HomeEntertainmentFilmဆောင်းလေအေးနဲ့အတူ ဖီးလ်ရမယ့် Taylor Swift ရဲ့ All Too Well ဇာတ်လမ်းတို ထွက်ရှိလာ

ဆောင်းလေအေးနဲ့အတူ ဖီးလ်ရမယ့် Taylor Swift ရဲ့ All Too Well ဇာတ်လမ်းတို ထွက်ရှိလာ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဆောင်းဦးရာသီရဲ့ လေနုအေးတွေနဲ့အတူ Taylor Swift ရဲ့ All Too Well ဇာတ်လမ်းတိုကို ကြည့်ရှုခံစားလို့ ရပါပြီ။ ဒီဇာတ်လမ်းတိုကိုတော့ ယနေ့ နိုဝင်ဘာလ(၁၃)ရက်မှာပဲ ထွက်ရှိလာတာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတိုကတော့ မကြာသေးခင်ကမှ ပြန်လည်ထွက်ရှိလာတဲ့ Red (Taylor’s Version) အယ်လ်ဘမ်ထဲက ဆယ်မိနစ်စာ ရှည်လျားတဲ့ All Too Well သီချင်းကို မှီငြမ်းပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတိုကို YouTube မှာ မတင်ခင် နာရီပိုင်းအလိုမှာပဲ Taylor Swift ဟာ private fan screening အဖြစ် နယူးယော့ခ်မှာ အထူးပွဲတစ်ခု ပြသခဲ့ပါသေးတယ်။

အဆိုပါ အထူးပွဲမှာတော့ Taylor နဲ့အတူ ဇာတ်လမ်းတိုထဲမှာ ပါဝင်သရုပ်ဆောင်ထားကြတဲ့ Stranger Things သရုပ်ဆောင် Sadie Sink နဲ့ Teen Wolf သရုပ်ဆောင် Dylan O’Brien တို့လည်း တက်ရောက်ခဲ့ကြပါတယ်။ ကြည့်ရှုပြီးရင် တကယ် မျက်ရည်ပိုးပိုးပေါက်ပေါက် ကျစေမယ့် ဒီဇာတ်လမ်းတိုရဲ့ cinematography အပိုင်းကိုတော့ Rina Yang က ဖန်တီးပေးထားတာ ဖြစ်ပါတယ်။

Photo: taylorswift/ Instagram

All Too Well သီချင်းနဲ့ ပတ်သက်ရင် ပရိသတ်တွေကြားမှာတော့ ဇာတ်လမ်းတစ်ပုဒ် ရှိခဲ့ပါတယ်။ အဲဒါကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခု အလွန်က Taylor Swift ရဲ့ ကြေကွဲစရာ လမ်းခွဲမှုတစ်ခုဖြစ်ပြီး နှစ်တွေ ကြာလာတဲ့ထိအောင် သီချင်းနဲ့ ပုံဖော်ခံစားရတဲ့ ဇာတ်လမ်းတစ်ခုအဖြစ် ပရိသတ်တွေရဲ့ အနှစ်သက်ဆုံး ဖြစ်နေဆဲပါပဲ။

All Too Well ဟာ Taylor ရဲ့ အအောင်မြင်ဆုံး သီချင်းတွေထဲမှာ ပါဝင်ပြီး တစ်ချိန်က ပရိသတ်တွေ မှန်းဆခံစားခဲ့ရတဲ့ ဇာတ်လမ်းလေးကို အခုဆိုရင်တော့ တကယ့် ဇာတ်လမ်းတိုလေးအဖြစ် ချစ်စရာ ဖန်တီးပေးလိုက်တာ ဖြစ်ပါတယ်။ All Too Well: The Short Film ထဲမှာတော့ Sadie Sink က ဆယ်ကျော်သက်ရွယ် Taylor အဖြစ် သရုပ်ဆောင်ထားပြီး O’Brien ကတော့ သူမရဲ့ ချစ်သူဟောင်းနေရာက သရုပ်ဆောင်ထားပါတယ်။

Photo: taylorswift/ Instagram

ပရိသတ်များစွာကတော့ All Too Well ဟာ အဲဒီအချိန်က သတင်းထွက်ခဲ့တဲ့ မင်းသား Jake Gyllenhaal နဲ့ ဇာတ်လမ်းကို ရည်ညွှန်းတာလို့ ယခင်တည်းက သတ်မှတ်ထားခဲ့ကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် ယခုဇာတ်လမ်းတိုထဲမှာလည်း Sadie ဟာ (၁၉)နှစ်၊ O’Brien ဟာ (၃၀)နှစ် ဖြစ်နေပြီး သူတို့ကြားမှာ အသက်(၁၁)နှစ် ကွာဟနေတာကိုလည်း ပရိသတ်တွေက ရိပ်မိခဲ့ကြပါတယ်။ အဲဒါကတော့ Taylor နဲ့ Gyllenhaal တို့ စတင်တွေ့ဆုံခဲ့ချိန်က သူတို့နှစ်ယောက်ရဲ့ အသက်တွေအတိုင်း ဖြစ်နေလို့ပါပဲ။

ဒီဇာတ်လမ်းတိုကိုတော့ Taylor Swift ကိုယ်တိုင် ဇာတ်လမ်းရေးသားပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အများအားဖြင့် သီချင်းထဲက အမှတ်တရတွေကို ပြန်လည် ပုံဖော်ထားတာ ဖြစ်ပြီး တချို့နေရာတွေမှာတော့ ပိုမိုပေါ်လွင်စေဖို့အတွက် သီချင်းထဲကထက် ပိုပြီးတိကျတဲ့ ဒိုင်ယာလော့ခ်တွေကို သုံးထားတာ တွေ့ရပါတယ်။

Photo: taylorswift/ Instagram

နယူးယော့ခ်မြို့က အထူးပွဲအပြီးမှာတော့ ပါဝင်ထားတဲ့ သရုပ်ဆောင်နှစ်ယောက်က အခုလို မှတ်ချက်တွေ ပေးထားကြပါတယ်။

“အစကနေ အဆုံးအထိ တကယ့်ကို အိပ်မက်ဆန်တဲ့ အတွေ့အကြုံတွေကို ရရှိခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဒါလေးကို ပရိသတ်တွေအားလုံးနဲ့အတူ မျှဝေခွင့် ရတဲ့အတွက် ကျွန်မတို့ သိပ်ကိုကျေးဇူးတင်ပါတယ် … ” လို့ Sadie Sink က ပြောထားပါတယ်။

O’Brien ကတော့ မကောင်းတဲ့လူတစ်ယောက်အဖြစ် သရုပ်ဆောင်ထားရတဲ့အတွက် စိတ်မကောင်းပါဘူးလို့ ပရိသတ်တွေကို ပြောထားပြီး “Taylor ရေ … မင်းကတော့ တကယ့် ဂျီးနီးယက်စ်ပါပဲ။ တကယ့် အကောင်းဆုံးလူတစ်ယောက်ပါပဲ။ ဒီဟာလေးက သိပ်ကို ထူးခြားပါတယ်။ ကျွန်တော်ဆို အခုထိကို ဖီလင်က ကျန်နေတုန်းပါပဲ။ ယုံတောင်မယုံနိုင်ပါဘူး။ ကျွန်တော့်ကို ဒီမှာ ပါဝင်ခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် … ” လို့ ပြောထားပါတယ်။

Taylor ကတော့ ဒီဇာတ်လမ်းတိုနဲ့ ပတ်သက်ပြီး “ဒီပရောဂျက်လေးနဲ့ ပတ်သက်လို့ အရေးကြီးဆုံး အချက်တစ်ခုကတော့ ဒီသီချင်းက ကျွန်မ လုပ်ခဲ့သမျှ setlist တွေထဲမှာ ဘာမှမထူးခြားတဲ့ သီချင်းလေးတစ်ပုဒ်ပဲ ဖြစ်နေခဲ့တာပါ။ အခုလို ဖြစ်လာတာဟာ ရှင်တို့အားလုံးကြောင့်ပါ။ ဓာတ်ပြားတိုက်ဘက်ကဆို ဒီသီချင်းကို ဆင်ဂယ်လ်အဖြစ်တောင် မယူခဲ့ပါဘူး။ ဒီသီချင်းအတွက် ဗွီဒီယိုတောင် မရှိခဲ့ပါဘူး … ” လို့ ဆိုထားပါတယ်။

ဆက်လက်ပြီး “အယ်လ်ဘမ်ထဲက ငါးပုဒ်မြောက်သီချင်းအဖြစ် ဒီအတိုင်းပဲ ရိုးရိုးလေး ပါလာခဲ့တဲ့ သီချင်းလေးပါ။ အဲဒါကို အခုလိုထိ ဖြစ်လာအောင် ရှင်တို့က ပြောင်းလဲပေးလိုက်တာပါ။ ဒီသီချင်းက ကျွန်မရဲ့ အကြိုက်ဆုံး သီချင်းတစ်ပုဒ်အဖြစ်နဲ့ပဲ စတင်ခဲ့တာပါ။ ကျွန်မအတွက် ပုဂ္ဂိုလ်ရေး ခံစားချက်အရ အရေးကြီးတဲ့ သီချင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်။ ဒီသီချင်းကို live မှာ ဆိုဖို့ဆိုရင် သိပ်ကိုခက်ခဲပါတယ်။ အခုဆိုရင်တော့ (၁၀၀)ရာခိုင်နှုန်း သေချာပြောနိုင်တာ ဒါက ရှင်တို့အတွက်ပေးမယ့် ကျွန်မတို့ရဲ့ အကြောင်းလေးပါ … ” လို့ Taylor က ပြောထားပါတယ်။

Glasgow

Source: people

(Zawgyi Version)

ေဆာင္းဦးရာသီရဲ့ ေလႏုေအးေတြနဲ႔အတူ Taylor Swift ရဲ့ All Too Well ဇာတ္လမ္းတိုကို ၾကည့္ရွုခံစားလို႔ ရပါၿပီ။ ဒီဇာတ္လမ္းတိုကိုေတာ့ ယေန႔ နိုဝင္ဘာလ(၁၃)ရက္မွာပဲ ထြက္ရွိလာတာ ျဖစ္ပါတယ္။

ဒီဇာတ္လမ္းတိုကေတာ့ မၾကာေသးခင္ကမွ ျပန္လည္ထြက္ရွိလာတဲ့ Red (Taylor’s Version) အယ္လ္ဘမ္ထဲက ဆယ္မိနစ္စာ ရွည္လ်ားတဲ့ All Too Well သီခ်င္းကို မွီျငမ္းၿပီး ရိုက္ကူးထားတာ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းတိုကို YouTube မွာ မတင္ခင္ နာရီပိုင္းအလိုမွာပဲ Taylor Swift ဟာ private fan screening အျဖစ္ နယူးေယာ့ခ္မွာ အထူးပြဲတစ္ခု ျပသခဲ့ပါေသးတယ္။

အဆိုပါ အထူးပြဲမွာေတာ့ Taylor နဲ႔အတူ ဇာတ္လမ္းတိုထဲမွာ ပါဝင္သ႐ုပ္ေဆာင္ထားၾကတဲ့ Stranger Things သ႐ုပ္ေဆာင္ Sadie Sink နဲ႔ Teen Wolf သ႐ုပ္ေဆာင္ Dylan O’Brien တို႔လည္း တက္ေရာက္ခဲ့ၾကပါတယ္။ ၾကည့္ရွုၿပီးရင္ တကယ္ မ်က္ရည္ပိုးပိုးေပါက္ေပါက္ က်ေစမယ့္ ဒီဇာတ္လမ္းတိုရဲ့ cinematography အပိုင္းကိုေတာ့ Rina Yang က ဖန္တီးေပးထားတာ ျဖစ္ပါတယ္။

Photo: taylorswift/ Instagram

All Too Well သီခ်င္းနဲ႔ ပတ္သက္ရင္ ပရိသတ္ေတြၾကားမွာေတာ့ ဇာတ္လမ္းတစ္ပုဒ္ ရွိခဲ့ပါတယ္။ အဲဒါကေတာ့ လြန္ခဲ့တဲ့ ဆယ္စုႏွစ္တစ္ခု အလြန္က Taylor Swift ရဲ့ ေၾကကြဲစရာ လမ္းခြဲမွုတစ္ခုျဖစ္ၿပီး ႏွစ္ေတြ ၾကာလာတဲ့ထိေအာင္ သီခ်င္းနဲ႔ ပုံေဖာ္ခံစားရတဲ့ ဇာတ္လမ္းတစ္ခုအျဖစ္ ပရိသတ္ေတြရဲ့ အႏွစ္သက္ဆုံး ျဖစ္ေနဆဲပါပဲ။

All Too Well ဟာ Taylor ရဲ့ အေအာင္ျမင္ဆုံး သီခ်င္းေတြထဲမွာ ပါဝင္ၿပီး တစ္ခ်ိန္က ပရိသတ္ေတြ မွန္းဆခံစားခဲ့ရတဲ့ ဇာတ္လမ္းေလးကို အခုဆိုရင္ေတာ့ တကယ့္ ဇာတ္လမ္းတိုေလးအျဖစ္ ခ်စ္စရာ ဖန္တီးေပးလိုက္တာ ျဖစ္ပါတယ္။ All Too Well: The Short Film ထဲမွာေတာ့ Sadie Sink က ဆယ္ေက်ာ္သက္ရြယ္ Taylor အျဖစ္ သ႐ုပ္ေဆာင္ထားၿပီး O’Brien ကေတာ့ သူမရဲ့ ခ်စ္သူေဟာင္းေနရာက သ႐ုပ္ေဆာင္ထားပါတယ္။

Photo: taylorswift/ Instagram

ပရိသတ္မ်ားစြာကေတာ့ All Too Well ဟာ အဲဒီအခ်ိန္က သတင္းထြက္ခဲ့တဲ့ မင္းသား Jake Gyllenhaal နဲ႔ ဇာတ္လမ္းကို ရည္ညႊန္းတာလို႔ ယခင္တည္းက သတ္မွတ္ထားခဲ့ၾကတာ ျဖစ္ပါတယ္။ ဒါ့အျပင္ ယခုဇာတ္လမ္းတိုထဲမွာလည္း Sadie ဟာ (၁၉)ႏွစ္၊ O’Brien ဟာ (၃၀)ႏွစ္ ျဖစ္ေနၿပီး သူတို႔ၾကားမွာ အသက္(၁၁)ႏွစ္ ကြာဟေနတာကိုလည္း ပရိသတ္ေတြက ရိပ္မိခဲ့ၾကပါတယ္။ အဲဒါကေတာ့ Taylor နဲ႔ Gyllenhaal တို႔ စတင္ေတြ႕ဆုံခဲ့ခ်ိန္က သူတို႔ႏွစ္ေယာက္ရဲ့ အသက္ေတြအတိုင္း ျဖစ္ေနလို႔ပါပဲ။

ဒီဇာတ္လမ္းတိုကိုေတာ့ Taylor Swift ကိုယ္တိုင္ ဇာတ္လမ္းေရးသားၿပီး ရိုက္ကူးထားတာ ျဖစ္ပါတယ္။ အမ်ားအားျဖင့္ သီခ်င္းထဲက အမွတ္တရေတြကို ျပန္လည္ ပုံေဖာ္ထားတာ ျဖစ္ၿပီး တခ်ိဳ႕ေနရာေတြမွာေတာ့ ပိုမိုေပၚလြင္ေစဖို႔အတြက္ သီခ်င္းထဲကထက္ ပိုၿပီးတိက်တဲ့ ဒိုင္ယာေလာ့ခ္ေတြကို သုံးထားတာ ေတြ႕ရပါတယ္။

Photo: taylorswift/ Instagram

နယူးေယာ့ခ္ၿမိဳ႕က အထူးပြဲအၿပီးမွာေတာ့ ပါဝင္ထားတဲ့ သ႐ုပ္ေဆာင္ႏွစ္ေယာက္က အခုလို မွတ္ခ်က္ေတြ ေပးထားၾကပါတယ္။

“အစကေန အဆုံးအထိ တကယ့္ကို အိပ္မက္ဆန္တဲ့ အေတြ႕အၾကဳံေတြကို ရရွိခဲ့ပါတယ္။ ေနာက္ဆုံးမွာေတာ့ ဒါေလးကို ပရိသတ္ေတြအားလုံးနဲ႔အတူ မၽွေဝခြင့္ ရတဲ့အတြက္ ကၽြန္မတို႔ သိပ္ကိုေက်းဇူးတင္ပါတယ္ … ” လို႔ Sadie Sink က ေျပာထားပါတယ္။

O’Brien ကေတာ့ မေကာင္းတဲ့လူတစ္ေယာက္အျဖစ္ သ႐ုပ္ေဆာင္ထားရတဲ့အတြက္ စိတ္မေကာင္းပါဘူးလို႔ ပရိသတ္ေတြကို ေျပာထားၿပီး “Taylor ေရ … မင္းကေတာ့ တကယ့္ ဂ်ီးနီးယက္စ္ပါပဲ။ တကယ့္ အေကာင္းဆုံးလူတစ္ေယာက္ပါပဲ။ ဒီဟာေလးက သိပ္ကို ထူးျခားပါတယ္။ ကၽြန္ေတာ္ဆို အခုထိကို ဖီလင္က က်န္ေနတုန္းပါပဲ။ ယုံေတာင္မယုံနိုင္ပါဘူး။ ကၽြန္ေတာ့္ကို ဒီမွာ ပါဝင္ခြင့္ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ … ” လို႔ ေျပာထားပါတယ္။

Taylor ကေတာ့ ဒီဇာတ္လမ္းတိုနဲ႔ ပတ္သက္ၿပီး “ဒီပေရာဂ်က္ေလးနဲ႔ ပတ္သက္လို႔ အေရးႀကီးဆုံး အခ်က္တစ္ခုကေတာ့ ဒီသီခ်င္းက ကၽြန္မ လုပ္ခဲ့သမၽွ setlist ေတြထဲမွာ ဘာမွမထူးျခားတဲ့ သီခ်င္းေလးတစ္ပုဒ္ပဲ ျဖစ္ေနခဲ့တာပါ။ အခုလို ျဖစ္လာတာဟာ ရွင္တို႔အားလုံးေၾကာင့္ပါ။ ဓာတ္ျပားတိုက္ဘက္ကဆို ဒီသီခ်င္းကို ဆင္ဂယ္လ္အျဖစ္ေတာင္ မယူခဲ့ပါဘူး။ ဒီသီခ်င္းအတြက္ ဗြီဒီယိုေတာင္ မရွိခဲ့ပါဘူး … ” လို႔ ဆိုထားပါတယ္။

ဆက္လက္ၿပီး “အယ္လ္ဘမ္ထဲက ငါးပုဒ္ေျမာက္သီခ်င္းအျဖစ္ ဒီအတိုင္းပဲ ရိုးရိုးေလး ပါလာခဲ့တဲ့ သီခ်င္းေလးပါ။ အဲဒါကို အခုလိုထိ ျဖစ္လာေအာင္ ရွင္တို႔က ေျပာင္းလဲေပးလိုက္တာပါ။ ဒီသီခ်င္းက ကၽြန္မရဲ့ အႀကိဳက္ဆုံး သီခ်င္းတစ္ပုဒ္အျဖစ္နဲ႔ပဲ စတင္ခဲ့တာပါ။ ကၽြန္မအတြက္ ပုဂၢိဳလ္ေရး ခံစားခ်က္အရ အေရးႀကီးတဲ့ သီခ်င္းတစ္ပုဒ္လည္း ျဖစ္ပါတယ္။ ဒီသီခ်င္းကို live မွာ ဆိုဖို႔ဆိုရင္ သိပ္ကိုခက္ခဲပါတယ္။ အခုဆိုရင္ေတာ့ (၁၀၀)ရာခိုင္ႏွုန္း ေသခ်ာေျပာနိုင္တာ ဒါက ရွင္တို႔အတြက္ေပးမယ့္ ကၽြန္မတို႔ရဲ့ အေၾကာင္းေလးပါ … ” လို႔ Taylor က ေျပာထားပါတယ္။

Glasgow

Source: people

RELATED ARTICLES

Most Popular