HomeEntertainmentFilmSupernatural ဇာတ်လမ်းတွဲထဲက Changeling တွေရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ ဒဏ္ဍာရီများ

Supernatural ဇာတ်လမ်းတွဲထဲက Changeling တွေရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ ဒဏ္ဍာရီများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Supernatural ဇာတ်လမ်းတွဲထဲမှာ ပါဝင်ခဲ့တဲ့ Changeling တွေဟာ ကလေးတွေလို ပုံသဏ္ဍာန်နဲ့ လူသားတွေကို စားသုံးတဲ့ မကောင်းဆိုးဝါးအဖြစ် ပုံဖော်ထားပါတယ်။ အပြင်လောကမှာတော့ Changeling တွေဟာ အလယ်ခေတ်လောက်က အိုင်းရစ်တွေရဲ့ ပုံပြင်ဒဏ္ဍာရီတွေထဲမှာ ပါဝင်တဲ့ နတ်သူငယ်တွေပဲ ဖြစ်ပါတယ်။ Supernatural ဇာတ်လမ်းတွဲဟာ ပုံပြင်တွေ၊ ဒဏ္ဍာရီတွေထဲမှာရှိတဲ့ မကောင်းဆိုးဝါးတွေကို ထည့်သွင်းထားပြီး တတိယ Season ရဲ့ အပိုင်းနှစ်မှာတော့ Changeling တွေ ပါဝင်ခဲ့ပါတယ်။

အဲ့ဒီအပိုင်းမှာတော့ Sam နဲ့ Dean ဟာ Indiana ပြည်နယ်ကို ထွက်ခွာလာခဲ့ပြီး မြို့တစ်မြို့မှာ Changeling တွေ ရှိနေတာကို သိခဲ့ရပါတယ်။ ဒါ့အပြင် Mother Changeling ဟာ သူ့ကိုယ်သူ အမျိူးသမီးတစ်ယောက်အဖြစ် ရုပ်ဖျက်ထားပြီး အိမ်နီးနား ပတ်ဝန်းကျင်က ကလေးတွေကို ခိုးယူပြီးတော့ ဖမ်းထားတာ ဖြစ်ပါတယ်။ အဲ့ဒီလို အဖမ်းခံလိုက်ရတဲ့ ကလေးတွေကိုတော့ Mother Changeling ရဲ့အစာအဖြစ်နဲ့ မြေအောက်ထဲမှာ ဖမ်းထားခဲ့ပါတယ်။

photo via cbr

အဲ့ဒီနောက်မှာတော့ အဖမ်းခံလိုက်ရတဲ့ ကလေးတွေရဲ့နေရာမှာ Changeling တွေက ဟန်ဆောင်ကာ အစားထိုး ဝင်ရောက်နေထိုင်ပြီး လူသားမိခင်တွေ တဖြည်းဖြည်း သေဆုံးသွားတဲ့အထိ ရိုးတွင်းချဉ်ဆီတွေကို စုပ်ယူစားသုံးကြပါတယ်။ သူတို့စားသုံးနေတဲ့ လူသားမိခင်တွေ သေဆုံးသွားရင်တော့ နောက်ထပ် မိသားစုတစ်ခု၊ ဒါမှမဟုတ် နောက်ထပ်မြို့တစ်မြို့ထိ နယ်ချဲ့ပြီး လူသားတွေကို စားသုံးကြပါတယ်။ ဒါ့အပြင် Changeling တွေဟာ သူတို့ရဲ့အစာကြားမှာ ဝင်ရောက် နှောင့်ယှက်သူ မှန်သမျှကိုလည်း သတ်ပစ်လေ့ရှိပါတယ်။

Changeling တွေဟာ အလယ်ခေတ်လောက်က အိုင်းရစ်လူမျိူးတွေရဲ့ ပုံပြင်ဒဏ္ဍာရီတွေထဲမှာ ပါဝင်ခဲ့ပြီး Supernatural ထဲမှာ ပုံဖော်ထားတဲ့ ဇာတ်လမ်းနဲ့ ဒဏ္ဍာရီတွေထဲက ဇာတ်လမ်းကတော့ အနည်းငယ် ကွာခြားပါတယ်။ Changeling တွေဟာ တကယ်တော့ ဒဏ္ဍာရီတွေထဲမှာ မကောင်းဆိုးဝါး မဟုတ်ဘဲ နတ်သူငယ်တွေ ဖြစ်ကြပါတယ်။ ဒဏ္ဍာရီတွေထဲမှာတော့ နတ်သူငယ်တွေဟာ အလွန်ရှားပါးတဲ့ မျိူးနွယ်တွေ ဖြစ်ကြပြီး သူတို့တွေ ပျင်းလာရင် လူတွေကို ဒုက္ခပေးတတ်သလို အန္တရာယ်များတဲ့ မျိူးနွယ်တစ်ခု ဖြစ်ပါတယ်။ သူတို့တွေဟာ လေးစားမှုနဲ့ အသိအမှတ်ပြုမှုကိုလည်း လိုချင်ကြပြီးတော့ သူတို့ တကယ်ရှိကြောင်းကို မယုံကြည်ဘူးဆိုရင် မလေးမစား လုပ်တယ်လို့လည်း သတ်မှတ်ကြပါတယ်။

photo via cbr

အကယ်၍ အိမ်မှာမွေးထားတဲ့ နွားသေဆုံးသွားရင်၊ ချစ်ရတဲ့ လူတစ်ယောက် ဖျားနာနေရင်၊ ကလေးက ထူးထူးဆန်းဆန်းတွေ ပြုမူနေရင် အဲ့ဒီအရာတွေအားလုံးဟာ နတ်သူငယ်တွေကြောင့်လို့ ယူဆလေ့ ရှိခဲ့ကြပါတယ်။ ကြောက်ဖို့ကောင်းတဲ့ နတ်သူငယ်တွေအများစုဟာလည်း Changeling တွေ ဖြစ်တတ်ကြပါတယ်။ Supernatural ထဲကလိုမျိူးပဲ ဒဏ္ဍာရီတွေထဲမှာလည်း Changeling တွေဟာ ကလေးတွေကို ခိုးယူပြီးတော့ ခိုးယူခံလိုက်ရတဲ့ ကလေးတွေနေရာမှာ ဟန်ဆောင်ကာ အစားထိုး ဝင်နေလေ့ရှိပါတယ်။ များသောအားဖြင့်တော့ လူသားကလေးတွေ နေရာမှာ အစားထိုးဝင်နေကြတဲ့ နတ်သူငယ်တွေဟာလည်း နတ်သူငယ်ကလေးတွေပဲ ဖြစ်ကြပါတယ်။ အကြောင်းကတော့ သူတို့ဟာ လူသားမိသားစုရဲ့ စောင့်ရှောက်မှုကို ခံယူပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကြီးပြင်းလာရဖို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခိုးခံလိုက်ရတဲ့ လူသားကလေးတွေကတော့ နတ်သူငယ်တွေ နေထိုင်တဲ့နေရာမှာ ကျွန်အဖြစ် ကြီးပြင်းကြရပါတယ်။

Photo courtesy: irish post

အဲ့ဒီ့လို အယောင်ဆောင်ပြီး နေထိုင်တဲ့ နတ်သူငယ်တွေဟာ ကလေးအရွယ်တွေနဲ့ သေဆုံးခါနီးအရွယ်တွေပဲ ဖြစ်ပြီး ကျန်တဲ့အရွယ်တွေတော့ မပါဝင်ပါဘူး။ သေဆုံးခါနီး နတ်သူငယ်တွေကတော့ အရွယ်ရောက်ပြီးသား လူကြီးတစ်ယောက်နဲ့ နေရာလဲပြီး နေထိုင်တတ်ပါတယ်။ သူတို့ရဲ့နောက်ဆုံးအချိန်မှာ လူသားမိသားစုတွေရဲ့ စောင့်ရှောက်ပြုစုတာကို ခံယူရင်း သေဆုံးသွားချင်လို့ပဲ ဖြစ်ပါတယ်။ အဲ့ဒီဒဏ္ဍာရီတွေကိုတော့ အိုင်းရစ်လူမျိူးတွေဟာ ရှင်းမပြနိုင်တဲ့အခြေအနေကို ကြုံတွေ့ရတဲ့အချိန်မှာ ယုံကြည်လေ့ရှိပါတယ်။ ဥပမာပြောရရင် ကလေးငယ်လေးတွေ ရုတ်တရက်သေဆုံးသွားတာမျိူး၊ ထူးဆန်းနေတဲ့ အပြုအမူတွေ၊ စိတ်ပိုင်းဆိုင်ရာ ရောဂါတွေ၊ ကိုယ်လက်အင်္ဂါတွေ မပြည့်စုံဘဲ မွေးလာတဲ့ ကလေးတွေနဲ့ ဘာမှန်းမသိတဲ့ ရောဂါတွေကို ကြုံတွေ့ရရင်တော့ အဲ့ဒီခေတ်တုန်းက အိုင်းရစ်လူမျိူးတွေဟာ Changeling တွေကြောင့်လို့ သတ်မှတ်ကြပါတယ်။

photo via cbr

ဒါကြောင့် အဲ့ဒီ့ခေတ်က အိုင်းရစ်လူမျိုးတွေဟာ အဲ့ဒီကလေးတွေကို သူတို့ရဲ့ကလေးအစစ်တွေ မဟုတ်ဘူးလို့ ယူဆကာ စွန့်ပစ်တာမျိူး၊ သတ်ပစ်တာမျိူးတွေ ပြုလုပ်ခဲ့ကြပါတယ်။ Changeling တွေရဲ့ ဒဏ္ဍာရီတွေနဲ့ ပတ်သက်ပြီး နောက်ထပ်သီအိုရီတစ်ခုကတော့ အဲ့ဒီခေတ်တုန်းက မိသားစုတွေရဲ့ စီးပွားရေး အခြေအနေတွေကြောင့်လည်း ဖြစ်နိုင်တယ်လို့ ပြောကြပါတယ်။ အကြောင်းကတော့ အဲ့ဒီအချိန်တုန်းက မိသားစုတစ်ခုရဲ့ စီးပွားရေးနဲ့ အသက်ရှင်သန်နိုင်ဖို့အတွက်ဟာ မိသားစုထဲမှာရှိတဲ့ အလုပ်သမား အရေအတွက်အပေါ်မှာ မူတည်ပြီးတော့ သီးသန့် ဂရုစိုက်ပေးရမယ့်သူ တစ်ယောက်လောက် မိသားစုထဲမှာရှိနေရင် အတော်လေးကို ခက်ခဲကြပါတယ်။ အဲ့ဒါကြောင့် အများအားဖြင့် သာမန်မိသားစုတွေဟာ သီးသန့် ဂရုမစိုက်ပေးနိုင်တာကြောင့် အဲ့ဒီကလေးတွေကို စွန့်ပစ်လိုက်တာက သူတို့အတွက် ပိုပြီးတော့ လွယ်ကူစေပါတယ်။

Photo courtesy: mythology wiki

အဲ့ဒီအချက်ကြောင့်ပဲ သူတို့တွေဟာ အဲ့ဒီကလေးတွေကို စွန့်ပစ်ဖို့၊ သို့မဟုတ် သတ်ပစ်ဖို့အတွက် ပိုပြီးခံစားရ လွယ်ကူသွားအောင် အဲ့ဒီကလေးဟာ သူတို့ရဲ့ကလေးအစစ် မဟုတ်ဘဲ နတ်သူငယ်တွေက ဝင်ရောက် နေထိုင်နေတယ်လို့ ယူဆကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် Changeling တွေရဲ့ ဇာတ်လမ်းအများစုထဲမှာတော့ သူတို့ဟာ စားချင်သောက်ချင်စိတ်တွေနဲ့ အလွန်ပြည့်နှက်နေပြီး သာမန်လူတစ်ယောက်ရဲ့ သုံးဆလောက်တောင် စားသောက်ကြတယ်လို့ ဖော်ပြကြတာကြောင့် ဒီသီရီအိုဟာ ပိုပြီးတော့ လက်ခံစရာကောင်းပါတယ်။ အဲ့ဒီခေတ်တုန်းက သာမန်လူတွေဟာ အစားအသောက်ကို ပုံမှန်စားနိုင်ဖို့အတွက်တောင် ခက်ခဲနေကြတဲ့အပြင် မိသားစုတစ်ခုမှာ ကလေးတွေလည်း အများကြီး ရှိတတ်ကြပါတယ်။ ဒါ့အပြင် အဲ့ဒီကလေးတွေထဲက တစ်ယောက်လောက်က အစားကြီးတဲ့သူဆိုရင်တော့ ကျန်တဲ့မိသားစုဝင်တွေရဲ့ ဆက်လက်အသက်ရှင်နိုင်ရေးအတွက် အခက်အခဲ ဖြစ်လာမှာ ဖြစ်ပါတယ်။

အခုဖော်ပြသွားတာတွေကတော့ Supernatural ဇာတ်လမ်းတွဲထဲမှာ Changeling တွေကို ဘယ်လိုပုံစံမျိူး ပုံဖော်ထားလည်းဆိုတာနဲ့ ဒဏ္ဍာရီတွေထဲမှာ ဘယ်လိုဖော်ပြထားလည်း ဆိုတာကို ယှဉ်ပြထားတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အဲ့ဒီဒဏ္ဍာရီတွေကလည်း ဘယ်လိုအကြောင်းတွေကြောင့် ပေါ်ပေါက်လာရတာလည်းဆိုတဲ့ သီအိုရီတွေကလည်း စိတ်ဝင်စားစရာ ကောင်းတာကြောင့် ဖော်ပြပေးလိုက်တာဖြစ်ပါတယ်။ အခုလိုဆောင်းပါးတွေ ဖတ်ရတာ စိတ်ဝင်စားတယ်ဆိုရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & See First လုပ်ထားပေးပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Supernatural ဇာတ္လမ္းတြဲထဲမွာ ပါဝင္ခဲ့တဲ့ Changeling ေတြဟာ ကေလးေတြလို ပုံသ႑ာန္နဲ႔ လူသားေတြကို စားသုံးတဲ့ မေကာင္းဆိုးဝါးအျဖစ္ ပုံေဖာ္ထားပါတယ္။ အျပင္ေလာကမွာေတာ့ Changeling ေတြဟာ အလယ္ေခတ္ေလာက္က အိုင္းရစ္ေတြရဲ႕ ပုံျပင္ဒ႑ာရီေတြထဲမွာ ပါဝင္တဲ့ နတ္သူငယ္ေတြပဲ ျဖစ္ပါတယ္။ Supernatural ဇာတ္လမ္းတြဲဟာ ပုံျပင္ေတြ၊ ဒ႑ာရီေတြထဲမွာရွိတဲ့ မေကာင္းဆိုးဝါးေတြကို ထည့္သြင္းထားၿပီး တတိယ Season ရဲ႕ အပိုင္းႏွစ္မွာေတာ့ Changeling ေတြ ပါဝင္ခဲ့ပါတယ္။

အဲ့ဒီအပိုင္းမွာေတာ့ Sam နဲ႔ Dean ဟာ Indiana ျပည္နယ္ကို ထြက္ခြာလာခဲ့ၿပီး ၿမိဳ႕တစ္ၿမိဳ႕မွာ Changeling ေတြ ရွိေနတာကို သိခဲ့ရပါတယ္။ ဒါ့အျပင္ Mother Changeling ဟာ သူ႔ကိုယ္သူ အမ်ိဴးသမီးတစ္ေယာက္အျဖစ္ ႐ုပ္ဖ်က္ထားၿပီး အိမ္နီးနား ပတ္ဝန္းက်င္က ကေလးေတြကို ခိုးယူၿပီးေတာ့ ဖမ္းထားတာ ျဖစ္ပါတယ္။ အဲ့ဒီလို အဖမ္းခံလိုက္ရတဲ့ ကေလးေတြကိုေတာ့ Mother Changeling ရဲ႕အစာအျဖစ္နဲ႔ ေျမေအာက္ထဲမွာ ဖမ္းထားခဲ့ပါတယ္။

photo via cbr

အဲ့ဒီေနာက္မွာေတာ့ အဖမ္းခံလိုက္ရတဲ့ ကေလးေတြရဲ႕ေနရာမွာ Changeling ေတြက ဟန္ေဆာင္ကာ အစားထိုး ဝင္ေရာက္ေနထိုင္ၿပီး လူသားမိခင္ေတြ တျဖည္းျဖည္း ေသဆုံးသြားတဲ့အထိ ႐ိုးတြင္းခ်ဥ္ဆီေတြကို စုပ္ယူစားသုံးၾကပါတယ္။ သူတို႔စားသုံးေနတဲ့ လူသားမိခင္ေတြ ေသဆုံးသြားရင္ေတာ့ ေနာက္ထပ္ မိသားစုတစ္ခု၊ ဒါမွမဟုတ္ ေနာက္ထပ္ၿမိဳ႕တစ္ၿမိဳ႕ထိ နယ္ခ်ဲ႕ၿပီး လူသားေတြကို စားသုံးၾကပါတယ္။ ဒါ့အျပင္ Changeling ေတြဟာ သူတို႔ရဲ႕အစာၾကားမွာ ဝင္ေရာက္ ေႏွာင့္ယွက္သူ မွန္သမွ်ကိုလည္း သတ္ပစ္ေလ့ရွိပါတယ္။

Changeling ေတြဟာ အလယ္ေခတ္ေလာက္က အိုင္းရစ္လူမ်ိဴးေတြရဲ႕ ပုံျပင္ဒ႑ာရီေတြထဲမွာ ပါဝင္ခဲ့ၿပီး Supernatural ထဲမွာ ပုံေဖာ္ထားတဲ့ ဇာတ္လမ္းနဲ႔ ဒ႑ာရီေတြထဲက ဇာတ္လမ္းကေတာ့ အနည္းငယ္ ကြာျခားပါတယ္။ Changeling ေတြဟာ တကယ္ေတာ့ ဒ႑ာရီေတြထဲမွာ မေကာင္းဆိုးဝါး မဟုတ္ဘဲ နတ္သူငယ္ေတြ ျဖစ္ၾကပါတယ္။ ဒ႑ာရီေတြထဲမွာေတာ့ နတ္သူငယ္ေတြဟာ အလြန္ရွားပါးတဲ့ မ်ိဴးႏြယ္ေတြ ျဖစ္ၾကၿပီး သူတို႔ေတြ ပ်င္းလာရင္ လူေတြကို ဒုကၡေပးတတ္သလို အႏၲရာယ္မ်ားတဲ့ မ်ိဴးႏြယ္တစ္ခု ျဖစ္ပါတယ္။ သူတို႔ေတြဟာ ေလးစားမႈနဲ႔ အသိအမွတ္ျပဳမႈကိုလည္း လိုခ်င္ၾကၿပီးေတာ့ သူတို႔ တကယ္ရွိေၾကာင္းကို မယုံၾကည္ဘူးဆိုရင္ မေလးမစား လုပ္တယ္လို႔လည္း သတ္မွတ္ၾကပါတယ္။

photo via cbr

အကယ္၍ အိမ္မွာေမြးထားတဲ့ ႏြားေသဆုံးသြားရင္၊ ခ်စ္ရတဲ့ လူတစ္ေယာက္ ဖ်ားနာေနရင္၊ ကေလးက ထူးထူးဆန္းဆန္းေတြ ျပဳမူေနရင္ အဲ့ဒီအရာေတြအားလုံးဟာ နတ္သူငယ္ေတြေၾကာင့္လို႔ ယူဆေလ့ ရွိခဲ့ၾကပါတယ္။ ေၾကာက္ဖို႔ေကာင္းတဲ့ နတ္သူငယ္ေတြအမ်ားစုဟာလည္း Changeling ေတြ ျဖစ္တတ္ၾကပါတယ္။ Supernatural ထဲကလိုမ်ိဴးပဲ ဒ႑ာရီေတြထဲမွာလည္း Changeling ေတြဟာ ကေလးေတြကို ခိုးယူၿပီးေတာ့ ခိုးယူခံလိုက္ရတဲ့ ကေလးေတြေနရာမွာ ဟန္ေဆာင္ကာ အစားထိုး ဝင္ေနေလ့ရွိပါတယ္။ မ်ားေသာအားျဖင့္ေတာ့ လူသားကေလးေတြ ေနရာမွာ အစားထိုးဝင္ေနၾကတဲ့ နတ္သူငယ္ေတြဟာလည္း နတ္သူငယ္ကေလးေတြပဲ ျဖစ္ၾကပါတယ္။ အေၾကာင္းကေတာ့ သူတို႔ဟာ လူသားမိသားစုရဲ႕ ေစာင့္ေရွာက္မႈကို ခံယူၿပီး ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ ႀကီးျပင္းလာရဖို႔ပဲ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း အခိုးခံလိုက္ရတဲ့ လူသားကေလးေတြကေတာ့ နတ္သူငယ္ေတြ ေနထိုင္တဲ့ေနရာမွာ ကြၽန္အျဖစ္ ႀကီးျပင္းၾကရပါတယ္။

Photo courtesy: irish post

အဲ့ဒီ့လို အေယာင္ေဆာင္ၿပီး ေနထိုင္တဲ့ နတ္သူငယ္ေတြဟာ ကေလးအ႐ြယ္ေတြနဲ႔ ေသဆုံးခါနီးအ႐ြယ္ေတြပဲ ျဖစ္ၿပီး က်န္တဲ့အ႐ြယ္ေတြေတာ့ မပါဝင္ပါဘူး။ ေသဆုံးခါနီး နတ္သူငယ္ေတြကေတာ့ အ႐ြယ္ေရာက္ၿပီးသား လူႀကီးတစ္ေယာက္နဲ႔ ေနရာလဲၿပီး ေနထိုင္တတ္ပါတယ္။ သူတို႔ရဲ႕ေနာက္ဆုံးအခ်ိန္မွာ လူသားမိသားစုေတြရဲ႕ ေစာင့္ေရွာက္ျပဳစုတာကို ခံယူရင္း ေသဆုံးသြားခ်င္လို႔ပဲ ျဖစ္ပါတယ္။ အဲ့ဒီဒ႑ာရီေတြကိုေတာ့ အိုင္းရစ္လူမ်ိဴးေတြဟာ ရွင္းမျပႏိုင္တဲ့အေျခအေနကို ႀကဳံေတြ႕ရတဲ့အခ်ိန္မွာ ယုံၾကည္ေလ့ရွိပါတယ္။ ဥပမာေျပာရရင္ ကေလးငယ္ေလးေတြ ႐ုတ္တရက္ေသဆုံးသြားတာမ်ိဴး၊ ထူးဆန္းေနတဲ့ အျပဳအမူေတြ၊ စိတ္ပိုင္းဆိုင္ရာ ေရာဂါေတြ၊ ကိုယ္လက္အဂၤါေတြ မျပည့္စုံဘဲ ေမြးလာတဲ့ ကေလးေတြနဲ႔ ဘာမွန္းမသိတဲ့ ေရာဂါေတြကို ႀကဳံေတြ႕ရရင္ေတာ့ အဲ့ဒီေခတ္တုန္းက အိုင္းရစ္လူမ်ိဴးေတြဟာ Changeling ေတြေၾကာင့္လို႔ သတ္မွတ္ၾကပါတယ္။

photo via cbr

ဒါေၾကာင့္ အဲ့ဒီ့ေခတ္က အိုင္းရစ္လူမ်ိဳးေတြဟာ အဲ့ဒီကေလးေတြကို သူတို႔ရဲ႕ကေလးအစစ္ေတြ မဟုတ္ဘူးလို႔ ယူဆကာ စြန႔္ပစ္တာမ်ိဴး၊ သတ္ပစ္တာမ်ိဴးေတြ ျပဳလုပ္ခဲ့ၾကပါတယ္။ Changeling ေတြရဲ႕ ဒ႑ာရီေတြနဲ႔ ပတ္သက္ၿပီး ေနာက္ထပ္သီအိုရီတစ္ခုကေတာ့ အဲ့ဒီေခတ္တုန္းက မိသားစုေတြရဲ႕ စီးပြားေရး အေျခအေနေတြေၾကာင့္လည္း ျဖစ္ႏိုင္တယ္လို႔ ေျပာၾကပါတယ္။ အေၾကာင္းကေတာ့ အဲ့ဒီအခ်ိန္တုန္းက မိသားစုတစ္ခုရဲ႕ စီးပြားေရးနဲ႔ အသက္ရွင္သန္ႏိုင္ဖို႔အတြက္ဟာ မိသားစုထဲမွာရွိတဲ့ အလုပ္သမား အေရအတြက္အေပၚမွာ မူတည္ၿပီးေတာ့ သီးသန႔္ ဂ႐ုစိုက္ေပးရမယ့္သူ တစ္ေယာက္ေလာက္ မိသားစုထဲမွာရွိေနရင္ အေတာ္ေလးကို ခက္ခဲၾကပါတယ္။ အဲ့ဒါေၾကာင့္ အမ်ားအားျဖင့္ သာမန္မိသားစုေတြဟာ သီးသန႔္ ဂ႐ုမစိုက္ေပးႏိုင္တာေၾကာင့္ အဲ့ဒီကေလးေတြကို စြန႔္ပစ္လိုက္တာက သူတို႔အတြက္ ပိုၿပီးေတာ့ လြယ္ကူေစပါတယ္။

Photo courtesy: mythology wiki

အဲ့ဒီအခ်က္ေၾကာင့္ပဲ သူတို႔ေတြဟာ အဲ့ဒီကေလးေတြကို စြန႔္ပစ္ဖို႔၊ သို႔မဟုတ္ သတ္ပစ္ဖို႔အတြက္ ပိုၿပီးခံစားရ လြယ္ကူသြားေအာင္ အဲ့ဒီကေလးဟာ သူတို႔ရဲ႕ကေလးအစစ္ မဟုတ္ဘဲ နတ္သူငယ္ေတြက ဝင္ေရာက္ ေနထိုင္ေနတယ္လို႔ ယူဆၾကတာ ျဖစ္ပါတယ္။ ဒါ့အျပင္ Changeling ေတြရဲ႕ ဇာတ္လမ္းအမ်ားစုထဲမွာေတာ့ သူတို႔ဟာ စားခ်င္ေသာက္ခ်င္စိတ္ေတြနဲ႔ အလြန္ျပည့္ႏွက္ေနၿပီး သာမန္လူတစ္ေယာက္ရဲ႕ သုံးဆေလာက္ေတာင္ စားေသာက္ၾကတယ္လို႔ ေဖာ္ျပၾကတာေၾကာင့္ ဒီသီရီအိုဟာ ပိုၿပီးေတာ့ လက္ခံစရာေကာင္းပါတယ္။ အဲ့ဒီေခတ္တုန္းက သာမန္လူေတြဟာ အစားအေသာက္ကို ပုံမွန္စားႏိုင္ဖို႔အတြက္ေတာင္ ခက္ခဲေနၾကတဲ့အျပင္ မိသားစုတစ္ခုမွာ ကေလးေတြလည္း အမ်ားႀကီး ရွိတတ္ၾကပါတယ္။ ဒါ့အျပင္ အဲ့ဒီကေလးေတြထဲက တစ္ေယာက္ေလာက္က အစားႀကီးတဲ့သူဆိုရင္ေတာ့ က်န္တဲ့မိသားစုဝင္ေတြရဲ႕ ဆက္လက္အသက္ရွင္ႏိုင္ေရးအတြက္ အခက္အခဲ ျဖစ္လာမွာ ျဖစ္ပါတယ္။

အခုေဖာ္ျပသြားတာေတြကေတာ့ Supernatural ဇာတ္လမ္းတြဲထဲမွာ Changeling ေတြကို ဘယ္လိုပုံစံမ်ိဴး ပုံေဖာ္ထားလည္းဆိုတာနဲ႔ ဒ႑ာရီေတြထဲမွာ ဘယ္လိုေဖာ္ျပထားလည္း ဆိုတာကို ယွဥ္ျပထားတာပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ အဲ့ဒီဒ႑ာရီေတြကလည္း ဘယ္လိုအေၾကာင္းေတြေၾကာင့္ ေပၚေပါက္လာရတာလည္းဆိုတဲ့ သီအိုရီေတြကလည္း စိတ္ဝင္စားစရာ ေကာင္းတာေၾကာင့္ ေဖာ္ျပေပးလိုက္တာျဖစ္ပါတယ္။ အခုလိုေဆာင္းပါးေတြ ဖတ္ရတာ စိတ္ဝင္စားတယ္ဆိုရင္ေတာ့ ဆံရစ္ဝိုင္းေပ့ခ်္ကို Like & See First လုပ္ထားေပးပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular