HomeCelebs Update NewsInternationalTaylor Swift ရဲ့ Lover အယ်လ်ဘမ်ထဲက သီချင်းတွေရဲ့ အဓိပ္ပာယ်များ

Taylor Swift ရဲ့ Lover အယ်လ်ဘမ်ထဲက သီချင်းတွေရဲ့ အဓိပ္ပာယ်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Lover ဟာ Taylor Swift ရဲ့ (၇)ခွေမြောက် စတူဒီယိုအယ်လ်ဘမ်ဖြစ်ပြီး ၂၀၁၉ခုနှစ် သြဂုတ်လ(၂၃)ရက်နေ့က ထွက်ရှိထားတာ ဖြစ်ပါတယ်။ တစ်ခွေလုံးမှာ သီချင်းပုဒ်ရေ (၁၈)ပုဒ် ပါဝင်ပြီး ဆင်ဂယ်လ်အနေနဲ့ ME! ၊ You Need to Calm Down ၊ Lover ဆိုပြီး သုံးပုဒ် ထွက်ရှိခဲ့ပါတယ်။ အခွေထဲက သီချင်းအားလုံးကို Taylor ကိုယ်တိုင်က ဒိုင်ခံရေးဖွဲ့ထားပြီး အခြားသော နာမည်ကျော် တေးရေးဆရာတွေနဲ့လည်း တွဲဖက်ရေးဖွဲ့ထားပါတယ်။ တေးချစ်သူများအတွက် တစ်ခွေလုံးမှာ ပါဝင်တဲ့ တေးသီချင်းတွေရဲ့ အဓိပ္ပာယ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

Lover

ခေါင်းစီးတေးဖြစ်တဲ့ Lover ဟာ Taylor နဲ့ ချစ်နေတာ သုံးနှစ်ကြာပြီဖြစ်တဲ့ လက်ရှိချစ်သူ Joe Alwyn နဲ့ အချစ်ဇာတ်လမ်းအကြောင်းကို သီဆိုထားတာပါ။ သီချင်းလေးက ရိုမန့်တစ်ဆန်လွန်းပြီး Joe အပေါ်ထားတဲ့ နက်ရှိုင်းတဲ့ ခံစားချက်တွေကို သီဆိုထားတာဖြစ်သလို မင်္ဂလာဆောင်တစ်ခုကို ကြည့်နေရသလိုပဲ ခံစားချက်ရစေတဲ့ သီချင်းလေးလည်း ဖြစ်ပါတယ်။ Lover အယ်လ်ဘမ်မထွက်ခင် လျှို့ဝှက်ပြုလုပ်တဲ့ secret-session ကို တက်ရောက်ခဲ့တဲ့ ပရိသတ်တစ်ဦးရဲ့ အဆိုအရ ဒီသီချင်းမှာ အသုံးပြု၊တီးခတ်ထားတဲ့ တူရိယာတွေဟာ ၁၉၇၀ပြည့်နှစ်လောက်က တူရိယာတွေဖြစ်တယ်လို့ ဆိုပါတယ်။ ဘယ်အချိန်နားထောင်ထောင်၊ ရိုးမသွားရအောင် ဒီလိုတူရိယာတွေ သုံးထားတာဖြစ်တယ်လို့လည်း သိရပါတယ်။

Photo: taylorswift/ Instagram
Soon You’ll Get Better

ဒီသီချင်းလေးကတော့ ကင်ဆာရောဂါခံစားနေရတဲ့ မိခင်ဖြစ်သူအတွက် ရည်ညွှန်းပြီး သီဆိုထားတဲ့ သီချင်းလေးပါ။ မိသားစုထဲက တကယ့်ဖြစ်ရပ်မှန် ဖြစ်နေတဲ့အတွက် ဒီသီချင်းကို ရေးဖို့ရန်လည်း အလွန်ခက်ခဲခဲ့ပြီး ဆိုဖို့လည်း တော်တော်လေး အားမွေးခဲ့ရတယ်လို့ Taylor က ဆိုပါတယ်။ ဒါ့အပြင် ဒီသီချင်းကို အယ်လ်ဘမ်ထဲ ထည့်ဖို့အတွက်ကိုလည်း မိသားစုနဲ့ ပြန်တိုင်ပင်ခဲ့ရပြီး မိသားစုရဲ့ဆုံးဖြတ်ချက်နဲ့ပဲ အယ်လ်ဘမ်ထဲ ထည့်ဖြစ်သွားတာလို့ သိရပါတယ်။ ဒီသီချင်းထဲမှာ အမေဖြစ်သူကို ချစ်ခင်တွယ်တာတဲ့ Taylor ရဲ့စိတ်ကို အထင်းသား မြင်ရမှာဖြစ်ပြီး ဝမ်းနည်းဖို့ကောင်းတဲ့ ခံစားချက်ကိုလည်း သေချာပေါက် ခံစားရမှာပါ။

Miss Americana & The Heartbreak Prince

ဒီသီချင်းကတော့ အဓိပ္ပါယ်နှစ်မျိုး ယူဆလို့ရတဲ့ သီချင်းဖြစ်ပါတယ်။ အထက်တန်းကျောင်းသားဘဝက ချစ်သူအကြောင်းကို သီဆိုထားတယ်လို့လည်း ယူဆလို့ရသလို နိုင်ငံရေးနဲ့ ဆက်နွယ်နေတယ်လို့လည်း အဓိပ္ပါယ်ကောက်ယူလို့ ရပါတယ်။

I Forgot That You Existed

ဒီသီချင်းကတော့ အရင်က သူမ ရင်ဆိုင်ခဲ့ရဖူးတဲ့ ရုန်းကန်ရမှုတွေ၊ နာကျင်မှုတွေအားလုံးကို လွှတ်ချပြီး ဝေဒနာတွေကြားက ငြိမ်းချမ်းမှုကို ရှာဖွေနေတဲ့ အဓိပ္ပါယ်နဲ့ သီချင်းပါ။ အရင်က သူမ ခံစားခဲ့ရဖူးတဲ့ အငြင်းအခုန်ပြဿနာတွေ၊ ရန်ပွဲပဋိပက္ခတွေအားလုံးဟာ တကယ်တမ်းမှာ ဘဝအတွက် အရေးမပါဘူးဆိုတာ အလင်းပွင့်သွားတဲ့ သီချင်းလည်း ဖြစ်ပါတယ်။

Photo: taylorswift/ Instagram
Death By A Thousand Cuts

Taylor ဟာ အများအားဖြင့် သူမရဲ့ခံစားချက် အစစ်အမှန်တွေကို သီချင်းအဖြစ် ရေးဖွဲ့လေ့ရှိပေမယ့် တစ်ခါတစ်ရံမှာလည်း အခြားသောနေရာက အဖြစ်အပျက်တွေကို ခံစားပြီး ရေးဖွဲ့သီဆိုတာမျိုး ရှိတတ်ပါတယ်။ ဒီသီချင်းဟာလည်း အလားတူပါပဲ။ ဒီသီချင်းကိုတော့ ပြတ်စဲတော့မယ့် ချစ်သူနှစ်ယောက်ကြားက ခံစားချက်ကို ဝေဒနာတဆစ်ဆစ်နဲ့ ဖြည်းဖြည်းချင်း သေဆုံးရမယ့် သေခြင်းတရားနဲ့ နှိုင်းယှဉ်ပြီး ရေးဖွဲ့သီဆိုထားပါတယ်။ ဒီသီချင်းဟာ Someone Great လို့ အမည်ရတဲ့ Netflix က ရုပ်ရှင်တစ်ကားကိုကြည့်ပြီးနောက် ခံစားရေးဖွဲ့ထားတာပါလို့ Taylor က ပြောပြထားပါတယ်။

Daylight

အတိတ်မှာ ပြတ်စဲခဲ့ဖူးတဲ့ ချစ်သူတွေနဲ့ ပတ်သက်ပြီး အချစ်စစ်ကို ရှာမတွေ့နိုင်တော့ဘူးလို့ ကိုယ့်ကိုယ်ကို သံသယဝင်လာတဲ့အချိန်မှာပဲ ကိုယ့်အတွက် တကယ်စစ်မှန်တဲ့ အချစ်ကို တွေ့လိုက်ရတဲ့အကြောင်း ရေးစပ်သီဆိုထားတဲ့ သီချင်း ဖြစ်ပါတယ်။ အရင်က အချစ်ရေးမှာ ကံမကောင်းခဲ့ပေမယ့် အချစ်စစ်ဆိုတာကို ခံစားသိရှိစေတဲ့လူနဲ့ တွေ့လိုက်ရတဲ့နောက်မှာ ပျော်ရွှင်မှုအားလုံးကို အဲ့ဒီ့လူအပေါ်မှာပဲ ပုံအပ်ထားတော့မယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ သီဆိုထားတာ ဖြစ်ပါတယ်။

False God

ဒီသီချင်းမှာတော့ ချစ်သူ Joe Alwyn နဲ့အချစ်ရေးကို ဘာသာရေးနဲ့ နှိုင်းယှဉ်ပြတဲ့အထိ ဟဲဗီးမက်ဆေ့ချ်တွေ သုံးထားပါတယ်။

Photo: taylorswift/ Instagram
Cruel Summer

ဒီသီချင်းကတော့ Taylor ကို အခက်တွေ့စေခဲ့တဲ့၂၀၁၆ခုနှစ် နွေရာသီအကြောင်းကို သီဆိုထားတာပါ။ အဲ့ဒီ့နှစ်နွေရာသီမှာ Kanye West တို့လင်မယားနဲ့ အချင်းများခဲ့၊ စိတ်ရှုပ်ခဲ့ရပြီး အခုထက်ထိ တွဲနေတဲ့ချစ်သူ Joe Alwyn နဲ့ စတွေ့ကာ စိတ်ထဲမှာ ခံစားချက်စရှိခဲ့တဲ့ အချိန်တွေအကြောင်းကို သီဆိုထားတာ ဖြစ်ပါတယ်။ ဒီသီချင်းလာမယ့်အကြောင်းကို You Need To Calm Down MV ထဲမှာ Adam Lambert က Ellen DeGeneres ရဲ့လက်ပေါ်မှာ Cruel Summer ဆိုတဲ့ တက်တူးထိုးပြပြီးတော့လည်း အရိပ်အမြွက် ပြထားခဲ့ပါသေးတယ်။

Afterglow

အချစ်ရေးမှာ နားလည်မှုလွဲမှားတာတွေနဲ့ အလွန်အကျွံ တုံ့ပြန်မိတာ၊ ကိုယ်တိုင်က ကိုယ့်အချစ်ကို ပြန်ဖျက်ဆီးမိသလို ဖြစ်တတ်တဲ့အကြောင်းတွေကို ဒီသီချင်းထဲမှာ သီဆိုထားပါတယ်။ ဒါ့အပြင် လမ်းမခွဲရဖို့အတွက် ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ပြီး ခွင့်လွှတ်ဖို့ တောင်းပန်ထားတဲ့အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။

Photo: taylorswift/ Instagram
London Boy

ဗြိတိန်သရုပ်ဆောင် မင်းသားကို ချစ်သူတော်ထားသူဖြစ်လို့ London Boy ဆိုတာ Taylor နဲ့ Joe Alwyn တို့ရဲ့ အချစ်ရေးအကြောင်းကို သီဆိုထားတာမှန်း သိသာပါတယ်။ နှစ်ယောက်ရဲ့အချစ်ရေးကို လူရှေ့သူရှေ့မှာ ထုတ်မပြတော့ဘဲ ကွယ်ဝှက်ထားပြီးကာမှ Joe ကြောင့် သူမ ခံစားရတဲ့ ပျော်ရွှင်ချမ်းမြေ့မှုတွေအကြောင်းကို ဒီသီချင်းလေးနဲ့ ပြန်လည်မျှဝေပေးထားတာ ဖြစ်ပါတယ်။

Paper Rings

ဒီသီချင်းဟာလည်းပဲ ချစ်သူ Joe Alwyn အကြောင်းကို သီဆိုထားတဲ့သီချင်းပါပဲ။ Joe ကို ဘယ်လောက် ချစ်ခင်နှစ်သက်ကြောင်းကို ဖော်ပြထားပြီး သူနဲ့သာဆိုရင် ထုံးတမ်းအစဉ်အလာတွေကို ဖျက်ပြီး စက္ကူလက်စွပ်လေးနဲ့ပဲဖြစ်ဖြစ် လက်ထပ်ထိမ်းမြားကာ တစ်သက်လုံး ဘေးမှာနေသွားချင်တဲ့အကြောင်း သီဆိုထားတာပါ။

Photo: taylorswift/ Instagram
It’s Nice To Have A Friend

ဒီသီချင်းလေးကတော့ ငယ်ငယ်က ကျောင်းနေဖက်သူငယ်ချင်းအဖြစ်ကနေ အရွယ်‌ရောက်ပြီး လက်ထပ်ထိမ်းမြားတဲ့အထိ နှစ်ယောက်အတူ ချစ်သွားကြတဲ့အကြောင်း သီဆိုထားတဲ့ ချစ်စရာ အချစ်သီချင်းလေး ဖြစ်ပါတယ်။ ဒီသီချင်းဟာ ၂၀၀၆ခုနှစ်က ထွက်ရှိခဲ့တဲ့ Taylor ရဲ့သီချင်း Mary’s Song (Oh My My) နဲ့လည်း အဓိပ္ပါယ်ချင်း ဆင်တူပါတယ်။

Cornelia Street

ဒီသီချင်းကတော့ Taylor ရဲ့ အစောပိုင်းကာလ အချစ်ရေးတွေထဲမှာ ပါဝင်ခဲ့ဖူးတဲ့ Manhattan လမ်းအကြောင်းကို သီဆိုထားတာပါ။ Taylor ဟာ ၂၀၁၆ခုနှစ်နဲ့ ၂၀၁၇ခုနှစ်လောက်တုန်းက Manhattan လမ်းမှာ တကယ်လည်း တိုက်ခန်းတစ်ခန်းငှားပြီး သီချင်းရေးခဲ့ဖူးပါတယ်။ ဒီသီချင်းကို Taylor တစ်ယောက်တည်းက ရေးစပ်ထားတာဖြစ်ပြီး သူမရဲ့အကြိုက်ဆုံးသီချင်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။

The Man

ဒီသီချင်းကိုတော့ Taylor က သူမသာ ယောက်ျားတစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင် ဆိုတဲ့အတွေးနဲ့ ရေးစပ်ထားတာပါ။ သူမ လုပ်ခဲ့ဖူးတဲ့အမှားတွေ၊ ဆုံးဖြတ်ခဲ့ရတဲ့ ရွေးချယ်မှုတွေအားလုံးကို ယောက်ျားတစ်ယောက်အနေနဲ့သာ ထပ်တူလုပ်ခဲ့မယ်ဆိုရင် ဘာတွေဖြစ်လာမလည်းဆိုတဲ့ အမြင်နဲ့ ရေးသားထားတာ ဖြစ်ပါတယ်။

Photo: taylorswift/ Instagram
I Think He Knows

ကိုယ့်ချစ်သူဖြစ်လာနိုင်တဲ့ ကောင်လေးတစ်ယောက်ကို ကြိတ်ကြွေရတဲ့ ခံစားချက်နဲ့ လှုပ်ရှားတဲ့ အကွက်လေးတွေအကြောင်းကို သီဆိုထားတာပါ။

The Archer

အချစ်ရေးတစ်ခုမှာ စိတ်မလုံမလဲဖြစ်တဲ့ ခံစားချက်မျိုးကို သီဆိုထားတာပါ။ ဒီသီချင်းဟာ Taylor ရဲ့ No. (5) သီအိုရီထဲမှာလည်း ဝင်ခဲ့ပါတယ်။ No. (5) သီအိုရီဆိုတာကတော့ အယ်လ်ဘမ်တိုင်းရဲ့ ငါးပုဒ်မြောက်သီချင်းဟာ အခံစားရဆုံးနဲ့ ဝမ်းနည်းရဆုံးလို့ ဆိုလိုတာ ဖြစ်ပါတယ်။ ဒီသီချင်းကို ME! MV ထဲမှာ မြားနတ်မောင်လေး မြားပစ်တာလေးကို ပြပြီး အရိပ်အမြွက်ပြခဲ့သလို You Need To Calm Down MV ထဲမှာ Hayley Kiyoko က နံပါတ်(၅)လို့ ပြထားတဲ့ ပစ်မှတ်ကို မြားနဲ့ပစ်ပြတဲ့ ပြကွက်နဲ့လည်း ထင်ထင်ရှားရှား အသိပေးခဲ့ပါသေးတယ်။ ဒါ့အပြင် Taylor ဟာ ၁၉၈၉ခုနှစ် ဒီဇင်ဘာလ(၁၃)ရက်နေ့မှာ မွေးဖွားတဲ့ Sagittarius ရာသီဖွားဖြစ်ပြီး ရာသီခွင်ရဲ့ ကိုယ်စားပြုပုံရိပ်ဟာလည်း မြားစစ်သည်ဖြစ်တာကြောင့် သူမဘဝနဲ့လည်း ဒီသီချင်းက ဆက်စပ်နေမယ်လို့ ယူဆထားကြပါတယ်။

You Need To Calm Down

ဒီသီချင်းကိုတော့ LGBTQ တွေကို အားပေးဖို့နဲ့ မည်သည့်လိင်အမျိုးအစားမဆို၊ မည်သည့်လိင်တိမ်းညွတ်မှုကို စိတ်ဝင်စားသူမဆို သာတူညီမျှစွာ ဆက်ဆံခံရဖို့နဲ့ တရားရေးအရ ညီမျှစွာ ခံစားခွင့်ရစေဖို့ ဆန္ဒမဲကောက်ခံဖို့အတွက်ပါ သီဆိုထားတာပါ။ ဒါကြောင့်လည်း ဒီသီချင်းကို Pride Month လို့ သတ်မှတ်ထားတဲ့ ဇွန်လမှာ ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီသီချင်းဟာ အထူးသဖြင့် အွန်လိုင်းပေါ်မှာ ကိုယ်ချင်းမစာမနာ အားကုန်ထုတ်သုံးပြီး လိင်တိမ်းညွတ်မှု ကွဲပြားနေတဲ့လူတွေအပေါ် အနိုင်ကျင့်၊ စော်ကားမော်ကား ပြောနေသူတွေကို စိတ်လျှော့ကြဖို့ တိုက်တွန်းလိုတဲ့ ရည်ရွယ်ချက်လည်း ပါရှိပါတယ်။

Photo: taylorswift/ Instagram
ME!

ဒီသီချင်းလေးကတော့ သီချင်းနားဆင်သူတွေကို မိမိကိုယ်ကို ချစ်တတ်ဖို့နဲ့ ယုံကြည်ချက်ထားဖို့အကြောင်း သတိပေးထားတာ ဖြစ်ပါတယ်။ ဒီသီချင်းဟာ YouTube မှာ ထွက်ရှိပြီး (၂၄)နာရီအတွင်းမှာပဲ ကြည်ရှုသူ (၆၅.၂)သန်းကျော် ရရှိခဲ့ပြီး သူမ ယခင်က စံချိန်ချိုးခဲ့ဖူးတဲ့ Look What You Made Me Do ကိုပါ ထပ်မံကျော်တက်သွားခဲ့ပြီးတော့ (၂၄)နာရီအတွင်း စံချိန်တင် ကြည့်ရှုသူအများဆုံး solo artist/ female artist အဖြစ်ပါ စံချိန်တင်သွားခဲ့ပါတယ်။

ဒါကတော့ Taylor Swift ရဲ့ Lover အယ်လ်ဘမ်ထဲက သီချင်းစုစုပေါင်း(၁၈)ပုဒ်ရဲ့ အဓိပ္ပာယ်နဲ့ ရည်ညွှန်းချက်လေးတွေကို ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ အဆင်ပြေ၊ အကြိုက်တွေ့ကြမယ်လို့ မျှော်လင့်ပါတယ်။

Xei

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Lover ဟာ Taylor Swift ရဲ႕ (၇)ေခြေျမာက္ စတူဒီယိုအယ္လ္ဘမ္ျဖစ္ၿပီး ၂၀၁၉ခုႏွစ္ ၾသဂုတ္လ(၂၃)ရက္ေန႔က ထြက္ရွိထားတာ ျဖစ္ပါတယ္။ တစ္ေခြလုံးမွာ သီခ်င္းပုဒ္ေရ (၁၈)ပုဒ္ ပါဝင္ၿပီး ဆင္ဂယ္လ္အေနနဲ႔ ME! ၊ You Need to Calm Down ၊ Lover ဆိုၿပီး သုံးပုဒ္ ထြက္ရွိခဲ့ပါတယ္။ အေခြထဲက သီခ်င္းအားလုံးကို Taylor ကိုယ္တိုင္က ဒိုင္ခံေရးဖြဲ႕ထားၿပီး အျခားေသာ နာမည္ေက်ာ္ ေတးေရးဆရာေတြနဲ႔လည္း တြဲဖက္ေရးဖြဲ႕ထားပါတယ္။ ေတးခ်စ္သူမ်ားအတြက္ တစ္ေခြလုံးမွာ ပါဝင္တဲ့ ေတးသီခ်င္းေတြရဲ႕ အဓိပၸာယ္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

Lover

ေခါင္းစီးေတးျဖစ္တဲ့ Lover ဟာ Taylor နဲ႔ ခ်စ္ေနတာ သုံးႏွစ္ၾကာၿပီျဖစ္တဲ့ လက္ရွိခ်စ္သူ Joe Alwyn နဲ႔ အခ်စ္ဇာတ္လမ္းအေၾကာင္းကို သီဆိုထားတာပါ။ သီခ်င္းေလးက ႐ိုမန႔္တစ္ဆန္လြန္းၿပီး Joe အေပၚထားတဲ့ နက္ရႈိင္းတဲ့ ခံစားခ်က္ေတြကို သီဆိုထားတာျဖစ္သလို မဂၤလာေဆာင္တစ္ခုကို ၾကည့္ေနရသလိုပဲ ခံစားခ်က္ရေစတဲ့ သီခ်င္းေလးလည္း ျဖစ္ပါတယ္။ Lover အယ္လ္ဘမ္မထြက္ခင္ လွ်ိဳ႕ဝွက္ျပဳလုပ္တဲ့ secret-session ကို တက္ေရာက္ခဲ့တဲ့ ပရိသတ္တစ္ဦးရဲ႕ အဆိုအရ ဒီသီခ်င္းမွာ အသုံးျပဳ၊တီးခတ္ထားတဲ့ တူရိယာေတြဟာ ၁၉၇၀ျပည့္ႏွစ္ေလာက္က တူရိယာေတြျဖစ္တယ္လို႔ ဆိုပါတယ္။ ဘယ္အခ်ိန္နားေထာင္ေထာင္၊ ႐ိုးမသြားရေအာင္ ဒီလိုတူရိယာေတြ သုံးထားတာျဖစ္တယ္လို႔လည္း သိရပါတယ္။

Photo: taylorswift/ Instagram
Soon You’ll Get Better

ဒီသီခ်င္းေလးကေတာ့ ကင္ဆာေရာဂါခံစားေနရတဲ့ မိခင္ျဖစ္သူအတြက္ ရည္ၫႊန္းၿပီး သီဆိုထားတဲ့ သီခ်င္းေလးပါ။ မိသားစုထဲက တကယ့္ျဖစ္ရပ္မွန္ ျဖစ္ေနတဲ့အတြက္ ဒီသီခ်င္းကို ေရးဖို႔ရန္လည္း အလြန္ခက္ခဲခဲ့ၿပီး ဆိုဖို႔လည္း ေတာ္ေတာ္ေလး အားေမြးခဲ့ရတယ္လို႔ Taylor က ဆိုပါတယ္။ ဒါ့အျပင္ ဒီသီခ်င္းကို အယ္လ္ဘမ္ထဲ ထည့္ဖို႔အတြက္ကိုလည္း မိသားစုနဲ႔ ျပန္တိုင္ပင္ခဲ့ရၿပီး မိသားစုရဲ႕ဆုံးျဖတ္ခ်က္နဲ႔ပဲ အယ္လ္ဘမ္ထဲ ထည့္ျဖစ္သြားတာလို႔ သိရပါတယ္။ ဒီသီခ်င္းထဲမွာ အေမျဖစ္သူကို ခ်စ္ခင္တြယ္တာတဲ့ Taylor ရဲ႕စိတ္ကို အထင္းသား ျမင္ရမွာျဖစ္ၿပီး ဝမ္းနည္းဖို႔ေကာင္းတဲ့ ခံစားခ်က္ကိုလည္း ေသခ်ာေပါက္ ခံစားရမွာပါ။

Miss Americana & The Heartbreak Prince

ဒီသီခ်င္းကေတာ့ အဓိပၸါယ္ႏွစ္မ်ိဳး ယူဆလို႔ရတဲ့ သီခ်င္းျဖစ္ပါတယ္။ အထက္တန္းေက်ာင္းသားဘဝက ခ်စ္သူအေၾကာင္းကို သီဆိုထားတယ္လို႔လည္း ယူဆလို႔ရသလို ႏိုင္ငံေရးနဲ႔ ဆက္ႏြယ္ေနတယ္လို႔လည္း အဓိပၸါယ္ေကာက္ယူလို႔ ရပါတယ္။

I Forgot That You Existed

ဒီသီခ်င္းကေတာ့ အရင္က သူမ ရင္ဆိုင္ခဲ့ရဖူးတဲ့ ႐ုန္းကန္ရမႈေတြ၊ နာက်င္မႈေတြအားလုံးကို လႊတ္ခ်ၿပီး ေဝဒနာေတြၾကားက ၿငိမ္းခ်မ္းမႈကို ရွာေဖြေနတဲ့ အဓိပၸါယ္နဲ႔ သီခ်င္းပါ။ အရင္က သူမ ခံစားခဲ့ရဖူးတဲ့ အျငင္းအခုန္ျပႆနာေတြ၊ ရန္ပြဲပဋိပကၡေတြအားလုံးဟာ တကယ္တမ္းမွာ ဘဝအတြက္ အေရးမပါဘူးဆိုတာ အလင္းပြင့္သြားတဲ့ သီခ်င္းလည္း ျဖစ္ပါတယ္။

Photo: taylorswift/ Instagram
Death By A Thousand Cuts

Taylor ဟာ အမ်ားအားျဖင့္ သူမရဲ႕ခံစားခ်က္ အစစ္အမွန္ေတြကို သီခ်င္းအျဖစ္ ေရးဖြဲ႕ေလ့ရွိေပမယ့္ တစ္ခါတစ္ရံမွာလည္း အျခားေသာေနရာက အျဖစ္အပ်က္ေတြကို ခံစားၿပီး ေရးဖြဲ႕သီဆိုတာမ်ိဳး ရွိတတ္ပါတယ္။ ဒီသီခ်င္းဟာလည္း အလားတူပါပဲ။ ဒီသီခ်င္းကိုေတာ့ ျပတ္စဲေတာ့မယ့္ ခ်စ္သူႏွစ္ေယာက္ၾကားက ခံစားခ်က္ကို ေဝဒနာတဆစ္ဆစ္နဲ႔ ျဖည္းျဖည္းခ်င္း ေသဆုံးရမယ့္ ေသျခင္းတရားနဲ႔ ႏႈိင္းယွဥ္ၿပီး ေရးဖြဲ႕သီဆိုထားပါတယ္။ ဒီသီခ်င္းဟာ Someone Great လို႔ အမည္ရတဲ့ Netflix က ႐ုပ္ရွင္တစ္ကားကိုၾကည့္ၿပီးေနာက္ ခံစားေရးဖြဲ႕ထားတာပါလို႔ Taylor က ေျပာျပထားပါတယ္။

Daylight

အတိတ္မွာ ျပတ္စဲခဲ့ဖူးတဲ့ ခ်စ္သူေတြနဲ႔ ပတ္သက္ၿပီး အခ်စ္စစ္ကို ရွာမေတြ႕ႏိုင္ေတာ့ဘူးလို႔ ကိုယ့္ကိုယ္ကို သံသယဝင္လာတဲ့အခ်ိန္မွာပဲ ကိုယ့္အတြက္ တကယ္စစ္မွန္တဲ့ အခ်စ္ကို ေတြ႕လိုက္ရတဲ့အေၾကာင္း ေရးစပ္သီဆိုထားတဲ့ သီခ်င္း ျဖစ္ပါတယ္။ အရင္က အခ်စ္ေရးမွာ ကံမေကာင္းခဲ့ေပမယ့္ အခ်စ္စစ္ဆိုတာကို ခံစားသိရွိေစတဲ့လူနဲ႔ ေတြ႕လိုက္ရတဲ့ေနာက္မွာ ေပ်ာ္႐ႊင္မႈအားလုံးကို အဲ့ဒီ့လူအေပၚမွာပဲ ပုံအပ္ထားေတာ့မယ္ဆိုတဲ့ အဓိပၸါယ္နဲ႔ သီဆိုထားတာ ျဖစ္ပါတယ္။

False God

ဒီသီခ်င္းမွာေတာ့ ခ်စ္သူ Joe Alwyn နဲ႔အခ်စ္ေရးကို ဘာသာေရးနဲ႔ ႏႈိင္းယွဥ္ျပတဲ့အထိ ဟဲဗီးမက္ေဆ့ခ်္ေတြ သုံးထားပါတယ္။

Photo: taylorswift/ Instagram
Cruel Summer

ဒီသီခ်င္းကေတာ့ Taylor ကို အခက္ေတြ႕ေစခဲ့တဲ့၂၀၁၆ခုႏွစ္ ေႏြရာသီအေၾကာင္းကို သီဆိုထားတာပါ။ အဲ့ဒီ့ႏွစ္ေႏြရာသီမွာ Kanye West တို႔လင္မယားနဲ႔ အခ်င္းမ်ားခဲ့၊ စိတ္ရႈပ္ခဲ့ရၿပီး အခုထက္ထိ တြဲေနတဲ့ခ်စ္သူ Joe Alwyn နဲ႔ စေတြ႕ကာ စိတ္ထဲမွာ ခံစားခ်က္စရွိခဲ့တဲ့ အခ်ိန္ေတြအေၾကာင္းကို သီဆိုထားတာ ျဖစ္ပါတယ္။ ဒီသီခ်င္းလာမယ့္အေၾကာင္းကို You Need To Calm Down MV ထဲမွာ Adam Lambert က Ellen DeGeneres ရဲ႕လက္ေပၚမွာ Cruel Summer ဆိုတဲ့ တက္တူးထိုးျပၿပီးေတာ့လည္း အရိပ္အႁမြက္ ျပထားခဲ့ပါေသးတယ္။

Afterglow

အခ်စ္ေရးမွာ နားလည္မႈလြဲမွားတာေတြနဲ႔ အလြန္အကြၽံ တုံ႔ျပန္မိတာ၊ ကိုယ္တိုင္က ကိုယ့္အခ်စ္ကို ျပန္ဖ်က္ဆီးမိသလို ျဖစ္တတ္တဲ့အေၾကာင္းေတြကို ဒီသီခ်င္းထဲမွာ သီဆိုထားပါတယ္။ ဒါ့အျပင္ လမ္းမခြဲရဖို႔အတြက္ ကိုယ့္ကိုယ္ကိုပဲ အျပစ္တင္ၿပီး ခြင့္လႊတ္ဖို႔ ေတာင္းပန္ထားတဲ့အဓိပၸါယ္လည္း ျဖစ္ပါတယ္။

Photo: taylorswift/ Instagram
London Boy

ၿဗိတိန္သ႐ုပ္ေဆာင္ မင္းသားကို ခ်စ္သူေတာ္ထားသူျဖစ္လို႔ London Boy ဆိုတာ Taylor နဲ႔ Joe Alwyn တို႔ရဲ႕ အခ်စ္ေရးအေၾကာင္းကို သီဆိုထားတာမွန္း သိသာပါတယ္။ ႏွစ္ေယာက္ရဲ႕အခ်စ္ေရးကို လူေရွ႕သူေရွ႕မွာ ထုတ္မျပေတာ့ဘဲ ကြယ္ဝွက္ထားၿပီးကာမွ Joe ေၾကာင့္ သူမ ခံစားရတဲ့ ေပ်ာ္႐ႊင္ခ်မ္းေျမ့မႈေတြအေၾကာင္းကို ဒီသီခ်င္းေလးနဲ႔ ျပန္လည္မွ်ေဝေပးထားတာ ျဖစ္ပါတယ္။

Paper Rings

ဒီသီခ်င္းဟာလည္းပဲ ခ်စ္သူ Joe Alwyn အေၾကာင္းကို သီဆိုထားတဲ့သီခ်င္းပါပဲ။ Joe ကို ဘယ္ေလာက္ ခ်စ္ခင္ႏွစ္သက္ေၾကာင္းကို ေဖာ္ျပထားၿပီး သူနဲ႔သာဆိုရင္ ထုံးတမ္းအစဥ္အလာေတြကို ဖ်က္ၿပီး စကၠဴလက္စြပ္ေလးနဲ႔ပဲျဖစ္ျဖစ္ လက္ထပ္ထိမ္းျမားကာ တစ္သက္လုံး ေဘးမွာေနသြားခ်င္တဲ့အေၾကာင္း သီဆိုထားတာပါ။

Photo: taylorswift/ Instagram
It’s Nice To Have A Friend

ဒီသီခ်င္းေလးကေတာ့ ငယ္ငယ္က ေက်ာင္းေနဖက္သူငယ္ခ်င္းအျဖစ္ကေန အ႐ြယ္‌ေရာက္ၿပီး လက္ထပ္ထိမ္းျမားတဲ့အထိ ႏွစ္ေယာက္အတူ ခ်စ္သြားၾကတဲ့အေၾကာင္း သီဆိုထားတဲ့ ခ်စ္စရာ အခ်စ္သီခ်င္းေလး ျဖစ္ပါတယ္။ ဒီသီခ်င္းဟာ ၂၀၀၆ခုႏွစ္က ထြက္ရွိခဲ့တဲ့ Taylor ရဲ႕သီခ်င္း Mary’s Song (Oh My My) နဲ႔လည္း အဓိပၸါယ္ခ်င္း ဆင္တူပါတယ္။

Cornelia Street

ဒီသီခ်င္းကေတာ့ Taylor ရဲ႕ အေစာပိုင္းကာလ အခ်စ္ေရးေတြထဲမွာ ပါဝင္ခဲ့ဖူးတဲ့ Manhattan လမ္းအေၾကာင္းကို သီဆိုထားတာပါ။ Taylor ဟာ ၂၀၁၆ခုႏွစ္နဲ႔ ၂၀၁၇ခုႏွစ္ေလာက္တုန္းက Manhattan လမ္းမွာ တကယ္လည္း တိုက္ခန္းတစ္ခန္းငွားၿပီး သီခ်င္းေရးခဲ့ဖူးပါတယ္။ ဒီသီခ်င္းကို Taylor တစ္ေယာက္တည္းက ေရးစပ္ထားတာျဖစ္ၿပီး သူမရဲ႕အႀကိဳက္ဆုံးသီခ်င္း ျဖစ္တယ္လို႔လည္း ဆိုပါတယ္။

The Man

ဒီသီခ်င္းကိုေတာ့ Taylor က သူမသာ ေယာက္်ားတစ္ေယာက္ ျဖစ္ခဲ့မယ္ဆိုရင္ ဆိုတဲ့အေတြးနဲ႔ ေရးစပ္ထားတာပါ။ သူမ လုပ္ခဲ့ဖူးတဲ့အမွားေတြ၊ ဆုံးျဖတ္ခဲ့ရတဲ့ ေ႐ြးခ်ယ္မႈေတြအားလုံးကို ေယာက္်ားတစ္ေယာက္အေနနဲ႔သာ ထပ္တူလုပ္ခဲ့မယ္ဆိုရင္ ဘာေတြျဖစ္လာမလည္းဆိုတဲ့ အျမင္နဲ႔ ေရးသားထားတာ ျဖစ္ပါတယ္။

Photo: taylorswift/ Instagram
I Think He Knows

ကိုယ့္ခ်စ္သူျဖစ္လာႏိုင္တဲ့ ေကာင္ေလးတစ္ေယာက္ကို ႀကိတ္ေႂကြရတဲ့ ခံစားခ်က္နဲ႔ လႈပ္ရွားတဲ့ အကြက္ေလးေတြအေၾကာင္းကို သီဆိုထားတာပါ။

The Archer

အခ်စ္ေရးတစ္ခုမွာ စိတ္မလုံမလဲျဖစ္တဲ့ ခံစားခ်က္မ်ိဳးကို သီဆိုထားတာပါ။ ဒီသီခ်င္းဟာ Taylor ရဲ႕ No. (5) သီအိုရီထဲမွာလည္း ဝင္ခဲ့ပါတယ္။ No. (5) သီအိုရီဆိုတာကေတာ့ အယ္လ္ဘမ္တိုင္းရဲ႕ ငါးပုဒ္ေျမာက္သီခ်င္းဟာ အခံစားရဆုံးနဲ႔ ဝမ္းနည္းရဆုံးလို႔ ဆိုလိုတာ ျဖစ္ပါတယ္။ ဒီသီခ်င္းကို ME! MV ထဲမွာ ျမားနတ္ေမာင္ေလး ျမားပစ္တာေလးကို ျပၿပီး အရိပ္အႁမြက္ျပခဲ့သလို You Need To Calm Down MV ထဲမွာ Hayley Kiyoko က နံပါတ္(၅)လို႔ ျပထားတဲ့ ပစ္မွတ္ကို ျမားနဲ႔ပစ္ျပတဲ့ ျပကြက္နဲ႔လည္း ထင္ထင္ရွားရွား အသိေပးခဲ့ပါေသးတယ္။ ဒါ့အျပင္ Taylor ဟာ ၁၉၈၉ခုႏွစ္ ဒီဇင္ဘာလ(၁၃)ရက္ေန႔မွာ ေမြးဖြားတဲ့ Sagittarius ရာသီဖြားျဖစ္ၿပီး ရာသီခြင္ရဲ႕ ကိုယ္စားျပဳပုံရိပ္ဟာလည္း ျမားစစ္သည္ျဖစ္တာေၾကာင့္ သူမဘဝနဲ႔လည္း ဒီသီခ်င္းက ဆက္စပ္ေနမယ္လို႔ ယူဆထားၾကပါတယ္။

Photo: taylorswift/ Instagram
You Need To Calm Down

ဒီသီခ်င္းကိုေတာ့ LGBTQ ေတြကို အားေပးဖို႔နဲ႔ မည္သည့္လိင္အမ်ိဳးအစားမဆို၊ မည္သည့္လိင္တိမ္းၫြတ္မႈကို စိတ္ဝင္စားသူမဆို သာတူညီမွ်စြာ ဆက္ဆံခံရဖို႔နဲ႔ တရားေရးအရ ညီမွ်စြာ ခံစားခြင့္ရေစဖို႔ ဆႏၵမဲေကာက္ခံဖို႔အတြက္ပါ သီဆိုထားတာပါ။ ဒါေၾကာင့္လည္း ဒီသီခ်င္းကို Pride Month လို႔ သတ္မွတ္ထားတဲ့ ဇြန္လမွာ ထုတ္လႊင့္ခဲ့တာ ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီသီခ်င္းဟာ အထူးသျဖင့္ အြန္လိုင္းေပၚမွာ ကိုယ္ခ်င္းမစာမနာ အားကုန္ထုတ္သုံးၿပီး လိင္တိမ္းၫြတ္မႈ ကြဲျပားေနတဲ့လူေတြအေပၚ အႏိုင္က်င့္၊ ေစာ္ကားေမာ္ကား ေျပာေနသူေတြကို စိတ္ေလွ်ာ့ၾကဖို႔ တိုက္တြန္းလိုတဲ့ ရည္႐ြယ္ခ်က္လည္း ပါရွိပါတယ္။

ME!

ဒီသီခ်င္းေလးကေတာ့ သီခ်င္းနားဆင္သူေတြကို မိမိကိုယ္ကို ခ်စ္တတ္ဖို႔နဲ႔ ယုံၾကည္ခ်က္ထားဖို႔အေၾကာင္း သတိေပးထားတာ ျဖစ္ပါတယ္။ ဒီသီခ်င္းဟာ YouTube မွာ ထြက္ရွိၿပီး (၂၄)နာရီအတြင္းမွာပဲ ၾကည္ရႈသူ (၆၅.၂)သန္းေက်ာ္ ရရွိခဲ့ၿပီး သူမ ယခင္က စံခ်ိန္ခ်ိဳးခဲ့ဖူးတဲ့ Look What You Made Me Do ကိုပါ ထပ္မံေက်ာ္တက္သြားခဲ့ၿပီးေတာ့ (၂၄)နာရီအတြင္း စံခ်ိန္တင္ ၾကည့္ရႈသူအမ်ားဆုံး solo artist/ female artist အျဖစ္ပါ စံခ်ိန္တင္သြားခဲ့ပါတယ္။

ဒါကေတာ့ Taylor Swift ရဲ႕ Lover အယ္လ္ဘမ္ထဲက သီခ်င္းစုစုေပါင္း(၁၈)ပုဒ္ရဲ႕ အဓိပၸာယ္နဲ႔ ရည္ၫႊန္းခ်က္ေလးေတြကို ေဖာ္ျပေပးထားတာ ျဖစ္ပါတယ္။ အဆင္ေျပ၊ အႀကိဳက္ေတြ႕ၾကမယ္လို႔ ေမွ်ာ္လင့္ပါတယ္။

Xei

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular