HomeEntertainmentFilmSuperman ရဲ့အတွင်းခံကို အတွင်း၊အပြင် ရွေးချယ်ခိုင်းနေတဲ့ James Gunn

Superman ရဲ့အတွင်းခံကို အတွင်း၊အပြင် ရွေးချယ်ခိုင်းနေတဲ့ James Gunn

Superman: Legacy ရုပ်ရှင်ထွက်လာမယ်လို့ အတည်ပြုပြီး နောက်မှာတော့ James Gunn ဟာ Superman ရဲ့ အတွင်းခံကို အထဲထည့်ရမလား၊ အပြင်ထုတ်ရမလားဆိုပြီး တွစ်တာပေါ်မှာ Poll ပြုလုပ်နေပါတယ်။ Superman ရုပ်ရှင်ဟာ James Gunn ရဲ့ ပထမဆုံး တရားဝင်ကြေညာထားတဲ့ ရုပ်ရှင်ဖြစ်ပြီး ဒီရုပ်ရှင်ထဲမှာတော့ ပိုမိုငယ်ရွယ်တဲ့ Superman ဗားရှင်းကို ဖန်တီးသွားမယ်လို့ ပြောထားပါတယ်။

photo via screenrant

ယခုအချိန်မှာတော့ James Gunn ဟာ DCU ရဲ့ Superman ဒီဇိုင်းနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို Poll လုပ်ပေးထားပါတယ်။ Henry Cavill ရဲ့ Superman ကလွဲရင် အခြား Superman တွေရဲ့ ဝတ်စုံမှာတော့ Trunk Area ပါဝင်ပြီး ပရိသတ်တွေကတော့ အတွင်းခံဘောင်းဘီကို အပြင်ထုတ်ဝတ်ထားတယ်လို့ နောက်ပြောင်လေ့ရှိကြပါတယ်။ ကောမစ်ထဲက Supeman ရဲ့ Classic ဒီဇိုင်းဟာလည်း Trunk Area ပါဝင်တာကြောင့် James Gunn ဟာ DCU ရဲ့ Superman ကို ခေတ်သစ်ပုံစံနဲ့ ဖန်တီးမလား၊ Classic ပုံစံနဲ့ ဖန်တီးမလားဆိုတာ စဉ်းစားနေရဆဲ ဖြစ်နိုင်ပါတယ်။

လောလောဆယ်မှာတော့ ပရိသတ်တွေအများစုဟာ Trunk Area ထည့်သွင်းပေးဖို့ တောင်းဆိုထားကြပြီး James Gunn ကတော့ Truck Area ထည့်၊မထည့် ဆိုတာကို ဒီ Poll ရဲ့ရလဒ်ပေါ် မူတည်ပြီး ဆုံးဖြတ်သွားမှာ မဟုတ်ဘူးလို့ ပြန်လည်ဖြေကြားထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ယခုအချိန်ထိ Poll မှာ ပါဝင်လို့ ရနေသေးပြီး စာဖတ်သူကိုယ်တိုင်လည်း သွားရောက် Vote လုပ်နိုင်ပါတယ်။

ယခုအချိန်ထိတော့ James Gunn ဟာ Superman ဒီဇိုင်းမှာ Trunk Area ထည့်သွင်းဖို့ မဆုံးဖြတ်ရလောက်သေးပါဘူး။ ဒါပေမယ့်လည်း ပရိသတ်အများစုက Trunk Area ကို တောင်းဆိုထားသလို James Gunn နဲ့ Peter Safran တို့ကိုယ်တိုင်ကလည်း DCU ရဲ့ Superman ဟာ အကြင်နာတရားကို ခေတ်နောက်ကျနေပြီလို့ ယူဆထားတဲ့ ကမ္ဘာကြီးမှာ အကြင်နာတရားကို ပြသသွားမှာပါလို့ ပြောထားပါတယ်။ ဒါကြောင့်ပဲ James Gunn တို့ကတော့ DCU ရဲ့ Superman ကို Classic ပုံစံဆန်ဆန် ဖန်တီးသွားဖို့တော့ ရာခိုင်နှုန်းများနေပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular