HomeCelebs Update NewsInternationalTaylor Swift ရဲ့ အံ့ဩစရာကောင်းလောက်တဲ့ သုံးဖြုန်းမှုများ

Taylor Swift ရဲ့ အံ့ဩစရာကောင်းလောက်တဲ့ သုံးဖြုန်းမှုများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Taylor Swift ဟာ ၂၀၁၉ ခုနှစ်မှာ ကြေးအမြင့်ဆုံး ဆယ်လီတစ်ယောက် ဖြစ်ခဲ့ပါတယ်လို့ Forbes သတင်းဌာနက ပြောခဲ့ပါတယ်။ ဒါ့အပြင် သူမလုပ်ခဲ့တဲ့ Reputation ဆိုတဲ့ tour ကလည်း အမေရိကန်မှာ ဝင်ငွေအများဆုံး tour အဖြစ်နဲ့ မှတ်တမ်းဝင်ခဲ့ပြီးတော့ သူဟာ အခုဆိုရင်အနည်းဆုံး ဒေါ်လာသန်း (၃၆၀) လောက်အထိ ချမ်းသာနေပြီ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် သူမပိုင်ဆိုင်တဲ့ တန်ဖိုးကြီးအရာတွေကို ဖော်ပြပေးချင်ပါတယ်။

အိမ်ခြံမြေ ပိုင်ဆိုင်မှုများ
photo via therichest

သူမဟာ သူ့ရဲ့ပိုက်ဆံတွေကို အိမ်တွေခြံတွေ ဝယ်ပြီး မြုပ်နှံထားရတာကို သဘောကျပြီးတော့ အမေရိကန်မှာ သူပိုင်ဆိုင်တဲ့ အိမ်ဟာ (၈) လုံး ရှိပါတယ်။ အဲ့ဒါတွေအကုန်ပေါင်းလိုက်ရင် အနည်းဆုံး ဒေါ်လာ (၈၄) သန်းလောက် တန်ပါတယ်။ အဲ့ထဲက ဈေးအကြီးဆုံးကတော့ နယူးယော့ခ်မြို့ထဲက Tribeca မှာရှိတဲ့ အဆောက်အဦးတစ်ခုရဲ့ ခေါင်မိုးထပ်ဖြစ်ပြီးတော့ ခန့်မှန်းချေ ဒေါ်လာသန်း (၂၀) တန်ကြေး ရှိတဲ့အပြင် Rhode Island ၊ Los Angeles နဲ့ Miami တို့မှာလည်း အိမ်တွေရှိပါသေးတယ်။

ခရီးထွက်ခြင်း
photo via therichest

သူမဟာ တော်တော်လေးကို အောင်မြင်တဲ့ အဆိုတော်တစ်ယောက် ဖြစ်လာတာဟာ ဒီအတိုင်း ဖြစ်လာတာ မဟုတ်ဘဲနဲ့ မရပ်မနားအလုပ်လုပ်နေရတာကြောင့်လည်း ဖြစ်ပါတယ်။ အဲ့ဒါကြောင့် သူမဟာ အလုပ်တွေက နားတဲ့အချိန်မှာ စိတ်အပန်းပြေဖို့အတွက် ခရီးသွားလေ့ရှိပါတယ်။ ၁၉၈၉ ဆိုတဲ့ tour အပြီးမှာ သူမဟာ သူ့ရဲ့မန်နေဂျာနဲ့အတူ ဩစတေးလျနိုင်ငံကို ခရီးထွက်သွားခဲ့ပါတယ်။ ဒါ့အပြင် သူမဟာ Hawaii လိုမျိုး နာမည်ကြီးတဲ့ နေရာတွေကို ခဏခဏခရီး ထွက်လေ့ရှိပါတယ်။ ဒီလိုခရီးတွေသွားဖို့အတွက် ကုန်ကျစရိတ်ဟာ အနည်းဆုံး ဒေါ်လာ သိန်းနဲ့ချီပြီး ကုန်ကျမှာ ဖြစ်ပါတယ်။

ပရဟိတများ
photo via therichest

သူမဟာလည်း အပေးအကမ်း ရက်ရောသူတစ်ယောက် ဖြစ်ပြီးတော့ ပရဟိတတွေလည်း လုပ်တတ်တဲ့သူတစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့ အသက် (၂၄) နှစ်ပြည့်တဲ့ မွေးနေ့မှာ Nashville Symphony ဆိုတဲ့ ဂီတအဖွဲ့အစည်းတစ်ခုကို ဒေါ်လာ တစ်သိန်း လှူခဲ့ပါတယ်။ ဒါ့အပြင် Louisiana မှာ ရေလျှံမှုဖြစ်တုန်းကလည်း ဒုက္ခသည်တွေအတွက် ဒေါ်လာ တစ်သန်းကို လှူဒါန်းခဲ့ပြီးတော့ သူ့ရဲ့ပရိသတ်တွေအတွက် ဒေါ်လာ ထောင်နဲ့ချီပြီးတော့ ကျောင်းစရိတ် ထောက်ပံ့ပေးခဲ့တာမျိုး ရှိပါသေးတယ်။

သူ့ရဲ့ ခန္ဓာကိုယ်အတွက် အာမခံထားရှိခြင်း
photo via therichest

သူမဟာ သူ့ရဲ့ခန္ဓာကိုယ်ကို တန်ဖိုးထားတဲ့ လူတစ်ယောက် ဖြစ်ပြီး သူ့ရဲ့ခန္ဓာကိုယ်သာ တစ်ခုခုဖြစ်သွားခဲ့ရင် အလုပ်ကို ထိခိုက်လာနိုင်တာကြောင့် သူဟာ အာမခံထား ရှိခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ရှည်လျားဖြောင့်စင်းနေတဲ့ ခြေထောက်လေးတွေဟာလည်း သူ့ရဲ့အောင်မြင်မှုတွေထဲက တစ်စိတ်တစ်ပိုင်းကို အထောက်အကူပြုနေတာကြောင့် သူဟာ အံ့ဩရလောက်တဲ့ ပိုက်ဆံပမာဏတစ်ခုကို အာမခံထားထားခဲ့ပါတယ်။ သူ့ရဲ့ခြေထောက်အတွက် ထားထားတဲ့ အာမခံကတော့ ဒေါ်လာသန်း (၄၀) တောင် ရှိပါတယ်။

အိမ်မွေး တိရိစ္ဆာန်များ
photo via therichest

သူမဟာ တိရိစ္ဆာန်လေးတွေကို ချစ်တတ်ပြီးတော့ သူ့ရဲ့အိမ်မှာလည်း Scottish Fold ကြောင်မျိုးစိတ်ဖြစ်တဲ့ Meredith Grey နဲ့ Olivia Benson ဆိုတဲ့ ကြောင်လေးနှစ်ကောင် ရှိပါတယ်။ သူမဟာ အဲ့ဒီကြောင်လေးတွေနဲ့ အမြဲလိုလို ဓာတ်ပုံတွေရိုက်ပြီး ဆိုရှယ်မီဒီယာတွေပေါ်မှာ တင်လေ့ရှိပါတယ်။ အဲ့ဒီကြောင်မျိုးစိတ်ဟာ ကမ္ဘာပေါ်က ဈေးအကြီးဆုံး ကြောင်မျိုးစိတ်တွေထဲက တစ်ခုဖြစ်ပြီးတော့ တစ်ကောင်ကို ဒေါ်လာ (၁၅၀၀) လောက် တန်ပါတယ်။ အကြောင်းကတော့ ကြောင်တွေတော်တော်များများရဲ့ နားရွက်ဟာ ထောင်နေပေမယ့် ဒီကြောင်မျိုးစိတ်ကတော့ မွေးကတည်းက နားရွက်လေးတွေက လဲနေတာဖြစ်ပြီး ရှားပါးတာကြောင့် ဈေးကြီးရတာပါ။

ကားများ
photo via therichest

သူမဟာ ကားတွေကို သဘောကျသူ တစ်ယောက်ဖြစ်ပြီးတော့ သူ့ရဲ့သီချင်းစာသားတွေနဲ့ MTV တွေမှာလည်း သူ့ရဲ့ကားတွေကို ထည့်သွင်းဖော်ပြလေ့ရှိပါတယ်။ သူမဟာ ဈေးကြီးတဲ့ ကားတွေ စုဆောင်းထားပြီးတော့ Porsche 911 ( ခန့်မှန်းချေ ဒေါ်လာ တစ်သိန်း) ၊ Mercedes-Benz Viano ( ခန့်မှန်းချေ ဒေါ်လာ နှစ်သိန်းတစ်သောင်း) ၊ Audi R8 ( ခန့်မှန်းချေ ဒေါ်လာ တစ်သိန်းရှစ်သောင်း) နဲ့ ဈေးအကြီးဆုံးကတော့ Toyota Sequoia ဖြစ်ပြီးတော့ ခန့်မှန်းချေ ဒေါ်လာ ခြောက်သိန်းခွဲလောက် တန်ကြေးရှိတဲ့ ဈေးကြီးတဲ့ ကားတွေကို စုဆောင်းထားပါတယ်။

ကိုယ်ပိုင် လေယာဉ်များ
photo via therichest

သူမဟာ အလုပ်ကိစ္စနဲ့ပဲဖြစ်ဖြစ် အားလပ်ရက်ခရီးသွားတာပဲဖြစ်ဖြစ် မကြာခဏ ခရီးထွက်နေရတဲ့ သူတစ်ယောက်ဖြစ်တာကြောင့် သူဟာ Dassault Falcon အမျိုးအစား ကိုယ်ပိုင်လေယာဉ်တွေကို ဝယ်ခဲ့ပြီးတော့ တစ်စီးတည်းမဟုတ်ဘဲ နှစ်စီးတောင် ဝယ်ခဲ့တာ ဖြစ်ပါတယ်။ အဲ့လိုလေယာဉ်တစ်စီးအတွက် ခန့်မှန်းချေ ဒေါ်လာသန်း (၄၀) ကနေ (၄၅) သန်းကြားလောက် တန်ဖိုးရှိတာ ဖြစ်ပြီး ထိုင်ခုံ (၁၂) ခုံပါပြီးတော့ သူ့ရဲ့အလုပ်က အဖွဲ့သားတွေအားလုံးနဲ့ ခရီးထွက်လို့ ရပါတယ်။ ဒါ့အပြင် သူမဟာ အယူသည်းသူ တစ်ယောက်ဖြစ်ပြီးတော့ နံပတ် (၁၃) ဟာ သူ့အတွက် ကံကောင်းစေတဲ့ နံပတ်ဖြစ်ပါတယ်လို့ ယုံကြည်ခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ အဲ့ဒီလေယာဉ်နှစ်စီးလုံးမှာ နံပတ် (၁၃) ကိုရေးဆွဲခိုင်းခဲ့ပါတယ်။

ညစာစားခြင်း
photo via therichest

သူမဟာ သူ့ရဲ့ရည်းစားနဲ့ သူငယ်ချင်းတွေအတွက် ညစာပြင်ပေးရတာကို သဘောကျပါတယ်လို့ အင်တာဗျူးတစ်ခုမှာ ပြောခဲ့ဖူးပါတယ်။ ပိုက်ဆံချမ်းသာတဲ့ ဆယ်လီတစ်ယောက် ဖြစ်တာကြောင့် ညစာကို အပြင်မှာ ထွက်စားရတာကိုလည်း သူမဟာ သဘောကျပါတယ်။ သူမဟာ Waverly Inn ၊ The Fat Radish ၊ Locanda Verde နဲ့ the Polo Bar တို့လို နာမည်ကြီး စားသောက်ဆိုင်ကိုလည်း မကြာခဏ သွားလေ့ရှိတဲ့အပြင် သူ့ရဲ့မွေးနေ့ကိုလည်း  ZZ’s Clam Bar မှာလုပ်ခဲ့ပြီးတော့ အဲ့ဒီဆိုင်က စားပွဲထိုးတစ်ယောက်ဟာလည်း သူမဆီကနေ ဒေါ်လာ (၃) ရာ ဘောက်ဆူးရခဲ့ပါတယ်။

Personal Trainer
photo via therichest

သူ့ရဲ့လှပတဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်ဟာလည်း သူ့ရဲ့အောင်မြင်မှုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း လေ့ကျင့်ခန်းတွေ ပြုလုပ်ဖို့အတွက် Justin Gelband ကို Personal Trainer အဖြစ်နဲ့ ငှားထားပြီးတော့ သူ့ရဲ့ခန္ဓာကိုယ်ကို အမြဲထိန်းသိမ်းနေခဲ့ပါတယ်။ Justin Gelband ဟာ ကမ္ဘာကျော်မော်ဒယ်တွေ တော်တော်များများရဲ့ Personal Trainer အဖြစ် လုပ်ဆောင်နေသူ ဖြစ်ပြီး ဆယ်လီတွေကြားထဲမှာလည်း ကျော်ကြားသူတစ်ယောက်ပါ။ သူ့ကိုပေးရတဲ့ ဈေးကို မဖော်ပြထားပေမယ့်လည်း တော်တော်လေးကို များမယ်ဆိုတာတော့ သေချာပါတယ်။

ဒီဇိုင်းနာတွေရဲ့ Accessorie နဲ့ အဝတ်အစားများ
photo via therichest

သူမဟာ သူ့ရဲ့ခန္ဓာကိုယ်နဲ့ လိုက်ဖက်တဲ့ အဝတ်အစားတွေကို ရွေးချယ်ဝတ်ဆင်တတ်သူ တစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် ဒေါ်လာ (၁၂၃၇) တန်ကြေး ရှိတဲ့ Christian Louboutin ကထုတ်တဲ့ ကျောပိုးအိတ်တို့လိုမျိုး ဈေးကြီးတဲ့ Accessorie တွေကို ဝတ်ဆင်လေ့ရှိပါတယ်။ ၂၀၁၆ ခုနှစ်တုန်းကလည်း သူမဟာ အနည်းဆုံး ဒေါ်လာ သုံးထောင်ကျော်လောက် တန်ဖိုးရှိတဲ့ ဝတ်စုံကို ဝတ်ပြီး ဟိုနားဒီနား လမ်းလျှောက်ထွက်တာကိုလည်း တွေ့ခဲ့ရပါသေးတယ်။ သူမဟာ Elie Saab ၊ J Mendel နဲ့ Versace တို့လို နာမည်ကြီးတံဆိပ်တွေကို ကြိုက်နှစ်သက်ပြီးတော့ တစ်ခါတစ်လေကျရင်တော့ အရည်အချင်းရှိတဲ့ တက်သစ်စဒီဇိုင်းနာတွေရဲ့ ဝတ်စုံတွေကို ဝတ်လေ့ရှိပါတယ်။

Lego Les
(Zawgyi version)

Taylor Swift ဟာ ၂၀၁၉ ခုႏွစ္မွာ ေၾကးအျမင့္ဆုံး ဆယ္လီတစ္ေယာက္ ျဖစ္ခဲ့ပါတယ္လို႔ Forbes သတင္းဌာနက ေျပာခဲ့ပါတယ္။ ဒါ့အျပင္ သူမလုပ္ခဲ့တဲ့ Reputation ဆိုတဲ့ tour ကလည္း အေမရိကန္မွာ ဝင္ေငြအမ်ားဆုံး tour အျဖစ္နဲ႔ မွတ္တမ္းဝင္ခဲ့ၿပီးေတာ့ သူဟာ အခုဆိုရင္အနည္းဆုံး ေဒၚလာသန္း (၃၆၀) ေလာက္အထိ ခ်မ္းသာေနၿပီ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ သူမပိုင္ဆိုင္တဲ့ တန္ဖိုးႀကီးအရာေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

အိမ္ၿခံေျမ ပိုင္ဆိုင္မႈမ်ား
photo via therichest

သူမဟာ သူ႔ရဲ႕ပိုက္ဆံေတြကို အိမ္ေတြၿခံေတြ ဝယ္ၿပီး ျမဳပ္ႏွံထားရတာကို သေဘာက်ၿပီးေတာ့ အေမရိကန္မွာ သူပိုင္ဆိုင္တဲ့ အိမ္ဟာ (၈) လုံး ရွိပါတယ္။ အဲ့ဒါေတြအကုန္ေပါင္းလိုက္ရင္ အနည္းဆုံး ေဒၚလာ (၈၄) သန္းေလာက္ တန္ပါတယ္။ အဲ့ထဲက ေဈးအႀကီးဆုံးကေတာ့ နယူးေယာ့ခ္ၿမိဳ႕ထဲက Tribeca မွာရွိတဲ့ အေဆာက္အဦးတစ္ခုရဲ႕ ေခါင္မိုးထပ္ျဖစ္ၿပီးေတာ့ ခန႔္မွန္းေခ် ေဒၚလာသန္း (၂၀) တန္ေၾကး ရွိတဲ့အျပင္ Rhode Island ၊ Los Angeles နဲ႔ Miami တို႔မွာလည္း အိမ္ေတြရွိပါေသးတယ္။

ခရီးထြက္ျခင္း
photo via therichest

သူမဟာ ေတာ္ေတာ္ေလးကို ေအာင္ျမင္တဲ့ အဆိုေတာ္တစ္ေယာက္ ျဖစ္လာတာဟာ ဒီအတိုင္း ျဖစ္လာတာ မဟုတ္ဘဲနဲ႔ မရပ္မနားအလုပ္လုပ္ေနရတာေၾကာင့္လည္း ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ သူမဟာ အလုပ္ေတြက နားတဲ့အခ်ိန္မွာ စိတ္အပန္းေျပဖို႔အတြက္ ခရီးသြားေလ့ရွိပါတယ္။ ၁၉၈၉ ဆိုတဲ့ tour အၿပီးမွာ သူမဟာ သူ႔ရဲ႕မန္ေနဂ်ာနဲ႔အတူ ဩစေတးလ်ႏိုင္ငံကို ခရီးထြက္သြားခဲ့ပါတယ္။ ဒါ့အျပင္ သူမဟာ Hawaii လိုမ်ိဳး နာမည္ႀကီးတဲ့ ေနရာေတြကို ခဏခဏခရီး ထြက္ေလ့ရွိပါတယ္။ ဒီလိုခရီးေတြသြားဖို႔အတြက္ ကုန္က်စရိတ္ဟာ အနည္းဆုံး ေဒၚလာ သိန္းနဲ႔ခ်ီၿပီး ကုန္က်မွာ ျဖစ္ပါတယ္။

ပရဟိတမ်ား
photo via therichest

သူမဟာလည္း အေပးအကမ္း ရက္ေရာသူတစ္ေယာက္ ျဖစ္ၿပီးေတာ့ ပရဟိတေတြလည္း လုပ္တတ္တဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ သူ႔ရဲ႕ အသက္ (၂၄) ႏွစ္ျပည့္တဲ့ ေမြးေန႔မွာ Nashville Symphony ဆိုတဲ့ ဂီတအဖြဲ႕အစည္းတစ္ခုကို ေဒၚလာ တစ္သိန္း လႉခဲ့ပါတယ္။ ဒါ့အျပင္ Louisiana မွာ ေရလွ်ံမႈျဖစ္တုန္းကလည္း ဒုကၡသည္ေတြအတြက္ ေဒၚလာ တစ္သန္းကို လႉဒါန္းခဲ့ၿပီးေတာ့ သူ႔ရဲ႕ပရိသတ္ေတြအတြက္ ေဒၚလာ ေထာင္နဲ႔ခ်ီၿပီးေတာ့ ေက်ာင္းစရိတ္ ေထာက္ပံ့ေပးခဲ့တာမ်ိဳး ရွိပါေသးတယ္။

သူ႔ရဲ႕ ခႏၶာကိုယ္အတြက္ အာမခံထားရွိျခင္း
photo via therichest

သူမဟာ သူ႔ရဲ႕ခႏၶာကိုယ္ကို တန္ဖိုးထားတဲ့ လူတစ္ေယာက္ ျဖစ္ၿပီး သူ႔ရဲ႕ခႏၶာကိုယ္သာ တစ္ခုခုျဖစ္သြားခဲ့ရင္ အလုပ္ကို ထိခိုက္လာႏိုင္တာေၾကာင့္ သူဟာ အာမခံထား ရွိခဲ့ပါတယ္။ ဒါ့အျပင္ သူ႔ရဲ႕ရွည္လ်ားေျဖာင့္စင္းေနတဲ့ ေျခေထာက္ေလးေတြဟာလည္း သူ႔ရဲ႕ေအာင္ျမင္မႈေတြထဲက တစ္စိတ္တစ္ပိုင္းကို အေထာက္အကူျပဳေနတာေၾကာင့္ သူဟာ အံ့ဩရေလာက္တဲ့ ပိုက္ဆံပမာဏတစ္ခုကို အာမခံထားထားခဲ့ပါတယ္။ သူ႔ရဲ႕ေျခေထာက္အတြက္ ထားထားတဲ့ အာမခံကေတာ့ ေဒၚလာသန္း (၄၀) ေတာင္ ရွိပါတယ္။

အိမ္ေမြး တိရိစာၦန္မ်ား
photo via therichest

သူမဟာ တိရိစာၦန္ေလးေတြကို ခ်စ္တတ္ၿပီးေတာ့ သူ႔ရဲ႕အိမ္မွာလည္း Scottish Fold ေၾကာင္မ်ိဳးစိတ္ျဖစ္တဲ့ Meredith Grey နဲ႔ Olivia Benson ဆိုတဲ့ ေၾကာင္ေလးႏွစ္ေကာင္ ရွိပါတယ္။ သူမဟာ အဲ့ဒီေၾကာင္ေလးေတြနဲ႔ အၿမဲလိုလို ဓာတ္ပုံေတြ႐ိုက္ၿပီး ဆိုရွယ္မီဒီယာေတြေပၚမွာ တင္ေလ့ရွိပါတယ္။ အဲ့ဒီေၾကာင္မ်ိဳးစိတ္ဟာ ကမာၻေပၚက ေဈးအႀကီးဆုံး ေၾကာင္မ်ိဳးစိတ္ေတြထဲက တစ္ခုျဖစ္ၿပီးေတာ့ တစ္ေကာင္ကို ေဒၚလာ (၁၅၀၀) ေလာက္ တန္ပါတယ္။ အေၾကာင္းကေတာ့ ေၾကာင္ေတြေတာ္ေတာ္မ်ားမ်ားရဲ႕ နား႐ြက္ဟာ ေထာင္ေနေပမယ့္ ဒီေၾကာင္မ်ိဳးစိတ္ကေတာ့ ေမြးကတည္းက နား႐ြက္ေလးေတြက လဲေနတာျဖစ္ၿပီး ရွားပါးတာေၾကာင့္ ေဈးႀကီးရတာပါ။

ကားမ်ား
photo via therichest

သူမဟာ ကားေတြကို သေဘာက်သူ တစ္ေယာက္ျဖစ္ၿပီးေတာ့ သူ႔ရဲ႕သီခ်င္းစာသားေတြနဲ႔ MTV ေတြမွာလည္း သူ႔ရဲ႕ကားေတြကို ထည့္သြင္းေဖာ္ျပေလ့ရွိပါတယ္။ သူမဟာ ေဈးႀကီးတဲ့ ကားေတြ စုေဆာင္းထားၿပီးေတာ့ Porsche 911 ( ခန႔္မွန္းေခ် ေဒၚလာ တစ္သိန္း) ၊ Mercedes-Benz Viano ( ခန႔္မွန္းေခ် ေဒၚလာ ႏွစ္သိန္းတစ္ေသာင္း) ၊ Audi R8 ( ခန႔္မွန္းေခ် ေဒၚလာ တစ္သိန္းရွစ္ေသာင္း) နဲ႔ ေဈးအႀကီးဆုံးကေတာ့ Toyota Sequoia ျဖစ္ၿပီးေတာ့ ခန႔္မွန္းေခ် ေဒၚလာ ေျခာက္သိန္းခြဲေလာက္ တန္ေၾကးရွိတဲ့ ေဈးႀကီးတဲ့ ကားေတြကို စုေဆာင္းထားပါတယ္။

ကိုယ္ပိုင္ ေလယာဥ္မ်ား
photo via therichest

သူမဟာ အလုပ္ကိစၥနဲ႔ပဲျဖစ္ျဖစ္ အားလပ္ရက္ခရီးသြားတာပဲျဖစ္ျဖစ္ မၾကာခဏ ခရီးထြက္ေနရတဲ့ သူတစ္ေယာက္ျဖစ္တာေၾကာင့္ သူဟာ Dassault Falcon အမ်ိဳးအစား ကိုယ္ပိုင္ေလယာဥ္ေတြကို ဝယ္ခဲ့ၿပီးေတာ့ တစ္စီးတည္းမဟုတ္ဘဲ ႏွစ္စီးေတာင္ ဝယ္ခဲ့တာ ျဖစ္ပါတယ္။ အဲ့လိုေလယာဥ္တစ္စီးအတြက္ ခန႔္မွန္းေခ် ေဒၚလာသန္း (၄၀) ကေန (၄၅) သန္းၾကားေလာက္ တန္ဖိုးရွိတာ ျဖစ္ၿပီး ထိုင္ခုံ (၁၂) ခုံပါၿပီးေတာ့ သူ႔ရဲ႕အလုပ္က အဖြဲ႕သားေတြအားလုံးနဲ႔ ခရီးထြက္လို႔ ရပါတယ္။ ဒါ့အျပင္ သူမဟာ အယူသည္းသူ တစ္ေယာက္ျဖစ္ၿပီးေတာ့ နံပတ္ (၁၃) ဟာ သူ႔အတြက္ ကံေကာင္းေစတဲ့ နံပတ္ျဖစ္ပါတယ္လို႔ ယုံၾကည္ခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ အဲ့ဒီေလယာဥ္ႏွစ္စီးလုံးမွာ နံပတ္ (၁၃) ကိုေရးဆြဲခိုင္းခဲ့ပါတယ္။

ညစာစားျခင္း
photo via therichest

သူမဟာ သူ႔ရဲ႕ရည္းစားနဲ႔ သူငယ္ခ်င္းေတြအတြက္ ညစာျပင္ေပးရတာကို သေဘာက်ပါတယ္လို႔ အင္တာဗ်ဴးတစ္ခုမွာ ေျပာခဲ့ဖူးပါတယ္။ ပိုက္ဆံခ်မ္းသာတဲ့ ဆယ္လီတစ္ေယာက္ ျဖစ္တာေၾကာင့္ ညစာကို အျပင္မွာ ထြက္စားရတာကိုလည္း သူမဟာ သေဘာက်ပါတယ္။ သူမဟာ Waverly Inn ၊ The Fat Radish ၊ Locanda Verde နဲ႔ the Polo Bar တို႔လို နာမည္ႀကီး စားေသာက္ဆိုင္ကိုလည္း မၾကာခဏ သြားေလ့ရွိတဲ့အျပင္ သူ႔ရဲ႕ေမြးေန႔ကိုလည္း  ZZ’s Clam Bar မွာလုပ္ခဲ့ၿပီးေတာ့ အဲ့ဒီဆိုင္က စားပြဲထိုးတစ္ေယာက္ဟာလည္း သူမဆီကေန ေဒၚလာ (၃) ရာ ေဘာက္ဆူးရခဲ့ပါတယ္။

Personal Trainer
photo via therichest

သူ႔ရဲ႕လွပတဲ့ မ်က္ႏွာနဲ႔ ခႏၶာကိုယ္ဟာလည္း သူ႔ရဲ႕ေအာင္ျမင္မႈရဲ႕ တစ္စိတ္တစ္ပိုင္း ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္လည္း ေလ့က်င့္ခန္းေတြ ျပဳလုပ္ဖို႔အတြက္ Justin Gelband ကို Personal Trainer အျဖစ္နဲ႔ ငွားထားၿပီးေတာ့ သူ႔ရဲ႕ခႏၶာကိုယ္ကို အၿမဲထိန္းသိမ္းေနခဲ့ပါတယ္။ Justin Gelband ဟာ ကမာၻေက်ာ္ေမာ္ဒယ္ေတြ ေတာ္ေတာ္မ်ားမ်ားရဲ႕ Personal Trainer အျဖစ္ လုပ္ေဆာင္ေနသူ ျဖစ္ၿပီး ဆယ္လီေတြၾကားထဲမွာလည္း ေက်ာ္ၾကားသူတစ္ေယာက္ပါ။ သူ႔ကိုေပးရတဲ့ ေဈးကို မေဖာ္ျပထားေပမယ့္လည္း ေတာ္ေတာ္ေလးကို မ်ားမယ္ဆိုတာေတာ့ ေသခ်ာပါတယ္။

ဒီဇိုင္းနာေတြရဲ႕ Accessorie နဲ႔ အဝတ္အစားမ်ား
photo via therichest

သူမဟာ သူ႔ရဲ႕ခႏၶာကိုယ္နဲ႔ လိုက္ဖက္တဲ့ အဝတ္အစားေတြကို ေ႐ြးခ်ယ္ဝတ္ဆင္တတ္သူ တစ္ေယာက္ျဖစ္ပါတယ္။ ဒါ့အျပင္ ေဒၚလာ (၁၂၃၇) တန္ေၾကး ရွိတဲ့ Christian Louboutin ကထုတ္တဲ့ ေက်ာပိုးအိတ္တို႔လိုမ်ိဳး ေဈးႀကီးတဲ့ Accessorie ေတြကို ဝတ္ဆင္ေလ့ရွိပါတယ္။ ၂၀၁၆ ခုႏွစ္တုန္းကလည္း သူမဟာ အနည္းဆုံး ေဒၚလာ သုံးေထာင္ေက်ာ္ေလာက္ တန္ဖိုးရွိတဲ့ ဝတ္စုံကို ဝတ္ၿပီး ဟိုနားဒီနား လမ္းေလွ်ာက္ထြက္တာကိုလည္း ေတြ႕ခဲ့ရပါေသးတယ္။ သူမဟာ Elie Saab ၊ J Mendel နဲ႔ Versace တို႔လို နာမည္ႀကီးတံဆိပ္ေတြကို ႀကိဳက္ႏွစ္သက္ၿပီးေတာ့ တစ္ခါတစ္ေလက်ရင္ေတာ့ အရည္အခ်င္းရွိတဲ့ တက္သစ္စဒီဇိုင္းနာေတြရဲ႕ ဝတ္စုံေတြကို ဝတ္ေလ့ရွိပါတယ္။

Lego Les
RELATED ARTICLES

Most Popular