HomeCharacterBlack Widow ရုပ်ရှင်ထဲမှာ ပါဝင်လာမယ့် Taskmaster အကြောင်း စိတ်ဝင်စားစရာများ

Black Widow ရုပ်ရှင်ထဲမှာ ပါဝင်လာမယ့် Taskmaster အကြောင်း စိတ်ဝင်စားစရာများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မကြာခင်မှာ ထွက်ရှိလာမယ့် Black Widow ရုပ်ရှင်ထဲမှာတော့ Taskmaster ဟာ ဗီလိန်အနေနဲ့ ပါဝင်လာမှာ ဖြစ်ပါတယ်။ Taskmaster ကတော့ ၁၉၈၀ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Avengers #194 ကောမစ်ထဲမှာ ဗီလိန်အနေနဲ့ စတင်ပါဝင်ခဲ့ပါတယ်။ သူ့ရဲ့ နာမည်အရင်းကတော့ Anthony Tony Masters ဖြစ်ပြီး Marvel ကောမစ်ထဲက စိတ်ဝင်စားဖို့အကောင်းဆုံး ဗီလိန်တစ်ယောက် ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Black Widow ရုပ်ရှင်ကို မကြည့်ရသေးခင်မှာ Taskmaster ရဲ့ စိတ်ဝင်စားစရာအချက်တွေကို ဖော်ပြပေးသွားမှာပါ။

(1) စွမ်းအားများ
photo via screenrant

Taskmaster ရဲ့ အဓိကစွမ်းအားကတော့ Photographic Reflexes လို့ခေါ်တဲ့ စွမ်းအားပဲ ဖြစ်ပါတယ်။ အဲ့ဒီစွမ်းအားကတော့ သူမြင်လိုက်ရတဲ့ ကိုယ်ခန္ဓာလှုပ်ရှားမှုမျိူးစုံကို ချက်ချင်းမှတ်မိကာ တပုံစံတည်း ပြန်လည် ပြုလုပ်နိုင်တဲ့ စွမ်းအားပဲ ဖြစ်ပါတယ်။ ဘယ်လောက်ပဲ ရှုပ်ထွေးတဲ့ လှုပ်ရှားမှုမျိူး ဖြစ်နေပါစေ၊ သူ ခဏတာလေး မြင်လိုက်ရပြီဆိုတာနဲ့ ပြန်လည်အသုံးပြုနိုင်ပါတယ်။

ဒီစွမ်းအားဟာ အပြင်မှာ လူချင်းတွေ့တဲ့အချိန်မှာပဲ အသုံးပြုနိုင်တာ မဟုတ်ဘဲ ဗွီဒီယိုထဲမှာ မြင်ရတဲ့ လှုပ်ရှားမှုတွေကိုလည်း အလားတူ ပြန်လည် အသုံးချနိုင်စွမ်း ရှိပါသေးတယ်။ ဒါကြောင့်ပဲ Taskmaster ဟာ Captain America ၊ Black Panther ၊ Iron Fist နဲ့ တခြားဇာတ်ကောင်များစွာရဲ့ တိုက်ခိုက်မှု နည်းစနစ်တွေအတိုင်း တပုံစံတည်း ပြန်လည် တိုက်ခိုက်နိုင်ပါတယ်။

(2) ဒီစွမ်းအားကြောင့် Taskmaster ကို မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားစေပါတယ်။
photo via screenrant

အပေါ်မှာ ဖော်ပြထားသလိုပဲ Taskmaster ဟာ သူ့ရဲ့ အစွမ်းကို အသုံးပြုပြီး များစွာသော ဟီးရိုးတွေနဲ့ ဗီလိန်တွေရဲ့ တိုက်ခိုက်ပုံတွေကို ကူးယူ စုဆောင်းထားပါတယ်။ ဒီစွမ်းအားဟာ Taskmaster ကို ကောင်းကျိူးတွေများစွာ ဖြစ်စေပေမယ့်လည်း ဘေးထွက် ဆိုးကျိူးတွေတော့ ရှိနေပါတယ်။

အဲ့ဒီဘေးထွက်ဆိုးကျိူးကတော့ Taskmaster ဟာ ဒီစွမ်းအားကို အသုံးပြုနေရင်း သူ့အတိတ်က မှတ်ဉာဏ်တွေကို တဖြည်းဖြည်း ပျောက်ဆုံးသွားစေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Taskmaster ဟာ တခြားသူတွေရဲ့ တိုက်ခိုက်ပုံကို တစ်ခါကူးယူလိုက်တိုင်း အတိတ်က မှတ်ဉာဏ်တစ်ခုစီ မေ့ပျောက်သွားပါတယ်။ ဒီအချက်ကြောင့်ပဲ Taskmaster ဟာ အခုလို ကြေးစားတစ်ယောက် ဖြစ်မလာခင် အချိန်တုန်းက မှတ်ဉာဏ်တွေဖြစ်တဲ့ သူ့ရဲ့ Identity ၊ နာမည်နဲ့ သူ့ရဲ့မိသားစုတွေအပါအဝင် သူနဲ့ပတ်သက်တဲ့ တခြားဘယ်အရာမှကို မမှတ်မိတော့ပါဘူး။

(3) SHIELD အေးဂျင့်တစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်။
photo via screenrant

Taskmaster ဟာ ကောမစ်ထဲမှာ ဗီလိန်အနေနဲ့ နှစ်သုံးဆယ်ကျော်လောက် ပါဝင်အပြီးမှာတော့ ၂၀၁၀ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ သူ့ရဲ့ ဆိုလို မီနီကောမစ်ထဲမှာ သူ့ရဲ့အတိတ်ဘဝအကြောင်းကို အနည်းငယ် ဖော်ပြသွားခဲ့ပါတယ်။ အဲ့ဒါကတော့ Taskmaster ဖြစ်မလာခင်တုန်းက သူဟာ Anthony Tony Masters လို့ခေါ်တဲ့ SHIELD အေးဂျင့်တစ်ယောက် ဖြစ်ပါတယ်။ Taskmaster ဟာ သူ့ရဲ့မွေးရာပါ စွမ်းအားကြောင့်ပဲ SHIELD အေးဂျင့် ဖြစ်လာခဲ့တာပါ။

အဲ့ဒီအချိန်တုန်းက သူရဲ့ စွမ်းအားကို ချက်ချင်း အသုံးမပြုနိုင်သေးပါဘူး။ တခြားသူတွေရဲ့ တိုက်ခိုက်ပုံတွေကို မကူးယူခင်မှာ အဲ့ဒီလူတွေရဲ့ တိုက်ခိုက်ပုံတွေကို အချိန်ပေးပြီး လေ့လာရပါသေးတယ်။ မစ်ရှင်တစ်ခုမှာတော့ Taskmaster ဟာ သူ့ဦးနှောက်ရဲ့ စွမ်းဆောင်ရည်တွေကို တိုးမြှင့်ပေးနိုင်တဲ့ ဆေးရည်တစ်ခုကို သောက်သုံးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Taskmaster ဟာ ဘယ်လိုတိုက်ခိုက်နည်းမဆို၊ ဘယ်လိုရှုပ်ထွေးတဲ့ လှုပ်ရှားမှုမျိူးကိုမဆို ချက်ချင်းကူးယူပြီး ပြန်လည် အသုံးချနိုင်သွားပါတယ်။ ဒါပေမယ့်လည်း အပေါ်မှာ ဖော်ပြခဲ့သလိုပဲ အဲ့ဒီဆေးရဲ့ ဘေးထွက်ဆိုးကျိူးအနေနဲ့ သူ့ရဲ့ စွမ်းအားကို တစ်ခါသုံးလိုက်တိုင်း အတိတ်က မှတ်ဉာဏ်တစ်ခုစီကို မေ့ပျောက်သွားစေပါတော့တယ်။

(4) ဟီးရိုးတွေနဲ့ရော ဗီလိန်တွေနဲ့ပါ ပူးပေါင်းခဲ့ဖူးပါတယ်။
photo via screenrant

Taskmaster ဟာ ကြေးစားတစ်ယောက် ဖြစ်တာကြောင့် များသောအားဖြင့် သူ့အတွက် အကျိူးရှိစေမယ့် အရာတွေနဲ့ ပိုက်ဆံကိုပဲ စိတ်ဝင်စားပါတယ်။ ဒါကြောင့်ပဲ သူဟာ ဇာတ်လမ်းအမျိူးမျိူးမှာ ဟီးရိုးတွေနဲ့လည်း ပူးပေါင်းခဲ့ဖူးသလို ဗီလိန်တွေနဲ့လည်း ပူးပေါင်းခဲ့ဖူးပါတယ်။ ဒါ့အပြင် သူ တစ်ယောက်တည်း ပြုလုပ်ရင် ပိုပြီးအကျိူးရရှိနိုင်တယ်လို့ ထင်တဲ့အခါမျိုးမှာလည်း တစ်ယောက်တည်းပဲ တိုက်ခိုက်လေ့ ရှိပါတယ်။

ဒါကြောင့် Taskmaster ဟာ ဗီလိန်ဖြစ်လိုက်၊ Anti-Hero ဖြစ်လိုက်လို့ ပြောနိုင်ပါတယ်။ Taskmaster ဟာ ကောမစ်ထဲမှာ စတင်ပါဝင်ခါစတုန်းကဆိုရင် Hydra နဲ့ AIM တို့လို ဗီလိန်အဖွဲ့အစည်းတွေကို ထောက်ပံ့ဖို့အတွက် လုပ်ကြံရေးသမားတွေကို လေ့ကျင့်ပေးတဲ့ လျှို့ဝှက်ကျောင်းတစ်ခု ပြုလုပ်ခဲ့ဖူးပါသေးတယ်။ ဒါ့အပြင် သူဟာ Avengers Academy မှာလည်း တိုက်ခိုက်ရေးနည်းပြ ဖြစ်ခဲ့ဖူးပါတယ်။ ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် Taskmaster ဟာ သူ့အတွက် ကောင်းကျိူးရှိမယ်ဆိုရင် မဟာမိတ်တွေကို သစ္စာဖောက်ဖို့တောင် ဝန်မလေးတတ်သူတစ်ယောက်ဆိုတာ  သိသာစေပါတယ်။

(5) US Agent ကိုလည်း လေ့ကျင့်ပေးခဲ့ပါသေးတယ်။
photo via screenrant

ကောမစ်ထဲမှာတော့ အမေရိကန်အစိုးရဟာ မူလ Captain America ဖြစ်တဲ့ Steve Rogers ကို သူ သဘောမတူတဲ့ အရာတစ်ခုကို ပြုလုပ်ဖို့ အတင်းဖိအားပေးခဲ့တာကြောင့် Steve ဟာ Cap အဖြစ်ကနေ နှုတ်ထွက်သွားခဲ့ပါတယ်။ ဒါကြောင့်ပဲ အစိုးရဟာ Cap နေရာမှာ ဆက်ခံဖို့ John Walker ကို ရွေးချယ်ခဲ့ပါတယ်။ ဒါ့အပြင် အစိုးရဟာ John Walker ကို Cap အဖြစ် ဆက်ခံခိုင်းလိုက်မယ်ဆိုရင် နောက်ထပ် လေ့ကျင့်မှုတွေများစွာ လိုအပ်မယ် ဆိုတာလည်း သိခဲ့ပါတယ်။

ဒါကြောင့်ပဲ အစိုးရဟာ ပိုက်ဆံဘယ်လောက်ပဲ ပေးရပေးရ၊ ဘယ်လိုရာဇဝတ်ကောင်မျိူးပဲဖြစ်ဖြစ် John Walker ကို Steve လို ဖြစ်လာအောင် လေ့ကျင့်ပေးနိုင်မယ့်သူကို လိုချင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ အစိုးရဟာ Taskmaster ကို ငွေပေးကာ ငှားရမ်းခဲ့ပြီး Steve ရဲ့ဒိုင်းကို Steve လိုမျိူး ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်အောင် John Walker ကို လေ့ကျင့်ပေးစေခဲ့ပါတယ်။

(6) Taskmaster ဟာ လက်ထပ်ခဲ့ဖူးပါသေးတယ်။
photo via screenrant

အပေါ်မှာဖော်ပြထားသလိုပဲ Taskmaster ဟာ ဆေးရည်ရဲ့ ဘေးထွက်ဆိုးကျိူးကြောင့် သူ့ကိုယ်တိုင်ရဲ့ Identity အပါအဝင် သူနဲ့သိခဲ့ဖူးတဲ့သူတွေကိုလည်း မေ့လျော့သွားခဲ့ပါတယ်။ သူဟာ SHIELD အေးဂျင့်ဘဝတုန်းကတော့ အေးဂျင့် Mercedes Merced နဲ့ လက်ထပ်ခဲ့ပါတယ်။ Taskmaster ဟာ သူ့ရဲ့မိန်းမအပါအဝင် တခြားအရာတွေများစွာကို မေ့ပျောက်နေတဲ့ အချိန်မှာတော့ အေးဂျင့် Mercedes ဟာ သူ့ကိုနောက်ကွယ်ကနေ လမ်းပြခဲ့ပါတယ်။ ဒါ့အပြင် သူမဟာ သူတို့နှစ်ယောက်က လက်ထပ်ထားတဲ့ ဇနီးမောင်နှံတွေဖြစ်ကြောင်း Taskmaster ကို အမြဲတမ်း သတိပေးနေပေမယ့်လည်း Taskmaster ကတော့ ဘယ်လိုမှ မမှတ်မိနိုင်တော့ပါဘူး။

(7) Taskmaster မျက်နှာဖုံးရဲ့ အဓိပ္ပာယ်
photo via screenrant

Taskmaster လို့ ပြောလိုက်တာနဲ့ လူတိုင်းဟာ သူ့ရဲ့ ထူးခြားတဲ့ အရိုးခေါင်းပုံစံ မျက်နှာဖုံးကို ပြေးမြင်မိကြပါတယ်။ Taskmaster ကိုယ်တိုင်ကလည်း သေချာတော့ မမှတ်မိပေမယ့်လည်း အဲ့ဒီမျက်နှာဖုံးဟာ သူ့အတွက် အဓိပ္ပာယ်များစွာ ရှိတယ်ဆိုတာကိုတော့ သိပါတယ်။

Taskmaster ဟာ ကြေးစားတွေကို လေ့ကျင့်ပေးရတဲ့ နည်းပြတစ်ယောက် လုပ်မယ်လို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာတော့ သူ့ရဲ့ ပထမဆုံးအလုပ်ရှင်ဟာ မက္ကစီကို ရာဇဝတ်သားတစ်ယောက် ဖြစ်တဲ့ Don of Dead ပဲ ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာတော့ Taskmaster ဟာ Don နဲ့ Don ရဲ့အဖွဲ့သားတွေကို သူတို့ဟာ တစ်သားတည်းရှိနေကြောင်း ပြသချင်တာကြောင့် မက္ကစီကိုအယူအဆအရ သေခြင်းတရားကို ရည်ညွှန်းတဲ့ အရိုးခေါင်းမျက်နှာဖုံးကို စတင်ဝတ်ဆင်ခဲ့တာ ဖြစ်ပါတယ်။

(8) လူတိုင်းရဲ့ တိုက်ခိုက်နည်းတွေကိုတော့ မကူးယူနိုင်ပါဘူး။
photo via screenrant

Taskmaster ရဲ့ စွမ်းအားဟာ သူ ရင်ဆိုင်ခဲ့ရတဲ့ ရန်သူတွေရဲ့ တိုက်ခိုက်ပုံတွေကို ပုံတူ ကူးယူပြီး ပြန်လည်တိုက်ခိုက်တာပဲ ဖြစ်ပါတယ်။ သူဟာ ဒီစွမ်းအားကို လူတိုင်းနီးပါးအပေါ်မှာ အသုံးပြုနိုင်ပေမယ့်လည်း ခြွင်းချက်တွေတော့ ရှိပါသေးတယ်။ Taskmaster ဟာ ကောမစ်ထဲက Avengers ရဲ့ စက်ရုပ်ဖြစ်သူ Jocasta နဲ့ တိုက်ခိုက်တဲ့ အချိန်မှာတော့ သူရဲ့ စွမ်းအားကို အသုံးပြုလို့ မရခဲ့ပါဘူး။

အကြောင်းကတော့ ဒီစက်ရုပ်တွေဟာ အလွန်အဆင့်မြင့်နေပြီး သူတို့ရဲ့ တိုက်ခိုက်ပုံတွေက ခန့်မှန်းလို့ မရတာကြောင့် Taskmaster အနေနဲ့ ပုံတူကူးယူလို့ မရတာပဲ ဖြစ်ပါတယ်။ နောက်ထပ် တစ်ယောက်ကတော့ စက်ရုပ်မဟုတ်တဲ့ Deadpool ပဲ ဖြစ်ပါတယ်။ Deadpool ရဲ့ စိတ်အခြေအနေဟာ ဘယ်တော့မှ ပုံမှန်မဟုတ်သလို သူ့ကို ဘယ်တော့မှ ခန့်မှန်းလို့ မရတာကြောင့် Taskmaster ဟာ Deadpool ရဲ့ တိုက်ကွက်တွေကိုလည်း ပုံတူမကူးနိုင်ပါဘူး။

ဒါကတော့ Black Widow ရုပ်ရှင်ထဲမှာ ဗီလိန်အနေနဲ့ ပါဝင်လာမယ့် Taskmaster ရဲ့ စိတ်ဝင်စားစရာအကြောင်းတွေပဲ ဖြစ်ပါတယ်။ ဒီလိုဆောင်းပါးတွေ ဖတ်ရတာ နှစ်သက်တယ်ဆိုရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ထားပေးပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

မၾကာခင္မွာ ထြက္ရွိလာမယ့္ Black Widow ႐ုပ္ရွင္ထဲမွာေတာ့ Taskmaster ဟာ ဗီလိန္အေနနဲ႔ ပါဝင္လာမွာ ျဖစ္ပါတယ္။ Taskmaster ကေတာ့ ၁၉၈၀ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Avengers #194 ေကာမစ္ထဲမွာ ဗီလိန္အေနနဲ႔ စတင္ပါဝင္ခဲ့ပါတယ္။ သူ႔ရဲ႕ နာမည္အရင္းကေတာ့ Anthony Tony Masters ျဖစ္ၿပီး Marvel ေကာမစ္ထဲက စိတ္ဝင္စားဖို႔အေကာင္းဆုံး ဗီလိန္တစ္ေယာက္ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ Black Widow ႐ုပ္ရွင္ကို မၾကည့္ရေသးခင္မွာ Taskmaster ရဲ႕ စိတ္ဝင္စားစရာအခ်က္ေတြကို ေဖာ္ျပေပးသြားမွာပါ။

(1) စြမ္းအားမ်ား
photo via screenrant

Taskmaster ရဲ႕ အဓိကစြမ္းအားကေတာ့ Photographic Reflexes လို႔ေခၚတဲ့ စြမ္းအားပဲ ျဖစ္ပါတယ္။ အဲ့ဒီစြမ္းအားကေတာ့ သူျမင္လိုက္ရတဲ့ ကိုယ္ခႏၶာလႈပ္ရွားမႈမ်ိဴးစုံကို ခ်က္ခ်င္းမွတ္မိကာ တပုံစံတည္း ျပန္လည္ ျပဳလုပ္ႏိုင္တဲ့ စြမ္းအားပဲ ျဖစ္ပါတယ္။ ဘယ္ေလာက္ပဲ ရႈပ္ေထြးတဲ့ လႈပ္ရွားမႈမ်ိဴး ျဖစ္ေနပါေစ၊ သူ ခဏတာေလး ျမင္လိုက္ရၿပီဆိုတာနဲ႔ ျပန္လည္အသုံးျပဳႏိုင္ပါတယ္။

ဒီစြမ္းအားဟာ အျပင္မွာ လူခ်င္းေတြ႕တဲ့အခ်ိန္မွာပဲ အသုံးျပဳႏိုင္တာ မဟုတ္ဘဲ ဗြီဒီယိုထဲမွာ ျမင္ရတဲ့ လႈပ္ရွားမႈေတြကိုလည္း အလားတူ ျပန္လည္ အသုံးခ်ႏိုင္စြမ္း ရွိပါေသးတယ္။ ဒါေၾကာင့္ပဲ Taskmaster ဟာ Captain America ၊ Black Panther ၊ Iron Fist နဲ႔ တျခားဇာတ္ေကာင္မ်ားစြာရဲ႕ တိုက္ခိုက္မႈ နည္းစနစ္ေတြအတိုင္း တပုံစံတည္း ျပန္လည္ တိုက္ခိုက္ႏိုင္ပါတယ္။

(2) ဒီစြမ္းအားေၾကာင့္ Taskmaster ကို မွတ္ဉာဏ္ေတြ ေပ်ာက္ဆုံးသြားေစပါတယ္။
photo via screenrant

အေပၚမွာ ေဖာ္ျပထားသလိုပဲ Taskmaster ဟာ သူ႔ရဲ႕ အစြမ္းကို အသုံးျပဳၿပီး မ်ားစြာေသာ ဟီး႐ိုးေတြနဲ႔ ဗီလိန္ေတြရဲ႕ တိုက္ခိုက္ပုံေတြကို ကူးယူ စုေဆာင္းထားပါတယ္။ ဒီစြမ္းအားဟာ Taskmaster ကို ေကာင္းက်ိဴးေတြမ်ားစြာ ျဖစ္ေစေပမယ့္လည္း ေဘးထြက္ ဆိုးက်ိဴးေတြေတာ့ ရွိေနပါတယ္။

အဲ့ဒီေဘးထြက္ဆိုးက်ိဴးကေတာ့ Taskmaster ဟာ ဒီစြမ္းအားကို အသုံးျပဳေနရင္း သူ႔အတိတ္က မွတ္ဉာဏ္ေတြကို တျဖည္းျဖည္း ေပ်ာက္ဆုံးသြားေစတာပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ Taskmaster ဟာ တျခားသူေတြရဲ႕ တိုက္ခိုက္ပုံကို တစ္ခါကူးယူလိုက္တိုင္း အတိတ္က မွတ္ဉာဏ္တစ္ခုစီ ေမ့ေပ်ာက္သြားပါတယ္။ ဒီအခ်က္ေၾကာင့္ပဲ Taskmaster ဟာ အခုလို ေၾကးစားတစ္ေယာက္ ျဖစ္မလာခင္ အခ်ိန္တုန္းက မွတ္ဉာဏ္ေတြျဖစ္တဲ့ သူ႔ရဲ႕ Identity ၊ နာမည္နဲ႔ သူ႔ရဲ႕မိသားစုေတြအပါအဝင္ သူနဲ႔ပတ္သက္တဲ့ တျခားဘယ္အရာမွကို မမွတ္မိေတာ့ပါဘူး။

(3) SHIELD ေအးဂ်င့္တစ္ေယာက္ ျဖစ္ခဲ့ဖူးပါတယ္။
photo via screenrant

Taskmaster ဟာ ေကာမစ္ထဲမွာ ဗီလိန္အေနနဲ႔ ႏွစ္သုံးဆယ္ေက်ာ္ေလာက္ ပါဝင္အၿပီးမွာေတာ့ ၂၀၁၀ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ သူ႔ရဲ႕ ဆိုလို မီနီေကာမစ္ထဲမွာ သူ႔ရဲ႕အတိတ္ဘဝအေၾကာင္းကို အနည္းငယ္ ေဖာ္ျပသြားခဲ့ပါတယ္။ အဲ့ဒါကေတာ့ Taskmaster ျဖစ္မလာခင္တုန္းက သူဟာ Anthony Tony Masters လို႔ေခၚတဲ့ SHIELD ေအးဂ်င့္တစ္ေယာက္ ျဖစ္ပါတယ္။ Taskmaster ဟာ သူ႔ရဲ႕ေမြးရာပါ စြမ္းအားေၾကာင့္ပဲ SHIELD ေအးဂ်င့္ ျဖစ္လာခဲ့တာပါ။

အဲ့ဒီအခ်ိန္တုန္းက သူရဲ႕ စြမ္းအားကို ခ်က္ခ်င္း အသုံးမျပဳႏိုင္ေသးပါဘူး။ တျခားသူေတြရဲ႕ တိုက္ခိုက္ပုံေတြကို မကူးယူခင္မွာ အဲ့ဒီလူေတြရဲ႕ တိုက္ခိုက္ပုံေတြကို အခ်ိန္ေပးၿပီး ေလ့လာရပါေသးတယ္။ မစ္ရွင္တစ္ခုမွာေတာ့ Taskmaster ဟာ သူ႔ဦးေႏွာက္ရဲ႕ စြမ္းေဆာင္ရည္ေတြကို တိုးျမႇင့္ေပးႏိုင္တဲ့ ေဆးရည္တစ္ခုကို ေသာက္သုံးခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Taskmaster ဟာ ဘယ္လိုတိုက္ခိုက္နည္းမဆို၊ ဘယ္လိုရႈပ္ေထြးတဲ့ လႈပ္ရွားမႈမ်ိဴးကိုမဆို ခ်က္ခ်င္းကူးယူၿပီး ျပန္လည္ အသုံးခ်ႏိုင္သြားပါတယ္။ ဒါေပမယ့္လည္း အေပၚမွာ ေဖာ္ျပခဲ့သလိုပဲ အဲ့ဒီေဆးရဲ႕ ေဘးထြက္ဆိုးက်ိဴးအေနနဲ႔ သူ႔ရဲ႕ စြမ္းအားကို တစ္ခါသုံးလိုက္တိုင္း အတိတ္က မွတ္ဉာဏ္တစ္ခုစီကို ေမ့ေပ်ာက္သြားေစပါေတာ့တယ္။

(4) ဟီး႐ိုးေတြနဲ႔ေရာ ဗီလိန္ေတြနဲ႔ေရာ ပူးေပါင္းခဲ့ဖူးပါတယ္။
photo via screenrant

Taskmaster ဟာ ေၾကးစားတစ္ေယာက္ ျဖစ္တာေၾကာင့္ မ်ားေသာအားျဖင့္ သူ႔အတြက္ အက်ိဴးရွိေစမယ့္ အရာေတြနဲ႔ ပိုက္ဆံကိုပဲ စိတ္ဝင္စားပါတယ္။ ဒါေၾကာင့္ပဲ သူဟာ ဇာတ္လမ္းအမ်ိဴးမ်ိဴးမွာ ဟီး႐ိုးေတြနဲ႔လည္း ပူးေပါင္းခဲ့ဖူးသလို ဗီလိန္ေတြနဲ႔လည္း ပူးေပါင္းခဲ့ဖူးပါတယ္။ ဒါ့အျပင္ သူ တစ္ေယာက္တည္း ျပဳလုပ္ရင္ ပိုၿပီးအက်ိဴးရရွိႏိုင္တယ္လို႔ ထင္တဲ့အခါမ်ိဳးမွာလည္း တစ္ေယာက္တည္းပဲ တိုက္ခိုက္ေလ့ ရွိပါတယ္။

ဒါေၾကာင့္ Taskmaster ဟာ ဗီလိန္ျဖစ္လိုက္၊ Anti-Hero ျဖစ္လိုက္လို႔ ေျပာႏိုင္ပါတယ္။ Taskmaster ဟာ ေကာမစ္ထဲမွာ စတင္ပါဝင္ခါစတုန္းကဆိုရင္ Hydra နဲ႔ AIM တို႔လို ဗီလိန္အဖြဲ႕အစည္းေတြကို ေထာက္ပံ့ဖို႔အတြက္ လုပ္ႀကံေရးသမားေတြကို ေလ့က်င့္ေပးတဲ့ လွ်ိဳ႕ဝွက္ေက်ာင္းတစ္ခု ျပဳလုပ္ခဲ့ဖူးပါေသးတယ္။ ဒါ့အျပင္ သူဟာ Avengers Academy မွာလည္း တိုက္ခိုက္ေရးနည္းျပ ျဖစ္ခဲ့ဖူးပါတယ္။ ဒီအခ်က္ေတြကို ၾကည့္ျခင္းအားျဖင့္ Taskmaster ဟာ သူ႔အတြက္ ေကာင္းက်ိဴးရွိမယ္ဆိုရင္ မဟာမိတ္ေတြကို သစၥာေဖာက္ဖို႔ေတာင္ ဝန္မေလးတတ္သူတစ္ေယာက္ဆိုတာ  သိသာေစပါတယ္။

(5) US Agent ကိုလည္း ေလ့က်င့္ေပးခဲ့ပါေသးတယ္။
photo via screenrant

ေကာမစ္ထဲမွာေတာ့ အေမရိကန္အစိုးရဟာ မူလ Captain America ျဖစ္တဲ့ Steve Rogers ကို သူ သေဘာမတူတဲ့ အရာတစ္ခုကို ျပဳလုပ္ဖို႔ အတင္းဖိအားေပးခဲ့တာေၾကာင့္ Steve ဟာ Cap အျဖစ္ကေန ႏႈတ္ထြက္သြားခဲ့ပါတယ္။ ဒါေၾကာင့္ပဲ အစိုးရဟာ Cap ေနရာမွာ ဆက္ခံဖို႔ John Walker ကို ေ႐ြးခ်ယ္ခဲ့ပါတယ္။ ဒါ့အျပင္ အစိုးရဟာ John Walker ကို Cap အျဖစ္ ဆက္ခံခိုင္းလိုက္မယ္ဆိုရင္ ေနာက္ထပ္ ေလ့က်င့္မႈေတြမ်ားစြာ လိုအပ္မယ္ ဆိုတာလည္း သိခဲ့ပါတယ္။

ဒါေၾကာင့္ပဲ အစိုးရဟာ ပိုက္ဆံဘယ္ေလာက္ပဲ ေပးရေပးရ၊ ဘယ္လိုရာဇဝတ္ေကာင္မ်ိဴးပဲျဖစ္ျဖစ္ John Walker ကို Steve လို ျဖစ္လာေအာင္ ေလ့က်င့္ေပးႏိုင္မယ့္သူကို လိုခ်င္ခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ အစိုးရဟာ Taskmaster ကို ေငြေပးကာ ငွားရမ္းခဲ့ၿပီး Steve ရဲ႕ဒိုင္းကို Steve လိုမ်ိဴး ကြၽမ္းကြၽမ္းက်င္က်င္ အသုံးျပဳႏိုင္ေအာင္ John Walker ကို ေလ့က်င့္ေပးေစခဲ့ပါတယ္။

(6) Taskmaster ဟာ လက္ထပ္ခဲ့ဖူးပါေသးတယ္။
photo via screenrant

အေပၚမွာေဖာ္ျပထားသလိုပဲ Taskmaster ဟာ ေဆးရည္ရဲ႕ ေဘးထြက္ဆိုးက်ိဴးေၾကာင့္ သူ႔ကိုယ္တိုင္ရဲ႕ Identity အပါအဝင္ သူနဲ႔သိခဲ့ဖူးတဲ့သူေတြကိုလည္း ေမ့ေလ်ာ့သြားခဲ့ပါတယ္။ သူဟာ SHIELD ေအးဂ်င့္ဘဝတုန္းကေတာ့ ေအးဂ်င့္ Mercedes Merced နဲ႔ လက္ထပ္ခဲ့ပါတယ္။ Taskmaster ဟာ သူ႔ရဲ႕မိန္းမအပါအဝင္ တျခားအရာေတြမ်ားစြာကို ေမ့ေပ်ာက္ေနတဲ့ အခ်ိန္မွာေတာ့ ေအးဂ်င့္ Mercedes ဟာ သူ႔ကိုေနာက္ကြယ္ကေန လမ္းျပခဲ့ပါတယ္။ ဒါ့အျပင္ သူမဟာ သူတို႔ႏွစ္ေယာက္က လက္ထပ္ထားတဲ့ ဇနီးေမာင္ႏွံေတြျဖစ္ေၾကာင္း Taskmaster ကို အၿမဲတမ္း သတိေပးေနေပမယ့္လည္း Taskmaster ကေတာ့ ဘယ္လိုမွ မမွတ္မိႏိုင္ေတာ့ပါဘူး။

(7) Taskmaster မ်က္ႏွာဖုံးရဲ႕ အဓိပၸာယ္
photo via screenrant

Taskmaster လို႔ ေျပာလိုက္တာနဲ႔ လူတိုင္းဟာ သူ႔ရဲ႕ ထူးျခားတဲ့ အ႐ိုးေခါင္းပုံစံ မ်က္ႏွာဖုံးကို ေျပးျမင္မိၾကပါတယ္။ Taskmaster ကိုယ္တိုင္ကလည္း ေသခ်ာေတာ့ မမွတ္မိေပမယ့္လည္း အဲ့ဒီမ်က္ႏွာဖုံးဟာ သူ႔အတြက္ အဓိပၸာယ္မ်ားစြာ ရွိတယ္ဆိုတာကိုေတာ့ သိပါတယ္။

Taskmaster ဟာ ေၾကးစားေတြကို ေလ့က်င့္ေပးရတဲ့ နည္းျပတစ္ေယာက္ လုပ္မယ္လို႔ ဆုံးျဖတ္လိုက္တဲ့အခ်ိန္မွာေတာ့ သူ႔ရဲ႕ ပထမဆုံးအလုပ္ရွင္ဟာ မကၠစီကို ရာဇဝတ္သားတစ္ေယာက္ ျဖစ္တဲ့ Don of Dead ပဲ ျဖစ္ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ Taskmaster ဟာ Don နဲ႔ Don ရဲ႕အဖြဲ႕သားေတြကို သူတို႔ဟာ တစ္သားတည္းရွိေနေၾကာင္း ျပသခ်င္တာေၾကာင့္ မကၠစီကိုအယူအဆအရ ေသျခင္းတရားကို ရည္ၫႊန္းတဲ့ အ႐ိုးေခါင္းမ်က္ႏွာဖုံးကို စတင္ဝတ္ဆင္ခဲ့တာ ျဖစ္ပါတယ္။

(8) လူတိုင္းရဲ႕ တိုက္ခိုက္နည္းေတြကိုေတာ့ မကူးယူႏိုင္ပါဘူး။
photo via screenrant

Taskmaster ရဲ႕ စြမ္းအားဟာ သူ ရင္ဆိုင္ခဲ့ရတဲ့ ရန္သူေတြရဲ႕ တိုက္ခိုက္ပုံေတြကို ပုံတူ ကူးယူၿပီး ျပန္လည္တိုက္ခိုက္တာပဲ ျဖစ္ပါတယ္။ သူဟာ ဒီစြမ္းအားကို လူတိုင္းနီးပါးအေပၚမွာ အသုံးျပဳႏိုင္ေပမယ့္လည္း ႁခြင္းခ်က္ေတြေတာ့ ရွိပါေသးတယ္။ Taskmaster ဟာ ေကာမစ္ထဲက Avengers ရဲ႕ စက္႐ုပ္ျဖစ္သူ Jocasta နဲ႔ တိုက္ခိုက္တဲ့ အခ်ိန္မွာေတာ့ သူရဲ႕ စြမ္းအားကို အသုံးျပဳလို႔ မရခဲ့ပါဘူး။

အေၾကာင္းကေတာ့ ဒီစက္႐ုပ္ေတြဟာ အလြန္အဆင့္ျမင့္ေနၿပီး သူတို႔ရဲ႕ တိုက္ခိုက္ပုံေတြက ခန႔္မွန္းလို႔ မရတာေၾကာင့္ Taskmaster အေနနဲ႔ ပုံတူကူးယူလို႔ မရတာပဲ ျဖစ္ပါတယ္။ ေနာက္ထပ္ တစ္ေယာက္ကေတာ့ စက္႐ုပ္မဟုတ္တဲ့ Deadpool ပဲ ျဖစ္ပါတယ္။ Deadpool ရဲ႕ စိတ္အေျခအေနဟာ ဘယ္ေတာ့မွ ပုံမွန္မဟုတ္သလို သူ႔ကို ဘယ္ေတာ့မွ ခန႔္မွန္းလို႔ မရတာေၾကာင့္ Taskmaster ဟာ Deadpool ရဲ႕ တိုက္ကြက္ေတြကိုလည္း ပုံတူမကူးႏိုင္ပါဘူး။

ဒါကေတာ့ Black Widow ႐ုပ္ရွင္ထဲမွာ ဗီလိန္အေနနဲ႔ ပါဝင္လာမယ့္ Taskmaster ရဲ႕ စိတ္ဝင္စားစရာအေၾကာင္းေတြပဲ ျဖစ္ပါတယ္။ ဒီလိုေဆာင္းပါးေတြ ဖတ္ရတာ ႏွစ္သက္တယ္ဆိုရင္ေတာ့ ဆံရစ္ဝိုင္းေပ့ခ်္ကို Like & Follow လုပ္ထားေပးပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular