HomeCelebs Update NewsInternationalလက္ထပ္သြားၾကၿပီဆိုတဲ့ Supergirl သရုပ္ေဆာင္ Melissa Benoist နဲ႔ Chris Wood

လက္ထပ္သြားၾကၿပီဆိုတဲ့ Supergirl သရုပ္ေဆာင္ Melissa Benoist နဲ႔ Chris Wood

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

Clark Kent နဲ႔ Lois Lane တို႔ကို ေက်ာ္တက္သြားတဲ့ ခ်စ္သူစုံတြဲကေတာ့ Kara Danvers နဲ႔ Lar Gand တို႔အတြဲ ျဖစ္ပါတယ္။ Supergirl ဇာတ္လမ္းတြဲထဲမွာ Supergirl နဲ႔ Mon-El အျဖစ္ တြဲဖက္သရုပ္ေဆာင္ထားၾကတဲ့ မင္းသမီးေခ်ာေလး Melissa Benoist နဲ႔ မင္းသား Chris Wood တို႔ဟာ ျပင္ပေလာကမွာလည္း တကယ့္ခ်စ္သူစုံတြဲေတြပါ။ အင္မတန္ လိုက္ဖက္လွတဲ့ ဒီခ်စ္သူႏွစ္ေယာက္ကေတာ့ E! News ၀က္ဘ္ဆိုဒ္ရဲ႕ ေဖာ္ျပခ်က္အရ လက္ထပ္သြားၾကၿပီလို႔ သိရပါတယ္။

Melissa နဲ႔ Chris တို႔ဟာ စက္တင္ဘာလ(၁)ရက္ေန႔က ကယ္လီဖိုးနီးယားျပည္နယ္၊ Ojai ၿမိဳ႕မွာ တိတ္တဆိတ္ လက္ထပ္ပြဲဆင္ႏႊဲခဲ့ၾကတယ္လို႔ သိရပါတယ္။ မဂၤလာပြဲကိုေတာ့ CW ရုပ္သံလိုင္းရဲ႕ မိသားစု၀င္ သရုပ္ေဆာင္ေတြျဖစ္တဲ့ Kevin Smith ၊ Odette Annable နဲ႔ The Vampire Dairies ဇာတ္လမ္းတြဲထဲက မင္းသားေခ်ာ Paul Wesley တို႔က အထူးဧည့္သည္အျဖစ္ တက္ေရာက္ခဲ့ၾကၿပီး ရင္းႏွီးတဲ့ မိသားစုေဆြမ်ိဳးမ်ားနဲ႔ ေပ်ာ္ရႊင္စြာ က်င္းပခဲ့ပါတယ္။ မဂၤလာပြဲကိုေတာ့ ဆိတ္ၿငိမ္ၿပီး လွပခမ္းနားလြန္းတဲ့ ၿခံ၀န္းက်ယ္ႀကီးထဲက ေရကန္ႀကီးေဘးမွာ ရိုမန္႔တစ္ဆန္ဆန္ က်င္းပခဲ့တယ္လို႔လည္း သိရပါတယ္။

Copyright @melissabenoist IG

Supergirl က က်ည္ဆံထက္ ျမန္ဆန္သလိုပဲ လက္ေတြ႕ဘ၀မွာလည္း မင္းသမီးေလး Melissa ရဲ႕ လက္ထပ္မဂၤလာ ကတိသစၥာျပဳပြဲဟာ (၁၅)မိနစ္သာ ၾကာျမင့္ခဲ့ပါတယ္။ ႏွစ္ေယာက္သားကို ဇနီးနဲ႔ ခင္ပြန္းအျဖစ္ သတ္မွတ္ေၾကျငာၿပီးတဲ့ေနာက္မွာေတာ့ တက္ေရာက္လာတဲ့ ဧည့္သည္ေတာ္ေတြဟာ လက္ခုပ္ေထာပနာေတြနဲ႔ ခ်ီးျမွင့္ေပးခ့ဲၾကပါတယ္။

ထိမ္းျမားမဂၤလာ ကတိသစၥာျပဳပြဲအၿပီးမွာေတာ့ သူတို႔ရဲ႕ private ၿခံ၀န္းက်ယ္ႀကီးထဲက အုံ႔အုံ႔ဆိုင္းဆိုင္း လွပေနတဲ့ သစ္ပင္ႀကီးေတြေအာက္မွာ မဂၤလာဧည့္ခံပြဲကို ဆက္လက္ျပဳလုပ္ခဲ့ပါတယ္။ စားပြဲရွည္ႀကီးမွာ စုရုံးထိုင္ကာ အစားအေသာက္ေတြကို လက္ဆင့္ကမ္းရင္း မွ်ေ၀စားေသာက္ၾကတဲ့ပုံစံဟာ မိသားစု ညစာစားပြဲနဲ႔ အေတာ္ေလး ဆင္တူပါတယ္။ ခ်စ္စရာ မဂၤလာဧည့္ခံပြဲေလးဟာ စားၾကေသာက္ၾက၊ ရယ္ေမာေပ်ာ္ရႊင္ၾကနဲ႔ ေအာင္ျမင္စြာ ၿပီးဆုံးသြားခဲ့တယ္လို႔ E! News ရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။

Copyright @melissabenoist IG

Melissa နဲ႔ Chris တို႔ဟာ လြန္ခဲ့တဲ့ ေျခာက္လေလာက္က ေစ့စပ္ၿပီးေၾကာင္း ေၾကျငာခဲ့ၾကၿပီးမွ အခုလို လက္ထပ္လိုက္ၾကတာ ျဖစ္ပါတယ္။ ႏွစ္ေယာက္သား တြဲေနတယ္ဆိုတဲ့ သတင္းေတြ စထြက္ခဲ့တာကေတာ့ ၂၀၁၇ခုႏွစ္ မတ္လေလာက္က ျဖစ္ပါတယ္။ အဲ့ဒီ့တုန္းကလည္း လူေတြေျပာေနတဲ့ ေကာလာဟလကို မက္ဆီကိုမွာ တူတူတြဲသြားတြဲလာ လုပ္ျပရင္းနဲ႔ အခ်စ္ကို သက္ေသထူခဲ့သူ ႏွစ္ေယာက္ပါ။ အဲ့ဒီ့ေနာက္ တစ္ႏွစ္အၾကာမွာ ေစ့စပ္ခဲ့ၾကၿပီး ေျခာက္လအၾကာမွာ လက္ထပ္လိုက္ၾကတာျဖစ္လို႔ ဒီစူပါဟီးရိုး သရုပ္ေဆာင္ႏွစ္ေယာက္ရဲ႕ စိတ္လက္ျမန္ဆန္မႈကို အထင္းသား ျမင္ၾကရမွာ ျဖစ္ပါတယ္။

Copyright @melissabenoist IG

Supergirl မင္းသမီးေလး Melissa အတြက္ကေတာ့ ဒါဟာ ပထမဆုံး ျပဳဖူးတဲ့ အိမ္ေထာင္ မဟုတ္ေသးပါဘူး။ သူမဟာ ယခင္တုန္းက Glee ရုပ္သံဇာတ္လမ္းတြဲထဲက သရုပ္ေဆာင္ Blake Jenner နဲ႔လည္း လက္ထပ္ခဲ့ဖူးပါေသးတယ္။ Melissa ဟာ Blake Jenner နဲ႔ ၂၀၁၃ခုႏွစ္မွာ လက္ထပ္ခဲ့ၿပီး သုံးႏွစ္အၾကာမွာေတာ့ ကြာရွင္းျပတ္စဲခဲ့ပါတယ္။ ကြာရွင္းတဲ့ တရားရုံးကိစၥေတြအၿပီး ၂၀၁၇ခုႏွစ္မွာပဲ အခုလက္ထပ္လိုက္တဲ့ မင္းသား Chris နဲ႔ စတင္တြဲခုတ္ခဲ့ၾကတာလည္း ျဖစ္ပါတယ္။ မည္သုိ႔ဆိုေစ Melissa နဲ႔ Chris တို႔ ႏွစ္ေတြအၾကာႀကီး ေပ်ာ္ရႊင္စြာ ေပါင္းဖက္ႏိုင္ၾကပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ရပါတယ္။

Xei

Source: hollywoodlife

(Unicode Version)

Clark Kent နဲ့ Lois Lane တို့ကို ကျော်တက်သွားတဲ့ ချစ်သူစုံတွဲကတော့ Kara Danvers နဲ့ Lar Gand တို့အတွဲ ဖြစ်ပါတယ်။ Supergirl ဇာတ်လမ်းတွဲထဲမှာ Supergirl နဲ့ Mon-El အဖြစ် တွဲဖက်သရုပ်ဆောင်ထားကြတဲ့ မင်းသမီးချောလေး Melissa Benoist နဲ့ မင်းသား Chris Wood တို့ဟာ ပြင်ပလောကမှာလည်း တကယ့်ချစ်သူစုံတွဲတွေပါ။ အင်မတန် လိုက်ဖက်လှတဲ့ ဒီချစ်သူနှစ်ယောက်ကတော့ E! News ဝက်ဘ်ဆိုဒ်ရဲ့ ဖော်ပြချက်အရ လက်ထပ်သွားကြပြီလို့ သိရပါတယ်။

Melissa နဲ့ Chris တို့ဟာ စက်တင်ဘာလ(၁)ရက်နေ့က ကယ်လီဖိုးနီးယားပြည်နယ်၊ Ojai မြို့မှာ တိတ်တဆိတ် လက်ထပ်ပွဲဆင်နွှဲခဲ့ကြတယ်လို့ သိရပါတယ်။ မင်္ဂလာပွဲကိုတော့ CW ရုပ်သံလိုင်းရဲ့ မိသားစုဝင် သရုပ်ဆောင်တွေဖြစ်တဲ့ Kevin Smith ၊ Odette Annable နဲ့ The Vampire Dairies ဇာတ်လမ်းတွဲထဲက မင်းသားချော Paul Wesley တို့က အထူးဧည့်သည်အဖြစ် တက်ရောက်ခဲ့ကြပြီး ရင်းနှီးတဲ့ မိသားစုဆွေမျိုးများနဲ့ ပျော်ရွှင်စွာ ကျင်းပခဲ့ပါတယ်။ မင်္ဂလာပွဲကိုတော့ ဆိတ်ငြိမ်ပြီး လှပခမ်းနားလွန်းတဲ့ ခြံဝန်းကျယ်ကြီးထဲက ရေကန်ကြီးဘေးမှာ ရိုမန့်တစ်ဆန်ဆန် ကျင်းပခဲ့တယ်လို့လည်း သိရပါတယ်။

Copyright @melissabenoist IG

Supergirl က ကျည်ဆံထက် မြန်ဆန်သလိုပဲ လက်တွေ့ဘဝမှာလည်း မင်းသမီးလေး Melissa ရဲ့ လက်ထပ်မင်္ဂလာ ကတိသစ္စာပြုပွဲဟာ (၁၅)မိနစ်သာ ကြာမြင့်ခဲ့ပါတယ်။ နှစ်ယောက်သားကို ဇနီးနဲ့ ခင်ပွန်းအဖြစ် သတ်မှတ်ကြေငြာပြီးတဲ့နောက်မှာတော့ တက်ရောက်လာတဲ့ ဧည့်သည်တော်တွေဟာ လက်ခုပ်ထောပနာတွေနဲ့ ချီးမြှင့်ပေးခဲ့ကြပါတယ်။

ထိမ်းမြားမင်္ဂလာ ကတိသစ္စာပြုပွဲအပြီးမှာတော့ သူတို့ရဲ့ private ခြံဝန်းကျယ်ကြီးထဲက အုံ့အုံ့ဆိုင်းဆိုင်း လှပနေတဲ့ သစ်ပင်ကြီးတွေအောက်မှာ မင်္ဂလာဧည့်ခံပွဲကို ဆက်လက်ပြုလုပ်ခဲ့ပါတယ်။ စားပွဲရှည်ကြီးမှာ စုရုံးထိုင်ကာ အစားအသောက်တွေကို လက်ဆင့်ကမ်းရင်း မျှဝေစားသောက်ကြတဲ့ပုံစံဟာ မိသားစု ညစာစားပွဲနဲ့ အတော်လေး ဆင်တူပါတယ်။ ချစ်စရာ မင်္ဂလာဧည့်ခံပွဲလေးဟာ စားကြသောက်ကြ၊ ရယ်မောပျော်ရွှင်ကြနဲ့ အောင်မြင်စွာ ပြီးဆုံးသွားခဲ့တယ်လို့ E! News ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

Copyright @melissabenoist IG

Melissa နဲ့ Chris တို့ဟာ လွန်ခဲ့တဲ့ ခြောက်လလောက်က စေ့စပ်ပြီးကြောင်း ကြေငြာခဲ့ကြပြီးမှ အခုလို လက်ထပ်လိုက်ကြတာ ဖြစ်ပါတယ်။ နှစ်ယောက်သား တွဲနေတယ်ဆိုတဲ့ သတင်းတွေ စထွက်ခဲ့တာကတော့ ၂၀၁၇ခုနှစ် မတ်လလောက်က ဖြစ်ပါတယ်။ အဲ့ဒီ့တုန်းကလည်း လူတွေပြောနေတဲ့ ကောလာဟလကို မက်ဆီကိုမှာ တူတူတွဲသွားတွဲလာ လုပ်ပြရင်းနဲ့ အချစ်ကို သက်သေထူခဲ့သူ နှစ်ယောက်ပါ။ အဲ့ဒီ့နောက် တစ်နှစ်အကြာမှာ စေ့စပ်ခဲ့ကြပြီး ခြောက်လအကြာမှာ လက်ထပ်လိုက်ကြတာဖြစ်လို့ ဒီစူပါဟီးရိုး သရုပ်ဆောင်နှစ်ယောက်ရဲ့ စိတ်လက်မြန်ဆန်မှုကို အထင်းသား မြင်ကြရမှာ ဖြစ်ပါတယ်။

Copyright @melissabenoist IG

Supergirl မင်းသမီးလေး Melissa အတွက်ကတော့ ဒါဟာ ပထမဆုံး ပြုဖူးတဲ့ အိမ်ထောင် မဟုတ်သေးပါဘူး။ သူမဟာ ယခင်တုန်းက Glee ရုပ်သံဇာတ်လမ်းတွဲထဲက သရုပ်ဆောင် Blake Jenner နဲ့လည်း လက်ထပ်ခဲ့ဖူးပါသေးတယ်။ Melissa ဟာ Blake Jenner နဲ့ ၂၀၁၃ခုနှစ်မှာ လက်ထပ်ခဲ့ပြီး သုံးနှစ်အကြာမှာတော့ ကွာရှင်းပြတ်စဲခဲ့ပါတယ်။ ကွာရှင်းတဲ့ တရားရုံးကိစ္စတွေအပြီး ၂၀၁၇ခုနှစ်မှာပဲ အခုလက်ထပ်လိုက်တဲ့ မင်းသား Chris နဲ့ စတင်တွဲခုတ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ မည်သို့ဆိုစေ Melissa နဲ့ Chris တို့ နှစ်တွေအကြာကြီး ပျော်ရွှင်စွာ ပေါင်းဖက်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။

Xei

Source: hollywoodlife

 

RELATED ARTICLES

Most Popular