HomeEntertainmentFilmဇာတ်လမ်းတွဲအဖြစ် ပြန်လည်ဖန်တီးသွားမယ့် They Both Die at the End ဝတ္ထု

ဇာတ်လမ်းတွဲအဖြစ် ပြန်လည်ဖန်တီးသွားမယ့် They Both Die at the End ဝတ္ထု

Netflix ရဲ့ နာမည်ကျော် ဇာတ်လမ်းတွဲ Bridgerton ကို ဖန်တီးသူဖြစ်တဲ့ Chris Van Dusen ကတော့ They Both Die at the End ဝတ္ထုကို Live Action ဇာတ်လမ်းတွဲအဖြစ် ပြန်လည် ဖန်တီးသွားမယ်လို့ သိရပါတယ်။ ဒီဝတ္ထုကိုတော့ New York Times Bestseller စာရင်းဝင် စာရေးဆရာ Adam Silvera က ရေးသားထားတာ ဖြစ်ပြီး (၂၄)နာရီအတွင်း သေဆုံးတော့မယ့် လူတွေကို အသိပေးတဲ့ Death-Cast ဆိုတဲ့ စနစ်တစ်ခု တည်ရှိနေတဲ့ ကမ္ဘာကြီးမှာ ဇာတ်အိမ်တည်ထားပါတယ်။

ဇာတ်လမ်းကတော့ အဓိကဇာတ်ကောင် နှစ်ယောက် ဖြစ်တဲ့ Mateo နဲ့ Rufus တို့ဟာ တစ်ရက်တည်းမှာ သေဆုံးကြတော့မယ်လို့ သိလိုက်ရပါတယ်။ သူတို့နှစ်ယောက်လုံးဟာ တစ်ယောက်နဲ့ တစ်ယောက် မသိကြတဲ့ သူစိမ်းတွေ ဖြစ်ပေမယ့်လည်း သူတို့ဘဝရဲ့ နောက်ဆုံးအချိန်တွေမှာ ဘယ်လိုမျိူး ဆုံတွေ့သွားကြပြီး ဘယ်လို အံ့ဩစရာတွေကို မြင်တွေ့ရမလည်းဆိုတာ ပုံဖော်ထားတာ ဖြစ်ပါတယ်။

photo via screenrant

Deadline သတင်းဌာနရဲ့ ဖော်ပြချက်အရ Entertainment One ဟာ ဒီဝတ္ထုကို ဇာတ်လမ်းတွဲအဖြစ် ပြန်လည်ဖန်တီးဖို့ မူပိုင်ခွင့် ဝယ်ယူခဲ့ပြီး Chris Van Dusen နဲ့ Adam Silvera တို့က ပူးပေါင်း ဖန်တီးသွားမယ်လို့ သိရပါတယ်။

ဒီဝတ္ထုကတော့ New York Times မှာ အရောင်းရဆုံး နံပါတ်တစ် ချိတ်ခဲ့ပြီး စာဖတ်ပရိသတ်တွေကြားမှာ ရေပန်းစားတဲ့ ဝတ္ထုတစ်ပုဒ်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် အပေါ်မှာ ဖော်ပြထားသလိုပဲ ထူးဆန်းတဲ့ ဇာတ်အိမ်နဲ့ ပရိသတ်တွေကို အဆုံးထိ ဆွဲဆောင်ထားနိုင်တဲ့ ဝတ္ထုကို Live Action ဇာတ်လမ်းတွဲအဖြစ် ဘယ်လို ဖန်တီးသွားမလည်း ဆိုတာတော့ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular