ့ပါတယ်။ ရလဒ်အနေနဲ့ကတော့ သူဟာ အဆမတန် ခွန်အားကြီးသွားတဲ့အပြင် တော်တော်လေးလည်း အကြမ်းခံသွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ (၇၅)တန်လောက်ကို အေးဆေးမ,နိုင်တဲ့အပြင် သူ့ရဲ့ဝတ်စုံနဲ့ဆိုရင် တန်တစ်ရာလောက်ထိကို မ,နိုင်တဲ့အထိ သန်မာပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Spider-Man ဟာ ၁၉၆၂ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Amazing Fantasy #15 ဆိုတဲ့ ေကာမစ္နဲ႔ Marvel ေကာမစ္ေလာကထဲကို ဝင္ေရာက္လာခဲ့တာ ျဖစ္ပါတယ္။ သူဟာ Marvel ရဲ႕ အေအာင္ျမင္ဆုံး စူပါဟီး႐ိုးဇာတ္ေကာင္ေတြထဲမွာ ပါဝင္တဲ့အျပင္ သူ႔ရဲ႕ဗီလိန္တစ္ခ်ိဳ႕ဟာလည္း ပရိသတ္ေတြရဲ႕ အားေပးမႈေတြကို ရရွိထားၾကပါတယ္။ ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ Spider-Man ရဲ႕ ဗီလိန္ေတြထဲက ႐ုပ္ပိုင္းဆိုင္ရာအရ ခြန္အားအႀကီးမားဆုံးသူေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(10) Green Goblin

photo via cbrNorman Osborn ဟာ သာမန္ဆိုရင္ေတာ့ သိပ္ၿပီးမသန္မာေပမယ့္လည္း Goblin ေဖာ္ျမဴလာေၾကာင့္ သူ႔ရဲ႕ ခြန္အားေတြနဲ႔ လုပ္ေဆာင္ႏိုင္စြမ္းေတြက သာမန္လူေတြထက္ ပိုသာသြားခဲ့ပါတယ္။ ေနာက္ပိုင္းမွာ သာမန္လူတစ္ေယာက္ထက္ အမ်ားႀကီး ပိုၿပီးေတာ့ သန္မာသြားတာေၾကာင့္ ကိုးတန္ေလာက္ အေလးခ်ိန္ကိုေတာင္ မ,ႏိုင္တဲ့အထိ ခြန္အားႀကီးသြားခဲ့ပါတယ္။ ဒါ့အျပင္ သူဟာ Iron Patriot ျဖစ္သြားတဲ့အခ်ိန္မွာေတာ့ အဲ့ဒီဝတ္စုံရဲ႕အကူအညီနဲ႔ အေလးခ်ိန္ တန္တစ္ရာေလာက္အထိေတာင္ မ,ႏိုင္ခဲ့ပါတယ္။

(9) Lizard
photo via cbr

Curt Connors ဟာ နဂိုက သာမန္သိပၸံပညာရွင္တစ္ေယာက္ ျဖစ္ပါတယ္။ ဒီလိုနဲ႔ သူ႔ရဲ႕ဆုံးရႈံးသြားတဲ့ လက္တစ္ဖက္ကို ျပန္ရဖို႔အတြက္ ေဖာ္ျမဴလာတစ္ခုကို စမ္းသပ္ေနရင္းနဲ႔ ဗီလိန္ျဖစ္သြားခဲ့တာ ျဖစ္ပါတယ္။ သူဟာ အဲ့ဒီေဖာ္ျမဴလာကို အသုံးျပဳၿပီး စမ္းသပ္ေနရင္းနဲ႔ Lizard ျဖစ္သြားၿပီးေတာ့ သာမန္လူေတြထက္ အဆမ်ားစြာ သန္မာသြားပါတယ္။ သူ႔ရဲ႕႐ုပ္ပိုင္းဆိုင္ရာ ႀကံ့ခိုင္မႈကေတာ့ (၁၂)တန္ေလာက္ရွိတဲ့ အေလးခ်ိန္ကို မ,ႏိုင္တဲ့အျပင္ သူ႔ရဲ႕ေျခေထာက္ကို အားျပဳၿပီးေတာ့ (၁၈)ေပေလာက္ အျမင့္ထိကို ခုန္လို႔ရပါေသးတယ္။

(8) Scorpion
photo via cbr

သူ႔ရဲ႕ နာမည္အရင္းကေတာ့ Mac Gargan ျဖစ္ပါတယ္။ သူ႔ရဲ႕ဝတ္စုံဟာ သူ႔ကိုသာမန္လူတစ္ေယာက္ထက္ ပိုၿပီးသန္မာေစတဲ့အျပင္ ကင္းၿမီးေကာက္တစ္ေကာင္ရဲ႕ အစြမ္းေတြကိုလည္း ပိုင္ဆိုင္ထားပါေသးတယ္။ သူဟာ Scorpion ျဖစ္သြားၿပီးတဲ့ေနာက္မွာေတာ့ အသိစိတ္လြတ္သြားၿပီး ဗီလိန္တစ္ေယာက္ ျဖစ္လာကာ အေလးခ်ိန္ (၁၅)တန္ကိုေတာင္ မ,ႏိုင္တဲ့အထိ သန္မာသြားပါတယ္။ အဲ့ဒီအင္အားနဲ႔ဆိုရင္ သစ္ပင္တစ္ပင္ကိုေတာင္ အသာေလးဆြဲႏႈတ္ၿပီးေတာ့ လက္နက္အေနနဲ႔ အသုံးျပဳလို႔ရပါတယ္။

(7) Morlun
photo via cbr

Morlun ကေတာ့ ဒိုင္ေမးရွင္းေတြ တစ္ခုနဲ႔တစ္ခု သြားလာလို႔ရတဲ့ အစြမ္းရွိတဲ့ ေသြးစုပ္ဖုတ္ေကာင္တစ္ေယာက္ ျဖစ္ပါတယ္။ ဒါ့အျပင္ သူရဲ႕စြမ္းအားေတြနဲ႔ ခြန္အားေတြဟာ သူစားသုံးထားတဲ့ လူအေပၚကို မူတည္ပါတယ္။ သူစားလိုက္တဲ့လူဟာ စြမ္းအားႀကီးတဲ့သူတစ္ေယာက္ ျဖစ္ေနမယ္ဆိုရင္ သူ႔ရဲ႕ခြန္အားေတြနဲ႔ စြမ္းအားေတြကလည္း ပိုၿပီးေတာ့ သန္မာလာမွာ ျဖစ္ပါတယ္။ သူကေတာ့ ပုံမွန္အေျခအေနမွာ ခန႔္မွန္းေျခ တန္ႏွစ္ဆယ္ေလာက္ မ,ႏိုင္တဲ့အထိ သန္မာသူတစ္ေယာက္ ျဖစ္ပါတယ္။

(6) Doctor Octopus
photo via cbr

Doctor Octopus ကေတာ့ သူ႔ရဲ႕ပုံမွန္ ခႏၶာကိုယ္အတိုင္းဆိုရင္ ဘယ္လိုဟီး႐ိုးနဲ႔ပဲျဖစ္ျဖစ္ ရင္ဆိုင္ရရင္ ေသခ်ာေပါက္ကို ရႈံးမွာ ျဖစ္ပါတယ္။ သူဟာ ဒီအတိုင္းဆိုရင္ အားနည္းေပမယ့္လည္း သူ႔မွာ ေနာက္ထပ္ လက္ေျခာက္ေခ်ာင္း အပိုပါၿပီးေတာ့ အဲ့ဒီလက္တံေတြဟာ တစ္ခုကို ေျခာက္တန္ေလာက္ရွိတဲ့ အေလးခ်ိန္ကို မ,ႏိုင္ပါတယ္။ အဲ့ဒါေၾကာင့္ သူ႔ရဲ႕လက္တံေျခာက္ေခ်ာင္းမွာ ႏွစ္ေခ်ာင္းက ေျမျပင္မွာ ေထာက္ထားရင္ေတာင္ က်န္တဲ့ေလးေခ်ာင္းေပါင္းရင္ (၂၄)တန္ေလာက္ကို မ,ႏိုင္မွာ ျဖစ္ပါတယ္။

(5) Mister Negative
photo via cbr

Mr. Negative ဟာလည္း အစတုန္းက သာမန္လူတစ္ေယာက္ ျဖစ္ၿပီးေတာ့ တစ္ရက္မွာ ျပန္ေပးဆြဲခံလိုက္ရၿပီး စမ္းသပ္မႈတစ္ခုကို ေက်ာ္ျဖတ္ခဲ့ရပါတယ္။ အဲ့ဒီစမ္းသပ္ခ်က္ကပဲ သူ႔ကိုစြမ္းအားေတြ ေပးခဲ့တာ ျဖစ္ေပမယ့္လည္း ေဘးထြက္ဆိုးက်ိဴးအေနနဲ႔ လူတစ္ကိုယ္ စိတ္ႏွစ္မ်ိဴး ျဖစ္သြားခဲ့ပါတယ္။ ပထမ စိတ္တစ္မ်ိဴးကေတာ့ Mr. Negative ျဖစ္ၿပီး ေနာက္ပိုင္းမွာ နယူးေယာ့ခ္ၿမိဳ႕မွာရွိတဲ့ ရာဇဝတ္သားေတြရဲ႕ ေခါင္းေဆာင္ျဖစ္လာပါတယ္။ ဗီလိန္ျဖစ္လာေပမယ့္လည္း သူ႔ရဲ႕တစ္ျခားစိတ္တစ္မ်ိဴးကေတာ့ ၾကင္နာတတ္တဲ့ သာမန္လူတစ္ေယာက္ ျဖစ္ပါတယ္။ ဒါ့အျပင္ သူဟာ ပုံစံေျပာင္းလို႔ရတဲ့အစြမ္းကိုလည္း ပိုင္ဆိုင္ၿပီးေတာ့ သူေျပာင္းလဲလိုက္တဲ့ ပုံစံေပၚ မူတည္ၿပီးေတာ့ သူ႔ရဲ႕ခြန္အားကလည္း ေျပာင္းလဲသြားပါတယ္။ ခန႔္မွန္းေျခကေတာ့ အနည္းဆုံး (၂၅)တန္နဲ႔ (၇၅)တန္ၾကားေလာက္မွာ ရွိတဲ့ အေလးခ်ိန္ကို မ,ႏိုင္တယ္လို႔ယူဆလို႔ ရပါတယ္။

(4) Venom
photo via cbr

Venom ဟာ Peter Parker ကို ပူးကပ္ခဲ့တဲ့ အခ်ိန္တုန္းကလည္း သူ႔ကို ပိုၿပီးသန္မာေအာင္ ျပဳလုပ္ေပးခဲ့သလို Eddie ကိုလည္း အလားတူပဲ ျပဳလုပ္ေပးခဲ့ပါတယ္။ ခြန္အားေနရာမွာေတာ့ Venom ဟာ Eddie ကို သာမန္ထက္ ပိုသန္မာေအာင္ ျပဳလုပ္ေပးခဲ့ပါတယ္။ ဒါေၾကာင့္ လူသားပုံစံနဲ႔ဆိုရင္ ေပါင္ (၇၀၀)ေလာက္ကို မ,ႏိုင္ၿပီးေတာ့ Venom အေနနဲ႔ဆိုရင္ေတာ့ ပုံမွန္အ႐ြယ္အစားမွာ တန္(၇၀)ေလာက္အထိ ရွိတဲ့အေလးခ်ိန္ကို မ,ႏိုင္ပါတယ္။ ဒါ့အျပင္ ဒီ့ထက္အ႐ြယ္အစားႀကီးလာရင္လည္း ဒီ့ထက္ပိုၿပီးေတာ့ သန္မာလာမွာ ျဖစ္ပါတယ္။

(3) Carnage
photo via cbr

Carnage ဟာ Venom ထက္ ပိုၿပီးေတာ့ သန္မာပါတယ္။ Carnage ဟာ Eddie ေထာင္ထဲကို ေရာက္ေနတဲ့အခ်ိန္တုန္းက ထြက္ေပၚလာတာျဖစ္ၿပီး ေနာက္ပိုင္းမွာေတာ့ Cletus Kasady လို႔ေခၚတဲ့ စိတၱဇလူသတ္သမားတစ္ေယာက္နဲ႔ ေပါင္းစပ္သြားခဲ့ပါတယ္။ Carnage ကလည္း Cletus ကို သာမန္လူေတြထက္ သာလြန္တဲ့ခြန္အားေတြကို ေပးခဲ့တဲ့အျပင္ တန္ (၇၀)ေလာက္ကို အသာေလးမ,ႏိုင္တာေၾကာင့္ သူဟာ Spider-Man အတြက္ ရင္ဆိုင္ရခက္တဲ့ ရန္သူတစ္ေယာက္ ျဖစ္လာေစပါတယ္။

(2) Sandman

photo via cbrFlint Marko ဟာ သူခိုးတစ္ေယာက္ ျဖစ္ၿပီးေတာ့ မေတာ္တဆ ျဖစ္ရပ္တစ္ခုေၾကာင့္ သူ႔ရဲ႕ခႏၶာကိုယ္ကို သဲအျဖစ္ေျပာင္းလဲလို႔ရတဲ့အျပင္ ပတ္ဝန္းက်င္မွာ ရွိေနတဲ့သဲေတြကိုပါ ထိန္းခ်ဳပ္ႏိုင္တဲ့အစြမ္းကို ရသြားခဲ့ပါတယ္။ အဲ့ဒီအခ်က္ေၾကာင့္ပဲ တိုက္ခိုက္ခံရတဲ့ အေျခအေနမွာဆိုရင္ ဒဏ္ရာမရေအာင္ သူ႔ကိုယ္သူ သဲေတြအျဖစ္ ေျပာင္းလဲႏိုင္ကာ ျပန္လည္တိုက္ခိုက္မယ့္ အခ်ိန္ဆိုရင္လည္း ေက်ာက္တုံးလို မာေက်ာေနေအာင္ ျပဳလုပ္လို႔ ရပါေသးတယ္။ သူကေတာ့ ပုံမွန္အေျခအေနမွာဆိုရင္ (၈၅)တန္ေလာက္အထိ မ,ႏိုင္ပါတယ္။

(1) Rhino
photo via cbr

Spider-Man ရဲ႕ ခြန္အားအႀကီးမားဆုံး ဗီလိန္ကေတာ့ Rhino ျဖစ္ၿပီး သူ႔ရဲ႕ နာမည္အရင္းကေတာ့ Aleksei Sytsevich  ျဖစ္ပါတယ္။ သူဟာ ႐ုရွားမာဖီးယားတစ္ေယာက္ ျဖစ္ၿပီး ဓာတုပစၥည္းေတြနဲ႔ ဂန္မာေရာင္ျခည္ေတြကို ေပါင္းစပ္ၿပီး ျပဳလုပ္တဲ့ စမ္းသပ္မႈတစ္ခုမွာ ပါဝင္ခဲ့ပါတယ္။ ရလဒ္အေနနဲ႔ကေတာ့ သူဟာ အဆမတန္ ခြန္အားႀကီးသြားတဲ့အျပင္ ေတာ္ေတာ္ေလးလည္း အၾကမ္းခံသြားခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ (၇၅)တန္ေလာက္ကို ေအးေဆးမ,ႏိုင္တဲ့အျပင္ သူ႔ရဲ႕ဝတ္စုံနဲ႔ဆိုရင္ တန္တစ္ရာေလာက္ထိကို မ,ႏိုင္တဲ့အထိ သန္မာပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular