HomeEntertainmentFilmTales of Dunk and Egg လို့ အမည်ရတဲ့ GoT ရဲ့ နောက်ထပ် prequel တစ်ခု...

Tales of Dunk and Egg လို့ အမည်ရတဲ့ GoT ရဲ့ နောက်ထပ် prequel တစ်ခု စီစဉ်နေ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

HBO ဟာ Game of Thrones ဇာတ်လမ်းတွဲရဲ့ နောက်ထပ် prequel ဇာတ်လမ်းတွဲတစ်ခုကို စီစဉ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Tales of Dunk and Egg လို့ အမည်ရတဲ့ ဒီဇာတ်လမ်းတွဲကတော့ Game of Thrones ဇာတ်လမ်းတွဲထဲက အဖြစ်အပျက်တွေ မတိုင်ခင် နှစ်ကိုးဆယ်ကာလမှာ အခြေတည်သွားမှာဖြစ်ပြီး အပိုင်းတစ်ပိုင်းကို တစ်နာရီဝန်းကျင်ခန့် ကြာမြင့်လို့လည်း သိရပါတယ်။

Photo via IMDb

ဒီဇာတ်လမ်းဟာ စာရေးဆရာကြီး George R. R. Martin ရဲ့ ဝတ္ထုစာအုပ်တွဲတွေ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇာတ်လမ်းဟာ Game of Thrones ရဲ့ universe ထဲမှာပဲ တည်ရှိတာဖြစ်ပြီး ခြေသလုံးအိမ်တိုင် သူရဲကောင်း Ser Duncan the tall နဲ့ သူ့ရဲ့လက်ထောက်တို့နဲ့အတူ Egg လို့ တင်စားခေါ်ဝေါ်တဲ့ King Aegon V Targaryen တို့ရဲ့ ဘဝအကြောင်းကို ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။

Photo via IMDb

Dunk ကတော့ နောက်ပိုင်းမှာ ဘုရင့်သက်တော်စောင့်တပ်မှာ Lord Commander ဖြစ်လာပြီး Egg ကတော့ ခုနှစ်ပြည်ထောင်ရဲ့ဘုရင် King Aegon ဖြစ်လာပါတယ်။ ဒီဇာတ်လမ်းကတော့ Game of Thrones ထက် ဇာတ်လမ်းပိုင်းမှာ အများကြီး ပိုပြီးရိုးရှင်းမှာ ဖြစ်ပါတယ်။ ကာရိုက်တာနှစ်ခုကိုပဲ အဓိက မီးမောင်းထိုးပြထားတာဖြစ်ပြီး Dunk နဲ့ Egg တို့ရဲ့ ခုနှစ်ပြည်ထောင်တစ်ခွင်က စွန့်စားခန်းတွေကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။

Photo via IMDb

တကယ်လို့ ဒီဇာတ်လမ်းတွဲကသာ တကယ် ဖြစ်လာမယ်ဆိုရင် ဒါဟာ House of the Dragon ရဲ့ နောက်မှာ ဖန်သားပြင်ပေါ် ရောက်ရှိလာမယ့် ဒုတိယမြောက် Game of Thrones prequel စီးရီး ဖြစ်လာမှာပါ။ House of the Dragon ကတော့ HBO က အတည်ပြုထားပြီး ဖြစ်ကာ Targaryen အိမ်တော်အကြောင်းကို ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ ဒီစီးရီးကိုတော့ ၂၀၂၂ခုနှစ်မှာ စတင်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Linda December

Source: indian express

(Zawgyi Version)

HBO ဟာ Game of Thrones ဇာတ္လမ္းတြဲရဲ႕ ေနာက္ထပ္ prequel ဇာတ္လမ္းတြဲတစ္ခုကို စီစဥ္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနပါတယ္။

Tales of Dunk and Egg လို႔ အမည္ရတဲ့ ဒီဇာတ္လမ္းတြဲကေတာ့ Game of Thrones ဇာတ္လမ္းတြဲထဲက အျဖစ္အပ်က္ေတြ မတိုင္ခင္ ႏွစ္ကိုးဆယ္ကာလမွာ အေျခတည္သြားမွာျဖစ္ၿပီး အပိုင္းတစ္ပိုင္းကို တစ္နာရီဝန္းက်င္ခန႔္ ၾကာျမင့္လို႔လည္း သိရပါတယ္။

Photo via IMDb

ဒီဇာတ္လမ္းဟာ စာေရးဆရာႀကီး George R. R. Martin ရဲ႕ ဝတၳဳစာအုပ္တြဲေတြ ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီဇာတ္လမ္းဟာ Game of Thrones ရဲ႕ universe ထဲမွာပဲ တည္ရွိတာျဖစ္ၿပီး ေျခသလုံးအိမ္တိုင္ သူရဲေကာင္း Ser Duncan the tall နဲ႔ သူ႔ရဲ႕လက္ေထာက္တို႔နဲ႔အတူ Egg လို႔ တင္စားေခၚေဝၚတဲ့ King Aegon V Targaryen တို႔ရဲ႕ ဘဝအေၾကာင္းကို ေရးသားေဖာ္ျပထားတာ ျဖစ္ပါတယ္။

Photo via IMDb

Dunk ကေတာ့ ေနာက္ပိုင္းမွာ ဘုရင့္သက္ေတာ္ေစာင့္တပ္မွာ Lord Commander ျဖစ္လာၿပီး Egg ကေတာ့ ခုႏွစ္ျပည္ေထာင္ရဲ႕ဘုရင္ King Aegon ျဖစ္လာပါတယ္။ ဒီဇာတ္လမ္းကေတာ့ Game of Thrones ထက္ ဇာတ္လမ္းပိုင္းမွာ အမ်ားႀကီး ပိုၿပီး႐ိုးရွင္းမွာ ျဖစ္ပါတယ္။ ကာ႐ိုက္တာႏွစ္ခုကိုပဲ အဓိက မီးေမာင္းထိုးျပထားတာျဖစ္ၿပီး Dunk နဲ႔ Egg တို႔ရဲ႕ ခုႏွစ္ျပည္ေထာင္တစ္ခြင္က စြန႔္စားခန္းေတြကို ၾကည့္ရႈရမွာ ျဖစ္ပါတယ္။

Photo via IMDb

တကယ္လို႔ ဒီဇာတ္လမ္းတြဲကသာ တကယ္ ျဖစ္လာမယ္ဆိုရင္ ဒါဟာ House of the Dragon ရဲ႕ ေနာက္မွာ ဖန္သားျပင္ေပၚ ေရာက္ရွိလာမယ့္ ဒုတိယေျမာက္ Game of Thrones prequel စီးရီး ျဖစ္လာမွာပါ။ House of the Dragon ကေတာ့ HBO က အတည္ျပဳထားၿပီး ျဖစ္ကာ Targaryen အိမ္ေတာ္အေၾကာင္းကို ႐ိုက္ကူးသြားမွာ ျဖစ္ပါတယ္။ ဒီစီးရီးကိုေတာ့ ၂၀၂၂ခုႏွစ္မွာ စတင္ၾကည့္ရႈႏိုင္မွာ ျဖစ္ပါတယ္။

Linda December

Source: indian express

 

RELATED ARTICLES

Most Popular