HomeEntertainmentFilmTeen Wolf ဇာတ်လမ်းတွဲထဲက လူအများစု သတိမထားမိခဲ့တဲ့ အလွဲများ

Teen Wolf ဇာတ်လမ်းတွဲထဲက လူအများစု သတိမထားမိခဲ့တဲ့ အလွဲများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

လူကြိုက်များတဲ့ သဘာဝလွန်အမျိုးအစား ဇာတ်လမ်းတွဲတွေထဲမှာ Teen Wolf လည်း ပါဝင်ပါတယ်။ သို့ပေမယ့် နာမည်ကြီး လူကြိုက်များတိုင်း အမှားလေးတွေနဲ့ ကင်းတယ်လို့တော့ ပြောလို့မရပါဘူး။ ကမ္ဘာကျော် ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပြီး အကောင်းဆုံး ဇာတ်လမ်းတွဲတွေထဲကတစ်ခုလို့ ပြောလို့ရတဲ့ Game of Thrones ထဲမှာတောင် Starbuck ကော်ဖီဘူး မတော်တဆ ပါဝင်ခဲ့ဖူးပါတယ်။ အလားတူပဲ နာမည်ကြီးရုပ်ရှင်တွေနဲ့ ဇာတ်လမ်းတွဲအများစုမှာလည်း မတော်တဆဖြစ်သွားတဲ့ အလွဲလေးတွေ ရှိပါတယ်။ တချို့အလွဲတွေကတော့ သိသာလို့ ပြန်လည် ရိုက်ကူးခဲ့ပေမယ့်လည်း တချို့အလွဲတွေကတော့ လူအများစု သတိမထားမိကြတာကြောင့် ရုပ်ရှင်ထဲထိ ပါဝင်ခဲ့တာမျိုး ရှိပါတယ်။ အဲ့ဒါကြောင့် ဒီတစ်ခါမှာတော့ Teen Wolf ဇာတ်လမ်းတွဲထဲက လူအများစု သတိမထားမိခဲ့ကြတဲ့ အလွဲလေးတွေကို ဖော်ပြပေးချင်ပါတယ်။

Mountain Ash
photo via screenrant

ဒီဇာတ်လမ်းတွဲရဲ့ season 2 ထဲမှာတော့ Stiles ဟာ Scott ရဲ့ ဘော့စ်ဖြစ်သူ Dr. Deaton ဆီကနေ သမန်းဝံပုလွေတွေနဲ့ ပတ်သက်တဲ့ ဒဏ္ဍာရီတွေကို ပိုပြီးသိခဲ့ရပါတယ်။ Dr. Deaton ဟာ အဲ့ဒီကိစ္စတွေနဲ့ ပတ်သက်လာရင် အသုံးဝင်တဲ့ပစ္စည်းတွေနဲ့ ဆေးပင်တွေလည်း ပိုင်ဆိုင်ထားပါတယ်။ သူဟာ Stiles ကို Mountain Ash တွေ ထည့်ထားတဲ့ ဘူးကို ပြနေတဲ့အချိန်မှာတော့ အလွဲတစ်ခု ဖြစ်သွားခဲ့ပါတယ်။ အစတုန်းကတော့ အဲ့ဒီဘူးဟာ သူ့အရှေ့က ခုံပေါ်မှာ တင်ထားပြီး Stiles က ကောက်ကိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ ကင်မရာက angle ပြောင်းသွားတဲ့အချိန်မှာ အဲ့ဒီဘူးလေးဟာ Stiles ပြန်မထားသေးဘဲ ခုံပေါ်ရောက်နေတာကို တွေ့ရပါတယ်။ နောက်ထပ်တစ်ကြိမ် ကင်မရာ angle ပြောင်းတဲ့အချိန်မှာတော့ အဲ့ဒီဘူးကို Stiles ရဲ့လက်ထဲပြန်ရောက်နေတာ တွေ့ခဲ့ရပြန်ပါတယ်။ ဒီလိုအချက်တွေကတော့ ရုပ်ရှင်အများစုမှာ တွေ့ရလေ့ရှိတဲ့ အလွဲတစ်ခုပဲ ဖြစ်ပါတယ်။

Malia ရဲ့ အသက်
photo via screenrant

ဇာတ်ကောင်တချို့ရဲ့ မွေးနေ့တွေကိုတော့ ရုပ်ရှင်ထဲမှာ ဒီအတိုင်းပဲ မြင်ခဲ့ရပေမယ့်လည်း Malia Tate ကတော့ သူ့ရဲ့ မွေးစာရင်းကိုပါ မြင်တွေ့ခဲ့ရပါတယ်။ အဆိုပါ မွေးစာရင်းထဲမှာတော့ သူမရဲ့မွေးနေ့ကို ၁၉၉၈ခုနှစ် နိုဝင်ဘာလ (၂၈)ရက်နေ့လို့ ဖော်ပြခဲ့ပါတယ်။ သူမရဲ့မွေးစာရင်းအရ ဆိုရင်တော့ သူမဟာ Scott ရဲ့ တစ်ခြားအဖွဲ့ဝင်တွေနဲ့ ယှဉ်လိုက်ရင် အများကြီး ငယ်နေဦးမှာ ဖြစ်ပါတယ်။

Scott ဟာ သူမကို ဝံပုလွေအဖြစ်ကနေ လူအဖြစ် ပြန်လည်ပြောင်းလဲသွားအောင် ပြုလုပ်ပေးတဲ့အချိန်မှာတော့ သူမရဲ့အသက်ဟာ (၁၇)နှစ်လို့ ဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီဇာတ်လမ်းတွဲဟာ ၂၀၁၁ခုနှစ်မှာ ထွက်ရှိခဲ့ပြီး Malia Tate ကတော့ season 3 မှာ စတင်ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် season 3 ဟာ ၂၀၁၃ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီး သူမရဲ့မွေးစာရင်းနဲ့ တိုက်လိုက်ရင် အဲ့ဒီအချိန်မှာ သူမက (၁၅)နှစ်ဝန်းကျင်ပဲ ရှိရဦးမှာပါ။ ဒါပေမယ့်လည်း ဒီဇာတ်လမ်းထဲမှာတော့ သူမကို (၁၇)နှစ်ဝန်းကျင်လောက် ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။

နေရာလွဲနေတဲ့ နေ့လယ်စာ
photo via screenrant

ဒီအချက်ကတော့ ဇာတ်ဝင်ခန်းတစ်ခုတည်းကို မတူညီတဲ့အချိန်တွေမှာ ရိုက်ကူးရင် ဖြစ်တတ်တဲ့ အလွဲမျိူးပဲ ဖြစ်ပါတယ်။ ဇာတ်ဝင်ခန်းတစ်ခုတည်းကို ရိုက်တဲ့အချိန်က မတူညီတာကြောင့် အဲ့ဒီဇာတ်ဝင်ခန်းထဲမှာ မြင်ရတဲ့ ပစ္စည်းတွေဟာ မတူညီတာမျိူးတွေနဲ့ နေရာပြောင်းလဲနေတာမျိူးတွေကို တွေ့ရတတ်ပါတယ်။ ဒီအချက်ကိုတော့ season 2 ထဲက အပိုင်းတစ်ခုမှာ Scott နဲ့ Allison တို့က ကျောပေးပြီး နေ့လယ်စာ ထိုင်စားနေကြတဲ့အခန်းမှာ တွေ့ရမှာပါ။ အဲ့ဒီအချိန်မှာတော့ သူတို့ရဲ့ခုံပေါ်မှာ တင်ထားတဲ့ နေ့လယ်စာတွေကို သေချာမြင်ခဲ့ရပါတယ်။

အစတုန်းကတော့ Allison ဟာ သူမရဲ့နေ့လယ်စာကို အိမ်ကယူလာပြီး Scott ကတော့ နေ့လယ်စာကို ကျောင်းမှာပဲ ဝယ်စားခဲ့ပါတယ်။ နောက်ထပ် ဇာတ်ဝင်ခန်းတစ်ခု ရောက်သွားတဲ့အချိန်မှာတော့ သူတို့နှစ်ယောက်ရဲ့ နေ့လယ်စာတွေဟာ နေရာပြောင်းလဲသွားပါတယ်။ အဲ့ဒါက‌တော့ အိမ်ကနေ အိတ်နဲ့ထည့်လာတဲ့ နေ့လယ်စာက Scott ရဲ့ ရှေ့ကို ရောက်နေပြီး ကျောင်းမှာဝယ်စားတဲ့ ပုံစံခွက်နဲ့ နေ့လယ်စာကတော့ Allison ရဲ့ ရှေ့ကို ရောက်နေတာပဲ ဖြစ်ပါတယ်။

Canaan မြို့က ရဲအရာရှိ
photo via screenrant

ဒီဇာတ်လမ်းတွဲရဲ့ နောက်ဆုံး season မှာတော့ Lydia ဟာ Scott ၊ Malia တို့နဲ့အတူ Canaan လို့ခေါ်တဲ့ သရဲမြို့တော်ကို သွားခဲ့ပါတယ်။ အဲ့ဒီမြို့ဟာ ၁၉၈၀နောက်ပိုင်းမှာ လူတွေရဲ့မှတ်ဉာဏ်နဲ့ မြေပုံထဲကနေ ပျောက်ကွယ်သွားတဲ့ မြို့တစ်ခုလည်း ဖြစ်ပါတယ်။ အဲ့ဒီမြို့မှာ နေထိုင်တဲ့ တစ်ဦးတည်းသော လူတစ်ယောက်ကတော့ banshee ပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ ပြီးခဲ့တဲ့ season ထဲမှာ Canaan မြို့ရဲ့ ရဲနှစ်ယောက်ဟာ Eichen အိမ်ရဲ့ အလုပ်သမားဖြစ်သူ Brunski ကို လာခေါ်သွားတဲ့အခန်းဟာ ထူးဆန်းနေတာပဲ ဖြစ်ပါတယ်။ ဒီအချက်ကတော့ စီးရီးရဲ့ပရိသတ်တွေထဲက သတိထားမိခဲ့သူတစ်ယောက်က ထောက်ပြခဲ့တဲ့ အလွဲတစ်ခုပဲ ဖြစ်ပါတယ်။

Malia နဲ့ နေကြတ်ခြင်း
photo via screenrant

Scott ဟာ Malia ကို လူအဖြစ် ပြန်လည်ပြောင်းလဲစေဖို့အတွက် သူ့ရဲ့ Alpha Roar ကို အသုံးပြုပြီးနောက်မှာတော့ Malia ဟာ အရင်လိုမျိူး ဝံပုလွေတစ်ကောင်အဖြစ် အချိန်အကြာကြီး ပြန်လည် မပြောင်းလဲနိုင်တော့ပါဘူး။ အဲ့ဒီအချက်ကတော့ အလွဲမဟုတ်ပါဘူး။ ဒီဇာတ်လမ်းထဲမှာတော့ Malia ဟာ သူမရဲ့အမေနဲ့ညီမတို့ အသတ်ခံလိုက်ရပြီးတည်းက ဝံပုလွေအဖြစ်ပြောင်းသွားကာ လူအဖြစ်လုံးဝ ပြန်မပြောင်းတော့ဘူးလို့ ဖော်ပြခဲ့ပါတယ်။

အဲ့ဒီအချိန်မှာ အလွဲတစ်ခု ဖြစ်သွားခဲ့တာပါ။ အကြောင်းကတော့ season 3 လောက်မှာပဲ သမန်းဝံပုလွေတွေလိုမျိူး ပုံစံပြောင်းလဲနိုင်သူရဲ့ စွမ်းအားတွေကို ပျောက်ကွယ်သွားစေတဲ့ နေကြတ်ခြင်းတစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ Malia ဟာလည်း လူအဖြစ် ပြန်လည်ပြောင်းလဲသွားမယ်လို့ ယူဆလို့ ရပေမယ့်လည်း ဒီဇာတ်လမ်းထဲမှာတော့ တစ်ခါမှ လူပြန်မဖြစ်ခဲ့ဖူးဘူးလို့ ဖော်ပြခဲ့ပါတယ်။

ဒါကတော့ Teen Wolf ဇာတ်လမ်းတွဲထဲက ပရိသတ်အများစု သတိမထားမိခဲ့တဲ့ အလွဲလေးတွေ ဖြစ်ပါတယ်။ စာဖတ်သူတို့ သတိထားမိခဲ့တဲ့ အခြားသော အလွဲတွေရှိရင်လည်း ပြန်လည်ဝေမျှခဲ့ပါဦး။ ဖတ်ရတာ နှစ်သက်တယ်ဆိုရင်လည်း မိတ်ဆွေတွေပါ ဖတ်နိုင်အောင် ရှဲပေးသွားပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

လူႀကိဳက္မ်ားတဲ့ သဘာဝလြန္အမ်ိဳးအစား ဇာတ္လမ္းတြဲေတြထဲမွာ Teen Wolf လည္း ပါဝင္ပါတယ္။ သို႔ေပမယ့္ နာမည္ႀကီး လူႀကိဳက္မ်ားတိုင္း အမွားေလးေတြနဲ႔ ကင္းတယ္လို႔ေတာ့ ေျပာလို႔မရပါဘူး။ ကမာၻေက်ာ္ ဇာတ္လမ္းတြဲတစ္ခု ျဖစ္ၿပီး အေကာင္းဆုံး ဇာတ္လမ္းတြဲေတြထဲကတစ္ခုလို႔ ေျပာလို႔ရတဲ့ Game of Thrones ထဲမွာေတာင္ Starbuck ေကာ္ဖီဘူး မေတာ္တဆ ပါဝင္ခဲ့ဖူးပါတယ္။ အလားတူပဲ နာမည္ႀကီး႐ုပ္ရွင္ေတြနဲ႔ ဇာတ္လမ္းတြဲအမ်ားစုမွာလည္း မေတာ္တဆျဖစ္သြားတဲ့ အလြဲေလးေတြ ရွိပါတယ္။ တခ်ိဳ႕အလြဲေတြကေတာ့ သိသာလို႔ ျပန္လည္ ႐ိုက္ကူးခဲ့ေပမယ့္လည္း တခ်ိဳ႕အလြဲေတြကေတာ့ လူအမ်ားစု သတိမထားမိၾကတာေၾကာင့္ ႐ုပ္ရွင္ထဲထိ ပါဝင္ခဲ့တာမ်ိဳး ရွိပါတယ္။ အဲ့ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ Teen Wolf ဇာတ္လမ္းတြဲထဲက လူအမ်ားစု သတိမထားမိခဲ့ၾကတဲ့ အလြဲေလးေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

Mountain Ash
photo via screenrant

ဒီဇာတ္လမ္းတြဲရဲ႕ season 2 ထဲမွာေတာ့ Stiles ဟာ Scott ရဲ႕ ေဘာ့စ္ျဖစ္သူ Dr. Deaton ဆီကေန သမန္းဝံပုေလြေတြနဲ႔ ပတ္သက္တဲ့ ဒ႑ာရီေတြကို ပိုၿပီးသိခဲ့ရပါတယ္။ Dr. Deaton ဟာ အဲ့ဒီကိစၥေတြနဲ႔ ပတ္သက္လာရင္ အသုံးဝင္တဲ့ပစၥည္းေတြနဲ႔ ေဆးပင္ေတြလည္း ပိုင္ဆိုင္ထားပါတယ္။ သူဟာ Stiles ကို Mountain Ash ေတြ ထည့္ထားတဲ့ ဘူးကို ျပေနတဲ့အခ်ိန္မွာေတာ့ အလြဲတစ္ခု ျဖစ္သြားခဲ့ပါတယ္။ အစတုန္းကေတာ့ အဲ့ဒီဘူးဟာ သူ႔အေရွ႕က ခုံေပၚမွာ တင္ထားၿပီး Stiles က ေကာက္ကိုင္ခဲ့တာ ျဖစ္ပါတယ္။

အဲ့ဒီေနာက္မွာေတာ့ ကင္မရာက angle ေျပာင္းသြားတဲ့အခ်ိန္မွာ အဲ့ဒီဘူးေလးဟာ Stiles ျပန္မထားေသးဘဲ ခုံေပၚေရာက္ေနတာကို ေတြ႕ရပါတယ္။ ေနာက္ထပ္တစ္ႀကိမ္ ကင္မရာ angle ေျပာင္းတဲ့အခ်ိန္မွာေတာ့ အဲ့ဒီဘူးကို Stiles ရဲ႕လက္ထဲျပန္ေရာက္ေနတာ ေတြ႕ခဲ့ရျပန္ပါတယ္။ ဒီလိုအခ်က္ေတြကေတာ့ ႐ုပ္ရွင္အမ်ားစုမွာ ေတြ႕ရေလ့ရွိတဲ့ အလြဲတစ္ခုပဲ ျဖစ္ပါတယ္။

Malia ရဲ႕ အသက္
photo via screenrant

ဇာတ္ေကာင္တခ်ိဳ႕ရဲ႕ ေမြးေန႔ေတြကိုေတာ့ ႐ုပ္ရွင္ထဲမွာ ဒီအတိုင္းပဲ ျမင္ခဲ့ရေပမယ့္လည္း Malia Tate ကေတာ့ သူ႔ရဲ႕ ေမြးစာရင္းကိုပါ ျမင္ေတြ႕ခဲ့ရပါတယ္။ အဆိုပါ ေမြးစာရင္းထဲမွာေတာ့ သူမရဲ႕ေမြးေန႔ကို ၁၉၉၈ခုႏွစ္ ႏိုဝင္ဘာလ (၂၈)ရက္ေန႔လို႔ ေဖာ္ျပခဲ့ပါတယ္။ သူမရဲ႕ေမြးစာရင္းအရ ဆိုရင္ေတာ့ သူမဟာ Scott ရဲ႕ တစ္ျခားအဖြဲ႕ဝင္ေတြနဲ႔ ယွဥ္လိုက္ရင္ အမ်ားႀကီး ငယ္ေနဦးမွာ ျဖစ္ပါတယ္။

Scott ဟာ သူမကို ဝံပုေလြအျဖစ္ကေန လူအျဖစ္ ျပန္လည္ေျပာင္းလဲသြားေအာင္ ျပဳလုပ္ေပးတဲ့အခ်ိန္မွာေတာ့ သူမရဲ႕အသက္ဟာ (၁၇)ႏွစ္လို႔ ဆိုခဲ့ပါတယ္။ ဒါေပမယ့္လည္း ဒီဇာတ္လမ္းတြဲဟာ ၂၀၁၁ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး Malia Tate ကေတာ့ season 3 မွာ စတင္ပါဝင္ခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ season 3 ဟာ ၂၀၁၃ခုႏွစ္မွာ ထြက္ရွိခဲ့တာ ျဖစ္ၿပီး သူမရဲ႕ေမြးစာရင္းနဲ႔ တိုက္လိုက္ရင္ အဲ့ဒီအခ်ိန္မွာ သူမက (၁၅)ႏွစ္ဝန္းက်င္ပဲ ရွိရဦးမွာပါ။ ဒါေပမယ့္လည္း ဒီဇာတ္လမ္းထဲမွာေတာ့ သူမကို (၁၇)ႏွစ္ဝန္းက်င္ေလာက္ ရွိတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

ေနရာလြဲေနတဲ့ ေန႔လယ္စာ
photo via screenrant

ဒီအခ်က္ကေတာ့ ဇာတ္ဝင္ခန္းတစ္ခုတည္းကို မတူညီတဲ့အခ်ိန္ေတြမွာ ႐ိုက္ကူးရင္ ျဖစ္တတ္တဲ့ အလြဲမ်ိဴးပဲ ျဖစ္ပါတယ္။ ဇာတ္ဝင္ခန္းတစ္ခုတည္းကို ႐ိုက္တဲ့အခ်ိန္က မတူညီတာေၾကာင့္ အဲ့ဒီဇာတ္ဝင္ခန္းထဲမွာ ျမင္ရတဲ့ ပစၥည္းေတြဟာ မတူညီတာမ်ိဴးေတြနဲ႔ ေနရာေျပာင္းလဲေနတာမ်ိဴးေတြကို ေတြ႕ရတတ္ပါတယ္။ ဒီအခ်က္ကိုေတာ့ season 2 ထဲက အပိုင္းတစ္ခုမွာ Scott နဲ႔ Allison တို႔က ေက်ာေပးၿပီး ေန႔လယ္စာ ထိုင္စားေနၾကတဲ့အခန္းမွာ ေတြ႕ရမွာပါ။ အဲ့ဒီအခ်ိန္မွာေတာ့ သူတို႔ရဲ႕ခုံေပၚမွာ တင္ထားတဲ့ ေန႔လယ္စာေတြကို ေသခ်ာျမင္ခဲ့ရပါတယ္။

အစတုန္းကေတာ့ Allison ဟာ သူမရဲ႕ေန႔လယ္စာကို အိမ္ကယူလာၿပီး Scott ကေတာ့ ေန႔လယ္စာကို ေက်ာင္းမွာပဲ ဝယ္စားခဲ့ပါတယ္။ ေနာက္ထပ္ ဇာတ္ဝင္ခန္းတစ္ခု ေရာက္သြားတဲ့အခ်ိန္မွာေတာ့ သူတို႔ႏွစ္ေယာက္ရဲ႕ ေန႔လယ္စာေတြဟာ ေနရာေျပာင္းလဲသြားပါတယ္။ အဲ့ဒါက‌ေတာ့ အိမ္ကေန အိတ္နဲ႔ထည့္လာတဲ့ ေန႔လယ္စာက Scott ရဲ႕ ေရွ႕ကို ေရာက္ေနၿပီး ေက်ာင္းမွာဝယ္စားတဲ့ ပုံစံခြက္နဲ႔ ေန႔လယ္စာကေတာ့ Allison ရဲ႕ ေရွ႕ကို ေရာက္ေနတာပဲ ျဖစ္ပါတယ္။

Canaan ၿမိဳ႕က ရဲအရာရွိ
photo via screenrant

ဒီဇာတ္လမ္းတြဲရဲ႕ ေနာက္ဆုံး season မွာေတာ့ Lydia ဟာ Scott ၊ Malia တို႔နဲ႔အတူ Canaan လို႔ေခၚတဲ့ သရဲၿမိဳ႕ေတာ္ကို သြားခဲ့ပါတယ္။ အဲ့ဒီၿမိဳ႕ဟာ ၁၉၈၀ေနာက္ပိုင္းမွာ လူေတြရဲ႕မွတ္ဉာဏ္နဲ႔ ေျမပုံထဲကေန ေပ်ာက္ကြယ္သြားတဲ့ ၿမိဳ႕တစ္ခုလည္း ျဖစ္ပါတယ္။ အဲ့ဒီၿမိဳ႕မွာ ေနထိုင္တဲ့ တစ္ဦးတည္းေသာ လူတစ္ေယာက္ကေတာ့ banshee ပဲ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ ၿပီးခဲ့တဲ့ season ထဲမွာ Canaan ၿမိဳ႕ရဲ႕ ရဲႏွစ္ေယာက္ဟာ Eichen အိမ္ရဲ႕ အလုပ္သမားျဖစ္သူ Brunski ကို လာေခၚသြားတဲ့အခန္းဟာ ထူးဆန္းေနတာပဲ ျဖစ္ပါတယ္။ ဒီအခ်က္ကေတာ့ စီးရီးရဲ႕ပရိသတ္ေတြထဲက သတိထားမိခဲ့သူတစ္ေယာက္က ေထာက္ျပခဲ့တဲ့ အလြဲတစ္ခုပဲ ျဖစ္ပါတယ္။

Malia နဲ႔ ေနၾကတ္ျခင္း
photo via screenrant

Scott ဟာ Malia ကို လူအျဖစ္ ျပန္လည္ေျပာင္းလဲေစဖို႔အတြက္ သူ႔ရဲ႕ Alpha Roar ကို အသုံးျပဳၿပီးေနာက္မွာေတာ့ Malia ဟာ အရင္လိုမ်ိဴး ဝံပုေလြတစ္ေကာင္အျဖစ္ အခ်ိန္အၾကာႀကီး ျပန္လည္ မေျပာင္းလဲႏိုင္ေတာ့ပါဘူး။ အဲ့ဒီအခ်က္ကေတာ့ အလြဲမဟုတ္ပါဘူး။ ဒီဇာတ္လမ္းထဲမွာေတာ့ Malia ဟာ သူမရဲ႕အေမနဲ႔ညီမတို႔ အသတ္ခံလိုက္ရၿပီးတည္းက ဝံပုေလြအျဖစ္ေျပာင္းသြားကာ လူအျဖစ္လုံးဝ ျပန္မေျပာင္းေတာ့ဘူးလို႔ ေဖာ္ျပခဲ့ပါတယ္။

အဲ့ဒီအခ်ိန္မွာ အလြဲတစ္ခု ျဖစ္သြားခဲ့တာပါ။ အေၾကာင္းကေတာ့ season 3 ေလာက္မွာပဲ သမန္းဝံပုေလြေတြလိုမ်ိဴး ပုံစံေျပာင္းလဲႏိုင္သူရဲ႕ စြမ္းအားေတြကို ေပ်ာက္ကြယ္သြားေစတဲ့ ေနၾကတ္ျခင္းတစ္ခု ျဖစ္ေပၚခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ Malia ဟာလည္း လူအျဖစ္ ျပန္လည္ေျပာင္းလဲသြားမယ္လို႔ ယူဆလို႔ ရေပမယ့္လည္း ဒီဇာတ္လမ္းထဲမွာေတာ့ တစ္ခါမွ လူျပန္မျဖစ္ခဲ့ဖူးဘူးလို႔ ေဖာ္ျပခဲ့ပါတယ္။

ဒါကေတာ့ Teen Wolf ဇာတ္လမ္းတြဲထဲက ပရိသတ္အမ်ားစု သတိမထားမိခဲ့တဲ့ အလြဲေလးေတြ ျဖစ္ပါတယ္။ စာဖတ္သူတို႔ သတိထားမိခဲ့တဲ့ အျခားေသာ အလြဲေတြရွိရင္လည္း ျပန္လည္ေဝမွ်ခဲ့ပါဦး။ ဖတ္ရတာ ႏွစ္သက္တယ္ဆိုရင္လည္း မိတ္ေဆြေတြပါ ဖတ္ႏိုင္ေအာင္ ရွဲေပးသြားပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular