HomeEntertainmentFilmTeen Wolf ဇာတ်လမ်းနောက်ကွယ်က သင်မသိသေးတဲ့ အချက်များ

Teen Wolf ဇာတ်လမ်းနောက်ကွယ်က သင်မသိသေးတဲ့ အချက်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Teen Wolf ဇာတ်လမ်းတွဲဟာ ၂၀၁၁ ခုနှစ်တုန်းက ထွက်ခဲ့ပြီး IMDb (7.6) ရထားတဲ့ ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇာတ်လမ်းဟာ ၁၉၈၅ ခုနှစ်တုန်းက ထွက်ထားတဲ့ Teen Wolf ကို ရုပ်ရှင်ကားကို ဇာတ်လမ်းတွဲအဖြစ် ပြန်လည်ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကလည်း သူ့အချိန်အခါတုန်းက တော်တော်အောင်မြင်ခဲ့ပြီးတော့ ပရိသတ်တွေရဲ့ အားပေးမှုတွေကိုလည်း ရရှိထားပါတယ်။ အဲ့ဒါကြောင့် ဒီတစ်ခါမှာတော့ Teen Wolf ဇာတ်လမ်းနောက်ကွယ်က သင်မသိလောက်သေးတဲ့ အချက်တွေကို ဖော်ပြပေးချင်ပါတယ်။

Dylan O’Brien ဟာ လူရွေးပွဲအတွက် လုံးဝကို မပြင်ဆင်ထားဘဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။
photo via screenrant

Teen Wolf ဇာတ်လမ်းတွဲဟာ လူငယ်သရုပ်ဆောင်တွေအများစုကို အသုံးပြုခဲ့ပါတယ်။ Dylan ကလည်း အဲ့ဒီအချိန်က တက်သစ်စ သရုပ်ဆောင်တစ်ယောက်ပဲ ဖြစ်နေပြီးတော့ ဒီဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ပြီး နောက်ပိုင်းမှာ Maze Runner လို ဇာတ်ကားတွေမှာ သရုပ်ဆောင်နိုင်တဲ့အထိ အောင်မြင်သွားခဲ့ပါတယ်။ သူဟာ Teen Wolf ထဲမှာတော့ Scott ရဲ့ အချစ်ဆုံးသူငယ်ချင်း တစ်ယောက်နေရာမှာ ပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူဟာ အခုလိုမျိူး လူကြိုက်များတဲ့ ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ဖို့အတွက် လူရွေးပွဲဝင်ပြိုင်ခဲ့တဲ့ အချိန်မှာ ဘာပြင်ဆင်မှုမရှိဘဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

သမန်းဝံပုလွေပုံစံ မိတ်ကပ်ကို လေးနာရီကျော်လောက် လိမ်းရပါတယ်။
photo via screenrant

များသောအားဖြင့် Tyler Posey ဟာ ကင်မရာရှေ့မှာ သရုပ်ဆောင်ရတဲ့အချိန်ထက် မိတ်ကပ်ခုံပေါ်မှာ ထိုင်နေရတဲ့အချိန်ဟာ ပိုပြီးတော့ များပါတယ်။ အကြောင်းကတော့ သူဟာ သမန်းဝံပုလွေပုံစံနဲ့ သရုပ်ဆောင်ရတော့မယ်ဆိုရင် မိတ်ကပ်လိမ်းတာအပါအဝင် တစ်ခြားပြင်ဆင်တာတွေပါ ပေါင်းလိုက်ရင် အနည်းဆုံးလေးနာရီခွဲလောက် ကြာမြင့်ပါတယ်။ ဒါ့အပြင် သူရဲ့မျက်ခုံးနေရာမှာ ကော်ကပ်ပြီးတော့ မျက်ခုံးအတုကို တပ်ထားရတဲ့အပြင် လူအရေပြားနဲ့တူတဲ့ Bandit Mask ဆိုတာကိုပါ ဝတ်ထားရပါသေးတယ်။

Scott ရဲ့တက်တူး
photo via screenrant

ဒီဇာတ်လမ်းထဲမှာတော့ Scott ရဲ့လက်မောင်းမှာရှိတဲ့ အမည်းရောင် အစင်းကြောင်းနှစ်ခုဟာ နောက်ပိုင်းမှာတော့ သူတို့အဖွဲ့ရဲ့ သင်္ကေတတစ်ခုလိုတောင် ဖြစ်လာခဲ့ပါတယ်။ တကယ်တော့ အဲ့ဒီတက်တူးဟာ ဇာတ်လမ်းနဲ့ ဘာမှမဆိုင်ဘဲ Tyler က ထိုးချင်လို့ ထိုးခဲ့တာ ဖြစ်ပါတယ်။ သူဟာလည်း တက်တူးထိုးရတာကို ကြိုက်နှစ်သက်သူတစ်ယောက် ဖြစ်တဲ့အပြင် တက်တူးထိုးမယ့် ကိစ္စနဲ့ပတ်သက်ပြီး ရုပ်ရှင်အဖွဲ့သားတွေကို ဘာမှမပြောဘဲ သူ့ရဲ့သဘောနဲ့သူ လုပ်ခဲ့တာ ဖြစ်ပါတယ်။

ရိုက်ကူးရေးစတော့မယ့်အချိန်မှာတော့ ဒီရုပ်ရှင်ရဲ့ မိတ်ကပ်အဖွဲ့သားတွေဟာ အစကတည်းက အလုပ်များနေပြီးသား ဖြစ်တာကြောင့် သူ့ရဲ့တက်တူးကို ဖုံးဖို့အတွက် အချိန်မရှိတော့ပါဘူး။ အဲ့ဒါကြောင့်ပဲ သူတို့ဟာ Tyler ကို လုံးဝအင်္ကျီမချွတ်ဘဲ ဇာတ်လမ်းကို ဆက်ရိုက်မလား ဒါမှမဟုတ် သူ့ရဲ့တက်တူးကို ဇာတ်လမ်းနဲ့ ဆက်စပ်နေအောင် ပြုလုပ်မလား ဆိုပြီးတော့ ရွေးချယ်ရပါတော့တယ်။

သမန်းဝံပုလွေတွေရဲ့အသံဟာ တကယ်တော့ လူဝံတွေရဲ့အသံကို ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။
photo via screenrant

ဒီဇာတ်လမ်းထဲက ဇာတ်ကောင်တွေဟာ သမန်းဝံပုလွေအဖြစ် ပြောင်းလဲပြီးတော့ ဟိန်းတဲ့အသံတွေ မကြာခဏပါဝင်လေ့ရှိပါတယ်။ ဇာတ်ကောင်တွေဟာ သမန်းဝံပုလွေတွေ ဖြစ်တာကြောင့် တကယ့်ဝံပလွေတွေရဲ့ အသံကို အသုံးပြုခဲ့တယ်လို့ ထင်ရင်ထင်မိနေပါလိမ့်မယ်။ တကယ်တော့ အဲ့လိုမျိူး ဟိန်းတဲ့အသံတွေဟာ လူဝံတွေရဲ့ ဟိန်းတဲ့အသံကို ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဝံပုလွေနဲ့ လူဝံတို့က ဘာမှမသက်ဆိုင်ပေမယ့်လည်း ဇာတ်လမ်းနဲ့တော့ အံ့ဝင်ခွင်ကျဖြစ်သွားခဲ့ပါတယ်။

Allison Argent ရဲ့ သေဆုံးမှု
photo via screenrant

ဒီဇာတ်လမ်းတစ်လျှောက်မှာ သေဆုံးသွားတဲ့ ဇာတ်ကောင်တွေလည်း ရှိခဲ့ပြီး အဲ့ဒီထဲကမှ အဓိကမင်းသမီးတစ်ယောက်ဖြစ်တဲ့ Allison ရဲ့ သေဆုံးမှုကတော့ ပရိသတ်တွေအတွက် တော်တော်လေး စိတ်ထိခိုက်စရာ ဖြစ်ခဲ့ပါတယ်။ တကယ်တော့ အဲ့လိုဖြစ်သွားရတဲ့ အကြောင်းအရင်းဟာ အဲ့ဒီဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Crystal Reed ကိုက ဒီဇာတ်လမ်းကနေ ထွက်ခွာချင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ သူမဟာ အသက် (၂၉) နှစ်ရှိနေပြီ ဖြစ်ပြီး (၁၇) နှစ်အရွယ် ကောင်မလေးဇာတ်ကောင်ကို သရုပ်ဆောင်ရတာ သူမအတွက် အခက်အခဲတွေနဲ့ စိတ်ဖိစီးမှုတွေ ရှိလာခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ သူမဟာ ရုပ်ရှင်အဖွဲ့သားတွေကို သူ့ရဲ့အခက်အခဲတွေ ပြောပြခဲ့တာကြောင့် ဇာတ်ညွှန်းကို ပြောင်းလဲပြီးတော့ ပရိသတ်တွေအတွက် မမေ့နိုင်တဲ့ထွက်ခွာမှုတစ်ခုအဖြစ် ဖန်တီးပေးခဲ့ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Teen Wolf ဇာတ္လမ္းတြဲဟာ ၂၀၁၁ ခုႏွစ္တုန္းက ထြက္ခဲ့ၿပီး IMDb (7.6) ရထားတဲ့ ဇာတ္လမ္းတြဲတစ္ခု ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီဇာတ္လမ္းဟာ ၁၉၈၅ ခုႏွစ္တုန္းက ထြက္ထားတဲ့ Teen Wolf ကို ႐ုပ္ရွင္ကားကို ဇာတ္လမ္းတြဲအျဖစ္ ျပန္လည္႐ိုက္ကူးထားတာလည္း ျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲကလည္း သူ႔အခ်ိန္အခါတုန္းက ေတာ္ေတာ္ေအာင္ျမင္ခဲ့ၿပီးေတာ့ ပရိသတ္ေတြရဲ႕ အားေပးမႈေတြကိုလည္း ရရွိထားပါတယ္။ အဲ့ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ Teen Wolf ဇာတ္လမ္းေနာက္ကြယ္က သင္မသိေလာက္ေသးတဲ့ အခ်က္ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

Dylan O’Brien ဟာ လူေ႐ြးပြဲအတြက္ လုံးဝကို မျပင္ဆင္ထားဘဲ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့တာ ျဖစ္ပါတယ္။
photo via screenrant

Teen Wolf ဇာတ္လမ္းတြဲဟာ လူငယ္သ႐ုပ္ေဆာင္ေတြအမ်ားစုကို အသုံးျပဳခဲ့ပါတယ္။ Dylan ကလည္း အဲ့ဒီအခ်ိန္က တက္သစ္စ သ႐ုပ္ေဆာင္တစ္ေယာက္ပဲ ျဖစ္ေနၿပီးေတာ့ ဒီဇာတ္လမ္းတြဲမွာ သ႐ုပ္ေဆာင္ၿပီး ေနာက္ပိုင္းမွာ Maze Runner လို ဇာတ္ကားေတြမွာ သ႐ုပ္ေဆာင္ႏိုင္တဲ့အထိ ေအာင္ျမင္သြားခဲ့ပါတယ္။ သူဟာ Teen Wolf ထဲမွာေတာ့ Scott ရဲ႕ အခ်စ္ဆုံးသူငယ္ခ်င္း တစ္ေယာက္ေနရာမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း သူဟာ အခုလိုမ်ိဴး လူႀကိဳက္မ်ားတဲ့ ဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္ဖို႔အတြက္ လူေ႐ြးပြဲဝင္ၿပိဳင္ခဲ့တဲ့ အခ်ိန္မွာ ဘာျပင္ဆင္မႈမရွိဘဲ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး အႏိုင္ရရွိခဲ့တာ ျဖစ္ပါတယ္။

သမန္းဝံပုေလြပုံစံ မိတ္ကပ္ကို ေလးနာရီေက်ာ္ေလာက္ လိမ္းရပါတယ္။
photo via screenrant

မ်ားေသာအားျဖင့္ Tyler Posey ဟာ ကင္မရာေရွ႕မွာ သ႐ုပ္ေဆာင္ရတဲ့အခ်ိန္ထက္ မိတ္ကပ္ခုံေပၚမွာ ထိုင္ေနရတဲ့အခ်ိန္ဟာ ပိုၿပီးေတာ့ မ်ားပါတယ္။ အေၾကာင္းကေတာ့ သူဟာ သမန္းဝံပုေလြပုံစံနဲ႔ သ႐ုပ္ေဆာင္ရေတာ့မယ္ဆိုရင္ မိတ္ကပ္လိမ္းတာအပါအဝင္ တစ္ျခားျပင္ဆင္တာေတြပါ ေပါင္းလိုက္ရင္ အနည္းဆုံးေလးနာရီခြဲေလာက္ ၾကာျမင့္ပါတယ္။ ဒါ့အျပင္ သူရဲ႕မ်က္ခုံးေနရာမွာ ေကာ္ကပ္ၿပီးေတာ့ မ်က္ခုံးအတုကို တပ္ထားရတဲ့အျပင္ လူအေရျပားနဲ႔တူတဲ့ Bandit Mask ဆိုတာကိုပါ ဝတ္ထားရပါေသးတယ္။

Scott ရဲ႕တက္တူး
photo via screenrant

ဒီဇာတ္လမ္းထဲမွာေတာ့ Scott ရဲ႕လက္ေမာင္းမွာရွိတဲ့ အမည္းေရာင္ အစင္းေၾကာင္းႏွစ္ခုဟာ ေနာက္ပိုင္းမွာေတာ့ သူတို႔အဖြဲ႕ရဲ႕ သေကၤတတစ္ခုလိုေတာင္ ျဖစ္လာခဲ့ပါတယ္။ တကယ္ေတာ့ အဲ့ဒီတက္တူးဟာ ဇာတ္လမ္းနဲ႔ ဘာမွမဆိုင္ဘဲ Tyler က ထိုးခ်င္လို႔ ထိုးခဲ့တာ ျဖစ္ပါတယ္။ သူဟာလည္း တက္တူးထိုးရတာကို ႀကိဳက္ႏွစ္သက္သူတစ္ေယာက္ ျဖစ္တဲ့အျပင္ တက္တူးထိုးမယ့္ ကိစၥနဲ႔ပတ္သက္ၿပီး ႐ုပ္ရွင္အဖြဲ႕သားေတြကို ဘာမွမေျပာဘဲ သူ႔ရဲ႕သေဘာနဲ႔သူ လုပ္ခဲ့တာ ျဖစ္ပါတယ္။

႐ိုက္ကူးေရးစေတာ့မယ့္အခ်ိန္မွာေတာ့ ဒီ႐ုပ္ရွင္ရဲ႕ မိတ္ကပ္အဖြဲ႕သားေတြဟာ အစကတည္းက အလုပ္မ်ားေနၿပီးသား ျဖစ္တာေၾကာင့္ သူ႔ရဲ႕တက္တူးကို ဖုံးဖို႔အတြက္ အခ်ိန္မရွိေတာ့ပါဘူး။ အဲ့ဒါေၾကာင့္ပဲ သူတို႔ဟာ Tyler ကို လုံးဝအက်ႌမခြၽတ္ဘဲ ဇာတ္လမ္းကို ဆက္႐ိုက္မလား ဒါမွမဟုတ္ သူ႔ရဲ႕တက္တူးကို ဇာတ္လမ္းနဲ႔ ဆက္စပ္ေနေအာင္ ျပဳလုပ္မလား ဆိုၿပီးေတာ့ ေ႐ြးခ်ယ္ရပါေတာ့တယ္။

သမန္းဝံပုေလြေတြရဲ႕အသံဟာ တကယ္ေတာ့ လူဝံေတြရဲ႕အသံကို ထည့္သြင္းခဲ့တာ ျဖစ္ပါတယ္။
photo via screenrant

ဒီဇာတ္လမ္းထဲက ဇာတ္ေကာင္ေတြဟာ သမန္းဝံပုေလြအျဖစ္ ေျပာင္းလဲၿပီးေတာ့ ဟိန္းတဲ့အသံေတြ မၾကာခဏပါဝင္ေလ့ရွိပါတယ္။ ဇာတ္ေကာင္ေတြဟာ သမန္းဝံပုေလြေတြ ျဖစ္တာေၾကာင့္ တကယ့္ဝံပေလြေတြရဲ႕ အသံကို အသုံးျပဳခဲ့တယ္လို႔ ထင္ရင္ထင္မိေနပါလိမ့္မယ္။ တကယ္ေတာ့ အဲ့လိုမ်ိဴး ဟိန္းတဲ့အသံေတြဟာ လူဝံေတြရဲ႕ ဟိန္းတဲ့အသံကို ထည့္သြင္းခဲ့တာ ျဖစ္ပါတယ္။ ဝံပုေလြနဲ႔ လူဝံတို႔က ဘာမွမသက္ဆိုင္ေပမယ့္လည္း ဇာတ္လမ္းနဲ႔ေတာ့ အံ့ဝင္ခြင္က်ျဖစ္သြားခဲ့ပါတယ္။

Allison Argent ရဲ႕ ေသဆုံးမႈ
photo via screenrant

ဒီဇာတ္လမ္းတစ္ေလွ်ာက္မွာ ေသဆုံးသြားတဲ့ ဇာတ္ေကာင္ေတြလည္း ရွိခဲ့ၿပီး အဲ့ဒီထဲကမွ အဓိကမင္းသမီးတစ္ေယာက္ျဖစ္တဲ့ Allison ရဲ႕ ေသဆုံးမႈကေတာ့ ပရိသတ္ေတြအတြက္ ေတာ္ေတာ္ေလး စိတ္ထိခိုက္စရာ ျဖစ္ခဲ့ပါတယ္။ တကယ္ေတာ့ အဲ့လိုျဖစ္သြားရတဲ့ အေၾကာင္းအရင္းဟာ အဲ့ဒီဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္ခဲ့တဲ့ Crystal Reed ကိုက ဒီဇာတ္လမ္းကေန ထြက္ခြာခ်င္ခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီအခ်ိန္မွာ သူမဟာ အသက္ (၂၉) ႏွစ္ရွိေနၿပီ ျဖစ္ၿပီး (၁၇) ႏွစ္အ႐ြယ္ ေကာင္မေလးဇာတ္ေကာင္ကို သ႐ုပ္ေဆာင္ရတာ သူမအတြက္ အခက္အခဲေတြနဲ႔ စိတ္ဖိစီးမႈေတြ ရွိလာခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူမဟာ ႐ုပ္ရွင္အဖြဲ႕သားေတြကို သူ႔ရဲ႕အခက္အခဲေတြ ေျပာျပခဲ့တာေၾကာင့္ ဇာတ္ၫႊန္းကို ေျပာင္းလဲၿပီးေတာ့ ပရိသတ္ေတြအတြက္ မေမ့ႏိုင္တဲ့ထြက္ခြာမႈတစ္ခုအျဖစ္ ဖန္တီးေပးခဲ့ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular