HomeCharacterကောမစ်ထဲမှာ စွမ်းအားအသစ်တွေ ရရှိသွားတဲ့ The Invisible Woman

ကောမစ်ထဲမှာ စွမ်းအားအသစ်တွေ ရရှိသွားတဲ့ The Invisible Woman

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

The Invisible Woman လို့ခေါ်တဲ့ Susan Storm ကတော့ သူမရဲ့စူပါဟီးရိုးနာမည်အတိုင်းပဲ ကိုယ်ဖျောက်နိုင်စွမ်းနဲ့ Force Field တွေ ထုတ်နိုင်စွမ်းဟာ သူမရဲ့ အဓိကစွမ်းအား ဖြစ်ပါတယ်။ ဒါ့အပြင် မကြာသေးခင်က ထွက်ရှိခဲ့တဲ့ Fantastic Four: Antithesis #3 ထဲမှာတော့ Sue အပါအဝင် တစ်ခြား Fantastic Four အဖွဲ့ဝင်တွေဟာ cosmic energy တွေ အများကြီးနဲ့ ထိတွေ့ခဲ့ပြီး အရင်ကထက် ပိုပြီးတော့ စွမ်းအားကြီးလာခဲ့ကြပါတယ်။

အဲ့ဒီကောမစ်ထဲမှာတော့ သူတို့အဖွဲ့သားတွေဟာ Galactus ကို ရင်ဆိုင်နိုင်ဖို့ နည်းလမ်းကို စဉ်းစားနေကြပါတယ်။ အဲ့ဒီနောက်မှာတော့ Galactus ကိုယ်တိုင်ကိုက အားနည်းတဲ့ လူသားပုံစံနဲ့ သူတို့ကို မိတ်ဆက်ခဲ့ပြီး cosmic energy ကို အသုံးပြုကာ Silver Surfer ကို စွမ်းအားတွေ ပေးခဲ့သလို သူတို့ကိုလည်း စွမ်းအားတွေ ပေးဖို့အတွက် ကမ်းလှမ်းခဲ့ပါတယ်။ ဒီကမ်းလှမ်းချက်ကို သူတို့ဘက်ကလည်း သဘောတူလိုက်ပြီး အချိန်ခဏလေးအတွင်းပဲ သူတို့အကုန်လုံးဟာ စွမ်းအားအသစ်တွေ ရရှိသွားခဲ့ပါတယ်။

photo via screenrant

ဒါ့အပြင် သူတို့တွေဟာ စွမ်းအားအသစ်တွေပဲ ရခဲ့တာမဟုတ်ဘဲ အရင်ဝတ်စုံထက် ပိုပြီးမိုက်တဲ့ ဝတ်စုံတွေလည်း ရရှိခဲ့ပါသေးတယ်။ Sue ရဲ့ ဝတ်စုံကတော့ Guardians of the Galaxy ထဲမှာ Mantis ရဲ့ခေါင်းက ဉီးမှင်လေးတွေလိုမျိုး  အာရုံခံအမျှင်လေးတွေနဲ့ ခေါင်းစွပ်လည်း ပါပါသေးတယ်။ သူမ အသစ်ရလာတဲ့ စွမ်းအားတွေကတော့ သူမတစ်ယောက်တည်းတင် မဟုတ်ဘဲ သူမအနားမှာ ရှိတဲ့သူတွေကိုပါ ကိုယ်ပျောက်အောင် လုပ်ပေးလို့ ရသွားပါတယ်။ ဒါ့အပြင် ကိုယ်ပျောက်ရုံတင် မဟုတ်ဘဲ ထိတွေ့လို့ မရတော့အောင် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကိုလည်း ဖျောက်ထားလို့ ရသွားပါတယ်။

အဲ့ဒါကြောင့်ပဲ တိုက်ခိုက်ကြတဲ့ အချိန်မှာဆိုရင် Sue ရဲ့အနားမှာ နေမယ်ဆိုရင် သူတို့တွေဟာ သေချာပေါက် အသာစီး ရကြမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သိပ်မကြာခင်မှာပဲ Sue နဲ့ Silver Surfer တို့ဟာ အဲ့ဒီစွမ်းအားကို သုံးနေရင်းနဲ့ တဖြည်းဖြည်း တစ်မျိုးဖြစ်လာတာကို ခံစားမိလာကြပါတယ်။ အကြောင်းကတော့ သူတို့ အသစ်ရရှိလာတဲ့ စွမ်းအားပမာဏဟာ အလွန်များပြားနေတာကြောင့် ဖြစ်ပြီး Silver Surfer ဟာဆိုရင်လည်း အလွန်အမင်း နာကျင်တဲ့ ဝေဒနာကို ခံစားလာရပါတယ်။

photo via screenrant

အဲ့ဒီအချိန်မှာ Sue ရဲ့အာရုံခံနိုင်စွမ်းတွေကလည်း အင်မတန် မြင့်မားနေတာကို သူမဘာသာ သတိထားမိလိုက်ပါတယ်။ အဲ့ဒါကြောင့်ပဲ Sue ဟာ သူတို့ရဲ့စွမ်းအားအသစ်တွေဟာ တစ်ခုခုမှားယွင်းနေမှန်း သိသွားပြီး တစ်ခြားအဖွဲ့ဝင်တွေကို ရှာဖွေဖို့အတွက် နှစ်ယောက်သား ထွက်လာခဲ့ကြပါတယ်။ ဒီအဖြစ်အပျက်တွေကတော့ Fantastic Four: Antithesis #3 ကောမစ်ထဲမှာ ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အခုလိုမျိူး စွမ်းအားအသစ်တွေဟာ ဘာတွေမှားနေတာလည်း ဆိုတာနဲ့ သူတို့ကိုယ်တိုင်ကလည်း အဲ့ဒီစွမ်းအားတွေနဲ့ ဘာဆက်လုပ်ကြမလည်း ဆိုတာကတော့ နောက်ထပ်အသစ်ထွက်လာမယ့် ကောမစ်တွေထဲမှာ ဖတ်ရှုရမှာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

The Invisible Woman လို႔ေခၚတဲ့ Susan Storm ကေတာ့ သူမရဲ႕စူပါဟီး႐ိုးနာမည္အတိုင္းပဲ ကိုယ္ေဖ်ာက္ႏိုင္စြမ္းနဲ႔ Force Field ေတြ ထုတ္ႏိုင္စြမ္းဟာ သူမရဲ႕ အဓိကစြမ္းအား ျဖစ္ပါတယ္။ ဒါ့အျပင္ မၾကာေသးခင္က ထြက္ရွိခဲ့တဲ့ Fantastic Four: Antithesis #3 ထဲမွာေတာ့ Sue အပါအဝင္ တစ္ျခား Fantastic Four အဖြဲ႕ဝင္ေတြဟာ cosmic energy ေတြ အမ်ားႀကီးနဲ႔ ထိေတြ႕ခဲ့ၿပီး အရင္ကထက္ ပိုၿပီးေတာ့ စြမ္းအားႀကီးလာခဲ့ၾကပါတယ္။

အဲ့ဒီေကာမစ္ထဲမွာေတာ့ သူတို႔အဖြဲ႕သားေတြဟာ Galactus ကို ရင္ဆိုင္ႏိုင္ဖို႔ နည္းလမ္းကို စဥ္းစားေနၾကပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Galactus ကိုယ္တိုင္ကိုက အားနည္းတဲ့ လူသားပုံစံနဲ႔ သူတို႔ကို မိတ္ဆက္ခဲ့ၿပီး cosmic energy ကို အသုံးျပဳကာ Silver Surfer ကို စြမ္းအားေတြ ေပးခဲ့သလို သူတို႔ကိုလည္း စြမ္းအားေတြ ေပးဖို႔အတြက္ ကမ္းလွမ္းခဲ့ပါတယ္။ ဒီကမ္းလွမ္းခ်က္ကို သူတို႔ဘက္ကလည္း သေဘာတူလိုက္ၿပီး အခ်ိန္ခဏေလးအတြင္းပဲ သူတို႔အကုန္လုံးဟာ စြမ္းအားအသစ္ေတြ ရရွိသြားခဲ့ပါတယ္။

photo via screenrant

ဒါ့အျပင္ သူတို႔ေတြဟာ စြမ္းအားအသစ္ေတြပဲ ရခဲ့တာမဟုတ္ဘဲ အရင္ဝတ္စုံထက္ ပိုၿပီးမိုက္တဲ့ ဝတ္စုံေတြလည္း ရရွိခဲ့ပါေသးတယ္။ Sue ရဲ႕ ဝတ္စုံကေတာ့ Guardians of the Galaxy ထဲမွာ Mantis ရဲ႕ေခါင္းက ဉီးမွင္ေလးေတြလိုမ်ိဳး  အာ႐ုံခံအမွ်င္ေလးေတြနဲ႔ ေခါင္းစြပ္လည္း ပါပါေသးတယ္။ သူမ အသစ္ရလာတဲ့ စြမ္းအားေတြကေတာ့ သူမတစ္ေယာက္တည္းတင္ မဟုတ္ဘဲ သူမအနားမွာ ရွိတဲ့သူေတြကိုပါ ကိုယ္ေပ်ာက္ေအာင္ လုပ္ေပးလို႔ ရသြားပါတယ္။ ဒါ့အျပင္ ကိုယ္ေပ်ာက္႐ုံတင္ မဟုတ္ဘဲ ထိေတြ႕လို႔ မရေတာ့ေအာင္ ႐ုပ္ပိုင္းဆိုင္ရာ ခႏၶာကိုယ္ကိုလည္း ေဖ်ာက္ထားလို႔ ရသြားပါတယ္။

အဲ့ဒါေၾကာင့္ပဲ တိုက္ခိုက္ၾကတဲ့ အခ်ိန္မွာဆိုရင္ Sue ရဲ႕အနားမွာ ေနမယ္ဆိုရင္ သူတို႔ေတြဟာ ေသခ်ာေပါက္ အသာစီး ရၾကမွာပဲ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း သိပ္မၾကာခင္မွာပဲ Sue နဲ႔ Silver Surfer တို႔ဟာ အဲ့ဒီစြမ္းအားကို သုံးေနရင္းနဲ႔ တျဖည္းျဖည္း တစ္မ်ိဳးျဖစ္လာတာကို ခံစားမိလာၾကပါတယ္။ အေၾကာင္းကေတာ့ သူတို႔ အသစ္ရရွိလာတဲ့ စြမ္းအားပမာဏဟာ အလြန္မ်ားျပားေနတာေၾကာင့္ ျဖစ္ၿပီး Silver Surfer ဟာဆိုရင္လည္း အလြန္အမင္း နာက်င္တဲ့ ေဝဒနာကို ခံစားလာရပါတယ္။

photo via screenrant

အဲ့ဒီအခ်ိန္မွာ Sue ရဲ႕အာ႐ုံခံႏိုင္စြမ္းေတြကလည္း အင္မတန္ ျမင့္မားေနတာကို သူမဘာသာ သတိထားမိလိုက္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ Sue ဟာ သူတို႔ရဲ႕စြမ္းအားအသစ္ေတြဟာ တစ္ခုခုမွားယြင္းေနမွန္း သိသြားၿပီး တစ္ျခားအဖြဲ႕ဝင္ေတြကို ရွာေဖြဖို႔အတြက္ ႏွစ္ေယာက္သား ထြက္လာခဲ့ၾကပါတယ္။ ဒီအျဖစ္အပ်က္ေတြကေတာ့ Fantastic Four: Antithesis #3 ေကာမစ္ထဲမွာ ျဖစ္ပ်က္ခဲ့တာ ျဖစ္ပါတယ္။ ဒါ့အျပင္ အခုလိုမ်ိဴး စြမ္းအားအသစ္ေတြဟာ ဘာေတြမွားေနတာလည္း ဆိုတာနဲ႔ သူတို႔ကိုယ္တိုင္ကလည္း အဲ့ဒီစြမ္းအားေတြနဲ႔ ဘာဆက္လုပ္ၾကမလည္း ဆိုတာကေတာ့ ေနာက္ထပ္အသစ္ထြက္လာမယ့္ ေကာမစ္ေတြထဲမွာ ဖတ္ရႈရမွာ ျဖစ္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular