HomeEntertainmentFilmTimothée Chalamet ရဲ့ Romance Horror ရုပ်ရှင်သစ် Bones & All

Timothée Chalamet ရဲ့ Romance Horror ရုပ်ရှင်သစ် Bones & All

ကောင်မလေးတွေရဲ့ အသည်းစွဲမင်းသား Timothée Chalamet ကိုတော့ တမူထူးခြားတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်မှာ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ Bones & All လို့ အမည်ရတဲ့ ဒီရုပ်ရှင်ကတော့ ဆယ်ကျော်သက် အချစ်ဇာတ်လမ်းကို လူသားစားခြင်းလို ကြောက်စရာကောင်းတဲ့ အကြောင်းအရာနဲ့ ယှက်နွယ်ထားတဲ့ ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။

ဒီဇာတ်လမ်းကတော့ စာရေးသူ Camille DeAngelis ရဲ့ နာမည်ကျော်ဝတ္ထုကို အခြေခံပြီး ပြန်လည်ဖန်တီးထားတာ ဖြစ်ပါတယ်။ ရိုက်ကူးထားတဲ့ ဒါရိုက်တာကတော့ Call Me By Your Name ဇာတ်ကားမှာ မင်းသား Timothée နဲ့ အတွဲညီတဲ့ ဒါရိုက်တာ Luca Guadagnino ဖြစ်ပါတယ်။ ဇာတ်ညွှန်းရေးသားထားသူကလည်း ဒါရိုက်တာ Luca နဲ့ တွဲနေကျဖြစ်တဲ့ ဇာတ်ညွှန်းရေးဆရာ David Kajganich ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ လူ့အဖွဲ့အစည်းရဲ့ အစွန်းဆုံးတစ်နေရာမှာ ရှင်သန်ဖို့ ကြိုးစားနေတဲ့ Maren ဆိုတဲ့ ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်နဲ့ လေနှင်ရာ လွင့်မျောနေတဲ့ ကောင်လေး Lee တို့ရဲ့ကြားက အချစ်ဇာတ်လမ်း ဖြစ်ပါတယ်။ Maren နဲ့ Lee တို့ တွေ့ဆုံမိကြပြီး မိုင်တစ်ထောင်ခန့် ရှည်လျားတဲ့ ခရီးစဉ်ကြီးကို အတူတူ ဖြတ်သန်း ခရီးသွားကြပုံကို တွေ့ရမှာ ဖြစ်ပါတယ်။

အဆိုပါ ခရီးစဉ်မှာတော့ လူသူမသိတဲ့ လမ်းတွေ၊ ထောင်ချောက်တွေလည်း ပါဝင်မှာ ဖြစ်ပြီး သူတို့နှစ်ယောက် ဘယ်လောက်ပဲ ကြိုးစားစေကာမူ နောက်ဆုံးမှာတော့ သူတို့ရဲ့အတိတ်က သူတို့နောက်ကို လိုက်လာတာကို စိတ်ဝင်စားဖွယ်ရာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

နောက်ထပ် စိတ်ဝင်စားစရာကတော့ လူသားစားခြင်းပဲ ဖြစ်ပါတယ်။ Maren ကတော့ သူမ ငယ်ငယ်လေးတည်းက လူသားစားလာခဲ့တာ ဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ သူမရဲ့မိခင် ပျောက်ဆုံးသွားတဲ့အခါ Maren ဟာ ဖခင်ဖြစ်သူကိုပါ တပါတည်း ရှာဖွေပြီး သူမလိုပဲ လူသားစားတဲ့ တခြားလူတွေကို ရှာဖွေဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

Photo: BonesAndAllFilm/ Twitter

ဒီဇာတ်ကားထဲမှာတော့ အဓိကဇာတ်ကောင်တွေအဖြစ် Timothée Chalamet နဲ့ Escape Room ထဲက သရုပ်ဆောင် Taylor Russell တို့က ပါဝင်ထားပြီး Mark Rylance ၊ Michael Stuhlbarg ၊ Andre Holland ၊ Jessica Harper ၊ Francesca Scorsese အစရှိတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထားပါတယ်။

Bones & All ရုပ်ရှင်ဇာတ်ကားကိုတော့ ရှေ့လမှာ ကျင်းပမယ့် ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ World Premiere အဖြစ် ပြသမှာ ဖြစ်ပြီး လာမယ့် နိုဝင်ဘာလ(၂၃)ရက်နေ့မှာ စတင်ပြီး ရုံတင်ပြသမှာ ဖြစ်ပါတယ်။

Vancouver

Source: wmagazine/screenrant

RELATED ARTICLES

Most Popular