HomeCharacterMarvel Universe ထဲမှာ Venom ပူးကပ်ခဲ့ဖူးတဲ့ စူပါဟီးရိုးများ

Marvel Universe ထဲမှာ Venom ပူးကပ်ခဲ့ဖူးတဲ့ စူပါဟီးရိုးများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Venom ဆိုတဲ့ဇာတ်ကောင်ဟာ သူ့အတွက် solo ရုပ်ရှင်လည်း ထွက်ထားပြီးတော့ အရင်ကထွက်ခဲ့တဲ့ Spider-Man ထဲမှာလည်းပါတာကြောင့် တော်တော်များများသိကြမယ် ထင်ပါတယ်။ သူဟာ အခြားမျိုးနွယ်တစ်ခုမှာ ပူးကပ်ပြီးတော့ ပူးပေါင်းနေထိုင်တဲ့ ဂြိုဟ်သားမျိုးနွယ်တစ်ခု ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ သူတို့နဲ့ အဆင်ပြေမယ့် လက်ခံကောင်ကို လိုက်ရှာဖွေရင်းနဲ့ လူပေါင်းများစွာကို ပူးကပ်ခဲ့ဖူးပါတယ်။ အဲ့ဒီထဲကမှ တစ်ချို့လက်ခံကောင်တွေဟာ စူပါဟီးရိုးတွေ ဖြစ်နေကြတာကြောင့် Venom ပူးကပ်ခဲ့ဖူးတဲ့ စူပါဟီးရိုးတွေကို ဖော်ပြပေးချင်ပါတယ်။

Deadpool
photo via cbr

Secret Wars ဆိုတဲ့ comic စီးရီးထဲမှာ Deadpool ဟာ အဲ့ဒီအမဲရောင် Symbiote ဝတ်စုံကို ပထမဆုံး ဝတ်ခဲ့တဲ့ သူတစ်ယောက်ပါ။ ဒါပေမဲ့လည်း အဲ့ဒီဝတ်စုံကို ဝတ်ထားတဲ့အချိန်မှာ သူဟာ Venom ရဲ့ တည်ရှိမှုကို သတိထားမိသွားတာကြောင့် အဲ့ဒီဝတ်စုံကို ပြန်ပြီးချွတ်ပစ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Spider-Man ဟာ အဲ့ဒီဝတ်စုံကို ယူသွားခဲ့ပါတယ်။ Deadpool: Back In Black ဆိုတဲ့ comic ထဲမှာလည်း Deadpool ဟာ နောက်ထပ်တစ်ကြိမ် Venom ရဲ့လက်ခံကောင်ဖြစ်ခဲ့ပါသေးတယ်။

Deadpool ဟာတိုက်ခိုက်နေတဲ့အချိန်မှာ Venom ဟာ သူ့ကိုကယ်ဖို့အတွက် အချိန်ကိုက်ရောက်လာခဲ့ပါတယ်။ ဒါ့အပြင် Venom ရဲ့လက်ခံကောင်ဖြစ်နေတဲ့အချိန်အတွင်းမှာ Deadpool ဟာ Spider-Man ရဲ့စွမ်းရည်တစ်ချို့ကို သုံးလို့ရခဲ့ပါတယ်။ Spider-Man ရဲ့ ပင့်ကူမျှင်ပစ်တာနဲ့ Spider-Sense တို့ကိုပါ ပိုင်ဆိုင်သွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူဟာ Venom ကိုထိန်းချုပ်နိုင်သွားပြီးသိပ်မကြာခင်မှာ အဲ့ဒီဝတ်စုံဟာ Eddie Brock ဆီကို ရောက်သွားပြီးတော့ လူတွေတော်တော်များများသိတဲ့ Venom ဆိုတာဖြစ်လာတာပါ

Spider-Man
photo via cbr

Spider-Man ဟာ Secret Wars ဆိုတဲ့ comic စီးရီးထဲမှာ သူပုံမှန်ဝတ်နေကျ အနီနဲ့အပြာရောထားတဲ့ ဝတ်စုံမဟုတ်ဘဲနဲ့ အမဲရောင်ဝတ်စုံနဲ့ ဖြစ်သွားခဲ့ပါတယ်။ တကယ့်တော့ အဲ့ဒါဟာ ဝတ်စုံတစ်ခုမဟုတ်ဘဲ Venom ဖြစ်နေတာပါ။ သူဟာ အဲ့ဒီဝတ်စုံနဲ့ ပိုပြီးကြည့်ကောင်းလာပေမယ့် ပြဿနာလေးတွေလည်း ရှိလာခဲ့ပါတယ်။ အဲ့ဒါကတော့ သူအိပ်နေတဲ့အချိန်ဆိုရင် Venom ဟာသူ့ကို ထိန်းချုပ်ပြီးတော့ မြို့ထဲကိုသွားကာ လုပ်ချင်တာတွေ လုပ်နေခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ Spider-Man က သိသွားပြီးတော့ သူ့ရဲ့စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ အဲ့ဒီဝတ်စုံကို ချွတ်ပစ်ပြီးတော့ ဘုရားကျောင်းက ခေါင်းလောင်းကြီးရဲ့အကူအညီနဲ့ Venom ကိုအနိုင်ယူနိုင်ခဲ့ပါတယ်။ အဲ့လိုအနိုင်ယူလိုက်နိုင်တဲ့အကြောင်းကတော့ Venom ဟာ အဲ့လိုမျိူးဆူညံသံတွေကို ခံနိုင်ရည်မရှိတာကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် အရင်ကထွက်ခဲ့တဲ့ Spider-Man 3 ထဲမှာလည်း Spider-Man ဟာ Venom ကိုအဲ့လိုနည်းနဲ့ပဲ အနိုင်ယူနိုင်ခဲ့ပါတယ်။

Human Torch
photo via cbr

သူဟာ Fantastic Four အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီးတော့ Marvel Adventures of Spider-Man #24 ထဲမှာ Venom ရဲ့လက်ခံကောင်အဖြစ် အချိန်ခဏလေး ဖြစ်ခဲ့ပါတယ်။ Spider-Man ဟာ အဲ့ဒီဝတ်စုံကို ချွတ်ပြီးသွားတဲ့အချိန်မှာ Reed Richard ရဲ့ ဓာတ်ခွဲခန်းထဲမှာ သိမ်းထားခဲ့ပါတယ်။

အဲ့ဒီအချိန်မှာ သူဟာ အဲ့ဒီဝတ်စုံရဲ့ပုံစံကို ကြိုက်သွားတာကြောင့် ယူပြီး ဝတ်ဆင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း သူဟာ Venom နဲ့ပေါင်းလိုက်တဲ့အခါမှာတော့ အခက်အခဲတစ်ခု ရှိလာခဲ့ပါတယ်။ သူ့ရဲ့အစွမ်းဟာ မီးဖြစ်ပြီးတော့ အဲ့ဒါကလည်း Venom ရဲ့အားနည်းချက်တွေထဲက တစ်ခုဖြစ်နေပါတယ်။ အဲ့ဒါကြောင့်ပဲ Venom ဟာသူ့ရဲ့ခန္ဓာကိုယ်ကနေခွာပြီး ဓာတ်ခွဲခန်းထဲကနေ ထွက်ပြေးလွတ်မြောက်ကာ  Eddie Brock ဆီကို ရောက်သွားခဲ့ပါတယ်။

Wolverine
photo via cbr

Venom ဟာ ခရီးတွေအများကြီး သွားဖူးပြီးတော့ လူတွေတော်တော်များများကိုလည်း လက်ခံကောင်အဖြစ် အသုံးပြုခဲ့ဖူးပါတယ်။ အဲ့ဒီထဲမှာ Wolverine လည်း အပါအဝင်ဖြစ်ပြီးတော့ သူဟာ Spider-Man ၊ Eddie Brock နဲ့ Deadpool တို့မတိုင်ခင်ထဲက လက်ခံကောင်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဗီယက်နမ်စစ်ပွဲအတွင်းမှာ Venom ဟာ သူ့ကိုကယ်ခဲ့ဖူးပါသေးတယ်။ အဲ့နောက်မှာတော့ အစိုးရဟာ Venom ကို စစ်ပွဲမှာ လက်နက်အဖြစ်အသုံးချဖို့အတွက် စမ်းသပ်နေခဲ့ပါတယ်။ သူနဲ့ Venom ဟာ အချိန်ခဏလေးပဲ ပေါင်းစပ်ခဲ့ပေမယ့် အခုလိုမျိုး အဖမ်းခံထားရပြီး အစမ်းသပ်ခံနေရတဲ့ဘဝကို နားလည်ပြီးတော့ ကိုယ်ချင်းစာခဲ့ပါတယ်။

Spider-Gwen
photo via cbr

Spider-Gwen ဟာ alternate timeline ရဲ့ Gwen Stacey ဖြစ်ပါတယ်။ အဲ့ဒီ timeline မှာ Gwen Stacey ဟာ Peter Parker အစား ရေဒီယိုသတ္တိကြွနေတဲ့ ပင့်ကူကိုက်တာခံခဲ့ရတာ ဖြစ်ပါတယ်။ သူမဟာ အဖြစ်အပျက်တစ်ခုကြောင့် သူ့ရဲ့အစွမ်းတွေ ပျောက်ဆုံးသွားတဲ့အချိန်မှာ သူ့ရဲ့အစွမ်းတွေကို ပြန်ရဖို့အတွက် Venom နဲ့ ပူးပေါင်းခဲ့ရပါတယ်။ ဒါ့အပြင် သူဟာ Venom ကိုထိန်းချုပ်နိုင်ပြီးတော့ သူမရဲ့လူပုံစံကို အခက်အခဲမရှိဘဲနဲ့ ပြန်ပြီးပြောင်းလဲနိုင်ပါတယ်။

Doctor Strange
photo via cbr

Venomverse ဆိုတဲ့ comic စီးရီးထဲမှာလည်း Doctor Strange ဟာ မှော်ပညာရှင်တစ်ယောက်ဖြစ်နေပြီးတော့ ကမ္ဘာကြီးကိုကာကွယ်နေဆဲပါ။ ဒါပေမဲ့လည်း သူဟာ အဲ့ဒီအချိန်မှာတော့ Venom နဲ့ပေါင်းစည်းထားတဲ့ လူတစ်ယောက်ဖြစ်နေခဲ့ပါတယ်။ သူဟာ multiverse တွေကို ဖြတ်သမ်းပြီး ခရီးသွားနေတဲ့အချိန်မှာ Venom နဲ့တွေ့ခဲ့တာ ဖြစ်ပြီးတော့ လက်ခံကောင် ဖြစ်လာခဲ့တာပါ။

အဲ့ဒီ universe ထဲမှာဆိုရင် သူဟာ တစ်ခြားဒိုင်မေးရှင်းက Venom ပူးကပ်ထားတဲ့ စူပါဟီးရိုးတွေကို စုပြီးတော့ အဖွဲ့ဖွဲ့ခဲ့ပါသေးတယ်။ အဲ့ဒီအထဲမှာ  Captain America ၊ Ghost Rider နဲ့ Rocket Racoon တို့ပါဝင်ပါတယ်။ အဲ့ဒီအဖွဲ့ရဲ့ရည်ရွယ်ချက်ကတော့ ကမ္ဘာကြီးကို အဆိပ်အတောက်ဖြစ်စေတာတွေကို ဖယ်ရှားဖို့ပဲဖြစ်ပါတယ်။

Guardians Of The Galaxy
photo via cbr

Venom ဟာ Guardians Of The Galaxy ထဲက အဖွဲ့ဝင်သုံးယောက်ကို လက်ခံကောင်အဖြစ် အသုံးချဖူးတဲ့ အချိန်တွေ ရှိခဲ့ပါတယ်။ Flash Thompson လို့ခေါ်တဲ့ လူတစ်ယောက်ဟာ Venom နဲ့ပူးတွဲနေထိုင်ပြီးတော့ Agent Venom ဖြစ်လာခဲ့ပါတယ်။ နောက်မှာတော့ သူဟာ Guardians Of The Galaxy အဖွဲ့ထဲကို ဝင်ခဲ့ပါတယ်။ Agent Venom ဟာ လူကောင်းတစ်ယောက်ဖြစ်ပေမယ့်လည်း နောက်ပိုင်းမှာတော့ သူဟာ တဖြည်းဖြည်းနဲ့ Venom ကိုထိန်းချုပ်ရခက်ခဲလာခဲ့ပါတယ်။

Guardians of the Galaxy #22 ထဲမှာတော့ လုံးဝကို အထိန်းအချုပ်မဲ့သွားပြီးတော့ Venom ဟာ Groot ဆီကိုပူးကပ်သွားခဲ့ပါတယ်။ အဲ့နောက်မှာတော့ Groot ကနေတစ်ဆင့် Rocket Racoon နဲ့ Drax တို့ဆီကို ခုန်ကူးသွားခဲ့ပါတယ်။ Guardians Of The Galaxy အဖွဲ့ဟာ Venom ပူးကပ်နေတဲ့ ကိုယ့်အဖွဲ့သားဆီကနေ ကိုယ့်ကိုယ်ကို ကာကွယ်နေရပြီးတော့ နောက်မှာတော့ တဖြည်းဖြည်းနဲ့ Flash Thompson ဆီကိုပြန်ရောက်သွားပြီး Agent Venom ပြန်ဖြစ်သွားခဲ့ပါတယ်။

X-23
photo via cbr

Venomverse ဆိုတဲ့ comic စီးရီးထဲမှာ Venom ဟာလူတွေတော်တော်များများကို ပူးကပ်ခဲ့ပြီးတော့ Laura Kinney ကလည်း အဲ့ဒီထဲက တစ်ယောက် ဖြစ်ပါတယ်။ အဲ့ဒီ timeline ထဲမှာဆိုရင် Venom ဟာ သူမကို မွေးကတည်းက ဖမ်းချုပ်ထားပြီး စမ်းသပ်ခဲ့တဲ့ စမ်းသပ်ခန်းထဲကနေ လွတ်အောင် ကူညီပေးခဲ့ပါတယ်။ ဒါ့အပြင် သူမဟာ Venom ကိုထိန်းချုပ်စရာမလိုဘဲနဲ့ လူပုံစံပြန်ပြီးပြောင်းချင်တဲ့အချိန်မှာ Venom ဟာ ပြန်ပြောင်းခွင့်ပြုခဲ့ပါတယ်။ Venom နဲ့သူမနဲ့ နှစ်ယောက်လုံးအထီးကျန်နေကျတာ ဖြစ်ပြီးတော့ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာ တော်တော်လေးကို ခိုင်မာလာခဲ့ပြီး နားလည်မှုတွေနဲ့ နေထိုင်ကြပါတယ်။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi version)

Venom ဆိုတဲ့ဇာတ္ေကာင္ဟာ သူ႔အတြက္ solo ႐ုပ္ရွင္လည္း ထြက္ထားၿပီးေတာ့ အရင္ကထြက္ခဲ့တဲ့ Spider-Man ထဲမွာလည္းပါတာေၾကာင့္ ေတာ္ေတာ္မ်ားမ်ားသိၾကမယ္ ထင္ပါတယ္။ သူဟာ အျခားမ်ိဳးႏြယ္တစ္ခုမွာ ပူးကပ္ၿပီးေတာ့ ပူးေပါင္းေနထိုင္တဲ့ ၿဂိဳဟ္သားမ်ိဳးႏြယ္တစ္ခု ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူတို႔နဲ႔ အဆင္ေျပမယ့္ လက္ခံေကာင္ကို လိုက္ရွာေဖြရင္းနဲ႔ လူေပါင္းမ်ားစြာကို ပူးကပ္ခဲ့ဖူးပါတယ္။ အဲ့ဒီထဲကမွ တစ္ခ်ိဳ႕လက္ခံေကာင္ေတြဟာ စူပါဟီး႐ိုးေတြ ျဖစ္ေနၾကတာေၾကာင့္ Venom ပူးကပ္ခဲ့ဖူးတဲ့ စူပါဟီး႐ိုးေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

Deadpool
photo via cbr

Secret Wars ဆိုတဲ့ comic စီးရီးထဲမွာ သူဟာ အဲ့ဒီအမဲေရာင္ Symbiote ဝတ္စုံကို ပထမဆုံး ဝတ္ခဲ့တဲ့ သူတစ္ေယာက္ပါ။ ဒါေပမဲ့လည္း အဲ့ဒီဝတ္စုံကို ဝတ္ထားတဲ့အခ်ိန္မွာ သူဟာ Venom ရဲ႕ တည္ရွိမႈကို သတိထားမိသြားတာေၾကာင့္ အဲ့ဒီဝတ္စုံကို ျပန္ခြၽတ္ပစ္ခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Spider-Man ဟာ အဲ့ဒီဝတ္စုံကို ယူသြားခဲ့ပါတယ္။ Deadpool: Back In Black ဆိုတဲ့ comic ထဲမွာလည္း Deadpool ဟာ ေနာက္ထပ္တစ္ႀကိမ္ Venom ရဲ႕လက္ခံေကာင္ျဖစ္ခဲ့ပါေသးတယ္။

Deadpool ဟာတိုက္ခိုက္ေနတဲ့အခ်ိန္မွာ Venom ဟာ သူ႔ကိုကယ္ဖို႔အတြက္ အခ်ိန္ကိုက္ေရာက္လာခဲ့ပါတယ္။ ဒါ့အျပင္ Venom ရဲ႕လက္ခံေကာင္ျဖစ္ေနတဲ့အခ်ိန္အတြင္းမွာ Deadpool ဟာ Spider-Man ရဲ႕စြမ္းရည္တစ္ခ်ိဳ႕ကို သုံးလို႔ရခဲ့ပါတယ္။ Spider-Man ရဲ႕ ပင့္ကူမွ်င္ပစ္တာနဲ႔ Spider-Sense တို႔ကိုပါ ပိုင္ဆိုင္သြားခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ သူဟာ Venom ကိုထိန္းခ်ဳပ္ႏိုင္သြားၿပီးသိပ္မၾကာခင္မွာ အဲ့ဒီဝတ္စုံဟာ Eddie Brock ဆီကို ေရာက္သြားၿပီးေတာ့ လူေတြေတာ္ေတာ္မ်ားမ်ားသိတဲ့ Venom ဆိုတာျဖစ္လာတာပါ။

Spider-Man
photo via cbr

Spider-Man ဟာ Secret Wars ဆိုတဲ့ comic စီးရီးထဲမွာ သူပုံမွန္ဝတ္ေနက် အနီနဲ႔အျပာေရာထားတဲ့ ဝတ္စုံမဟုတ္ဘဲနဲ႔ အမဲေရာင္ဝတ္စုံနဲ႔ ျဖစ္သြားခဲ့ပါတယ္။ တကယ့္ေတာ့ အဲ့ဒါဟာ ဝတ္စုံတစ္ခုမဟုတ္ဘဲ Venom ျဖစ္ေနတာပါ။ သူဟာ အဲ့ဒီဝတ္စုံနဲ႔ ပိုၿပီးၾကည့္ေကာင္းလာေပမယ့္ ျပႆနာေလးေတြလည္း ရွိလာခဲ့ပါတယ္။ အဲ့ဒါကေတာ့ သူအိပ္ေနတဲ့အခ်ိန္ဆိုရင္ Venom ဟာသူ႔ကို ထိန္းခ်ဳပ္ၿပီးေတာ့ ၿမိဳ႕ထဲကိုသြားကာ လုပ္ခ်င္တာေတြ လုပ္ေနခဲ့ပါတယ္။

ေနာက္ပိုင္းမွာေတာ့ Spider-Man က သိသြားၿပီးေတာ့ သူ႔ရဲ႕စိတ္ဓာတ္ႀကံ့ခိုင္မႈနဲ႔ အဲ့ဒီဝတ္စုံကို ခြၽတ္ပစ္ၿပီးေတာ့ ဘုရားေက်ာင္းက ေခါင္းေလာင္းႀကီးရဲ႕အကူအညီနဲ႔ Venom ကိုအႏိုင္ယူႏိုင္ခဲ့ပါတယ္။ အဲ့လိုအႏိုင္ယူလိုက္ႏိုင္တဲ့အေၾကာင္းကေတာ့ Venom ဟာ အဲ့လိုမ်ိဴးဆူညံသံေတြကို ခံႏိုင္ရည္မရွိတာေၾကာင့္ ျဖစ္ပါတယ္။ ဒါ့အျပင္ အရင္ကထြက္ခဲ့တဲ့ Spider-Man 3 ထဲမွာလည္း Spider-Man ဟာ Venom ကိုအဲ့လိုနည္းနဲ႔ပဲ အႏိုင္ယူႏိုင္ခဲ့ပါတယ္။

Human Torch
photo via cbr

သူဟာ Fantastic Four အဖြဲ႕ဝင္တစ္ေယာက္ျဖစ္ၿပီးေတာ့ Marvel Adventures of Spider-Man #24 ထဲမွာ Venom ရဲ႕လက္ခံေကာင္အျဖစ္ အခ်ိန္ခဏေလး ျဖစ္ခဲ့ပါတယ္။ Spider-Man ဟာ အဲ့ဒီဝတ္စုံကို ခြၽတ္ၿပီးသြားတဲ့အခ်ိန္မွာ Reed Richard ရဲ႕ ဓာတ္ခြဲခန္းထဲမွာ သိမ္းထားခဲ့ပါတယ္။

အဲ့ဒီအခ်ိန္မွာ သူဟာ အဲ့ဒီဝတ္စုံရဲ႕ပုံစံကို ႀကိဳက္သြားတာေၾကာင့္ ယူၿပီး ဝတ္ဆင္ခဲ့ပါတယ္။ ဒါေပမဲ့လည္း သူဟာ Venom နဲ႔ေပါင္းလိုက္တဲ့အခါမွာေတာ့ အခက္အခဲတစ္ခု ရွိလာခဲ့ပါတယ္။ သူ႔ရဲ႕အစြမ္းဟာ မီးျဖစ္ၿပီးေတာ့ အဲ့ဒါကလည္း Venom ရဲ႕အားနည္းခ်က္ေတြထဲက တစ္ခုျဖစ္ေနပါတယ္။ အဲ့ဒါေၾကာင့္ပဲ Venom ဟာသူ႔ရဲ႕ခႏၶာကိုယ္ကေနခြာၿပီး ဓာတ္ခြဲခန္းထဲကေန ထြက္ေျပးလြတ္ေျမာက္ကာ  Eddie Brock ဆီကို ေရာက္သြားခဲ့ပါတယ္။

Wolverine
photo via cbr

Venom ဟာ ခရီးေတြအမ်ားႀကီး သြားဖူးၿပီးေတာ့ လူေတြေတာ္ေတာ္မ်ားမ်ားကိုလည္း လက္ခံေကာင္အျဖစ္ အသုံးျပဳခဲ့ဖူးပါတယ္။ အဲ့ဒီထဲမွာ Wolverine လည္း အပါအဝင္ျဖစ္ၿပီးေတာ့ သူဟာ Spider-Man ၊ Eddie Brock နဲ႔ Deadpool တို႔မတိုင္ခင္ထဲက လက္ခံေကာင္ျဖစ္ခဲ့တာ ျဖစ္ပါတယ္။ ဒါ့အျပင္ ဗီယက္နမ္စစ္ပြဲအတြင္းမွာ Venom ဟာ သူ႔ကိုကယ္ခဲ့ဖူးပါေသးတယ္။ အဲ့ေနာက္မွာေတာ့ အစိုးရဟာ Venom ကို စစ္ပြဲမွာ လက္နက္အျဖစ္အသုံးခ်ဖို႔အတြက္ စမ္းသပ္ေနခဲ့ပါတယ္။ သူနဲ႔ Venom ဟာ အခ်ိန္ခဏေလးပဲ ေပါင္းစပ္ခဲ့ေပမယ့္ အခုလိုမ်ိဳး အဖမ္းခံထားရၿပီး အစမ္းသပ္ခံေနရတဲ့ဘဝကို နားလည္ၿပီးေတာ့ ကိုယ္ခ်င္းစာခဲ့ပါတယ္။

Spider-Gwen
photo via cbr

Spider-Gwen ဟာ alternate timeline ရဲ႕ Gwen Stacey ျဖစ္ပါတယ္။ အဲ့ဒီ timeline မွာ Gwen Stacey ဟာ Peter Parker အစား ေရဒီယိုသတၱိႂကြေနတဲ့ ပင့္ကူကိုက္တာခံခဲ့ရတာ ျဖစ္ပါတယ္။ သူမဟာ အျဖစ္အပ်က္တစ္ခုေၾကာင့္ သူ႔ရဲ႕အစြမ္းေတြ ေပ်ာက္ဆုံးသြားတဲ့အခ်ိန္မွာ သူ႔ရဲ႕အစြမ္းေတြကို ျပန္ရဖို႔အတြက္ Venom နဲ႔ ပူးေပါင္းခဲ့ရပါတယ္။ ဒါ့အျပင္ သူဟာ Venom ကိုထိန္းခ်ဳပ္ႏိုင္ၿပီးေတာ့ သူမရဲ႕လူပုံစံကို အခက္အခဲမရွိဘဲနဲ႔ ျပန္ၿပီးေျပာင္းလဲႏိုင္ပါတယ္။

Doctor Strange
photo via cbr

Venomverse ဆိုတဲ့ comic စီးရီးထဲမွာလည္း Doctor Strange ဟာ ေမွာ္ပညာရွင္တစ္ေယာက္ျဖစ္ေနၿပီးေတာ့ ကမာၻႀကီးကိုကာကြယ္ေနဆဲပါ။ ဒါေပမဲ့လည္း သူဟာ အဲ့ဒီအခ်ိန္မွာေတာ့ Venom နဲ႔ေပါင္းစည္းထားတဲ့ လူတစ္ေယာက္ျဖစ္ေနခဲ့ပါတယ္။ သူဟာ multiverse ေတြကို ျဖတ္သမ္းၿပီး ခရီးသြားေနတဲ့အခ်ိန္မွာ Venom နဲ႔ေတြ႕ခဲ့တာ ျဖစ္ၿပီးေတာ့ လက္ခံေကာင္ ျဖစ္လာခဲ့တာပါ။

အဲ့ဒီ universe ထဲမွာဆိုရင္ သူဟာ တစ္ျခားဒိုင္ေမးရွင္းက Venom ပူးကပ္ထားတဲ့ စူပါဟီး႐ိုးေတြကို စုၿပီးေတာ့ အဖြဲ႕ဖြဲ႕ခဲ့ပါေသးတယ္။ အဲ့ဒီအထဲမွာ  Captain America ၊ Ghost Rider နဲ႔ Rocket Racoon တို႔ပါဝင္ပါတယ္။ အဲ့ဒီအဖြဲ႕ရဲ႕ရည္႐ြယ္ခ်က္ကေတာ့ ကမာၻႀကီးကို အဆိပ္အေတာက္ျဖစ္ေစတာေတြကို ဖယ္ရွားဖို႔ပဲျဖစ္ပါတယ္။

Guardians Of The Galaxy
photo via cbr

Venom ဟာ Guardians Of The Galaxy ထဲက အဖြဲ႕ဝင္သုံးေယာက္ကို လက္ခံေကာင္အျဖစ္ အသုံးခ်ဖူးတဲ့ အခ်ိန္ေတြ ရွိခဲ့ပါတယ္။ Flash Thompson လို႔ေခၚတဲ့ လူတစ္ေယာက္ဟာ Venom နဲ႔ပူးတြဲေနထိုင္ၿပီးေတာ့ Agent Venom ျဖစ္လာခဲ့ပါတယ္။ ေနာက္မွာေတာ့ သူဟာ Guardians Of The Galaxy အဖြဲ႕ထဲကို ဝင္ခဲ့ပါတယ္။ Agent Venom ဟာ လူေကာင္းတစ္ေယာက္ျဖစ္ေပမယ့္လည္း ေနာက္ပိုင္းမွာေတာ့ သူဟာ တျဖည္းျဖည္းနဲ႔ Venom ကိုထိန္းခ်ဳပ္ရခက္ခဲလာခဲ့ပါတယ္။

Guardians of the Galaxy #22 ထဲမွာေတာ့ လုံးဝကို အထိန္းအခ်ဳပ္မဲ့သြားၿပီးေတာ့ Venom ဟာ Groot ဆီကိုပူးကပ္သြားခဲ့ပါတယ္။ အဲ့ေနာက္မွာေတာ့ Groot ကေနတစ္ဆင့္ Rocket Racoon နဲ႔ Drax တို႔ဆီကို ခုန္ကူးသြားခဲ့ပါတယ္။ Guardians Of The Galaxy အဖြဲ႕ဟာ Venom ပူးကပ္ေနတဲ့ ကိုယ့္အဖြဲ႕သားဆီကေန ကိုယ့္ကိုယ္ကို ကာကြယ္ေနရၿပီးေတာ့ ေနာက္မွာေတာ့ တျဖည္းျဖည္းနဲ႔ Flash Thompson ဆီကိုျပန္ေရာက္သြားၿပီး Agent Venom ျပန္ျဖစ္သြားခဲ့ပါတယ္။

X-23
photo via cbr

Venomverse ဆိုတဲ့ comic စီးရီးထဲမွာ Venom ဟာလူေတြေတာ္ေတာ္မ်ားမ်ားကို ပူးကပ္ခဲ့ၿပီးေတာ့ Laura Kinney ကလည္း အဲ့ဒီထဲက တစ္ေယာက္ ျဖစ္ပါတယ္။ အဲ့ဒီ timeline ထဲမွာဆိုရင္ Venom ဟာ သူမကို ေမြးကတည္းက ဖမ္းခ်ဳပ္ထားၿပီး စမ္းသပ္ခဲ့တဲ့ စမ္းသပ္ခန္းထဲကေန လြတ္ေအာင္ ကူညီေပးခဲ့ပါတယ္။ ဒါ့အျပင္ သူမဟာ Venom ကိုထိန္းခ်ဳပ္စရာမလိုဘဲနဲ႔ လူပုံစံျပန္ၿပီးေျပာင္းခ်င္တဲ့အခ်ိန္မွာ Venom ဟာ ျပန္ေျပာင္းခြင့္ျပဳခဲ့ပါတယ္။ Venom နဲ႔သူမနဲ႔ ႏွစ္ေယာက္လုံးအထီးက်န္ေနက်တာ ျဖစ္ၿပီးေတာ့ သူတို႔ႏွစ္ေယာက္ရဲ႕ဆက္ဆံေရးဟာ ေတာ္ေတာ္ေလးကို ခိုင္မာလာခဲ့ၿပီး နားလည္မႈေတြနဲ႔ ေနထိုင္ၾကပါတယ္။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular